← Chapters

အချင်းချင်းကူညီတယ်။ 

Vol. 28 Ch. 525

အချင်းချင်းကူညီတယ်။ 

Vol. 28 Ch. 525

အဒေါ်လင်း ၀မ်းနည်းနေတာတွေ့တော့ ရှဲ့ဖင်းဟွိုက် အဆင်မပြေတော့ပေ။  

"ကျွန်တော် အဒေါ့်ကိုမလိမ်ပါဘူး ဘယ်သူလိမ်နေလို့လဲ အဲဒါက ဒီအတိုင်း ကိုယ်ခံပညာရပ်ဆရာပဲမလား ကောင်းပြီ ကျွန်တော် တစ်ယောက်ကိုခေါ်မယ် ဒါပေမယ့် ဈေးကြီးလွန်းတာမို့ ကျွန်တော် အစ်ကိုကြီးပိုက်‌ဆံကို မသုံးချင်ဘူး အဒေါ်တို့မိသားစုကလည်း ဆင်းရဲတယ်လေ ကိုယ်ခံပညာဆရာခေါ်ဖို့က ဈေးကြီးလွန်းတယ်" 

ရှဲ့ဖင်းဟွိုက် အရှက်မရှိစွာဖြင့်ပြောလိုက်သည်။

သူတို့ ဆင်းရဲတယ်ဆို‌ရင် လုပ်ပေးနိုင်တာ ဘာမှမရှိဘူးမလား။ 

"မင်း လေ့လာသင်ယူနိုင်တယ်ဆိုရင် အဒေါ် မိသားစုစည်းစိမ်ကို သုံးစွဲရမယ်ဆိုရင်တောင် မင်းအတွက် ဆရာတစ်ယောက်ခေါ်ပေးမယ် ပိုက်‌ဆံအကြောင်း မစိုးရိမ်နဲ့" 

အဒေါ်လင်းက ထိုစကားကြားတော့ ပျော်သွားသည်။ 

ကိုယ်ခံပညာဆရာခေါ်တာက တကယ်ပဲဈေးကြီးသည်။ ဒါပေမယ့် သူမ နည်းလမ်းစဉ်းစားကြည့်လို့ရတာပဲ။ 

ကလေးတွေ ဘယ်လို့ပို့ဆောင်ပေးရမလဲဆိုတာ သူမသိသလို သူမတွင် နည်းလမ်းကောင်းလည်းရှိသည်။ မြို့တော်ထဲက ချမ်းသာတဲ့မိသားစုတွေက ပိုက်ဆံအများကြီးပေးတယ်လို့ သူမ ကြားသည်။ ချမ်းသာတဲ့မိသားစုကနေ စီးပွားရေးရနိုင်မလားဆိုတာ သူမ အားစိုက်ထုတ်ပြီး ကြည့်ရမည်။ အမေက ချမ်းသာပြီး ကလေးကို ပို့ဆောင်ပေးရမယ်‌ဆိုရင် ပိုက်ဆံ အလိုလို၀င်လာလိမ့်မည်။ 

လင်းမိသားစုက အစကတော့ တစ်လလောက်

သာ မြို့တော်ထဲမှာနေဖို့ စီစဉ်ထားတာဖြစ်သည်။ သို့ပေမယ့် အခု သူတို့က ကလေးနှစ်ယောက်နဲ့ အချိန်ကုန်‌ဆုံးနေတာကြောင့် မထွက်သွားချင်တော့ပေ။ 

အဖိုးလင်းက ဆေးဝါးပညာရပ်တွင် အရည်အချင်းရှိသည်။ အခု သူက နေ့တိုင်းသမားတော်အဖြစ် လမ်းတွေထဲ လှည့်ပတ်တော့ နှစ်နှစ်လောက် ပိုက်ဆံစုပြီးနောက် ဆေးဆိုင်အသေးလေး ဖွင့်ချင်လာသည်။ 

လင်းမိသားစုက နောက်ထပ်သမက်နှစ်ယောက်မှာလည်း အလုပ်ကြိုးစားကြသူများဖြစ်ကြသည်။ 

အိမ်ထဲမှာ ပြဿနာမရှိ‌သရွေ့ သူတို့တွေ ခက်ခဲစွာရှင်သန်ရမှာကို စိုးရိမ်စရာမလို။ သိပ်မကြာခင် သူတို့တွေနာမည်ကြီးလာလိမ့်မည်။ 

ရှဲ့ချောင်က ဘယ်လိုလုပ် ရှဲ့ဖင်းဟွိုက်ရဲ့ ငွေကြေးအကုန်အကျကို လင်းမိသာစုအား ခံယူခိုင်းရမှာလဲ။ 

ခဏတွေးတောပြီးနောက် သူမ ပြောဖို့အလုပ် လင်းယာ့ရှန်းက သူမကိုကြည့်လာသည်။ သူမ ပြုံးပြီးပြောလိုက်၏။ 

"အကြီးဆုံးသခင်မလေး စိတ်ထားကောင်းတာကို ကျွန်မသိပါတယ် ကျွန်မမိသားစုဂုဏ်ပုဒ်က သခင်မလေးမိသားစုနဲ့ ကွာခြားရုံပါ တကယ်လို့ မိန်းမငယ်လေး ကျွန်မကို မကြာခဏကူညီပေးနေမယ်ဆိုရင် ကျွန်မ မိသားစုက လုံလောက်တဲ့ ယုံကြည်ချက်ရှိတော့မှာမဟုတ်ဘူး ရှေ့လျှောက် ကျွန်မတို့တွေ လာပြီးထွက်သွားမယ်ဆိုရင် တခြားလူတွေကိုပဲ စောင့်မျှော်နေရတယ် အဲဒါ ကျွန်မတို့မလိုချင်ဘူး မိသားစုနှစ်စုလုံးက တန်းတူပဲဖြစ်

သင့်တယ် အခု ကျွန်မတို့တွေ ငွေကြေးပြတ်လပ်နေတယ်ဆိုပေမယ့် ကိုယ်ပိုင်နည်းလမ်းတွေ တွေးတောကြည့်မှာပါ ဒီနည်းလမ်းအတိုင်း ရှေ့ဆက်ပြီး ကလေးနှစ်ယောက် ကိစ္စတွေမှာဆို ကျွန်မတို့လည်း ၀င်ပြောပိုင်ခွင့်ရှိတယ်မလား" 

လင်ယာ့ရှန်း ထပ်တိုးပြောဆိုလိုက်သည်။ 

လင်မိသားစုက ကလေးတွေကို ရှဲ့မိသားစုလိုမျိုး တော်၀င်ကျောင်းတော် မပို့ပေးနိုင်ပေ။ 

သို့ပေမယ့် သူတို့တွေ ကိုယ်ခံပညာသင်ပေးမယ့် 

ဆရာ မခန့်အပ်ပေးနိုင်မှာတော့ မဖြစ်နိုင်ပေ။ 

"အဒေါ်ပြောတာမှန်ပါတယ် .. ဒါပေမယ့်လည်း ကျွန်မတို့က မိသားစုတွေဆိုတော့ အချင်းချင်းဂရုစိုက်ပေးတာက မှန်တယ်လေ အစောက ကျွန်မ

အစ်ကိုကြီး ဧကရာဇ်ရဲ့ဆုလာဘ်တော်ကို ရခဲ့တယ် သူ့လက်ထဲမှာ ရွှေ၊ ငွေတွေအများကြီးပဲ သူ ပိုက်ဆံထိန်းသိမ်းထားမယ်ဆိုရင် သူနဲ့ ကျွန်မအဖေသုံးတာနဲ့ မကြာခင် ပိုက်ဆံကုန်သွားမှာပဲ အဲဒါကြောင့် ကျွန်မတို့တွေ ဆိုင်တစ်ချို့ကိုသွားပြီး ပိုက်ဆံနဲ့ ငှားရမ်းမလို့" 

လင်းယာ့ရှန်း ရှဲ့ချောင်ကိုကြည့်ပြီး သူမ ဆိုလိုတာကို နားမလည်ပေ။ 

"ဆိုင်ခန်းငှားရမ်းတဲ့ဘယ်သူမဆို အတူတူပဲ အဖိုးလင်းရဲ့ ဆေးဝါးစွမ်းရည်က ထူးချွန်တယ် ပြီးတော့ သူ့ကိုကူညီပေးဖို့အတွက် ဦးလေးနှစ်ယောက်လည်းရှိတယ် အခု ဆေးဆိုင်လေးဖွင့်လိုက်တာ ပိုကောင်းတယ် ကျွန်မဆိုင်ခန်းနေရာကလည်းကောင်းပြီးတော့ အနားမှာ နေအိမ်တွေအများကြီးရှိတယ် ကျွန်မတို့ဆီကငှားပြီး ဆေးဆိုင်ဖွင့်တာ အကောင်းဆုံးဖြစ်လိမ့်မယ်" 

သူတို့‌တွေ ငှားရမ်းနေတာကြောင့် လင်းမိသားစုက ငွေပေးချေရလိမ့်မည်။ 

ဒါ့အပြင် ငှားရမ်းစရိတ်မှာ အနည်းငယ်မဟုတ်ပေ။ 

လင်းယာ့ရှန်း တုံ့ဆိုင်းနေမိသည်။ 

"ကျေးဇူးတင်ပါတယ် သခင်မလေး ကျွန်မတို့မှာ အခု ဆိုင်ခန်းငှားဖို့အတွက် အဲလောက်ပိုက်‌ဆံမရှိဘူး"

"ပထမသုံးနှစ်အတွက် အဒေါ် စာချုပ်မှာလက်မှတ်ထိုးပြီး နှစ်အစမှာ စပြီးငှားကြည့်ပါလား အဒေါ်က နှစ်ဆုံးမှ ‌ငှားရမ်းခပေးရမယ် ဘယ်လိုထင်လဲ" 

ရှဲ့ချောင်မေးလိုက်သည်။ 

ဒီနည်းလမ်းအတိုင်းနဲ့ဆို ဆေးဆိုင်၏စီးပွားရေးအခြေအနေကောင်းပြီး ကိစ္စမရှိဘူးဆိုရင် သူတို့တွေသေချာပေါက် နှစ်ဆုံးမှာ ငွေချေပေးနိုင်လိမ့်မည်။ သူတို့ကို ကြိုတင်ပြီး ဆိုင်ခန်းအလကားပေးတာနဲ့တောင် တူညီသည်။ 

လင်းယာ့ရှန်း ရှက်သွေးဖြာသွားသည်။ 

တကယ်ပဲ အခွင့်အရေးကောင်းဆိုပေမယ့် သူမ ရှဲ့မိသားစုရဲ့ ကြင်နာမှုအား လက်ခံလိုက်ရင် ဆိုးရွားသွားမှာကို တွေးတောမိသည်။ 

လင်းယာ့ရှန်း ခေါင်းခါလိုက်သည်။ 

"ကျေးဇူးပါ သခင်မလေးမှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်ရှိတယ်ဆိုတာ ကျွန်မသိပါတယ် .. ကျွန်မ နည်းလမ်းစဉ်းစားကြည့်ပါဦးမယ် တကယ်လို့ ငှားရမ်းခ လုံလုံလောက်လောက်ရခဲ့ရင် ကျွန်မတို့ အဲဒီအကြောင်းပြောကြတာပေါ့ အချိန်ကျလာတဲ့အခါ ကျွန်မ သခင်မလေးကို ဒုက္ခပေးရတော့မှာပဲ" 

လင်းယာ့ရှန်းက အလွန်ယဉ်ကျေးလှသည်။ 

သူမက လူကြီးတစ်ယောက်ဆို‌ပေမယ့် ရှဲ့ချော‌င်က ပထမဇနီးက သမီးဖြစ်မှန်းသိသည်။ ရှဲ့ချောင် သူမကို အဒေါ်လို့ခေါ်တာ လောက၀တ်သာဖြစ်သည်။ သူမကိုယ်သူမ လူကြီးတစ်ယောက်လို မဆက်ဆံရဲပေ။ 

••••

All Chapters