မမှတ်မိသော
Vol. 27 Ch. 513
သူမ တစ်ခါမှ ထိုမျှ နူးညံသိမ့်မွေ့သည် ယောက်ျားတစ်ယောက်ကို မတွေ့ခဲ့ဖူး။ သူဟာ မြင့်မြတ်တဲ့ အဆင့်အတန်းတစ်ခု ရှိနေပေမဲ့ သူမကို စိတ်ရှည်လက်ရှည် နှစ်သိမ့်ပေးနေခဲ့သည်။
သူရဲ့ မျက်ဝန်းထဲ၌ ကြယ်များရှိနေပုံရသည်။
သူရဲ့ ဘေးမှာတော့ သစ်တော်ပွင့်များ ပွင်လွန်းနေသည့် ဥယျာဉ်ခြံတစ်ခု။ ထိုအခိုက်အတန့်၌ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ယောကျာ်းတစ်ယောက် ဖြစ်နေမယ်ဆိုတာ သူမ သေချာသည်။
“ သူ ငါ့ကို မှတ်မိသင့်တယ်၊ အရင်က ဒီသစ်ပင်အောက်မှာ ငါ သူ့အတွက် ကခဲ့တာ!” အငြိုးကြီးဝိဉာဉ်ရဲ့ အသံက အလောတကြီး ဖြစ်နေ၏။
“ အို့ ဒါပေမဲ့ … နင် သူ့ကို မေးခဲ့လား”
ရှဲ့ချောင် ထပ်မေးလိုက်၏။
အငြိုးကြီးဝိဉာဉ်မှာ ကြောင်အ သွားရသည်။
မမေးခဲ့ဘူးလေ…
ဒါက သူမရဲ့ ပထမဆုံး အကြိမ် အိပ်မက်ထဲကို ဝင်ရောက်ခြင်း ဖြစ်ခဲ့၏။ သူမရဲ့ စွဲလမ်းမှုက နက်ရှိုင်းလွန်းသဖြင့် သစ်တော်ပွင့်များ ပွင့်လန်းနေသည့် မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်ခြင်းသာ။ ၎င်းဟာ တိုတောင်းသည့် အခိုက်အတန့်လေးတစ်ခုပင်။ အိပ်ယာနိုးလာသည့်အခါ သူက လက်ပါးစေ ကောင်လေးကို မနေ့ညက သစ်တော်ပွင့် နတ်ဘုရားကို အိပ်မက်မက်ခဲ့သည်ဟု ပြောခဲ့၏။
ထိုအချိန်မှစလို့ သူမက သူဟာ သစ်တော်ပွင့် နတ်
ဘုရားကို သဘောကျတယ်ဟု ထင်မှတ်သွားခဲ့ပြီး သူ့ရဲ့ နတ်ဘုရား ဖြစ်လာခဲ့တာပင်။
အငြိုးကြီးဝိဉာဉ်မှာ နှုတ်ဆိတ်လို့နေ၏။
“ နင်က ကပြဖျော်ဖြေဖို့အတွက် လီအိမ်တော်ကို လာခဲ့တာ.. အိမ်ရှင်တစ်ယောက် အနေနဲ့ သူ နင့်ကို နည်းနည်းလောက် ပိုပြီး ကောင်းကောင်း ဆက်ဆံပေးခဲ့ရုံပဲ.. ဒါပေမဲ့ အဲ့ဒါက သူ နင့်အပေါ်မှာ ခံစားချက် ရှိနေတယ်လို့ မဆိုလိုဘူးလေ.. နင်က သူ့ကို မေးလည်း မမေးခဲ့ဘဲနဲ့ သူ့ကို ဖျက်ဆီးပစ်ချင်နေတာက ကျိုးကြောင်း မသင့်ရာ ကျမနေဘူးလား”
ရှဲ့ချောင် မေးလိုက်၏။
“နင်လည်း သိတဲ့အတိုင်း ဒီနေ့ ငါ လီ အိမ်တော်ရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ရောက်လာတာဆိုတော့ ငါနင့်ကို ဖမ်းရလိမ့်မယ်၊ ငါ သူ့ကို မေးပေးရ
မလား”
အငြိုးကြီးဝိဉာဉ်သည်လည်း သူမကို ကြောက်ရွံ့သွားစေခဲ့တဲ့ သူမ ရှေ့က တာအိုဆရာမ ရဲ့ အရှိန်အဝါကို ခံစားမိ၏။
သူမ ချီတုံချတုံ ဖြစ်စွာနှင့်ပဲ ခေါင်းညိတ်လိုက်လေသည်။
ထိုအချိန်၊ လီချင်းယွီ၏ ပါးစပ်ထဲကနေ သစ်သားအပိုင်းအစကို ရှဲ့ချောင် ထုတ်ယူလိုက်သည်။
သူမက လီချင်းယွီအား “ သခင်လေး လီ၊ ရှင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သစ်တော်ခြံမှာ ကပြခဲ့တဲ့ မိန်းကလေးကို မှတ်မိသေးလား”
သူမ ထိုမေးခွန်းကို မေးလိုက်ချိန်တွင် သခင်ကြီးမှာ မှင်တက်သွားရသည်။
“ခွေးကောင်!” သခင်ကြီးမှာ တစ်ခုခုကို စဉ်းစားမိသွားသည့်ပုံနှင့် အံကြိတ်လိုက်၏။
ရှဲ့ချောင် သူ့ဘက်ကိုလှည့်၍ “ သခင်ကြီး လီ မှာ ပြောစရာ ရှိလို့လား”
“ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အိမ်တော်ကို ဝင်လာတဲ့ အမျိုးသမီးတစ်ယောက် တကယ်ရှိခဲ့တယ်။ အသက်က ၁၅ ၁၆ အရွယ်လောက်.. ကတာလည်း တော်တော်လေး ကောင်းတယ်၊ ငါရဲ့ စတုထ္ထဇနီးရဲ့ မြေးက သူမကို ငွေစ ၂၀၀ နဲ့ ကိုယ်လုပ်တော် အဖြစ် ခေါ်ချင်ခဲ့တာလေ.. အတန်းရဲ့အကြီးအကဲကလည်း ငွေကို မြင်တော့ စာချုပ်မှာ လက်မှတ်ထိုးခဲ့တာပေါ့”
သခင်ကြီးလီ မှာ ထိုကိစ္စကို စဉ်းစားရင်း အပြစ်ရှိစိတ်လည်း ခံစားနေရသည့် ပုံပင်။
“ ငါက ဒီကိစ္စကို သူမ ဆန္ဒပါတယ်လို့ပဲ ထင်ထားခဲ့တာ၊ ဒါပေမဲ့ သူ ကိုယ်လုပ်တော် ဖြစ်တဲ့ ညမှာတင် ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ထိုဖြစ်ရပ် ဖြစ်ပြီးနောက် သူ အပြစ်ရှိစိတ် ခံစားခဲ့ရတာကြောင့် ကောင်မလေးရဲ့ နောက်ခံကို စုံစမ်းခဲ့သည်။
သူ သိလိုက်ရတာက ထိုမိန်းကလေးဟာ မိဘမဲ့တစ်ယောက် ဖြစ်ပြီး အကြီးအကဲကလွဲလို့ သူ့မှာ တခြား ဆွေမျိူး တစ်ယောက်မှ မရှိ။
ထို့ကြောင့် သူ ဒီကိစ္စအတွက် ကျေရာကျေကြောင်း ပြုလုပ်ချင်တာတောင် မပြုလုပ်နိုင်ခဲ့ချေ။
သူ စာချူပ်ကို ဖျက်ဆီးပစ်ခဲ့ပြီး စနစ်တကျ မြှုပ်နှံပေးခဲ့၏။
ထိုအချိန်က မိန်းကလေးဟာ သိုးမွေး အပေါ်ခြုံထည် ဝတ်ဆင်ထားတာကို သူ မှတ်မိသေးသည်။ သူမ ဓားကို ဘယ်ကနေ ရခဲ့လဲဆိုတာ သူ မသိ။ သို့သော် သူမက ဓားနှင့် လည်ပင်းကို လှီးဖြတ်ပစ်ခဲ့ရာ သွေးများက နေရာ အနှံ့ကို စင်သွားခဲ့ပြီး သူမရဲ့ အဖြူရောင် အင်္ကျီတို့ကို သွေးနီရောင် လွှမ်းသွားခဲ့ရသည်။
“ အဲဒီ မိန်းကလေးက ကိုယ်လုပ်တော် ဖြစ်ဖို့ ဆန္ဒမရှိဘူးဆိုတာ ငါ တကယ် မသိခဲ့ဘူး.. ငါသာ သိခဲ့မယ်ဆိုရင် ဒီလို ရိုးသားတဲ့သူ တစ်ယောက်ကို တွန်းအားပေးရလောက်တဲ့အထိ ငါ အဲ့ကောင်ကို ခွင့်ပြုခဲ့မှာ မဟုတ်ဘူး” သခင်ကြီး လီက ထပ်ပြောလိုက်၏။
အဲဒီတုန်းက ထိုအရူးက မိန်းကလေးရဲ့ ဖြူစင်ရိုးသားမှုကို ဖျက်ဆီးပစ်ခဲ့တာမဟုတ်။
လီမိသားစု၌ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ ရှိ၏။ ထိုအရူးက ကိုယ်လုပ်တော်တစ်ယောက် ယူချင်ရင်တောင် သူ တွန်းအား မပေးရဲ။
သူ အတန်းရဲ့အကြီးအကဲဆီ သွားခဲ့ကာ မိန်းကလေး ဖြစ်သူက ဆန္ဒရှိမရှိ အတည်ပြုဖို့ သွားမေးခဲ့သည်။
နောက်ဆုံး၌ အကြီးအကဲက မိန်းကလေးဟာ ထိုမိသားစုထဲကို ကိုယ်လုပ်တော်အဖြစ် လက်ထပ် ဝင်ရဖို့ကို ပျော်ရွှင်နေတယ်ဟုသာ ဆိုနေခဲ့တာကြောင့် ထိုကိစ္စ ဖြစ်သွားခဲ့ခြင်းသာ။
ယခု အချိန်၌ လီချင်းယွီဟာ အလွန်ကို ဒေါသထွက်နေပြီး စဉ်းစားချင့်ချိန်နိုင်စွမ်းလည်း မရှိတော့။ ရှဲ့ချောင်၏ မေးခွန်းကို ကြားသည့်အခါ သရော်ပြုံးသာပြုံး၍ “ ဘယ်က မိန်းကလေးလဲ! စုန်းမအိုကြီးငါ့ကို ဘာထင်နေတာလဲ!”
ထိုအရူးဟာ စိတ်လွတ်သွားတဲ့ သူတစ်ယောက်နဲ့ တော်တော်လေး တူသည်။
လီချင်းယွီ ထိုစကားကို ပြောလိုက်သည့် အခါ အငြိုးကြီး ဝိဉာဉ်၏ ရောင်ဝါက တောင့်ခဲ သွားသည့် ပုံပင်။
“ သခင်လေး လီ… ဆိုတော့ … ရှင် ကျွန်မ ကို မမှတ်မိဘူးပေါ့..” သူမ၏ အသံက နူးညံ့နေကာ
ဝမ်းနည်းသည့် အရိပ်ယောင်လည်း ပါဝင်နေသည်။ သူမ မျက်ဝန်းများမှာ မျက်ရည်များ စီးကျနေလေသည်။
“ လီချင်းယွီ ရှင် သေချာ စဉ်းစားကြည့်ပါဦး၊ သစ်တော်ဥယျာဉ်ထဲမှာ ရှင့်ကို ကပြခဲ့တဲ့ အဖြူရောင် ဝတ်ရုံနဲ့ မိန်းကလေးကို မမှတ်မိဘူးလား”။ ရှဲ့ချောင် ထပ်မေးလိုက်သည်။
“မမှတ်မိဘူး!”
•••••