← Chapters

ငါ သူ့ကို တကယ်သ​ဘောကျတယ်။

Vol. 27 Ch. 511

ငါ သူ့ကို တကယ်သ​ဘောကျတယ်။

Vol. 27 Ch. 511

သူ၏အသံက ကျယ်ပြီး သူ့ကိုကြည့်ရသည်မှာ အလွန်ပင် ဆန္ဒမရှိသည့်နှယ်။ 

ရှဲ့​ချောင်သည် ထိုသူ အပူးကပ်မခံရခင်က မည်ကဲ့သို့ ကြမ်းကြုတ်တဲ့သူဖြစ်​ကြောင်း အလွန်သိချင်​နေခဲ့၏။

သူက ဆရာမကို​တောင် ကိုယ်တိုင်ကိုယ်ကျ ကြိုးချည်​နှောင်​​စေခဲ့ပြီး သက်ညှာမှု မရှိ​စေခဲ့​ပေ။ 

ထိုအခိုက်အတန့်တွင် ထိုလူ ကြိုးချည်ခံလိုက်ရ

သည်နှင့် သူ့​ဘေးက ​ဒေါသထွက်​နေ​သော စိတ်ဝိညာဥ်သည် မှိန်​​ဖျော့​ဖျော့ အနက်​ရောင်စွမ်းအင်များ ထုတ်လွှင့်​နေခဲ့သည်။

သူမက လီချင်းယွီ၏နားထဲ တီးတိုး​ပြောလိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ဝိုက်၌ မ​ကောင်းဆိုးဝါးစွမ်းအင်များ ​ဝေ့ဝဲ​နေ၏။ လီချင်းယွီက ရုန်းကန်​နေ​သော်လည်း မလှုပ်ရှားနိုင်ဘဲ သူ၏မျက်နှာက ပိုပိုပြီး မှုန်မှိုင်းလာခဲ့သည်။ သူ အသံကုန်​အော်ဟစ်လိုက်၏: "ကျွန်​တော့်ကိုလွှတ်​ပေးပါ၊ အဘိုး! ကျွန်​တော့်ကို လွှတ်မ​ပေးရင် ကိုယ့်ကိုယ်ကိုယ် သတ်သေမိလိမ့်မယ်..."

ရှဲ့​ချောင်က အ​ရှေ့တိုးကာ တစ်​နေရာက​နေ သစ်သားကျိုး​လေးကို ​ကောက်ယူလိုက်ပြီး လီချင်းယွမ်၏ပါးစပ်ထဲ ထိုးထည့်လိုက်၏။

အကြီးအကဲလီက ကြည့်ကာ ဆရာ​မမော့ကို ခွင့်

ပြုကြောင်း အချက်ပြလိုက်၏။

သူ့​မြေး ​စော​စောက ဘာ​ပြောလိုက်တာလဲ။

သူဘာလုပ်မှာ? သူ့ကိုယ်သူ လျှာကိုက်ပြီး ​သတ်သေမှာဟုတ်လား!

ရွှံ့ဦး​နှောက်ပဲ!

အကြီးအကဲလီသည် သူ့​မြေး၏ကိစ္စက ​နောင်အနာဂတ်တွင် သူ၏ဂုဏ်သိက္ခါကို ထိပါးလာမည်အား စိုးရိမ်​နေ၏။ လီချင်းယွီကို ကြိုးတုပ်လိုက်ပြီးနောက် အ​စေခံများအားလုံးကို ထွက်သွားခိုင်းလိုက်သည်။ ထိုအခိုက်အတန့်တွင် ​ဆက်ခံသူများသာ ခြံဝန်းထဲ၌ ကျန်​နေခဲ့​တော့သည်။

​တော်ဝင်ဆရာလီက ကိုယ်လုပ်​တော်၏​သွေးသားများကလည်း အ​ရေးကြီး​သည်ဟု သတ်မှတ်ခဲ့သည်။

သူ့မျက်လုံးထဲတွင် ထို​ကောင်စုတ်များက သူ့သားများဖြစ်​နေ​သော်လည်း သူတို့၏အ​မေများနှင့် လုံးဝမတူ​ပေ။ သူတို့သာ ကိုယ်ကျင့်သီလ ​မကောင်းမွန်နေပါက သူတို့ကို ​အေးစက်စွာဆက်ဆံမည်မှာ မလွှဲမ​သွေပင်။ ညီအစ်ကိုများ တစ်​ယောက်ကိုတစ်​ယောက် ကျရှုံးရန် ​စောင့်ဆိုင်း​နေသည်ထက် အစကတည်းက ခွဲထားလိုက်သည်က ပို​ကောင်းပေသည်။

လီမိသားစု၏က​လေးများအားလုံးကို ကြင်ရာတော်က သင်ကြား​ပေးရသည်။ ကိုယ်လုပ်​တော်များ ပါဝင်လာခွင့်မရှိ​ပေ။ ထို​ကောင်စုတ်လေးများ၏ပညာ​ရေးက ဆက်ဆံသူများနှင့် တန်းတူပင်။ သို့​သော် ​နေ့စဥ်ဘဝတွင် ၎င်းတို့၏ကျင့်ဝတ်များနှင့် စည်းကမ်းများကို တင်းတင်းကျပ်ကျပ်

လေ့လာကြရ၏။ ဆက်ခံသူများသည် အဆင့်အလိုက် ခွဲခြားဆက်ဆံခံရသည်။

အကြီးအကဲလီ၏မျက်လုံးထဲတွင် ဤသည်မှာ ထို​ကောင်စုတ်များ ဝင်မပါသင့်​သော အ​ရေးကြီးကိစ္စဖြစ်သည်။

သူ၏ကိုယ်ပိုင်​ကောင်စုတ်လေးများအားလုံး အကျင့်​ကောင်းကြသည်မှာ နှ​မြောစရာပင်။ သို့​သော် ​ထိုကောင်စုတ်လေးများက ​မောက်မာကြသည်။

ဒင်းတို့က သူရှိမှသာ နာခံမှုရှိကြ၏။

ထိုအခိုက်အတန့်တွင် အကြီးအကဲလီက သူမကို စိုက်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။

"ဆရာမ..." အကြီးအကဲလီက သူမကိုကြည့်လိုက်၏။

ရှဲ့​ချောင်က အသက်ပြင်းပြင်းရှူကာ ဝိညာဥ်ကို စိုက်ကြည့်လိုက်၏။ သူမ​ပြော​တော့မည့်ဆဲဆဲတွင် အိမ်တော်ဍထိန်းက အ​ပြေး​ရောက်လာပြီး အကြီးအကဲလီအား တီးတိုးပြောလိုက်သည်။ အကြီးအကဲလီက အံ့သြသွားပြီး ​ပြောလာခဲ့၏။ "ဆရာမ အိမ်မှာ ဧည့်သည်​​ရောက်​နေလို့ ကျွန်​တော် မဖြစ်မ​နေသွား​တွေ့ရမှာမို့ပါ။"

ထို့နောက် ရှဲ့​ချောင်​ခေါင်းညိတ်ပြသည်ကို​တောင်မ​စောင့်ဘဲ အမြန်ထွက်သွားခဲ့သည်။

မည်သည့်ဂုဏ်သ​ရေရှိဧည့်သည်​တော်လဲတော့မသိ​ပေ။ 

"ဘာလို့ ငါ့ကို စိုက်ကြည့်​နေရတာလဲ။ ဒီသခင်​လေးကို နင်ဘာလုပ်ခဲ့လဲ ကြည့်စမ်း..." ရှဲ့ချောင်က ​​ဒေါသထွက်​နေသောဝိညာဥ်ကို မျက်လုံးလှန်ကြည့်လိုက်၏။ 

လီချင်းယွီက ​ကြောင်အမ်းသွားခဲ့သည်။ 

ဒီစုန်းအိုကြီးက ဘယ်သူ့ကို​ပြော​နေတာလဲ။

"ငါ သူ့ကို တကယ်ကြိုက်တာ!" ​ဒေါသထွက်​နေ​သော ဝိညာဥ်က ဟိန်း​ဟောက်လာ၏။

"လူလိမ်။ နင် သူ့ကိုကြိုက်ရင် ဘာလို့ သူ့ကို ဒုက္ခ​ပေးရတာလဲ။ နင့်မှာ အငြိုးတရား​တွေလည်း အဲ့​​လောက်များများစားစားမရှိပါဘူး။ အများဆုံးမှ စွဲလမ်းမှု​လေးပဲရှိ​​နေတာ။ သူ့ကို လွှတ်​ပေးပြီး လူ

ပြန်ဝင်စားတာကို ဘာလို့မလုပ်ရတာလဲ..." ရှဲ့​ချောင်က ခဏ​တွေး​တောလိုက်၏။ "ကြည့်လိုက်၊ သူက ဒီနှစ်မှ ၁၇၊ ၁၈ ပဲရှိဦးမှာ။ နင် ထွက်သွားရင် ​နောက် သုံးနှစ်ဆို လူပြန်ဝင်စားလို့ရပြီ။ အဲအချိန်ဆို နင်တို့ကြားက အသက်ကွာဟချက်ကလည်း သိပ်မများဘူး..."

လီချင်းယွီ​သည် ​ကျောရိုးတစ်​လျှောက် ​အေးစက်သွားခဲ့သည်: "စုန်းမအိုကြီး၊ ခင်ဗျား ဘယ်သူ့ကို ​ခြောက်လှန့်ချင်​နေတာလဲ! သရုပ်​​ဆောင်မ​နေနဲ့​​တော့။ ကျွန်​​တော် ခင်ဗျားကိုမ​ကြောက်ဘူး!"

ရှဲ့​ချောင်က သူမ၏မြင်းမြီးကြာပွတ်နှင့် သူ၏​​​ခေါင်းကို ရိုက်လိုက်သည်။ "တိတ်တိတ်​နေစမ်း!"

လီချင်းယွီမှာ ​ဒေါသထွက်သွားပြီး ရုန်းကန်လိုက်​သော်လည်း လှုပ်လို့မရခဲ့​ပေ။

"ငါ ထွက်သွားတာနဲ့ သူက လက်ထပ်ပြီး က​လေးတွေ​မွေး​တော့မှာ ဘယ်လိုလုပ် ငါ့ကို သတိရမှာလဲ။" ဝိညာဥ်က ထပ်​ပြောလိုက်၏။

ရှဲ့​ချောင်လည်း ထိုသို့ ​တွေးမိသည်။

ဤဝိညာဥ်က လီချင်းယွီကို စွဲလမ်း​နေပြီး သူ၏အိပ်မက်ထဲသို့ မကြာမကြာသွားတတ်သည်။ သူမ၏ သိပ်မပြင်းထန်​သော စွမ်းရည်များသည် ယခုတွင် ပို၍ကျဆင်းလာ၏။ လူများကို ​ကြောက်လန့်သွား​​စေရန် ​အော်သည်မှလွဲ၍ လီချင်းယွီကိုသာ လွှမ်းမိုးနိုင်ခဲ့သည်။ အခြားသူများအ​ပေါ် အသုံးမဝင်ခဲ့​ပေ။

••••

All Chapters