← Chapters

ဆင်းရဲသောဆွေမျိုးများ။ 

Vol. 28 Ch. 526

ဆင်းရဲသောဆွေမျိုးများ။ 

Vol. 28 Ch. 526

ရှဲ့ချောင် လင်းယာ့ရှန်း ‌‌စကားများကိုကြားတဲ့အခါ သူမကိုပိုပြီး တိတ်တဆိတ် လေးစားမိ၏။ 

"အဒေါ် ကျွန်တော့်အစ်မကြီးမှာ ပိုက်ဆံအများကြီးရှိတယ် တကယ်လို့ သူမက ကူညီချင်တယ်ဆိုရင် လက်ခံလိုက်ပါလား" 

ရှဲ့ဖင်းဟွိုက်က ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။ 

သူမအရှေ့က အကျိုးအမြတ်တွေကို ဘာလို့ လက်မခံနိုင်ရတာလဲ။ သူမက အရူးလား။ 

ထိုအချိန်မှာ လင်းယာ့ရှန်း သူမဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ‌တွေးလိုက်သည်။

ရှဲ့ဖင်းဟွိုက်ကို သခင်မလုက ဖျက်ဆီးထားသည်။ တခြားလူတွေက ဘာပဲပေးပေး သူက အမြဲယူသည်။ 

တကယ်လို့ သူမ .. သူ့အဒေါ်က တစ်ပုံစံတည်းလုပ်ခဲ့မယ်ဆိုရင် သူမ အနာဂတ်မှာ ရှဲ့ဖင်းဟွိုက်ကို သင်ကြားပေးဖို့ အခွင့်ရှိမည်မဟုတ်တော့ပေ။ 

"အဒေါ့်ကိုယုံလား ကလေး .. အခု မင်းအဒေါ်က ဆင်းရဲတယ်လို့မတွေးနဲ့ အဒေါ်သာ အလုပ်ကြိုးကြိုးစားစား လုပ်နေသရွေ့ အဒေါ့်လက်ထဲက ပိုက်ဆံတွေက ပိုများလာမှာ" 

လင်းယာ့ရှန်း တည်ငြိမ်နေသည်။ 

ရှဲ့ဖင်းဟွိုက်က သူမကိုမယုံကြည်ပေ။ 

လင်းမိသားစုလို မိသားစုက ပိုက်ဆံအများကြီးရှာနိုင်မှာက မဖြစ်နိုင်ဘူးလို့ သခင်မလုက ပြောပြဖူးသည်။ 

သူတို့က ဆင်းရဲသော ဆွေမျိုးများဖြစ်ကြသည်။ 

သူ လင်းမိသားစုကို သဘောကျပေမယ့် ဒီအချက်ကိုတော့ မငြင်းဆန်နိုင်ပေ။ 

လင်းယာ့ရှန်းက စိတ်ပိုင်းဖြတ်ထားပြီဖြစ်တာကြောင့် ရှဲ့ချောင်လည်း သူမကို ဆက်ပြီးမသိမ်းသွင်းတော့။ 

သူမ လင်းမိသားစုကို ကူညီပေးချင်သည်။ ထိုမှသာ အဖိုးလင်းနဲ့ တခြားသူတွေ ပိုပြီးအဆင်ပြေလာမှာမလို့ပင်။ ဒါပေမယ့် လင်းမိသားစု၏ တုံ့ပြန်မှုက ရှဲ့ဖင်းဟွိုက်အတွက် ပညာရစရာတစ်ခုဖြစ်သွားသည်။ ဒီလိုမျိုး ဆွေမျိုးတွေက ပိုပြီးအဖိုးတန်သည်။ 

ထိုအချိန်မှာ လင်းမိသားစုအပေါ် ရှဲ့ဖင်းကန်း၏ အပြုအမူကပါ ပိုရင်းနှီးလာ၏။ 

သူတို့‌စကားပြောနေရင်း ရှဲ့နျိုရှန်း ‌ပြန်ရောက်လာသည်။ 

သူက အရေးကြီးကိစ္စရှိသလိုမျိုး အထဲ၀င်လာကာ။ အခန်းထဲမှာ လူပြည့်နေတာတွေ့တော့ သူ့အကြည့်က လင်းယာ့ရှန်းဆီ ရောက်သွား၏။ 

လင်းမိသားစုရဲ့ တာ၀န်ရှိသူက လူအိုကြီးလင်း

အပြင် သမီးအကြီးဆုံးဖြစ်တဲ့ လင်းယာ့ရှန်းပင်ဖြစ်သည်။ ထို့ကြောင့် သူမက ဧည့်သည်ခုံမှာထိုင်နေပေမယ့် ပိုပြီးထင်းခနဲဖြစ်နေသည်။ ရှဲ့ဖင်းဟွိုက်က သူမအနောက်မှာရပ်နေတော့ ရှဲ့နျိုရှန်း အတွေးမများဖို့ဆိုတာ ခက်ခဲသည်။ 

"ဒါက ကျွန်တော့်အမေ ကျွန်တော့်အတွက် ထိမ်းမြားပေးထားတဲ့ ဇနီးအသစ်လား" 

ရှဲ့ချောင် ထိုစကားအကြားတော့ အံ့အားသင့်သွားသည်။ 

"ဒါက .." 

သူမ ခပ်မြန်မြန်ရှင်းပြချင်သည်။ 

"သူမက ကြည့်ရမဆိုးပါဘူး သူမအ၀တ်အစားတွေက နည်းနည်းဟောင်းနွမ်းနေပေမယ့် သူမပုံစံက ချွေတာသုံးစွဲနိုင်ပြီး အိမ်မှုကိစ္စတွေပါ စီမံနိုင်လိမ့်မယ်လို့ထင်ရတယ် ဒါပေမယ့် သူမက နူးညံ့ပြီး အမျှော်အမြင်ရှိတယ်လို့ မထင်ရဘူး" 

ရှဲ့နျိုရှန်းက နူးညံ့ကြင်နာသူ‌အား သဘောကျသည်။ 

သူ့စကားလုံးတွေက ဗျောက်အိုးအတိုင်းပင်။ 

ဗျောက်အိုးပေါက်သွားတဲ့နေရာတိုင်း ဘယ်သူမဆို ထိပ်လန့်သွားကြသည်လေ။ 

သူစကားပြောပြီးတာနဲ့ လင်းယာ့ရှန်းမျက်နှာက ဒေါသကြောင့် နီရဲသွား၏။ သူမ မတ်တပ်ရပ်ပြီး

ရှဲ့နျိုရှန်းပါးအား ရိုက်လိုက်သည်။ 

"နှာဗူးကောင် ဓားပြတစ်ယောက်ရဲ့အကျင့်က ဖျောက်ဖို့ခဲယဉ်းတာပဲ" 

ထိုပါးရိုက်လိုက်တာက အားလုံးကို အံ့ဩသွားစေခဲ့သည်။ 

ရှဲ့ဖင်းကန်း မျက်လုံးအရောင်တောက်သွား၏။ 

ကောင်းတယ် ..။ 

ထိုနည်းတူ ရှဲ့ဖင်းဟွိုက်လည်း အံ့အားသင့်သွားသည်။ 

သူ့အဖေက ဘယ်လိုလူစားမျိုးလဲ။ သူက ကျိုးကြောင်းမ‌ဆီလျော်တဲ့ ယောကျာ်းပင်ဖြစ်သည်။ အခု သူ ပါးရိုက်ခံလိုက်ရတာလား။ အဲဒါ သူ့အဖေရဲ့ ဂုဏ်သိက္ခာသာဖြစ်သည်။ 

ပြီးသွားပြီပင် .. သူ့အဒေါ်တော့ သေတော့မည်။ 

ရှဲ့ဖင်းဟွိုက် အများကြီးတွေးတောလိုက်သည်။ သူ အမြန်ပြေးထွက်လာပြီး လင်းယာ့ရှန်းအရှေ့မှာ ရပ်ဖို့အတွက် ဘယ်ကသတ္တိတွေရလိုက်လဲ မသိပေ။ သူ သူ့အဖေအားကြည့်ပြီးပြောလိုက်သည်။ 

"အဖေ ပြဿနာမရှာပါနဲ့ ဒါက ကျွန်တော့်အမေရဲ့ အစ်မပဲ အဖေ .. သူမကို ရိုက်လို့မရဘူး" 

ဘယ်အစ်မလဲ။ 

ရှဲ့နျိုရှန်း မတုံ့ပြန်နိုင်တော့။ ဒါပေမယ့် သူ တကယ်ဒေါသထွက်သွားတာဖြစ်သည်။ ဒီအမျိုးသမီးမှာ သတ္တိရှိသည်။ သူမက သူ့ကိုရိုက်ရဲသည်။ သူမကို သင်ခန်းစာပေးရပေမည်။ 

"ဟွိုက်အာ အရှေ့ကဖယ်ပေး ဒီအဒေါ်က ဘာလို့သူ့ကိုကြောက်ရမှာလဲ" 

လင်းယာ့ရှန်း အစတည်းက ရှဲ့နျိုရှန်းနှင့် ပြဿနာရှိခဲ့တာဖြစ်သည်။ သူမ သူ့ကို သည်းခံနိုင်ပေမယ့် ခုနက သူ ဘာပြောခဲ့လဲ။ 

သူမက သူ့ရဲ့ ဇနီးအသစ်လို့ပြောပြီး အမျှော်အမြင်မရှိဘူးလို့တောင် သူမကို စွပ်စွဲလိုက်သေးသည်။ 

လင်းယာ့ရှန်း ရှဲ့ဖင်းဟွိုက်အားတွန်းပြီး ရှဲ့နျိုရှန်း စကားပြောဖို့ကို စောင့်နေလိုက်သည်။ 

"အရှက်မရှိတဲ့ဓားပြ အဲဒီညစ်ပတ်‌တဲ့အတွေးတွေကလွဲပြီး ရှင့်မှာ ဘာရှိသေးလဲ ရှင့် ယောက္ခထီးနဲ့ ကလေးတွေအရှေ့မှာတောင် ရှင် အရှက်မရှိဘဲ 

မဟုတ်တာတွေ လာပြောနေတယ် ကျွန်မညီမက နူးညံ့ပြီး အမျှော်အမြင်ရှိတဲ့ လူတစ်ယောက်ဖြစ်ပါရက်နဲ့ ရှင့်လက်ထဲမှာ ဖျက်ဆီးခံလိုက်ရတာပဲ" 

သူမပြောရင်း ဘေးက လက်ဖက်ရည်ခွက်အားယူပြီး ရှဲ့နျိုရှန်း ခေါင်းတည့်တည့် ရိုက်ခွဲပစ်လိုက်တော့သည်။ 

•••••

All Chapters