ချစ်ခြင်းမေတ္တာနှင့် အချစ်ရေး
Vol. 27 Ch. 512
သို့သော်လည်း ဒေါသထွက်နေသောဝိညာဥ်က လီချင်းယွီနားမှာပင် အချိန်အတော်ကြာ လှည့်ပတ်နေ၏။ သူမ၏အငြိုးတရားများကို ပြန်မရုပ်သိမ်းပါက သူမ'လုပ်ခဲ့လျှင်တောင် လီချင်းယွီအား သက်ရောက်မှုများစွာ ရှိလိမ့်မည်။
အပျော့စားဖြစ်လျှင် အချိန်တချို့လောက် နေမကောင်းဖြစ်လိမ့်မည်။ အကယ်၍ ပြင်းထန်ပါက သူ၏ဝိညာဥ်က ခန္ဓါကိုယ်ထဲကထွက်ကာ အနည်းငယ် နှောင့်နှေးသွားနိုင်၏။
ရှဲ့ချောင် စိုးရိမ်နေသည်။
အချစ်ကြောင့် ဒေါသထွက်နေသောဝိညာဥ်က ကျိုးကြောင်းမဆင်ခြင်နိုင်ဆုံးပင်။
"အိုး၊ နင်..." ရှဲ့ချောင်က ပျော့ပျောင်းစွာ တီးတိုးပြောလိုက်သည်။
"ငါ့ကိုပြော၊ ဘယ်လိုဖြစ်တာလဲ။ ဘာကြောင့် ဒီကလေးကို ချစ်မိသွားရတာလဲ။ သူက ရုပ်လည်းမချောဘဲနဲ့။"
ရှဲ့ချောင်က မြေပြင်ပေါ်ထိုင်ချကာ ဖြည်းဖြည်းချင်းမေးလိုက်သည်။
လီချင်းယွီမှာ ဒေါသထွက်လာ၏။
ဒီစုန်းမအိုကြီးက ဘာလုပ်နေတာလဲ။ သူမက စကားစမြည်တောင်ပြောနေသေးတယ်!
သို့သော် မေးခွန်းက သူမကဘယ်သူ့ကို စကားပြောနေသနည်း!
လီချင်းယွီ အလွန်စိတ်တိုသွားသည်။ သူ၏တစ်ကိုယ်လုံးက ဂနာမငြိမ်တော့ချေ။ သူ၏ဒေါသကို မထိန်းနိုင်တော့ဘဲ ပေါက်ကွဲပစ်လိုက်ချင်နေသည်။ သူ၏မျက်လုံးများက သွေးချင်းနီနေပြီး အလွန်ကြောက်စရာကောင်းနေ၏။
ထိုစဥ် ရှဲ့ချောင်ကတော့ သန့်ရှင်းနေသောမြေပြင်ပေါ်ထိုင်နေခဲ့သည်။
သူမက တင်ပျဥ်ခွေထိုင်ကာ ပြောနေ၏။
"သူ့ကို ဘာလို့ အိမ်ကနေထွက်ပြေးခိုင်းတာလဲ။"
"သူက ဒီနှစ်လက်ထပ်ဖို့ စီစဥ်နေတာလေ!" ဝိညာဥ်က သစ္စာဖောက်ခံရသလို ဒေါသထွက်နေခဲ့သည်။
ရှဲ့ချောင်က ခေါင်းညိတ်လိုက်၏။ "ဒါပေမဲ့ နင် စဥ်းစားကြည့်ဖူးလား။ ဘာမှအောင်မြင်မှုမရှိတဲ့ နင်ချစ်တဲ့သူက အိမ်ကနေပြေးသွားမယ်ဆို သူဘယ်လိုအသက်ဆက်ရှင်မှာလဲ။ လက်ရေးလှတွေ၊ ပန်းချီတွေရောင်းပြီးတော့လား၊ ဒါမှမဟုတ် သူ့ရဲ့အရည်အချင်းတွေနဲ့လား။ သူက မြင့်မြတ်တဲ့သခင်လေးဖြစ်ပေမဲ့...အခု ရွှံ့ခေါင်းဖြစ်နေတယ်။ သူ့ရဲ့တစ်နေ့တာကို အမတတွေ၊ နတ်ဘုရားတွေနောက်ကိုလိုက်နေတာနဲ့ပဲ အချိန်ကုန်နေတာ။ သူခရီးသွားရင် တောင်တွေ၊ မြစ်ချောင်းတွေ၊ ကျွန်းတွေဆီသွားလိမ့်မယ်။ ဘယ်သူသိနိုင်မလဲ သူ သူတောင်းစားတစ်ယောက်ဖြစ်လာပြီး ညစ်ပတ်ရိုင်းစိုင်းတဲ့..."
ဒေါသတကြီး ဝိညာဥ်၏အငြိုးတရားများက ထပ်မံမြင့်တက်လာခဲ့သည်။
"နင်က ငါ့ကို သူနဲ့အတူရှိမှာကို တားဆီးနေတာပဲ!"
ဝိညာဥ်က ကြမ်းတမ်းစွာပြောလာ၏။
"အင်း၊ မှန်တယ်။ ဆိုရိုးစကားတွေလိုပဲ လူသားနဲ့ တစ္ဆေသရဲတွေက ဘယ်တော့မှ အတူမရှိနိုင်ဘူး။ နင် ခေါင်းမာနေလည်း အပိုပဲ။"
ရှဲ့ချောင်က ခေါင်းညိတ်လိုက်သည်။
"နင် သူ့ကို သူသေရမဲ့အချိန်ထက် စောစောသတ်လိုက်ရင်တော့ နင်တို့နှစ်ယောက်လုံး လှည့်လည်သွားလာနေတဲ့ ဝိညာဥ်တွေဖြစ်လာမှာ။ အဲ့ဒါကတော့ မတူညီတဲ့ဇာတ်လမ်းဖြစ်သွားမှာပေါ့။"
"ဒါပေါ့၊ အခု အဲ့လိုလုပ်ဖို့ အရမ်းနောက်ကျသွားပြီ။ ငါ ဒီမှာရှိနေရင် သူ့ရဲ့အသက်ကို ယူလို့မရစေရဘူး။" ရှဲ့ချောင်က ထပ်ပြောလိုက်သည်။
ရှဲ့ချောင်ပြောပြီးနောက် သူမက ထိုင်ပြီး အနားယူလိုက်လေသည်။
၎င်းတို့က ရှေ့မတိုး နောက်မဆုတ်သာဖြစ်နေ၏။ ဒေါသဝိညာဥ်က နာကျင်သောအမူအရာနှင့် အတော်လေးဒေါသထွက်နေပုံပင်။
သိပ်မကြာခင်ပင်၊ အကြီးအကဲလီရောက်လာပြီး အနောက်မှ...
ရှဲ့ချောင်သည် သူမကိုယ်သူမ ငုံ့ကြည့်လိုက်မိ၏။
သူမက မြေကြီးပေါ်ထိုင်ကာ အမူအကျင့်တချို့ကို လျစ်လျူရှုထားခဲ့သည်။ ချက်ချင်းဆိုသလို အနည်းငယ် ရှက်ရွံ့လာခဲ့သည်။ သူမက အမြန်ထကာ သူမ၏အဝတ်များကို ခါလိုက်၏။
"ဆရာတူမောင်လေး။"
သူမကခေါင်းမော့ကာ တည်ငြိမ်သောအမူအရာနှင့် ရင်ကော့လိုက်သည်။
"ဒါဆို ဆရာမမော့က လီရှီးယန်ရဲ့ အကြီးဆုံးတပည့်ပေါ့။ ကျွန်တော် အဲ့ဒါကို မသိခဲ့သလို ထင်ထည်း ထင်မထားခဲ့မိဘူး။" အကြီးအကဲလီက လုံးဝအံ့သြသွားလေသည်။
လီရှီးယန် အမြဲတမ်းပြောပြောနေတဲ့ ပညာရှိတဲ့တပည့်က တကယ်တော့ တောက်ဓမ္မဆရာမဖြစ်နေတာကိုး!
"စောစောက ဆရာတူအစ်မ ဘာလုပ်နေတာလဲ။ ကျွန်တော့် အကူအညီလိုသေးလား။" ကျောက်ရွှမ်ကျင်းက ပြုံးလိုက်၏။
"မလိုပါဘူး။ ဆရာတူမောင်လေး၊ ဝေးဝေးနေသင့်တယ်။ ငါ ဒီကိစ္စကို ကောင်းကောင်းကိုင်တွယ်နိုင်ပေမဲ့ ဒီနေရာက ဝိညာဥ်က တော်တော်လေး 'အင်အားကြီး'တယ်။ မင်းကိုယ်မင်းမထိခိုက်မိအောင် ဂရုစိုက်ပါ။"
ရှဲ့ချောင်က သူရဲကောင်းတစ်ယောက်လိုအမူအရာမျိုးနှင့် ပြောလိုက်သည်။
'အင်အားကြီး'သော ဝိညာဥ်က လီချင်းယွီကိုကြည့်ကာ လက်ဆန့်ထုတ်ပြီး သူ၏မျက်နှာကို ပွတ်သပ်လိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူမက စွဲလမ်းပြီး နာကျင်နေသည့်အမူအရာမျိုး ပြသလာသည်။
"အရမ်းကို ချစ်မြတ်နိုးနေသလို ဟန်ဆောင်နေစရာမလိုပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ အချစ်ရေးက
အပြန်အလှန်သဘောတူညီချက်လိုအပ်တယ်။ လီချင်းယွီက နင့်ကို သိရောသိရဲ့လား။"
ရှဲ့ချောင် သူမကို ယခုလိုမျိုး ကြည့်မနေနိုင်တော့ပေ။
"သူ့အိပ်မက်ထဲက နင့်ရဲ့အသွင်အပြင်ကို ထည့်မတွက်ဘူး။"
အိပ်မက်ထဲတွင် ဒေါသဝိညာဥ်က အမတတစ်ပါးနှယ်။ သူမက ရုပ်ဆိုးနေလျှင်တောင် ဆွဲဆောင်မှုရှိနေဆဲပင်။
"ဘယ်လိုလုပ် မမှတ်မိဘဲ နေမှာလဲ။ လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက အကြီးအကဲလီရဲ့မွေးနေ့ကို ဆင်နွှဲဖို့ ဆရာနဲ့အတူ လီအိမ်တော်ကို လာခဲ့သေးတယ်။ သူ ငါ့ကို တွေ့လိုက်တယ်!" ဝိညာဥ်က အလျင်အမြန်ပြောလာခဲ့သည်။
ထိုနှစ်က အကြီးအကဲလီ၏ မွေးနေ့ပွဲကို သုံးရက်တိုင်တိုင် ကျင်းပခဲ့သည်။
သူမသည် သစ်တော်သီးဥယျာဥ်၌ နေထိုင်ခဲ့ပြီး သူမ၏အကကို လေ့ကျင့်ရန် ဤအမွေးဂါဝန်ကို ဝတ်ဆင်ထားခဲ့သည်။
သူမ လီချင်းယွီကို တွေ့လိုက်ရသောအခါ အံ့သြထိတ်လန့်သွားပြီး မြေပြင်ပေါ် လဲကျသွားခဲ့ရ၏။ သူက အလွန်ကြင်နာတတ်သည်။ သူမကို ထရပ် ကူညီပေးခဲ့ပြီး နှစ်သိမ့်ပေးကာ ခဏလောက် စကားစမြည်ပြောခဲ့ကြသည်။
••••