နေ့ခင်းကြောင်တောင်မှာ အိပ်မက်ထဲကအကြောင်းပြောတယ်။
Vol. 27 Ch. 509
ရှဲ့ချောင်ပြုံးလိုက်သည်။ သူမအသံက နားထဲကို ဖြည်းညှင်းစွာစီးမျောသွားပြီး သာယာသော အသံအတိုင်းပင်။
သူမအရှေ့မှာရှိနေသော လီချင်ယုက သူမပြောတာကိုကြားပြီးနောက်မှာ မျက်လုံးပြူးကျယ်သွား
သည်။
"ဘ .. ဘယ်လိုသိတာလဲ"
ရှဲ့ချောင် နှုတ်ခမ်းစေ့ထားပြီး ဘာမှမပြောပေ။
အကြီးအကဲလီလည်းပဲ အံ့ဩသွားသည်။ သူ မင်းသားနင်းပေ့ စကားတွေအား ပြန်တွေးမိသည်။
ဒီဆရာမက ကမ္ဘာနှစ်ခုလုံးနှင့် ဆက်သွယ်တဲ့နေရာမှာ ထူးချွန်ပြီး မြို့ပြင်က ယွီရွှီဘုရားကျောင်းက ကျွမ်းကျင်သူများထက် ပိုစွမ်းအားကြီးတယ်လို့ ပြောသည်။ ထို့ကြောင့် သူလည်းပဲ သူမကိုလေးစားစွာဖြင့် ဆက်ဆံရမည်။
ထိုအချိန် အနည်းငယ်ချဲ့ကားတယ်လို့ သူထင်ခဲ့ပေမယ့် ယခုအခါ သူ့မြေး၏အိပ်မက်ထဲရှိ အမတအရှင်အား တိုက်ရိုက်ခန့်မှန်းနိုင်ခဲ့သည်။ သူမ တကယ်ပဲ အစွမ်းထက်လှသည်။
ရှဲ့ချောင်က အမတအရှင်၏သွင်ပြင်ကို မခန့်မှန်းပေ။ ထိုအရာက လီချင်းယွီ နံဘေးတွင် ပျံဝဲနေသောကြောင့် သူမပြောခဲ့တာဖြစ်သည်။
သူမ၏ ဖြူဖျော့နေသောမျက်နှာက ပန်းရောင်အလွှာဖြင့် ခြယ်သထားပုံရသည်။ သူမ၏ ချယ်ရီရောင် နှုတ်ခမ်းပါကလည်း လတ်ဆတ်သော သွေးအား ခုလေးတင် သောက်သုံးထားသလိုပင်။ သူမ၏ မျက်လုံးများထဲတွင် သူငယ်အိမ် မရှိသလို သူမ၏ ရှည်လျားသော ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ သူမ၏ ခြေထောက်များသည်လည်း လေထဲတွင် ရပ်တန့်နေခဲ့သည်။ သူမရဲ့ ခန္ဓာကိုယ်ကို အစပိုင်းမှာ အဖြူရောင် အမွေးကုတ်အင်္ကျီနဲ့ ဖုံးအုပ်ထားခဲ့ပေ
မယ့် အကြောင်းတစ်ခုခုကြောင့် သွေးများစွာ စွန်းထင်းနေသည်။
သူမလက်ချောင်းတွေက မကြာခဏ လီချင်းယွီဆံပင်များအား ပွတ်သပ်နေသည်။
ကျစ် .. ဘာကိုအမတအရှင်လဲဟ။
ရှဲ့ချောင်တစ်ဖက်ကိုကြည့်ရင်း သူမအကြည့်က မသိသာလှပေ။ သူမပြုံးလိုက်ပေမယ့် သူမအပြုံးက မျက်လုံးမှိတ်သွားသည်အထိတော့မဟုတ်ဘဲ ထိုအရာက လူတွေကို အဆင်မပြေဖြစ်စေလှသည်။
လီချင်းယွီ မျက်နှာထက်တွင် အဆင်မပြေမှု အရိပ်အယောင်ဖြစ်တည်သွားသည်။
"တကယ်ပဲ ဘယ်ကိုကြည့်နေတာလဲ"
ရှဲ့ချောင် လက်ဖက်ရည်ခွက်အားကိုင်ကာ အနည်းငယ်သောက်လိုက်ကာ။
"ဂျူနီယာလေး မကြောက်ပါနဲ့"
လီချင်းယွီ ရုတ်တရက် ဒေါသထွက်လာသည်။
ဒီလိုအရိုက်ခံသင့်တဲ့ ဆရာမက ဘယ်ကနေ ရောက်လာတာလဲဟ။
အကြီးအကဲလီက ရှဲ့ချောင် တုံ့ပြန်မှုအားတွေ့တော့ အလွန်စိုးရိမ်သွားသည်။
ဆရာမက မကောင်းဆိုးဝါးဘာညာ တစ်ခုခုကို မြင်သွားတာများလား။
အကြီးအကဲလီ ခဏတွေးတောပြီး ကျန်တဲ့လူတွေကို အရင် ထွက်သွားခိုင်းလိုက်သည်။ အခန်းက ဗလာဖြစ်သွားတဲ့အခါ သူ ဂရုတစိုက်ဖြင့် မေးမြန်းလိုက်သည်။
"ဆရာမမော့ ကျွန်တော့်မြေးနဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်နေလို့လား"
"သူ ဒီလိုဖြစ်နေတာ ဘယ်လောက်ရှိပြီလဲ"
"ကျွန်တော် တောက်တိုမယ်ရ ကောင်လေးတစ်ယောက်ကို မေးကြည့်တာ သူက ထူးဆန်းထွေလာအကြောင်းတွေကို ဖတ်နေတာ တစ်နှစ်ကျော်ပြီလို့ပြောတယ် သူက တစ်နေ့တစ်ခြား ပိုပိုပြီးစွဲလန်း
သွားတော့မှ ကျွန်တော့်ကို ခရီးထွက်ချင်တယ်လို့ ပြောလာတာ"
ပညာသင်တွေက ခရီးထွက်ကြတာ ပုံမန်ပင်ဖြစ်သည်။ ကမ္ဘာပေါ်က နံပါတ်တစ်ပညာရှင် လီရှီးယန်သည်လည်း မကြာမဏ ဘယ်မှာမှ ရှာမတွေ့နိုင်ပေ။
သို့သော်လည်း ပညာရှင်ကြီးများ ခရီးထွက်တာက သူတို့အမြင်ပိုကျယ်လာအောင်ဖြစ်သည်။ သူကတော့ မတူပေ။ သူကကျ အမတအရှင်ကို ရှာဖွေနေတာတဲ့လား။
ဒီ အမတအရှင်က ဘယ်ကနေ ရောက်လာတာလဲ။ သူက နေ့ခင်းကြောင်တောင်မှာတောင် အိပ်မက်အကြောင်းကို ပြောနေသည်။
"ရှင့်မြေးပြဿနာက .. ကြီးကြီးမားမားမဟုတ်ဘူး ကံကောင်းလို့ သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးက သန်မာနေတာ တကယ်လို့ သူ့ရဲ့ ယန်စွမ်းအားတစ်ချို့က လုယူခံလိုက်ရရင်တောင် အနာဂတ်မှာ ပြန်လည်ဖြည့်တင်းသွားလိမ့်မယ်"
ရှဲ့ချောင် ပြောလိုက်သည်။
"လုယူခံလိုက်ရတယ် .."
အဖိုးအိုက ထိုင်ခုံပေါ်ကနေတောင် ပြုတ်ကျတော့မလိုပင်။
"ဒီသခင်လေးရဲ့ ယန်စွမ်းအင်ကို ဘယ်သူလုယူမှာလဲ အဓိပ္ပါယ်မရှိတာ"
အပြင်ကနေ ခိုးနားထောင်နေတဲ့ လီချင်းယွီက တံခါး ကန်ဖွင့်ပြီး အထဲ၀င်လာသည်။ ပြီးနောက် ရှဲ့ချောင်အား လက်ညှိုးထိုးပြီး ဒေါသထွက်စွာဖြင့်ပြောလေသည်။
ရှဲ့ချောင် ပြုံးလိုက်၏။
"ရှင် မဟုတ်ဘူးလား .."
လီချင်းယွီ၏ မျက်နှာသည် နီမြန်းနေပြီး ဒေါသတကြီး ဖြစ်နေသည်။
သူရှက်သလို ဒေါသထွက်လည်နေ၏။ ဘယ်ကမှန်းမသိ ပေါ်လာတဲ့ ဒီဆရာမကို သူတကယ်ပဲ ချက်ချင်းနှင်ထုတ်ချင်သည်။
"မဟုတ်မမှန်တာတွေပြောတဲ့ မကောင်းဆိုးဝါး .. မင်းကို ဆွဲထုတ်ပြီး အရှင်လတ်လတ် မီးရှို့သင့်တယ်"
သူ ရှက်နေတာကနေ ဒေါသထွက်လာသည်။
"ဆရာမ ကျွန်တော့်ကို သေချာပြောပြပေးလို့ရမလား"
အကြီးအကဲလီက သူ့မြေးပြောတာကို မကြားသလိုမျိုး ထပ်မေးသည်။
"သူက မထိသင့်တဲ့တစ်ခုခုကို ထိလိုက်မိတာ အဲဒီအရာက ရန်လိုတတ်တဲ့ ဝိဉာဉ်ပဲ သူနဲ့အတူရှိနေတာကြာပြီ ပြီးတော့ အဲဒါက အလွန်တည်မြဲနေပြီး ညဘက်မှာ အမှောင်စွမ်းအား အပြည့်နဲ့ အဲဒါ
ကို သခင်လေးလီဆီ ကူးစက်သွားပြီး ရန်လိုတတ်တဲ့ ဝိဉာဉ်ရဲ့ ပုံစံတွေကို တွေ့နိုင်သွားတာ သူ့ရဲ့
တကယ့်ပုံစံအစစ်အမှန်က သူ့အိပ်မက်တွေကြောင့် ဝေဝါးသွားပြီး အခုလို ဖြစ်သွားတာပဲ"
"ရန်လိုတတ်တဲ့ဝိဉာဉ်ဆီကနေ အချိန်အကြာကြီး လွှမ်းမိုးခံလိုက်ရတော့ သူ့စိတ်နေစိတ်ထားက သဘာဝအတိုင်း ပြောင်းလဲသွားလိမ့်မယ် အထူးသဖြင့် အဲဒါက ရန်လိုတတ်တဲ့ ဝိဉာဉ်ဖြစ်နေရင် .. အဲဒီဝိဉာဉ်ရဲ့ မကျေမချမ်းဖြစ်မှုက သူ့ခန္ဓာကိုယ်ထဲ ၀င်သွားပြီး အဲဒါက သူ့ကိုပိုပြီး ခေါင်းမာစေပြီး စိတ်တိုစေလိမ့်မယ်"
အကြီးအကဲလီ ထိုစကားများကြားတဲ့အခါ သူဖြစ်နေတဲ့ သံသယများအားလုံး ဖြေရှင်းပြီးသားဖြစ်သွားသည်။
သူ့သားအကြီးဆုံး ကျန်းမာရေးက မကောင်းတာကြောင့် ဒီမြေးကို ပျိုးထောင်ရန်အတွက် သူ့အနားမှာပဲထားခဲ့ရသည်။
သူက ပထမနှစ်နှစ်အတွင်း အလွန်ကျိုးနွံပြီး အနေအထိုင်ကောင်းခဲ့သော်လည်း လွန်ခဲ့သည့် နှစ်နှစ်လောက်ကစပြီး ပြောင်းလဲသွားခဲ့သည်။
တစ်ခါတစ်လေ မာနကြီး၊ မုသားဖြင့်ကြွား၀ါတတ်ပြီး သူပြောသောစကားများနှင့် ပြုမူပုံက မတူကွဲပြားသောလူကဲ့သို့ပင်။
••••