← Chapters

ဝေဒနာကို ရှည်စေမယ့်အစား ဝေဒနာကို ပြေပျောက်စေခြင်းက ပိုကောင်းတယ်။ 

Vol. 27 Ch. 510

ဝေဒနာကို ရှည်စေမယ့်အစား ဝေဒနာကို ပြေပျောက်စေခြင်းက ပိုကောင်းတယ်။ 

Vol. 27 Ch. 510

အကြီးအကဲလီက စိုးရိမ်မိပြီး တစ်ချိန်တည်းမှာ

ပျော်ရွှင်မိသည်။ ဒီ ဝိဉာဉ်က ဖြေရှင်းရခက်မှာကို စိုးရိမ်တာဖြစ်ပေမယ့် ပျော်ရတဲ့အကြောင်းက သူ့မြေးကို မမှန်မကန် သွန်သင်ဆုံးမခဲ့ခြင်း မရှိသော်လည်း ညစ်ညမ်းမှုတစ်ခုခုကြောင့်သာ လွှမ်းမိုးခံခဲ့ရခြင်းကြောင့်ပင်။

လီချင်းယွီ ရှက်သွားပြီး စွပ်စွဲခံလိုက်ရတာကြောင့် ဒေါသထွက်သွားသည်။ 

"အဖိုး" 

"ကျွန်တော့်မြေးကို နဂိုပုံစံအတိုင်း ပြန်ဖြစ်အောင် ဘယ်လိုလုပ်ပေးလို့ရမလဲ" 

အကြီးအကဲလီက ရှဲ့ချောင်အား အလျင်စလိုမေးလိုက်သည်။ 

လီချင်းယွီ ထိုစကားကြားတဲ့အခါ သူ့ဒေါသမှာ မျက်နှာထက် ရောက်လာပြီး အသက်မရှုနိုင်တော့မလိုတောင် ဖြစ်သွားသည်။ 

သူ ဘာဆိုလိုတာလဲ။ သူအဆင်မပြေဘူးလို့ အဖိုးက ထင်နေတာလား။ 

"ဘာလို့ ဒီမိန်းမစကားကို နားထောင်နေရတာလဲ အဖိုး ကျွန်တော်အဆင်ပြေတယ် ကျွန်တော် ဒီအတိုင်း လမ်းလျှောက်ထွက်ချင်ရုံပါ ဘာလို့ ခေါင်းမာနေရတာလဲ ပြီးတော့ ကျွန်တော် တကယ် အမတအရှင်ကို အိပ်မက်မက်ခဲ့တာ သူမက ပြစ်ချက်မရှိသလို လှပတယ် သူမက ကောင်းကင်နတ်တောင်ပေါ်မှာနေတာ ကျွန်တော်တို့တွေ သဘောတူညီချက်ယူထားတယ်"

အကြီးအကဲလီ ခေါင်းခါလိုက်သည်။ 

ဟင်း .. ဒီကောင်လေးက တကယ်ပဲ အမတအရှင် စိတ်ညှို့ခြင်းအား ခံထားရသည်။ 

ရှဲ့ချောင် ပြုံးလိုက်၏။ 

အရင်က ထိုဝိဉာဉ်များကြောင့် စိတ်ညှို့ခံလိုက်ရသော လူများကို သူမ တွေ့ဖူးသည်။ သို့ပေမယ့် အများက လူအိုကြီးများဖြစ်ကြသည်။ ဒီလိုလူငယ်လေးက ကြုံတွေ့နေရတာကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးတာပင်။ 

လူငယ်တွေမှာ သန်မာသော ယန်စွမ်းအား ရှိကြသည်။ ရန်လိုသောဝိညာဉ်များသည် ယန်စွမ်းအင်အပြည့်ရှိသော ဤကျောက်တုံးကို ဆုပ်ကိုင်ထားရန် ဤမျှလောက် ဇွဲကောင်းကြသည်။ အခု သူမ

တွေ့ရမယ်လို့ ဘယ်သူက ထင်မှာလဲ။

ဒီကလေးကို ဒီလိုအခြေအနေမျိုးဖြစ်အောင် ချော့ဖို့အတွက် တစ်နှစ်၊ နှစ်နှစ်လောက် ကြိုးစားခဲ့ရသည်။ 

တကယ်လို့ သူမသာ သူ့ကိုတစ်ယောက်တည်းထားခဲ့လျှင် ..။ 

ရန်လိုတတ်သော ဝိဉာဉ်တိုင်းက မတူညီသောပန်းတိုင်များရှိကြသည်။ ဒီဝိဉာဉ်က လီချင်းယွီနဲ့

အတူ အဆုံးမရှိ အချိန်ကုန်ဆုံးနိုင်အောင် နာမည်ကြီး တောင်နဲ့ မြစ်တွေဆီ အလည်အပတ်သွားချင်တာပဲဖြစ်ရမည်။ 

ရှဲ့ချောင် ပြုံးလိုက်သည်။ ထိုအပြုံးက လီချင်းယွီနှလုံးသားအား ထိုးဖောက်သွား၏။ 

ဒီ စုန်းမအိုကြီးက သူ့ကို ဘာလို့ အဲဒီလိုကြည့်နေရတာလဲ။ 

"ဆရာမ .. တစ်ခုခုလိုအပ်တယ်ဆိုရင် ဒီအတိုင်းပြောလိုက်ပါ .." 

"အရင်ဆုံး သူ့ကိုချည်နှောင်ထားလိုက်" 

ရန်လိုတတ်သော စိတ်ဝိဉာဉ်က တစ်ချိန်လုံး လီချင်းယွီအနောက်ကို လိုက်နေတာဖြစ်သည်။ ဒါက သူ၏ စွဲလန်းမှုကြောင့်လည်း ဖြစ်နိုင်သည်။ သူ့ဆီကနေ ခွာထုတ်နိုင်မှာမဟုတ်လောက်ပေ။ သူမ ဒီဝိဉာဉ် ထွက်ပြေးမှာကို တားဆီးရန် မြန်မြန် ဆောင်ရွက်ရပေမည်။ 

အကြီးအကဲလီက ခဏ အံ့အားသင့်သွားပေမယ့် ချက်ချင်း အကူအညီတောင်းလိုက်သည်။ 

လီချင်းယွီ တုံ့ပြန်မှုက မြန်လှသည်။ သူ ရှဲ့ချောင်အပြောအား ကြားတာနဲ့ အခန်းထဲက ပြေးထွက်သွားသည်။ 

"မြန်မြန် မြန်မြန် သခင်လေး၅ကို ဖမ်းခဲ့" 

အကြီးအကဲလီ အလျင်စလို အော်ဟစ်လိုက်သည်။ 

လီမိသားစုက အတူနေကြပြီး သူတို့မှာ မျိုးဆက် အနည်းငယ်သာရှိတော့သည်။ သူ၏ တရားမ၀င်ကလေးတွေရဲ့ ကလေးအပါအ၀င် လီချင်းယွီက ငါးယောက်မြောက်နှင့် အငယ်ဆုံးဖြစ်သည်။ 

သူက ငယ်ငယ်လေးတည်းက စာပေနှင့် ကိုယ်ခံပညာအား လေ့လာသင်ယူခဲ့သည်။ ထိုအချိန် သူက မျောက်တစ်ကောင်လိုမျိုး အပေါ်အောက် ခုန်နေသည်။ အိမ်အကူများကလည်း မကြမ်းတမ်းရဲတာကြောင့် သူ့အနောက်က‌ပဲ ပြေးလိုက်ရသည်။ 

၀င်းထဲတွင် ညစ်ညမ်းသောလေထုနှင့် ပြည့်နှက်နေသည်။ ထိုအရာက ဖရိုဖရဲနှင့် ကြောက်စရာကောင်းလှသည်။ 

အကြီးအကဲလီသည် အရှက်ကွဲသော်လည်း သူ့သိက္ခာကျသွားပြီမို့ ဘာမှစိုးရိမ်မနေတော့ပေ။ ခြံဝင်းထဲကို ပြေးဝင်ပြီး စီစဉ်မှုများ လုပ်လေသည်။ 

"တံမြက်စည်းယူလာခဲ့ သူထွက်ပြေးသွားရင် ဘာ

ပဲဖြစ်ဖြစ် ချက်ချင်းတား .. မထိန်းထားနဲ့" 

သူထွက်ပြေးသွားပြီး ပြန်မလာရင် ဘယ်လိုလုပ်ရတော့မလဲ။ 

ဆရာမလေးက သူ့မြေးမှာ ညစ်ညမ်းတဲ့အရာတွေ ရှိနေတယ်လို့ ပြောထားတဲ့အတွက် သူ ဆင်ခြင်တုံတရားနှင့် မနေနိုင်ပါ။ 

အကြီးအကဲလီက အမြဲတမ်း အလွန်လေးစားခံခဲ့ရသည်။ သူ့အဆုတ်ထွက်ကျလုမတက် အော်ငေါက်နေတော့ တစ်မိသားစုလုံးလည်း တော်တော်ကြောက်လန့်သွားသည်။ 

သို့ပေမယ့် အလွန်ထိရောက်မှုရှိလေသည်။ 

အချိန်တိုအတွင်း လီချင်းယွီက တံမြက်စည်းကြီးများစွာဖြင့် မြေကြီးပေါ် ဖိချခံရသော ပိုးဖလံနှင့်ပက်တူနေ၏။ 

"မြန်မြန် သူ့ကိုချည်ထား" 

အကြီးအကဲလီက ဘယ်လိုလုပ် သူ့အတွက် စိတ်မကောင်းမဖြစ်ဘဲနေမလဲ။ သို့ပေမယ့် လွန်ခဲ့တဲ့နှစ်နှစ်မှာ သူ့မြေးကြုံတွေ့ခဲ့ရတဲ့ ပြောင်းလဲမှုတွေကိုစဉ်းစားလိုက်ရင် သူ့နှလုံးသားက ပိုလို့တောင်အေးစက်လာသည်။ 

ကလေးက သူ့မိဘနှင့်လူကြီးများ‌အပေါ် ပိုပိုပြီး လေးစားမှုမရှိတော့ပေ။ အခု သူက အိမ်ကနေထွက်ပြေးဖို့တောင်လုပ်နေသည်။ တကယ်လို့ သူ့ကို သေချာ မဆက်ဆံလျှင် အနာဂတ်တွင် တကယ် ထွက်ပြေးသွားနိုင်လောက်ပေသည်။ အဲဒီမှာ သေသွားနိုင်ပြီး သူ့အဖိုးက ထိုအကြောင်း

ကို သိလိုက်မှာတောင်မဟုတ်ပေ။ 

ထို့ကြောင့် ဝေဒနာကို တာရှည်ခံတာထက် ဝေဒနာကို ပြေငြိမ်းစေတာက ပိုကောင်းသည်။ 

တစ်စုံတစ်ယောက်က လျှော်ကြိုးကို ချက်ချင်းယူလာပြီး လီချင်းယွီအား ဖက်ထုပ်ကဲ့သို့ ချည်နှောင်လိုက်သည်။ 

ရှဲ့ချောင် တိတ်တဆိတ်ပျော်သွားသည်။ 

လီချင်းယွီ ရှဲ့ချောင်အား ခါးသီးစွာဖြင့်ကြည့်ပြီး ပြောသည်။ 

"စုန်းမအိုကြီး အားလုံးမင်းကြောင့်ပဲ မင်းနဲ့ငါ ဘာရန်ငြိုးရှိလို့လဲ မင်းက ရက်စက်လွန်းတယ် မင်း

ဘ၀တစ်လျှောက်လုံး တာအိုကျင့်ကြံသူ ဆရာဖြစ်ဖို့ပဲ ထိုက်တန်တယ်!" 

••••

All Chapters