← Chapters

သူ့ကိုတုန်နေအောင်ချစ်တယ်။ 

Vol. 28 Ch. 524

သူ့ကိုတုန်နေအောင်ချစ်တယ်။ 

Vol. 28 Ch. 524

လင်းယာ့ရှန်း ရှဲ့ဖင်းဟွိုက်အားဖက်ထားလိုက်သည်။ 

ရှဲ့ဖင်းဟွိုက် ထိုအကြောင်းကြားတော့ အနည်းငယ်တုံ့ဆိုင်းသွားပေမယ့် သူ့အစ်ကိုကြီးကို ‌တိုက်ခိုက်ရတာက ဘယ်လိုဖြစ်လိမ့်မလဲလို့ စိတ်ကူးယဉ်မိသည်။ 

ထိုအကြောင်းတွေးမိတော့ အနည်းငယ် စိတ်လှုပ်ရှားမိသည်။ 

ရှဲ့ဖင်းကန်းကတော့ အေးစက်စွာဖြင့် နှာမှုတ်ပြီး သူမကို ပြန်မချေပပေ။ 

လင်းယာ့ရှန်းက တကယ်ပဲ ထက်မြက်တဲ့လူတစ်ယောက်လို့ ရှဲ့ချောင် တွေးမိသည်။ သူမစကားလုံးတွေက သူ့အစ်ကိုကြီးကို နေရာတိုင်းကနေ စိတ်ကွက်စေခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ သူ့အစ်ကိုကြီးက သူ့မျှော်လင့်ချက်အတိုင်း မနေနိုင်လို့ သူ့ကို မုန်းတီးနေမှန်း သူမ သိလိုက်သည်။ ဒါ့အပြင် ရှဲ့ဖင်းဟွိုက်က တွန်းအားပေးတာထက် သိမ်းသွင်းရမယ့်သူဆိုတာ သိလိုက်သည်။ 

သူမ ပုံကို သရုပ်ဖော်ကာ အားပေးမှု ထပ်မံပြုလုပ်ခဲ့သည်။ ပြီးတော့ မျှော်လင့်ခြင်း၊ ယုံကြည်မှုများဖြင့် ကြည့်လိုက်သည်။ ထိုကဲ့သို့အပြုအမူမျိုးနှင့် ရှဲ့ဖင်းဟွိုက် မငြင်းဆန်နိုင်တော့ပေ။ 

"အဒေါ်ပြောတာ ကျိုးကြောင်းဆီလျော်တယ်" 

ရှဲ့ဖင်းဟွိုက် လေးနက်စွာဖြင့် ခေါင်းငြိမ့်သည်။ 

သူတို့တွေက အဖေတူတူပဲဖြစ်သည်။ သူက အခုငယ်သေးတာကြောင့် သူ့အစ်ကိုကြီးနဲ့ယှဉ်ရင် ပိန်ပါးပြီး အရပ်ပုသည်။ ဒါပေမယ့် သူကြီးပြင်းလာတဲ့အခါမှာတော့ ‌ပြောဖို့ခက်ခဲလှသည်။ 

သူ့အစ်ကိုကြီးက ၁၆၊ ၁၇လောက်မှာ ရုတ်တရက်အရပ်ရှည်သွားတာကို မှတ်မိသည်။ 

မဟုတ်မှလွဲရော .. သူလည်း သူ့အစ်ကိုကြီးထက် အရပ်ရှည်နိုင်သေးတာပဲ။ 

"ဒီနှစ်တွေထဲ တခြားမိသားစုတွေအတွက် အဒေါ် ကလေးတွေ ပို့ဆောင်ပေးခဲ့တယ် ကိုယ်ခံပညာရပ်ထဲက အရည်အချင်းအတွက် ငါ့ဖင်းဟွိုက်က သေချာပေါက် လူတစ်သောင်းထဲက တစ်ယောက်ပဲ တကယ်လို့ တစ်ရက်မှာ မင်းစစ်သူကြီးဖြစ်လာနိုင်တယ်ဆိုရင် သေချာပေါက် လေးစားကြည်ညိုရတဲ့သူဖြစ်လာမှာပဲ ကောင်းကင်ဘုံက မင်းအမေလည်း ပျော်သွားလိမ့်မယ် မင်းရဲ့ တရား၀င်ရာထူးက မင်းအစ်ကိုကြီးထက် ပိုမြင့်တယ်ဆိုရင်တော့ ရှေ့လျှောက် အနာဂတ်မှာ ဒီမိသားစုထဲက အားလုံးက .. မင်းစကားနားထောင်ရမှာပဲမလား" 

လင်းယာ့ရှန်းကပြောပြီး အနည်းငယ်ပျော်ရွှင်နေသည်။ 

သူမ ရှဲ့ဖင်းဟွိုက်ကြီးပြင်းလာတာကို မြင်နေသယောင်။ 

"အဒေါ်က ကြွားဝါတဲ့နေရာမှာတော်တာပဲ အခု ကျွန်တော့်အရွယ်အစားကိုကြည့်ပါဦး ကျွန်တော် ကြီးမြတ်တဲ့ စစ်သူကြီးတစ်ယောက်ဖြစ်လာမယ်ထင်လို့လား အဲဒါက ခရီးလမ်းအရှည်ကြီးလေ ဘာပဲဖြစ်ဖြစ် ကျွန်တော် စစ်သူကြီးမဖြစ်နိုင်လည်း ကြီးလာတဲ့အခါ အနည်းဆုံးတော့ တရား၀င်ရာထူးရှိလာမှာပါ ဟုတ်တယ်မလား ကျွန်တော် ကောင်းကောင်းဆောင်ရွက်မယ်ဆိုရင်တော့ .. တကယ် အစ်ကိုကြီးကိုကျော်ဖို့အတွက် ဖြစ်နိုင်တယ်" 

ရှဲ့ဖင်းဟွိုက်တွေးမိတော့ ပျော်မိသွားလေသည်။ 

အရာရှိတစ်ယောက်ဖြစ်ရတာက လက်သီးကြီးကြီးရှိတဲ့ ဘယ်သူမဆို လုပ်နိုင်တာမျိုးမဟုတ်ပါ။ 

အစ်ကိုကြီးမှာ ဘာရှိလဲ။ သူ့မှာ

ကျောထောက်နောက်ခံတောင်မရှိပေ။ 

သူက ကွဲပြားသည်။ ရှောင်းယွိရုန်က သူ့ဆရာပဲဖြစ်သည်။ 

သင်ကြားရေးထဲက ဆရာအများစုက အခုသူ့ကိုတွေ့ရင် မျှော်လင့်ကြလိမ့်မည်။ 

ရှဲ့ဖင်းဟွိုက် အနည်းငယ် ကိုယ့်ကိုယ်ကိုယ် ဘ၀င်ခိုက်မိသွား၏။ သူက ရှဲ့ဖင်းကန်ကိုတောင် မျက်နှာချင်းဆိုင်ရဲလာသည်။ 

"အဒေါ် မင်းကိုယုံတယ်" လင်းယာ့ရှန်း အပြုံးဖြင့်ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် သူမ ရှဲ့ဖင်းကန်းအား ကြည့်ပြီးမေးသည်။ 

"ပထမသခင်လေးက ကိုယ်ခံပညာရပ်မှာ တော်တဲ့ဆရာကိုသိလား ကြည့် .. ဒီကလေးမှာ ရည်မှန်းချက်တောင်ရှိတယ် တကယ်အံ့ဩဖို့ကောင်းတယ် ကျွန်မတို့ လင်းမိသားစုက သာမန်လူတွေပဲဆိုတော့ ကိုယ်ခံပညာရပ်သင်ပေးတဲ့ ဆရာတွေကိုမသိဘူးလေ သူ့ကို ဘယ်လိုအကြောင်းကြောင့်နဲ့မှ နှောင့်နှေးစေလို့မဖြစ်ဘူး သင်ကြားရေးကျောင်းမှာ ကိုယ်ခံပညာရပ်သင်ပေးတဲ့ ဆရာတွေရှိပေမယ့်လည်း သူတို့က သူ့ကို အချိန်တိုလောက်ပဲ သင်ပေးနိုင်မှာ ကျွန်မတို့တွေ တစ်ယောက်လောက် အိမ်ကိုလာသင်ပေးဖို့ ခန့်သင့်တယ်ထင်တယ်" 

ရှဲ့ဖင်းဟွိုက် အံ့အားသင့်သွားသည်။ 

"ကျွန်တော် ကိုယ်ခံပညာရပ် သင်ပေးမယ့်ဆရာ မလိုချင်ဘူး" 

ကိုယ်ခံပညာသင်ရတာ အလွန်ပင်ပန်းလှသည်။ 

လင်းယာ့ရှန်း ‌အံ့ဩသွားကာ။

"ဘာလို့လဲ မဟုတ်မှလွဲရော .. ခုဏက ပြောခဲ့တာတွေက .. အားလုံး အလိမ်တွေလား" 

လင်းယာ့ရှန်းပုံစံက ၀မ်းနည်းနေသယောင်။ သူမက တည့်တိုးသမားဆိုတာ သိသာပေမယ့် အခု သူမက အားနည်းတဲ့ နစ်နာသူလိုမျိုး ဟန်ဆောင်နေလေသည်။ သူမ ရင်ဘတ်အား ဆုပ်ကိုင်ထားပြီး ပြင်းစွာ ထိုးနှက်မှုကို ခံစားလိုက်ရသလိုပင်။

ရှဲ့ချောင် သူမရဲ့သရုပ်ဆောင်စွမ်းရည်အားတွေ့တော့ နောက်တစ်ခါတောင် ထပ်မကြည့်ရဲတော့။ ကြောက်စရာကောင်းလှသည်။ 

ရှဲ့ဖင်းဟွိုက်မှာ အမှန်တကယ်အံ့အားသင့်သွားရသည်။ အဒေါ်လင်းက အားနည်းပြီး ချစ်မြတ်နိုးတဲ့အမေပုံစံနှင့်တူတာကြောင့် သူမရဲ့ ပြင်းစွာသောဒေါသကို ဖိနှိပ်ရန် စီစဉ်ရတော့သည်။ 

ရှဲ့ဖင်းဟွိုက် အကြပ်ရိုက်သွား၏။ 

အဒေါ်လင်း ထိုကဲ့သို့ပြုမူမှာကို သူအကြောက်ဆုံးပင်။

ဘာပဲဖြစ်ဖြစ် အဒေါ်လင်က သူ့ကိုကောင်းကောင်းဆက်ဆံပေးသည်။ သူမက သူစားချင်တာတွေကိုလည်း ကိုယ်တိုင်ချက်ကျွေးသည်။ ဒါ့အပြင် သူ၀တ်ဆင်ဖို့အတွက် အ၀တ်အစားတွေလည်း ချုပ်ပေးသည်။ သခင်မလုတောင် .. သူ့အပေါ် ဒီလောက်အထိ မကောင်းပေးဖူးပေ။ 

ရှဲ့ဖင်းဟွိုက်က သူ့အတွက်ကောင်းတာကိုမသိတဲ့သူ မဟုတ်ပါချေ။ သခင်မလုက သူ့ကိုချစ်ပေမယ့် ပိုက်ဆံပေးတာကလွဲပြီး တခြားဘာမှဂရုမစိုက်တာကို သူသိသည်။ သူ အေးခဲပြီး ဆာလောင်နေတဲ့အချိန်မှာတောင် သခင်မလုက ‌မေးတာ ရှားလှသည်။ 

သူ့ကို အမေတစ်ယောက်လိုချစ်ပေးတဲ့ သူ့အဒေါ်နဲ့မတူပေ။ 

••••

All Chapters