ငါ သူ့ကို တကယ်သဘောကျတယ်။
Vol. 27 Ch. 511
သူ၏အသံက ကျယ်ပြီး သူ့ကိုကြည့်ရသည်မှာ အလွန်ပင် ဆန္ဒမရှိသည့်နှယ်။
ရှဲ့ချောင်သည် ထိုသူ အပူးကပ်မခံရခင်က မည်ကဲ့သို့ ကြမ်းကြုတ်တဲ့သူဖြစ်ကြောင်း အလွန်သိချင်နေခဲ့၏။
သူက ဆရာမကိုတောင် ကိုယ်တိုင်ကိုယ်ကျ ကြိုးချည်နှောင်စေခဲ့ပြီး သက်ညှာမှု မရှိစေခဲ့ပေ။
ထိုအခိုက်အတန့်တွင် ထိုလူ ကြိုးချည်ခံလိုက်ရ
သည်နှင့် သူ့ဘေးက ဒေါသထွက်နေသော စိတ်ဝိညာဥ်သည် မှိန်ဖျော့ဖျော့ အနက်ရောင်စွမ်းအင်များ ထုတ်လွှင့်နေခဲ့သည်။
သူမက လီချင်းယွီ၏နားထဲ တီးတိုးပြောလိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ဝိုက်၌ မကောင်းဆိုးဝါးစွမ်းအင်များ ဝေ့ဝဲနေ၏။ လီချင်းယွီက ရုန်းကန်နေသော်လည်း မလှုပ်ရှားနိုင်ဘဲ သူ၏မျက်နှာက ပိုပိုပြီး မှုန်မှိုင်းလာခဲ့သည်။ သူ အသံကုန်အော်ဟစ်လိုက်၏: "ကျွန်တော့်ကိုလွှတ်ပေးပါ၊ အဘိုး! ကျွန်တော့်ကို လွှတ်မပေးရင် ကိုယ့်ကိုယ်ကိုယ် သတ်သေမိလိမ့်မယ်..."
ရှဲ့ချောင်က အရှေ့တိုးကာ တစ်နေရာကနေ သစ်သားကျိုးလေးကို ကောက်ယူလိုက်ပြီး လီချင်းယွမ်၏ပါးစပ်ထဲ ထိုးထည့်လိုက်၏။
အကြီးအကဲလီက ကြည့်ကာ ဆရာမမော့ကို ခွင့်
ပြုကြောင်း အချက်ပြလိုက်၏။
သူ့မြေး စောစောက ဘာပြောလိုက်တာလဲ။
သူဘာလုပ်မှာ? သူ့ကိုယ်သူ လျှာကိုက်ပြီး သတ်သေမှာဟုတ်လား!
ရွှံ့ဦးနှောက်ပဲ!
အကြီးအကဲလီသည် သူ့မြေး၏ကိစ္စက နောင်အနာဂတ်တွင် သူ၏ဂုဏ်သိက္ခါကို ထိပါးလာမည်အား စိုးရိမ်နေ၏။ လီချင်းယွီကို ကြိုးတုပ်လိုက်ပြီးနောက် အစေခံများအားလုံးကို ထွက်သွားခိုင်းလိုက်သည်။ ထိုအခိုက်အတန့်တွင် ဆက်ခံသူများသာ ခြံဝန်းထဲ၌ ကျန်နေခဲ့တော့သည်။
တော်ဝင်ဆရာလီက ကိုယ်လုပ်တော်၏သွေးသားများကလည်း အရေးကြီးသည်ဟု သတ်မှတ်ခဲ့သည်။
သူ့မျက်လုံးထဲတွင် ထိုကောင်စုတ်များက သူ့သားများဖြစ်နေသော်လည်း သူတို့၏အမေများနှင့် လုံးဝမတူပေ။ သူတို့သာ ကိုယ်ကျင့်သီလ မကောင်းမွန်နေပါက သူတို့ကို အေးစက်စွာဆက်ဆံမည်မှာ မလွှဲမသွေပင်။ ညီအစ်ကိုများ တစ်ယောက်ကိုတစ်ယောက် ကျရှုံးရန် စောင့်ဆိုင်းနေသည်ထက် အစကတည်းက ခွဲထားလိုက်သည်က ပိုကောင်းပေသည်။
လီမိသားစု၏ကလေးများအားလုံးကို ကြင်ရာတော်က သင်ကြားပေးရသည်။ ကိုယ်လုပ်တော်များ ပါဝင်လာခွင့်မရှိပေ။ ထိုကောင်စုတ်လေးများ၏ပညာရေးက ဆက်ဆံသူများနှင့် တန်းတူပင်။ သို့သော် နေ့စဥ်ဘဝတွင် ၎င်းတို့၏ကျင့်ဝတ်များနှင့် စည်းကမ်းများကို တင်းတင်းကျပ်ကျပ်
လေ့လာကြရ၏။ ဆက်ခံသူများသည် အဆင့်အလိုက် ခွဲခြားဆက်ဆံခံရသည်။
အကြီးအကဲလီ၏မျက်လုံးထဲတွင် ဤသည်မှာ ထိုကောင်စုတ်များ ဝင်မပါသင့်သော အရေးကြီးကိစ္စဖြစ်သည်။
သူ၏ကိုယ်ပိုင်ကောင်စုတ်လေးများအားလုံး အကျင့်ကောင်းကြသည်မှာ နှမြောစရာပင်။ သို့သော် ထိုကောင်စုတ်လေးများက မောက်မာကြသည်။
ဒင်းတို့က သူရှိမှသာ နာခံမှုရှိကြ၏။
ထိုအခိုက်အတန့်တွင် အကြီးအကဲလီက သူမကို စိုက်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
"ဆရာမ..." အကြီးအကဲလီက သူမကိုကြည့်လိုက်၏။
ရှဲ့ချောင်က အသက်ပြင်းပြင်းရှူကာ ဝိညာဥ်ကို စိုက်ကြည့်လိုက်၏။ သူမပြောတော့မည့်ဆဲဆဲတွင် အိမ်တော်ဍထိန်းက အပြေးရောက်လာပြီး အကြီးအကဲလီအား တီးတိုးပြောလိုက်သည်။ အကြီးအကဲလီက အံ့သြသွားပြီး ပြောလာခဲ့၏။ "ဆရာမ အိမ်မှာ ဧည့်သည်ရောက်နေလို့ ကျွန်တော် မဖြစ်မနေသွားတွေ့ရမှာမို့ပါ။"
ထို့နောက် ရှဲ့ချောင်ခေါင်းညိတ်ပြသည်ကိုတောင်မစောင့်ဘဲ အမြန်ထွက်သွားခဲ့သည်။
မည်သည့်ဂုဏ်သရေရှိဧည့်သည်တော်လဲတော့မသိပေ။
"ဘာလို့ ငါ့ကို စိုက်ကြည့်နေရတာလဲ။ ဒီသခင်လေးကို နင်ဘာလုပ်ခဲ့လဲ ကြည့်စမ်း..." ရှဲ့ချောင်က ဒေါသထွက်နေသောဝိညာဥ်ကို မျက်လုံးလှန်ကြည့်လိုက်၏။
လီချင်းယွီက ကြောင်အမ်းသွားခဲ့သည်။
ဒီစုန်းအိုကြီးက ဘယ်သူ့ကိုပြောနေတာလဲ။
"ငါ သူ့ကို တကယ်ကြိုက်တာ!" ဒေါသထွက်နေသော ဝိညာဥ်က ဟိန်းဟောက်လာ၏။
"လူလိမ်။ နင် သူ့ကိုကြိုက်ရင် ဘာလို့ သူ့ကို ဒုက္ခပေးရတာလဲ။ နင့်မှာ အငြိုးတရားတွေလည်း အဲ့လောက်များများစားစားမရှိပါဘူး။ အများဆုံးမှ စွဲလမ်းမှုလေးပဲရှိနေတာ။ သူ့ကို လွှတ်ပေးပြီး လူ
ပြန်ဝင်စားတာကို ဘာလို့မလုပ်ရတာလဲ..." ရှဲ့ချောင်က ခဏတွေးတောလိုက်၏။ "ကြည့်လိုက်၊ သူက ဒီနှစ်မှ ၁၇၊ ၁၈ ပဲရှိဦးမှာ။ နင် ထွက်သွားရင် နောက် သုံးနှစ်ဆို လူပြန်ဝင်စားလို့ရပြီ။ အဲအချိန်ဆို နင်တို့ကြားက အသက်ကွာဟချက်ကလည်း သိပ်မများဘူး..."
လီချင်းယွီသည် ကျောရိုးတစ်လျှောက် အေးစက်သွားခဲ့သည်: "စုန်းမအိုကြီး၊ ခင်ဗျား ဘယ်သူ့ကို ခြောက်လှန့်ချင်နေတာလဲ! သရုပ်ဆောင်မနေနဲ့တော့။ ကျွန်တော် ခင်ဗျားကိုမကြောက်ဘူး!"
ရှဲ့ချောင်က သူမ၏မြင်းမြီးကြာပွတ်နှင့် သူ၏ခေါင်းကို ရိုက်လိုက်သည်။ "တိတ်တိတ်နေစမ်း!"
လီချင်းယွီမှာ ဒေါသထွက်သွားပြီး ရုန်းကန်လိုက်သော်လည်း လှုပ်လို့မရခဲ့ပေ။
"ငါ ထွက်သွားတာနဲ့ သူက လက်ထပ်ပြီး ကလေးတွေမွေးတော့မှာ ဘယ်လိုလုပ် ငါ့ကို သတိရမှာလဲ။" ဝိညာဥ်က ထပ်ပြောလိုက်၏။
ရှဲ့ချောင်လည်း ထိုသို့ တွေးမိသည်။
ဤဝိညာဥ်က လီချင်းယွီကို စွဲလမ်းနေပြီး သူ၏အိပ်မက်ထဲသို့ မကြာမကြာသွားတတ်သည်။ သူမ၏ သိပ်မပြင်းထန်သော စွမ်းရည်များသည် ယခုတွင် ပို၍ကျဆင်းလာ၏။ လူများကို ကြောက်လန့်သွားစေရန် အော်သည်မှလွဲ၍ လီချင်းယွီကိုသာ လွှမ်းမိုးနိုင်ခဲ့သည်။ အခြားသူများအပေါ် အသုံးမဝင်ခဲ့ပေ။
••••