ဂုဏ်ပြုတယ်။
Vol. 28 Ch. 522
ရှင်ဘုရင်က မိန့်ဆိုပြီး ရှဲ့နျိုရှန်း၏ နေ့စဉ်ဘ၀အကြောင်းအား အနည်းငယ်မေးမြန်းသည်။
ရှဲ့နျိုရှန်း သူ့အတွေးအား ပြောပြသည်။ အားမစိုက်ထုတ်ထားရင်တောင် ဂုဏ်ပြုမှတ်တမ်းအားယူဖို့ စိတ်အနှောင့်အယှက်ဖြစ်မှာမဟုတ်ပေ။
တကယ့်လက်တွေ့မှာတော့ ဘုရင်မင်းမြတ် အစောပိုင်းကရထားတဲ့ သတင်းအချက်အလက်နှင့် ကွဲပြားခြားနားမှုမရှိပေ။
သူ အခု ဒီဓားပြဗိုလ်ချုပ်အား ပိုပြီးစိတ်ကျေနပ်မိသည်။
သူက ကောင်းမွန်တဲ့ မိသားစုနောက်ခံကနေ
ဆင်းသက်လာတာတော့မဟုတ်ပေမယ့် သစ္စာစောင့်သိပြီး ရဲရင့်သူဖြစ်ကာ မြှောက်ပင့်ခြင်းအား သဘောမကျပေ။
သူက စကားကြီးစကားကျယ်ပြောဖို့သာသိတဲ့ ၀န်ကြီးအများစုထက် ပိုပြီးသာသည်။
ရှင်ဘုရင်က ပျော်ရွှင်သွားပြီး ရှဲ့နျိုရှန်အား ရာထူးတိုးပေးလိုက်သည်။
ရှဲ့နျိုရှန်းနှင့် လူရိုင်းခေါင်းဆောင်များ ပူပေါင်းမှုအရ သူတို့တွေ သူ့ကို ပထမဆုံးအကြိမ်စုဆောင်းချိန်တွင် သူ့ကို စစ်သူကြီးရာထူးအား ပေးသင့်သည်။ သို့ပေမယ့် ဒီလူက မရိုးသားမှာ ရှင်ဘုရင်က စိုးရိမ်သည်။ ထို့ကြောင့် သူ့ကိုဖိနှိပ်ထားခြင်းပင်ဖြစ်သည်။
ယခု ရှဲ့နျိုရှန်းက ရိုသေလေးစားမှုရှိတာကို သိရှိသွားတော့ သူ ပိုပျော်ရွှင်သွားသည်။
"၀န်ကြီးရှဲ့ မင်းက ပူးပေါင်းမှုကောင်းကောင်းလုပ်ခဲ့ပြီး သစ္စာစောင့်သိတယ် အဲဒါကြောင့် မောင်မင်းကို စစ်သူကြီးအဖြစ် ရာထူးတိုးမြှင့်ပေးရလို့ ငါကိုယ်တော် ကျေနပ်တယ်"
ရှဲ့နျိုရှန်း အနည်းငယ်ရှုပ်ထွေးသွားသည်။
ရာထူးတိုးတယ် ..
သူ .. သူက ဘယ်လို သစ္စာစောင့်သိသွားတာလဲ။
သူ စိတ်ရှုပ်ထွေးနေပေမယ့် ကျေးဇူးသိတတ်မှု
အား ဖော်ပြရန် အရိုအသေပေးလိုက်သည်။
သူ့စကားလုံးတွေက တခြားသူတွေကို စိတ်ကွက်စေမှာသိတာကြောင့် ရှင်ဘုရင်အရှေ့မှာ တခြားသူတွေ မမေးသရွေ့ စကားစပြောမှာမဟုတ်ပေ။ ရှင်ဘုရင်က ရှဲ့နျိုရှန်းကိုရိုးသားတယ်လို့တွေးသော်လည်း သူကပျင်းစရာလည်း ကောင်းတယ်လို့ တွေးမိသည်။ သူ့ကိုချီးမွှမ်းပြီး ဆုလာဘ်တော် ချီးမြှင့်ကာ ထွက်သွားခိုင်းလိုက်သည်။
ရှဲ့နျိုရှန်း ရှုပ်ထွေးနေဆဲဖြစ်တာကြောင့် ရှင်ဘုရင်အနားက လေးစားခံရသော မိန်းမစိုးအားကြည့်ပြီး မေးမြန်းလိုက်သည်။
"ဘာလို့ ရှင်ဘုရင်က ကျွန်တော်မျိုးကို ရာထူးတိုးပေးရတာလဲ"
"ထုံးစံအတိုင်း မင်းရဲ့သစ္စာစောင့်သိမှုကြောင့်ပဲပေါ့"
မိန်းမစိုးလည်း ရှဲ့နျိုရှန်းအား လေးစားမိသည်။ ဒီ ရှဲ့နျိုရှန်းက ရိုးသားပေမယ့် သူလုပ်ဆောင်ခဲ့တာတွေက တိုးတိုးတိတ်တိတ်သာဖြစ်လှသည်။
သူက ဓားပြတွေအားဖိနှိပ်ရန် နည်းလမ်းပေါင်းစုံကနေ ကြိုးစားခဲ့ပြီး ရှင်ဘုရင်ကိုလည်း မြှောက်ပင့်ဖို့မမေ့ခဲ့ပေ။ သူက အမြင့်ပိုင်းတွေရောက်တဲ့အချိန်တိုင်း အရိုအသေပေးတယ်လို့ကြားထားသည်။
တကယ်လို့ ရေတွက်မယ်ဆိုလျှင် သူက အကြိမ်တစ်ရာထက်ပိုပြီး အရိုအသေပေးခဲ့လောက်သည်။
သူသာ ရှင်ဘုရင်ဖြစ်ခဲ့မယ်ဆိုရင်လည်း ဒီလူကို သေချာပေါက် ရာထူးတိုးပေးမိမှာပင်။
မိန်းမစိုး၏အပြုံးက ထူးဆန်းတယ်လို့ ရှဲ့နျိုရှန်း ထင်မိသည်။
သို့ပေမယ့် ရာထူးတိုးတာက ကိစ္စကောင်းဖြစ်သည်။
သူက အစက စသ်သူကြီးအသေးစားဖြစ်ခဲ့သော်လည်း လူများစွာမစီစဉ်ခဲ့ရပေ။ သူရောက်နေခဲ့တဲ့ စစ်တန်းလျားက ဆိုးရွားလှသည်။ အိုမင်း၊ အားနည်းပြီး မသန်စွမ်းလူများစွာပင်ရှိနေသည်။ သူတို့သာ တိုက်ပွဲကွင်းပြင်ဆီကိုသွားခဲ့ရင် သေချာပေါက် သူတို့တွေကို အမြောက်စာအဖြစ် အသုံးချမှာပင်။ သို့ပေမယ့် တပ်အရှေ့ပိုင်းက ခြားနားလှသည်။ သူတို့က မြို့တော်ကိုကာကွယ်ရန်သာရှိနေကြပြီး အရေးကြီးကိစ္စများအား
ဆောင်ရွက်ရသည်။
ဧကရာဇ်က သူ့ကို နေရာကောင်းပေးသည်။
ဒါ့အပြင် ရာထူးတိုးသွားတာကြောင့် ယခုအဆင့်သုံးစစ်သူကြီးဖြစ်သွားလေပြီ။
သူသာ မြင့်မြတ်သောရာထူးရနိုင်မယ်ဆိုရင် ပိုလို့တောင် ကောင်းဦးမည်။
ရှဲ့နျိုရှန်း ဘ၀င်ခိုက်သွား၏။ မိန်းမစိုးက သူ့ကိုကြည့်ပြီး တုံ့ဆိုင်းနေသည်။
"စစ်သူကြီးရှဲ့ ငါကြားထားတာ .. မင်းမှာ ဇနီးသုံးယောက်ရှိတယ်ဆို ဘယ်တစ်ယောက်ကို သဘောအကျဆုံးလဲဆိုတာ မေးလို့ရမလား"
ရှဲ့နျိုရှန်း ခြေလှမ်းအားရပ်ပြီး မိန်းမစိုးကိုလှည့်ကြည့်သည်။
ဒီမိန်းမစိုးနဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်နေတာလား။
မိန်းမစိုးက သူ့အကြည့်ကြောင့်လန့်သွားပြီး အမြန်ပြုံးပြလိုက်သည်။
"ကျွန်တော်က ဒီအတိုင်းမေးကြည့်တာပါ"
ဒီနေ့က အနည်းငယ်ထူးဆန်းတယ်လို့ ရှဲ့နျိုရှန်း တွေးထင်မိသည်။ သူ မြို့ပေါက်၀ဆီ ၀င်လာတာနဲ့ သူ့အနားက လူတွေက သူ့ကိုကြည့်တဲ့အခါ ယဉ်ကျေးနေကြသည်။
ဒါ့အပြင် ဧကရာဇ်ကိုမမြင်ခင်က တခြားအရာရှိတွေကို မြင်လိုက်သေးသည်။ ထိုလူတွေလည်း သူ့ကိုဂုဏ်ပြုပေးကြသည်။
ထူးဆန်းလိုက်တာ .. သူ့ကိုဘာအတွက် ဂုဏ်ပြုကြတာလဲ။ အခု တစ်စုံတစ်ယောက်က သူဘာကိုသဘောအကျဆုံးလဲလို့ မေးနေသည်။
မဟုတ်မှလွဲရော ..
အဲဒီ သခင်မလုက သူအိမ်မှာမရှိတဲ့အချိန် ရောက်လာတာလား။ ဒါမှမဟုတ် သူ့အမေအရင်းက သူ့အတွက် နောက်ထပ်ဇနီးတစ်ယောက်နဲ့ လက်ဆက်ပေးတာလား။
ထိုအကြောင်းတွေးမိတော့ ရှဲ့နျိုရှန်း လန့်သွား
သည်။
သူ မိန်းမစိုးအား လျစ်လျူရှုပြီး အမြန်လျှောက်သွားတော့သည်။
ထိုအချိန် ရှဲ့မိသားစုမှာ စောင့်ဆိုင်းနေတာ အချိန်ကြာပြီဖြစ်သည်။
အဖိုးလင်းနှင့် အဒေါ်လင်းတို့ မျက်နှာက တည်ကြည်နေပြီး သူတို့ကို ပြောင်ချော်ချော်လုပ်လို့ရမယ့်ပုံစံနှင့် တူမနေပေ။
"အဖိုးလင်း တူးရွင်းပြား ဒါမှမဟုတ် စစ်သုံးဓားလိုအပ်ရင် .. ဒီအတိုင်းပြောလိုက်ပါ သူက ကျွန်မအဖေဆိုပေမယ့် အဖိုးရဲ့သမီးကို ခိုးယူသွားခဲ့တယ် .. တကယ်လို့ ကလဲ့စားချေချင်တယ်ဆိုရင်
လည်း ကျွန်မတားမှာမဟုတ်ပါဘူး"
ရှဲ့ချောင်က လေးနက်စွာဖြင့် ပြောလိုက်သည်။
••••