← Chapters

သူရဲ့ မျိုးဆက်က အလွန်ဆိုးရွား

Vol. 27 Ch. 507

သူရဲ့ မျိုးဆက်က အလွန်ဆိုးရွား

Vol. 27 Ch. 507

တာတွေလုပ်နေတယ်။ 

အဖိုးအိုက အသက်ကြီးပြီပေမယ့် သူ့မှာကံကြမ္မာကောင်းသော မျက်နှာရှိသည်။ 

သူ့ပုခုံးများအထိ ရှည်လျားသော မျက်ခုံးမွှေးရှိကာ သူ၏ နားရွက်များသည် ရှည်လျားပြီး မျက်လုံးများသည် လက်စွပ်လိုပင်။ သူ့အသားနှင့်အရိုးများက သန်မာပြီး သွင်ပြင်က အလွန် ပျော့ပြောင်းလှသည်။ သူက ကျဉ်းမြောင်းသော စိတ်နေသဘောထားနှင့် အရည်အချင်းရှိသူဖြစ်သင့်သည်။ သေချာပေါက် မြင့်မြတ်သော အရာရှိဖြစ်လာပြီး ဘုရားကျောင်းများတွင် လေးစားခံရနိုင်သည်။ 

သူသာ မြင့်မြတ်သောအရာရှိတစ်ယောက်ဆိုလျှင် သူသည် အမတ်ချုပ်ကြီး သုံးဦးထဲမှ တစ်ဦးဖြစ်မည်မှာ အသေအချာပင်။ 

သို့ပေမယ့် လက်ရှိ အမတ်ချုပ်ကြီးသုံးဦးက ဒီလောက် အသက်ကြီးသေးမည်ဟု မထင်ပေ ..။ 

ထို့ကြောင့် သူမအရှေ့က လူက အငြိမ်းစားယူသွားတာကြာပြီဖြစ်တဲ့ တော်ဝင်ဆရာကြီး လီမီဖြစ်နိုင်သည်။ 

လီမီက တော်ဝင်မိသားစုနှင့် အဆက်အသွယ်တစ်ချို့ရှိသည်။ မိသားစုနှစ်စုက ခမည်းခမက်တွေအဖြစ် တွေးထားကြပေမယ့် တော်ဝင်မိသားစုက ငြင်းဆိုခဲ့တာကြောင့် နန်းတွင်းတရားရုံးတော်တွင် လေးစားခံရသူ များများစားစားမရှိချေ။ လီမိသားစုအတွက်က ..။ 

ယုတ္တိရှိရှိ ပြောရလျှင် တော်ဝင်ဆရာကြီးလီသည် ကြီးမြတ်သော ၀န်ကြီးဖြစ်သင့်ပြီး သူ၏ မျိုးဆက်များသည်လည်း ချမ်းသာသော ဘဝဖြင့် နေထိုင်သင့်သည်။ သို့သော် လက်တွေ့တွင်မူ လီမိသားစုသည် အာဏာအလယ်မှ မောင်းထုတ်ခံရတော့မည်ပင်။ 

"တော်ဝင်ဆရာလီ ဘာလို့ ဒီကိုရောက်လာလဲဆိုတာ သိခွင့်ရမလား" 

ရှဲ့ချောင် တိုက်ရိုက်မေးလိုက်သည်။ 

အဖိုးအိုက သူမကို အံ့ဩစွာဖြင့်ကြည့်လိုက်သည်။ 

"ဒီနှစ်တွေထဲ ကျွန်တော့်အိမ်တံခါးက လာလည်သူ‌တွေအားလုံးကို ပိတ်ထားခဲ့တာပါ။ ဆရာမက မြို့တော်ထဲ လာတာမကြာသေးဘူးလို့ ကြားထားတယ်။ ဘယ်လိုလုပ် ကျွန်တော့်ကို မှတ်မိသေးတာလဲ" 

"ကျွန်မ ဒီအတိုင်း ခန့်မှန်းလိုက်တာပါ" 

ရှဲ့ချောင်က ရိုးရှင်းပြီး တည့်တိုးသမားပင်။ 

တော်ဝင်ဆရာလီ ပြုံးလိုက်ကာ

"ကိစ္စတွေခန့်မှန်းနိုင်တာလည်း အရည်အချင်းတစ်ခုပါပဲ။ ဒီလိုဆိုတော့ ဒီလူအိုကြီး ပိုအဆင်ပြေသွားတာပေါ့" 

"ကျွန်တော် ဆရာမကို လာရှာရတဲ့အကြောင်းအရင်းက ..." 

"ရှင့်ရဲ့မျိုးဆက်တွေကြောင့်"

တော်ဝင်ဆရာ အဆုံးထိမပြောရသေးခင် ရှဲ့ချောင် ဖြတ်ပြောလိုက်သည်။ 

ထိုအခါ တော်ဝင်ဆရာက အံ့အားသင့်သွားပြီး အတင်းပြုံးထားကာ ခေါင်းညိတ်ပြသည်။ 

"ဟုတ်ပါတယ်" 

"ရှင့်ရဲ့ အရယ်လမ်းကြောင်းမှာ အဖြူရောင်ချီရှိနေတယ် ရှင့်ရဲ့ သားစဉ်မြေးမြစ်တွေ အများကြီး ခံစားနေရတာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား" 

ရှဲ့ချောင် ထပ်မေး‌လိုက်တော့ တော်ဝင်ဆရာမျက်နှာထားက ထူးထူးခြားခြားပြောင်းလဲသွားသည်။ 

"ဟုတ်ပါတယ် အမှန်အတိုင်းပြောရရင် ဆရာမ ဒီလူအိုကြီးရဲ့ မိသားစုက အရှေ့မှာလည်း ဈာပနပွဲပေါင်းများစွာ ရှိခဲ့ပါတယ် ကျွန်တော့်ရဲ့ မျိုးဆက်အများစုက သေကုန်ကြပြီ အခု... ကျွန်တော် အသက်ရှူနိုင်သေးပေမယ့် အားလုံးက အဆင်‌မပြေဘူး ကျွန်တော့်ဘ၀မှာ သားခြောက်ယောက်ရှိခဲ့တယ် အစက သူတို့တွေ အရမ်းကိုကျန်းမာကြပါတယ် ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်၂၀လောက်က ဒီကလေးတွေက တစ်ယောက်ပြီးတစ်ယောက် ကျွန်တော့်ကို ထားသွားခဲ့ကြတယ် အရင်ဆုံး သားအကြီးဆုံး အရာရှိဖြစ်တုန်းက ဖျားနာမှုကြောင့် သေဆုံးသွားခဲ့တယ် ပြီးတော့ ဒုတိယသားက မြင်းကြောင့် အသတ်ခံလိုက်ရတယ် သုံးယောက်မြောက်သားက တစ်ရက်မူးလဲသွားပြီး မထလာနိုင်တော့ဘူး လေးယောက်မြောက်နဲ့ ငါးယောက်မြောက်က အခု အဆင်ပြေနေပါတယ် ဒါပေမယ့် သူတို့က ကျွန်တော့်ရဲ့ တရားမ၀င်ကလေးတွေပါ .. ကျွန်တော့်ပထမဇနီးရဲ့ သားအငယ်ဆုံးက ဒီတစ်ချိန်လုံး ဘာမှမလုပ်ပါဘူး သူက အသေးစားအရာရှိဖြစ်ပြီး ဂရုစိုက်တဲ့ဘ၀မှာပဲ အမြဲနေထိုင်တယ် ဒါပေမယ့် သူ့

ကျန်းမာရေးက မကောင်းဘူး မကြာခဏ နာမကျန်းဖြစ်တတ်တယ်"

အငယ်ဆုံးသားကလည်း မငယ်တော့ပါ။ 

"အဲဒီလိုဆိုရင်တောင် ကျွန်တော်သည်းခံနိုင်ပါတယ် ဒါပေမယ့် ဒီနှစ်တွေထဲမှာ သားတွေထက် မြေးတွေကလည်း အခြေအနေကောင်းမနေဘူး သားအကြီးဆုံးရဲ့ ကလေးက ဒီနှစ်ဆို ၃၀ပြည့်သွားပြီ သူက နဂိုက အရည်အချင်းရှိပေမယ့် ကံတော့ သိပ်မကောင်းရှာဘူး။ အခု သူက ‌တခြားမြို့မှာ ခရိုင်တရားသူကြီးအဖြစ် အလုပ်လုပ်နေတယ်။ ကျွန်တော့် ဒုတိယသားရဲ့ ကလေးကလည်း မငယ်တော့ဘူး သူလည်း နှစ်ပေါင်းများစွာ စာမေးပွဲဖြေပြီးတော့ ဆရာတစ်ယောက် ဦးဆောင်မှုအောက်မှာ ပညာသင်တစ်ယောက်ဖြစ်နေတုန်းပဲ။ အခု နန်းတွင်းစာမေးပွဲ လာနေပြီဆိုတော့ သူလည်း စာမေးပွဲဖြေတော့မှာကို။ သူ စာမေးပွဲခန်း

ထဲမ၀င်ခင် လက်က ဒဏ်ရာရသွားတယ်လေ အဲကျတော့ သူ နောက်ထပ်သုံးနှစ်ထပ်စောင့်ရုံပဲ တတ်နိုင်တော့တာပေါ့"

"ကျွန်တော့် သုံးယောက်မြောက်သားက သူ့ကလေးတွေအားလုံး ဆုံးရှုံးထားရတယ် ပြီးတော့ မကောင်းတဲ့ကောင်စုတ်လေးနှစ်ကောင်ကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် မိသားစုထဲက ကလေးတွေက နည်းနည်း အသုံးအဖြုန်းကြီးတယ် အငယ်ဆုံးမြေးဆို .. ကျွန်တော့် ခြောက်ယောက်မြောက်သား ကလေး သူကတော့  အလားအလာအရှိဆုံးလို့ ယူဆလို့ရတယ်"

"သူက ၁၇ပဲရှိသေးတယ် လွန်ခဲ့တဲ့ရက်အနည်းငယ်က အမည်မသိ အကြောင်းအရင်းကြောင့် ရုတ်တရက် ထူးဆန်းတာတွေကို စွဲလန်းသွားတယ်လေ။ သူက နာမည်ကြီး တောင်နဲ့ မြစ်တွေဆီကို အမတလမ်းစဥ်ကိုရှာဖွေဖို့အတွက် သွားလည်ချင်နေတယ်" 

တော်ဝင်ဆရာလီ အလွန်ဒေါသထွက်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေ၏။

ရှဲ့ချောင်တောင်မှ သူ့နှလုံးသားထဲက ၀မ်းနည်းကြေကွဲမှုအား ခံစားမိသည်။ 

သူက မိသားစုအဆင်ပြေရေးအတွက် တစ်သက်လုံး အလုပ်ကြိုးစားခဲ့ပေမယ့် သူ အသက်ကြီးလာပြီး မသေသေးခင် သူ့‌ကလေးတွေနဲ့ မြေးတွေက အရင်သေလိမ့်မယ်လို့ ဘယ်သူတွေးထားမှာတဲ့လဲ။ 

သူ့ကလေးတွေက ‌ကြီးပွားတိုးတက်နေရမှာဖြစ်ပေမယ့် တစ်၀က်လောက်က သေသွားခဲ့ပြီး သားတစ်ယောက်တည်း ကျန်တော့သည်။ 

သူ့မြေးများထံမှ အောင်မြင်မှုအား မျှော်မှန်းထားသော်လည်း သူတို့ထဲကတစ်ယောက်က အသေးစားအရာရှိတစ်ယောက်သာဖြစ်ပြီး ကျန်တဲ့သူတွေက နှစ်ပေါင်းများစွာ ကျရှုံးခဲ့ကြသည်။ နောက်ဆုံးတစ်ယောက်က မိသားစုကို ပြန်လည်အသက်သွင်းရန် မျှော်လင့်ချက်ရှိသော်လည်း သူက လမ်းကြောင်းလွဲမှားနေပြန်သည်။ 

အဖိုးအိုက အယူအစွဲမရှိသူသာ ဖြစ်ရမည်။ ထို့ကြောင့် သူ အခုထိ အသက်ရှင်နေသေးတာပင်။ 

••••

All Chapters