ကွဲပြားခြားနားချက်ကဘာလဲ။
Vol. 28 Ch. 523
ဆရာအိုကြီးလင်က စိတ်ပျက်နေသည်။ သူ တကယ်ပဲ ရှဲ့နျိုရှန်းကို သတ်လို့ရမယ်ဆိုရင် တုံ့ဆိုင်းနေမှာတောင် မဟုတ်ပါ။
သို့ပေမယ့် ရှဲ့နျိုရှန်းက သူ့မြေးလေးရဲ့ အဖေဆိုတဲ့ အမှန်တရားက ရှိနေသည်။
"မေ့လိုက်တော့ အားလုံးအတိတ်မှာကျန်ခဲ့ပြီပဲ သူ ကလေးတွေကို ကောင်းကောင်းဂရုစိုက်ပေးတယ်
ဆိုရင် အတိတ်ကို အတိတ်မှာပဲ ထားခဲ့ကြတာပေါ့ ဒီလူအိုကြီးက ထပ်ပြီး အဲဒီအကြောင်းမပြောချင်တော့ဘူး"
လူအိုကြီးလင်းက အသက်ပြင်းပြင်းရှုသည်။ သူ ထိုစကားတွေပြောနေချိန်မှာ အသံက အနည်းငယ် တုန်လှုပ်နေသည်။
သူ့နှလုံးသားထဲမှာ ဘယ်လိုလုပ် စိတ်မပျက်ဘဲ နေပါ့မလဲ။
ဒါပေမယ့် အခု သူ့မှာ ရှဲ့ဖင်းဟွိုက်နှင့် ရှဲ့ရှီတို့ မြေးလေးတွေရှိနေတာကြောင့် သူ့ခါးသီးမှုတွေအား ထွက်ပေါက်မပေးဘဲ မနေနိုင်တော့။
ထို့အပြင် ရှဲ့ချောင်က သူခံစားရအဆင်ပြေ
အောင် ပြောနေမှန်းလည်း လူအိုကြီးလင်း သိသည်။
သူ့မိသားစုက သာမန်မိသားစုသာဖြစ်သည်။ သူတို့မှာ တရား၀င်ဂုဏ်ပုဒ်လည်းမရှိသလို ငွေကြေးလည်းမရှိပေ။ တကယ်လို့ သူက ရှဲ့နျိုရှန်းနှင့် သွေးကြွေးဖြစ်ခဲ့မယ်ဆိုရင် သူ ဘာလုပ်နိုင်မှာတဲ့လဲ။
ကလဲ့စားချေမှာလား .. သူ့တစ်မိသားစုလုံးကိုအသတ်ခံစေချင်နေတာလား။
ထိုအကြောင်းတွေးမိပြီး လူအိုကြီးလင်းက ပြောလိုက်သည်။
"အကြီးဆုံးသခင်မလေးက စိတ်ထားနှလုံးထားကောင်းပြီး ဒီအချိန်အတွင်းမှာ ကျွန်တော်တို့ကို
ဂရုစိုက်ပေးခဲ့တယ် ဟွိုက်အာနဲ့ ရှီအာကိုလည်း ကျွန်တော်တို့မိသားစုနဲ့ အဆက်အဆံလုပ်ခွင့်ပေးတယ် ဒါပေမယ့် ရှေ့လျှောက် .. သခင်မလေးအဖေက သူ့ဒေါသစိတ်ကြောင့် ကျွန်တော်တို့ကို သည်းခံမလားဆိုတာ မသိပေမယ့် .. အခု ကျွန်တော့်နှလုံးသားထဲမှာ ခါးသီးမှုတစ်ချို့ရှိနေပေမယ့် အဲဒီ ခါးသီးမှုတွေက စိုးရိမ်တာကို နှိုင်းယှဉ်လို့မရပါဘူး"
ရှဲ့နျိုရှန်းကို သတ်ချင်တာထက် ရှဲ့နျိုရှန်းက လင်းမိသားစုကို အထင်သေးရှုံ့ချပြီး ကလေးနှစ်ယောက်ကို သူတို့နဲ့ အဆက်အဆံလုပ်ခွင့်မပေးမှာကို ပိုပြီးစိုးရိမ်သည်။
"ကျွန်မရဲ့ မောင်လေးနဲ့ ညီမလေးလည်း ကြီးလာပါပြီ သူတို့က လူကြီးတွေအပေါ်မှာလည်း ရိုသေလေးစားမှုရှိကြတယ် သူတို့ ၀မ်းကွဲမောင်နှမတွေနဲ့ အဆက်အဆံလုပ်တာ သူတို့ကိစ္စပါ အခု ကျွန်မရော ကျွန်မအဖေပါ ဆုံးဖြတ်ချက်ချလို့မရပါဘူး"
ရှဲ့ချောင် ပြောလိုက်သည်။
တစ်ဖက်က ရှဲ့ဖင်းကန်းလည်း ခေါင်းငြိမ့်ပြသည်။
ထိုအချိန်မှာ သူ စကားအများကြီးမပြောပါ။
သူပါးစပ်ဟလိုက်တာနဲ့ လူတွေကို ထိတ်လန့်သွားစေမှာ တကယ်စိုးရိမ်မိသည်။
ရှဲ့ချောင်စကားပြောပြီးနောက် လင်းမိသားစု၀င်တွေက ရှဲ့ဖင်းဟွိုက်ကို လှည့်ကြည့်ကြသည်။
ရှဲ့ရှီ မှန်နေသေးသည်။ သူမက အထူးသဖြင့် လင်း
မိသားစုနဲ့နေရတာ နှစ်သက်သည်။ လင်းနေအိမ်တွင် အားလုံးက သူမကိုဂရုစိုက်ကြသည်။ အချိန်တိုင်း သူတို့ကရောက်လာပြီး စကားပြောကြသည်။ ရလဒ်အနေနှင့် သူမက တခြားတစ်နေရာရာမှာရှိတာထက် လင်းမိသားစုနဲ့အတူရှိနေရတာက ပိုပြီးပျော်ရွှင်မိသည်။
သို့ပေမယ့် ရှဲ့ဖင်းဟွိုက်ကတော့ မတူပါ။ သူကအမြဲတမ်း နေရခက်နေတာဖြစ်သည်။
ထိုအချိန်
ရှဲ့ဖင်းဟွိုက် တခြားသူတွေဆီက အကြည့်ကိုခံစားမိတော့
"ဘာလို့ ကျွန်တော့်ကိုကြည့်နေကြတာလဲ အဖိုးက ကျွန်တော့်ရဲ့ အဖိုးအရင်းပဲမလား တကယ်လို့ ကျွန်တော့်အမေသာ သက်ရှိထင်ရှားရှိ
နေဦးမယ်ဆိုရင် သူမ အဖိုးကိုလျစ်လျူရှုမှာမဟုတ်ဘူးလေ အခု ကျွန်တော့်အမေလည်း မရှိတော့ဘူးဆိုတော့ ကျွန်တော် မှားယွင်းတာကိုခံစားမိတယ် ... ဒီအတိုင်း မကြာခဏ အဖိုးမိသားစုဆီ လာလည်မယ် .."
ရှဲ့ဖင်းကန်း သူ့ကို ထိုးချင်မိသည်။
သူ လင်းအိမ်တော်ကိုသွားချင်ရင် စကားကောင်းကောင်းပြောလို့မရဘူးလား။ သူက ထေ့ငေါ့ပြောနေတာကြောင့် ရိုက်ခံသင့်သည်။
ရှဲ့ဖင်းကန်း အကြည့်ကြောင့် ရှဲ့ဖင်းဟွိုက် ထိတ်လန့်စွာဖြင့် ခန္ဓာကိုယ်အား ကျုံ့လိုက်မိသည်။
ပြီးနောက် လင်းယာ့ရှန်း အနောက်သွားပြီး ပြောလိုက်သည်။
"အ .. အဒေါ် ကျွန်တော့်အစ်ကိုကြီးကိုကြည့်ပါဦး သူကျွန်တော့်ကို ဒေါသထွက်နေတယ် .."
သူလည်းပဲ ကျောထောက်နောက်ခံ တစ်ယောက်ရသွားသည်။
"သူက မင်းရဲ့အစ်ကိုပဲလေ .. ဘာလို့ကြောက်နေတာလဲ" လင်းယာ့ရှန်း ရှဲ့ဖင်းဟွိုက်အား ချစ်မြတ်နိုးစွာဖြင့်ကြည့်လိုက်သည်။
"မဟုတ်မှလွဲရော သူ့ကိုမရိုက်နိုင်တာလား"
ရှဲ့ဖင်းဟွိုက် အနည်းငယ်ခေါင်းငြိမ့်ပြလိုက်သည်။
"မင်းက ငယ်သေးတော့ အခု သူ့ကိုမရိုက်နိုင်တာ သဘာ၀ပါပဲ မင်း ကိုယ်ခံပညာသင်သင့်တယ် တစ်ရက်ကျရင် မင်းအစ်ကိုကိုလဲအောင် ရိုက်နိုင်လိမ့်မယ်"
လင်းယာ့ရှန်း ပြုံးလိုက်သည်။
"မဖြစ်နိုင်ဘူး"
ရှဲ့ဖင်းဟွိုက် ချက်ချင်းခေါင်းခါလိုက်သည်။
ဒီအဒေါ်က အရာအားလုံးမှာတော်ပေမယ့် သူမက သူ့ကိုယုံကြည်ရတဲ့အထိ မျက်ကန်းဖြစ်လွန်းသည်။
သူ့အစ်ကိုကြီးက နွားထီးလိုမျိုးသန်မာတာကို သူက ဘယ်လိုလုပ်တိုက်ခိုက်နိုင်မှာတဲ့လဲ။
သူ့အစ်ကိုကြီးက သူ့ကိုပုံမှန်အတိုင်း မ ပြီး လွှတ်ပစ်နိုင်သည်။ သူနဲ့တိုက်ခိုက်တာက ကျောက်တုံးကို ကြက်ဥ ဖြင့်ပစ်ပေါက်နေသလိုပင်။
"ဘာလို့ ယုံကြည်ချက်မရှိရတာလဲ မင်းအစ်ကိုကြီး မင်းကြောင့်ရှုံးသွားတာကို မမြင်ချင်ဘူးလား" လင်းယာ့ရှန်း စကားတွေက ကောက်ကျစ်စဉ်းလဲပေမယ့် ရှဲ့ဖင်းကန်းက ဘယ်သူမှမဟုတ်တဲ့အတိုင်းပင်။
"မင်းနဲ့ မင်းအစ်ကိုကြီးက အဖေတစ်ယောက်တည်းက လာတာပဲ အကြီးဆုံးသခင်မလေးကိုကြည့်ပါဦး သူမက အရမ်းလှတယ် မင်းအစ်ကိုကြီးရဲ့အမေကလည်း လှပတဲ့အမျိုးသမီးဆိုတာ မြင်ရတယ် ဒါကြောင့် မင်းအစ်ကိုကြီး မင်းအဖေရဲ့ခွန်အားတွေကို အမွေ
ဆက်ခံထားတာပဲဖြစ်ရမယ် ပြီးတော့ မင်းက .. မင်းလည်း မင်းအဖေရဲ့ကလေးပဲ ဘာများကွဲပြားလို့လဲ"
••••