အားနည်းသော
Vol. 27 Ch. 519
အိမ်ရှေ့စံမင်းသား သူမ အနားမှာ ရှိနေသဖြင့် သရုပ်မှန်ပေါ်သွားမှာကို ရှဲ့ချောင် တကယ် စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူမ ပင်ပန်းနေတာတောင် မနည်း အားတင်းပြီးတောင့်ခံနေရသည်။သူမ ထိုင်ပြီး မနားလိုက်ရဲ။ တစ်နာရီ ကြာပြီးသွားတဲ့အခါမှာတော့ သူမ အခြေနေဆိုးနေလေပြီ။
ပုံမှန်ဆိုလျှင် ရိုးရာ အစဉ်အလာလုပ်နေတဲ့ အချိန်
မှာတောင် အသက်ရှုနိုင်ဖို့ အခွင့်ရေး ရှာတတ်စမြဲ။ မကောင်းဆိုးဝါးဝိဉာဉ် ရှေ့မှာတောင် ရရင်ရသလို အနားယူတတ်သည်။ သူမကိုယ်သူမ ဘယ်တော့မှ မနှိပ်စက်။
“ကိုယ်တော် ပင်ပန်းနေပြီ” ကျောက်ရွှမ်ကျင်း ရုတ်တရက် ရပ်သွားကာ
“ စားစရာတချို့နဲ့ လက်ဖက်ရည် ယူလာခဲ့”
“ဒီနေရာကိုလား” သခင်ကြီးမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ဒီနေရာက… အိမ်တော်တစ်ခုလုံးမှာ ချောင်အကျဆုံး… ကြည့်စရာ ရှုခင်းတွေ ဘာတွေလည်း ရှိမနေပါဘူး….
“မရဘူးလား” အိမ်ရှေ့စံမင်းသား မျက်မှောင်ကြုတ်သွားကာ “ဒါဆိုလည်း ဝေါယာဉ် ယူလာခိုင်းလိုက်”
“ရတာပေါ့.. ကျွန်တော့်အမှားပါ.. အရှင့်သားလို မြင့်မြတ်တဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ပင်ပင်ပန်းပန်း လုပ်ခိုင်းလို့ ဖြစ်မလဲ… လာကြစမ်း.. စားစရာ သောက်စရာတွေ မြန်မြန် ယူလာခဲ့ကြ”
သခင်ကြီးလီ ချက်ချင်း ပြောလိုက်သည်။
သခင်ကြီးလီက ချက်ချင်း ဆောင်ရွက်ဖို့ လူတစ်ယောက် စေလွှတ်ခဲ့၏။ ထို့နောက် အိမ်ရှေ့စံမင်းသား၏ မကြည်မလင်ဖြစ်နေတဲ့ မျက်နှာကို မြင်ပြီး သူ ဘေးဘီဝဲယာကို ကြည့်ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်က လျှောက်လမ်းဘေး ကျောက်တုံးကြီးတစ်တုံးစီ ရောက်သွားကာ
“အရှင့်သား ကျောက်တုံးပေါ် ထိုင်ပြီး အနားယူပါလား”
ဒီနှစ်တွေထဲ၌ သူဟာ ရံဖန်ရံခါသာ တော်ဝင်ရုံးတော်ဆီ ဆင့်ခေါ်ခြင်းခံရသည်။
ရုံးတော်၌ အိမ်ရှေ့စံမင်းသားဟာ သိပ်ပြီး မကျော်ကြားဘူးဆိုတာလည်း သူ ကြားထားသည်။
လီ မိသားစုက အစကတည်းက အိမ်ရှေ့စံမင်းသားဘက်မှာသာ ရှိခဲ့၏။ နောက်ပြီး သူ့သားတွေကလည်း အိမ်ရှေ့စံမင်းသားရဲ့ အခြားမိသားစုက အဒေါ်ကို လက်ထပ်ခဲ့ကြသည်။
သို့သော် အိမ်ရှေ့စံဟာ ဘယ်သူ့ကိုမှ မျက်နှာသာ မပေး။ လူတိုင်းအပေါ် အေးတိအေးစက် ခပ်တန်းတန်းပင်။ လီမိသားစုဘက်က စပြီး သူတို့ရဲ့ စိတ်သဘောထားကို ဖော်ပြခဲ့တာတောင် သူက ဂရုမစိုက်ခဲ့။ လီမိသားစုကို တခြားမိသားစုတွေ့လို
သာ ဆက်ဆံခဲ့သည်။
သူ့ဘက်နေ နိမ့်ချပြီး တရင်းတနှီး မနေခဲ့ချေ။
ဒီလိုနဲ့ သခင်ကြီးလီမှာ အိမ်ရှေ့စံမင်းသား နှင့် တဖြည်းဖြည်း အဆက်အဆံမရှိတော့။
ဒီနေ့ အိမ်ရှေ့စံဘက်ကစပြီး သူ့ဆီကို အလည်လာသည့်အတွက် သူအံ့ဩခဲ့ရသည်။
သူထင်ထားတာက ဒီ ကလေး အမြင်မှန်ရသွားခဲ့ပြီလို့… သူ့ဒေါသက အရင်အတိုင်း ဖြစ်နေလိမ့်မယ်ဟု သူ မမျှော်လင့်ထားခဲ့!
သို့သော်လည်း အိမ်ရှေ့စံကို ဒီလိုမျိုး မြင်ရသည့် အခါ သူ စိတ်သက်သာရာရမိသည်။
ပြောရမယ်ဆိုလျှင် အိမ်ရှေ့စံမင်းသားဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ အခြေခံအုတ်မြစ်ဖြစ်သည်။
သူသာ နန်းတွင်းသူနန်းတွင်းသားတွေကို ဘယ်လိုချုပ်ကိုင်ရမလဲဆိုတာကိုသာ သိပြီး တိုင်းပြည်ရေးရာ လှည့်ကွက်များနှင့် စတုတ္ထမင်းသားနှင့် ယှဉ်ပြိုင်မည်ဆိုပါက နန်းတွင်းရုံးတော်ဟာ တကယ်ကို ကမောက်ကမ ဖြစ်ကုန်မှာပင်။
ကျောက်ရွှမ်ကျင်း ကျောက်တုံးဆီကို လျှောက်သွားခဲ့သည်။ သူရဲ့ အပေါ်ဝတ်ရုံကို ချွတ်၍ ကျောက်တုံးပေါ်တွင် ခင်းလိုက်ကာ “ဆရာတူအစ်မ ထိုင်ပါဦး”
“ငါ မပင်ပန်းပါဘူး” ရှဲ့ချောင်၏ မျက်နှာထက်၌ ပြတ်သားသည့် အကြည့်တို့ဖြင့်။
ထိုစကားကိုကြားတော့ ကျောက်ရွှမ်ကျင်း၏ နှုတ်ခမ်းပါးတို့က အေးစက်မောက်မာသည့်စက်ဝန်းသဏ္ဍာန်အဖြစ်ကို တွန့်ကွေးသွား၏။ သူရဲ့ ရှုပ်ထွေးလှတဲ့အကြည့်တို့က သူမမျက်ဝန်းနှင့် ဆုံသွားခဲ့သည်။ ထိုအခိုက်အတန့်မှာ ရှဲ့ချောင်ရဲ့ မလုံမလဲဖြစ်မှုတို့က ထိပ်ဆုံးကို ရောက်ရှိလို့သွားရသည်။ သူမရဲ့ အကြမ်းခံနိင်မှုတို့ ပျောက်ဆုံးသွားရပြီး မသိမသာနှင့် သူ့အကြည့်ကို ရှောင်လိုက်သည်။ သူမ နည်းနည်းကြာအောင် တောင့်ခံချင်နေဆဲပင်။
ကံဆိုးစွာဖြင့် သူမ ခန္ဓာကိုယ်က အသုံးမကျပေ။
အားနည်းလွန်းသည်။
သူမ ခြေလှမ်းစိတ်စိတ် နှစ်လှမ်း လှမ်းကာ ကျောက်တုံးရှိရာ ဘက်သို့ သွားလိုက်သည်။
ထို့နောက် သိမ်မွေ့စွာဖြင့် ထိုင်ချသည်။ သူမဟာ ယုံကြည်ချက်မရှိသည့် သူတစ်ယောက်ပမာ ဘေးပတ်ပတ်လည်ကို မကြည့်ရဲ၊ ကိုယ့်ခြေထောက်ကိုယ်သာ ငုံ့ကြည့်နေ၏။
“အသက်က ကြီးလာပြီဆိုတော့၊ ခန္ဓာကိုယ်က အသုံးမဝင်တော့ဘူးကွယ်…”
သခင်ကြီးမှာ ထိုဆရာမက သူ့ကို မခံချင်အောင် ပြောနေတယ်ဟု ခံစားလိုက်ရသည်။
သူလည်း အသက် ခုနစ်ဆယ် ရှိနေပါပြီ။
အသက်ကြီးနေပေမဲ့ သန်မာနေတုန်းပဲလေ.. ဘာကို အသုံးမဝင်တာလဲ..?
ကျောက်ရွှမ်ကျင်းက နေရာတွင် ရပ်လျက် သရော်
ပြုံးပြုံးလိုက်သည်။ သူ့ပုံစံက ထူးထူးဆန်းဆန်းနှင့် ကြောက်စရာ ကောင်းနေလေသည်။
သခင်ကြီးလီမှာ အိမ်ရှေ့စံမင်းသား ကြီးပြင်းလာတာကို မြင်လာရသူ ဖြစ်သဖြင့် သူ ဆရာမမော့ကို အရမ်းရိုသေနေတာကို မြင်ရသည့်အခါ အံ့ဩသွားရသည်။
အိမ်ရှေ့စံက အကြင်နာတရား မရှိတဲ့သူလို့ ဘယ်သူပြောလဲ.. ကြည့်ပါလား.. သူရဲ့ ဂိုဏ်းတူ ဆရာတူ အစ်မကို ဘယ်လောက် ကြင်နာလဲဆိုတာ..
“ဆရာမ၊ ဒီ လမ်းတစ်လျှောက် တစ်ခုခု လွဲနေတာမျိုး တွေ့မိသေးလား” သခင်ကြီးလီက ခါးကုန်းကာ သူမကို ကြည့်လိုက်၏။ မျက်လုံးထဲ၌ မျှော်လင့်ချက်တချို့ဖြင့်။
“ရှင့်ရဲ့ အိမ်တော်က အတိတ်နမိတ်ကောင်း သုံးခုဖြစ်တဲ့ အသက်ဝင်မှု၊ ကျန်းမာမှု၊ အသက်ရှည်မှု.. ဒါတွေကို ပိုင်ဆိုင်ထားတယ်။ ကြီးကြီးမားမား ပြဿနာမျိုးမရှိဘူး.. ဖုန်းရွှေ မကောင်းတဲ့နေရာတချို့ ရှိပေမဲ့ အားကောင်းတဲ့ သတ်ဖြတ်နိုင်စွမ်းမျိုး မပေါ်လာသေးဘူး။ ပြောင်းရမယ့် အရာဆိုလို့ တစ်ခုပဲ.. ခြံထဲက ရေကန်ငယ်နှစ်ခု။ အဲ့နှစ်ခုကို လုံးဝ ဖွင့်ချပစ်ချင်ပစ်၊ ဒါမှမဟုတ် တစ်ခုတည်း ပေါင်းရင်ပေါင်း အဲ့လိုမှမဟုတ်ရင်လည်း ရေစီးဖို့အတွက် လျှောက်လမ်းကို ပိတ်ပစ်လိုက်။
အဲဒါက အငိုမျက်လုံးလို့ ခေါ်တယ်… ကြည့်ရတာတော့ လှပမဲ့ နာကြည်းချက်ကတော့ အပြည့်ပဲ…”
••••