အမတအရှင်။
Vol. 27 Ch. 508
လီမီက အမတ်ချုပ်ကြီးသုံးဦးထဲက တစ်ဦးဖြစ်ခဲ့ဖူးသည်။ သို့ပေမယ့် ယခုတွင်မူ သူ့မျိုးဆက်များကိုတောင် မကိုင်တွယ်နိုင်တော့ချေ။ ခါးသီးမှုက
သူ့နှလုံးသားထဲ လေးလံနေ၏။
"ရက်သတ်မှတ်လိုက်ပါ ကျွန်မ ရှင့်အိမ်ကို သွားကြည့်ဖို့ လိုအပ်တယ် တကယ်လို့ ကျွန်မ ဘာမှရှာမတွေ့ရင် ရှင့်ရဲ့ ဘိုးဘေးအုတ်ဂူတွေကို သွားကြည့်ဖို့လိုတယ်။ ဘယ်မှာလဲ ခရီးက ဝေးလား။ အလုပ်မဖြစ်မှာကို ကျွန်မစိုးရိမ်တယ်။"
ရှဲ့ချောင် ခရီးဝေးထွက်ရတာ မကြိုက်သောကြောင့် သူမ လှည့်လည်သွားလာဖို့က တကယ် အဆင်မပြေလှပေ။
"ဘိုးဘွားတွေရဲ့ အုတ်ဂူတည်နေရာက မဝေးပါဘူး သုံးရက်ကနေ ငါးရက်အထိပဲ ကြာမှာ ဘယ်လိုထင်လဲ"
အကြီးအကဲလီက ပိုလို့တောင် ယဉ်ကျေးသွား
သည်။
သုံးရက်ကနေ ငါးရက်အထိ ..။
ရှဲ့ချောင် တွေးတောကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ"
လတ်တလောတွင်တော့ မြင်းလှည်းဖြင့်သာ ဖြည်းညင်းစွာ သွားကြသည်။ သုံးရက်ကနေ ငါးရက်ဆိုတာ ဝေးတယ်လို့ မသတ်မှတ်နိုင်ချေ။
အကြီးအကဲလီ စိတ်အေးသွား၏။
"ကျွန်တော့်နေအိမ်မှာလည်း လတ်တလော လုပ်စရာမရှိပါဘူး တကယ်လို့ ဆရာမအဆင်ပြေတယ်ဆိုရင် ဘယ်အချိန်မဆို လာလို့ရပါတယ်"
"ကောင်းပါပြီ"
ရှဲ့ချောင် နန်းတွင်းစာမေးပွဲ အောင်စာရင်းမထွက်ခင် လီအိမ်တော်ကို သွားရန် ဆုံးဖြတ်ထားသည်။
အမြန်ဖြေရှင်းတာက အကောင်းဆုံးဖြစ်လိမ့်မည်။ တကယ်လို့ သူမ ဘိုးဘွားအုတ်ဂူများဆီ သွားဖို့ လိုအပ်တယ်ဆိုရင်တော့ သူမ နည်းနည်းကြာကြာ စောင့်ဆိုင်းရပေမည်။
ရလဒ်များထွက်လာလျှင် ပညာသင်တစ်ချို့က သတ်သေတတ်ကြသည်။ ပြီးနောက် မကောင်းဆိုးဝါးဝိဉာဉ်များအဖြစ်လည်း ပြဿနာ
ရှာကြလိမ့်ဦးမည်။
နှစ်ရက်ကြာပြီးနောက် ရှဲ့ချောင် ချိန်းဆိုကာ လီအိမ်တော်သို့ သွားလိုက်သည်။ လီမိသားစုအိမ်တော်က ဧကရာဇ်မင်းချီးမြှင့်ထားတာဖြစ်သည်။ ကောင်းမွန်လှသော တည်နေရာနှင့် နှိုင်းယှဉ်မရအောင် ခမ်းနားလှပေသည်။
အကြီးအကဲလီက သူမကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။ ပြီးနောက် မိသားစုထဲရှိ မျိုးဆက်များအား ခေါ်လိုက်သည်။
လီမိသားစုရှိ လူများက ကြည့်ကောင်းကြသည်။ ပြဿနာအသေးစားသာ ရှိပုံရပေမယ့် ထိုအရာက သူတို့၏ ချမ်းသာသော ကံကြမ္မာကို မထိခိုက်ပေ။ တကယ်တော့ ..
အကြီးအကဲလီ၏ မြေးအငယ်ဆုံးသည် အလွန်ကြည့်ကောင်းလှသည်။ သူက အလွန်အရည်အချင်းရှိသော အမတ်ကြီးအကြီးအကဲလီနှင့် မယှဉ်နိုင်ရင်တောင် သက်ကြီးရွယ်အိုများ၏ အကာအကွယ်ကိုသာ အားကိုးရသော သာမန်၊ ပျော့ညံ့ကာ အသုံးမကျသူမဖြစ်သင့်ပေ။
"အဖိုး ကျွန်တော်တို့ကို ဒီလာခိုင်းတာက ဒါကြောင့်လား .. တာအိုကျင့်ကြံသူဆရာမကြောင့်လေ"
တစ်စုံတစ်ယောက်က ရှဲ့ချောင် ထိုင်နေစဥ် အထင်အမြင်သေးစွာဖြင့်ပြောလေသည်။
"မာနမကြီးစမ်းနဲ့"
ထိုစကားကြားတော့ အကြီးအကဲလီချက်ချင်း ဒေါသထွက်သွားသည်။ ပြီးနောက် ရှဲ့ချောင်အားပြောသည်။
"ဆရာမမော့ ဒါက ကျွန်တော့်မြေးအငယ်ဆုံးပါ သူက အခု ၁၇ ၁၈လောက်ရှိပါပြီ လွန်ခဲ့တဲ့နှစ်နှစ်က အရမ်းအမျှော်အမြင်ရှိခဲ့ပေမယ့် အခုတော့ .. ပိုပို အလေးမထားတတ်တော့ဘူး"
မြေးအငယ်ဆုံးက တရားမ၀င်မိသားစုက မြေးထက် ပိုပြီးသာသည်။ သူက အသုံးမကျတာမဟုတ်ပေမယ့် သူ့အာဏာနှင့် တခြားလူတွေကိုလည်း အနိုင်ကျင့်ခြင်းမရှိသလို ရယ်စရာလုပ်ထားခြင်းလည်း မရှိပေ။
သို့သော်လည်း ..
အကြီးအကဲလီက သူ့ကို ဆူတောင်မဆူဖူးပေ။
သူက သူ့မျိုးဆက်တွေရဲ့ ပညာရေးကို နှစ်ပေါင်းများစွာ ဂရုတစိုက်ရှိခဲ့သည်။ သူက မျိုးဆက်သစ်တွေကို လိုက်လျောညီထွေဖြစ်စေမယ့် လူမဟုတ်သလို ခေါင်းမာသောလူကြီးလည်း မဟုတ်ပေ။ တစ်နည်းမဟုတ်တစ်နည်းကြောင့်သာ သူ့ကလေးတွေက ဒီလိုဖြစ်သွားတာပင်။
အကြီးအကဲလီသည် အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။
ယခု သူအသက်ရှင်နေသေးတာကြောင့် နန်းတွင်းတရားရုံးတော်က ကျောင်းသားများက သူ့ကြောင့် သူ့မြေးမြစ်တွေအား ဂရုစိုက်ပေးကြသည်။ သူသေသွားရင် ဘယ်လိုလုပ်မလဲ။
သူထွက်သွားပြီး ဆယ်နှစ်အတွင်းတွင် သူ့မိသားစုသေချာပေါက် ပြိုလဲသွားလိမ့်မည်။
ဒါ သူမြင်ချင်တာမျိုး မဟုတ်ပေ။
ရှဲ့ချောင် လီမိသားစုက ထိုမြေးအား ကြည့်လိုက်သည်။
သူက ကြည့်ကောင်းပြီး ကောင်းမွန်တဲ့ သွင်ပြင်လက္ခဏာရှိသည်။
လီချင်းယွီ ရှဲ့ချောင်အားကြည့်လိုက်သည်။
"အဖိုး သေတတ်တဲ့လောကကြီးထဲမှာ စစ်မှန်တဲ့ ကျွမ်းကျင်သူတစ်ယောက် ဘယ်လိုရှိနိုင်မှာလဲ
သူမမှာ တကယ်စွမ်းရည်ရှိတယ်ဆိုရင် ဘာလို့ မထင်ရှားတဲ့ တာအိုကျင့်ကြံသူ ဆရာတစ်ယောက်ဖြစ်နေတာလဲ"
ရှဲ့ချောင် ပြုံးလိုက်သည်။
"ဒီကလေးက ပြဿနာပဲ"
ရှဲ့ချောင် သက်ပြင်းချပြီး အကြီးအကဲလီအား ကြည့်လိုက်သည်။
"တကယ်ပဲ ဒီလိုမြေးကို သင်ကြားပေးဖို့ဆိုတာ ရှင့်အတွက် ခက်ခဲတာပဲ .."
လီချင်းယွီ မျက်လုံးပြူးကျယ်သွားပြီး ပြောစရာစကားပျောက်ဆုံးသွားသည်။
အကြီးအကဲလီ သက်ပြင်းချလိုက်ကာ "ဆရာမ သူနဲ့စကားမများဖို့ မျှော်လင့်ပါတယ်"
"အဖိုး ဘာလို့ ဒီမှာ အဲဒီလို တာအိုဆရာမအယောင်ဆောင်ကို ဖိတ်ထားတာလဲ"
လီချင်းယွီက စိတ်ဆိုးသွားသည်။
"ကျွန်တော် ခရီးထွက်မယ်ပြောလိုက်လို့ အဖိုး မပျော်တော့တာကြောင့်လား ဒါပေမယ့် အဖိုး ကျွန်တော် အမတအရှင်ကို ရှာလို့ အိပ်မက်မက်ခဲ့တယ် ဘာလို့ ကျွန်တော့်ကို ခွင့်မပြုပေးရတာလဲ"
အကြီးအကဲလီ သေသွားသော ယင်ကောင်အား စားထားသလိုနှင့်ပင် တူနေသည်။ သူ အတင်းပြုံးဖို့ကြိုးစားပေမယ့် မပြုံးနိုင်ပေ။
"အမတအရှင်ကို အိပ်မက်မက်တယ် ..?" ရှဲ့ချောင် နားထောင်ပြီး အနည်းငယ်ပြုံးလိုက်သည်။
"ဒီအမတအရှင်က .. သားမွေးအင်္ကျီ၀တ်ထားတဲ့ အမျိုးသမီးတစ်ယောက်လား"
••••