← Chapters

ငါ့အမေ ငါ့အတွက်ထိမ်းမြားပေးထားတဲ့ ဇနီးအသစ်။ 

Vol. 28 Ch. 527

ငါ့အမေ ငါ့အတွက်ထိမ်းမြားပေးထားတဲ့ ဇနီးအသစ်။ 

Vol. 28 Ch. 527

နွေးထွေးနေတဲ့ လက်ဖက်ရည်နှင့် အစိမ်းရောင် လက်ဖက်ရွက်တွေက ရှဲ့နျိုရှန်း နဖူးထိပ်မှာကပ်နေလေ၏။ 

သူ ဒေါသထွက်သွားလေပြီ။ 

တစ်စုံတစ်ယောက်ကိုရိုက်ဖို့အတွက် သူ လက်မြှောက်ဖို့အလုပ် ရှဲ့ချောင်က ရုတ်တရက် ၀င်ပြောလာသည်။ 

"အဖေ .. အဖေ့သမီးအရှေ့မှာ တကယ်ပဲ .. လူတစ်ယောက်ကို သတ်မလို့လား .. အစ်ကိုကြီး အဖေက ကြောက်ဖို့ကောင်းတယ် .." 

ရှဲ့ချောင် မျက်နှာအားဖုံးအုပ်ထားပြီး သူမခန္ဓာကိုယ်အားကျုံ့ထားပြီး ထိုင်ခုံပေါ်တွင် ခွေနေသည်။ 

ရှဲ့ဖင်းကန်း၏ နှုတ်ခမ်းထောင့်မှာ ကွေးညွတ်သွားလေ၏။ 

ရှဲ့ချောင် ငိုနေတာ မရပ်တော့။ ထိုအရာက ရှဲ့နျိုရှန်းအား မွန်းကြပ်စေသည်။

သူ ချက်ချင်းပဲ ဒေါသအား အစအနရှာမရတော့ပေ။ 

သူ ဘာကိုကြောက်နေတာလဲ။ 

သူ ဘာကိုမှမကြောက်တတ်။ ဒါပေမယ့် သူ့သမီးနဲ့မျက်နှာချင်းဆိုင်ရမှာကိုတော့ တကယ်ကြောက်မိသည်ကို သူ လက်ခံရမည်။ 

လက်မလျှော့ချင်သေးတာကြောင့် ရှဲ့နျိုရှန်း လက်ပြန်ရုတ်ပြီး အသံပြုကာ ခနဲ့လိုက်သည်။ သူ့နဖူးပေါ်က လက်ဖက်ရွက်တွေအား ဖယ်ပစ်ပြီး ဒေါသထွက်စွာဖြင့်။ 

"ငါ့သမီးကြောင့်သာမဟုတ်ရင် ငါမင်းကို သက်ညှာပေးမှာတဲ့လား" 

"ဂုဏ်သရေကြီးမားလှတဲ့ စစ်သူကြီးရှဲ့ ရှင် ကျွန်မလို နိမ့်ကျတဲ့လူတစ်ယောက်ကို သတ်ဖြတ်ချင်တာလား ဒါမှမဟုတ် လှီးဖြတ်ချင်တာလား"

ရှဲ့နျိုရှန်းကို လင်းယာ့ရှန်း အလွန်ရွံမုန်းမိသည်။ 

သူမ ညီမလေးက အမတအရှင်လိုမျိုး မလှပပေမယ့် သူမက မိသားစု‌ငယ်လေးထဲက အဖိုးတန်သူဖြစ်သည်။ တစ်ခါတုန်းက သူမ‌ညီမလေးကို ဘယ်လိုလူမျိုးနဲ့လက်ထပ်ချင်လဲလို့မေးခဲ့ဖူးသည်။ သူမညီမလေးက ဘာဖြေခဲ့လဲ။ 

သူမက ကြည့်ကောင်းပြီး ပညာတတ်သူကို သဘောကျတယ်လို့ ‌ပြန်ဖြေခဲ့သည်။ 

သို့ပေမယ့် သူမအရှေ့က ရှဲ့နျိုရှန်းက နွားထီးအတိုင်းပင်။ 

သူက အသုံးမကျသလို ကြမ်းတမ်းပြီး တုံးအသည်။ 

သူမညီမလေးက ဒီလူကြောင့် ပျက်စီးခဲ့ရသည်။ 

သူမက သူ့ကိုလက်ထပ်ပြီး အသေစောခဲ့သည်။ လင်းယာ့ရှန်း ဒေါသမထွက်ဘဲ ဘယ်လိုနေနိုင်မှာလဲ။ 

ရှဲ့နျိုရှန်းလည်း ဒေါသထိန်းချုပ်ထားတာဖြစ်သည်။ လင်းယာ့ရှန်း၏ ဒေါသထွက်နေတဲ့  အပြစ်တင်ခြင်းအား နားထောင်ရင်း သူ့အနောက်က သမီးဖြစ်သူက ကြောက်လန့်ပြီး ငိုနေတာကြောင့် သူအလွန် စိတ်မကောင်းဖြစ်မိသည်။ 

"သမီးကြီး ဘာလို့ငိုနေတာလဲ အဖေ အခုပဲပြန်ရောက်တာကို နည်းနည်းလေးဖြစ်ဖြစ် ပျော်ပေးလို့မရဘူးလား" 

ရှဲ့နျိုရှန်း ဒေါသထွက်နေပေမယ့် ရှဲ့ချောင်ကို

တော့ အသံကျယ်ကျယ်မပြောရဲပေ။ 

"သမီးပျော်ပေးနိုင်ပါတယ် ဒါပေမယ့် အဖေ နူးညံ့ပေးလို့ရမလား" 

ထိုအချိန်မှာ ရှဲ့ချောင်ပုံစံက ယုန်ငယ်လေးအတိုင်း နာခံလွယ်မယ့်ပုံစံပေါ်နေ၏။ 

ဒါက ထူးဆန်းတယ်လို့ ရှဲ့ဖင်းကန်း ရုတ်တရက်တွေးမိသည်။ တစ်နေကုန် မကောင်းဆိုးဝါးဝိညာဉ်တွေကို မြင်တွေ့နိုင်တဲ့ လူတစ်ယောက်က သူမအဖေကို ဒီလောက်ထိကြောက်နိုင်တယ်တဲ့လား။ 

ဘယ်လိုလုပ် ဒီလောက်အထိ ဉာဏ်များရတာလဲ။ 

ရှဲ့ဖင်းကန်း မျက်နှာထက်တွင် အထင်အမြင်သေး

ခြင်း အကြည့်ဖြင့်။ သူလည်း သတ္တိရှိသူတစ်ယောက်ဖြစ်သည်။ ပြဿနာဖြစ်နေသည့် အချိန်မှာတောင် သနားစရာကောင်းအောင် လုပ်ပြနေတဲ့ အသုံးမကျသော သူ့ညီမလေးပုံစံ လုပ်မှာမဟုတ်ပေ။ 

ကြောက်စရာကောင်းပြီး ရှက်‌‌ဖို့ကောင်းလှသည်။ 

ရှဲ့နျိုရှန်း အသက်ရှုထုတ်ပြီး နူးညံ့သောအသံဖြင့်ပြောသည်။ 

"ကောင်းပြီ ငိုနေတာရပ်တော့" 

သူမငိုနေတော့ သူ့နှလုံးသားကို ဓားဖြင့်ထိုးနှက်နေသလို ခံစားရဝာာကြောင့် အဆင်မပြေလှပေ။ တကယ်တော့ အဆင်မပြေတာ သူတစ်ယောက်တည်းမဟုတ်ပါ။ ရှဲ့ဖင်းဟွိုက်နှင့် ရှဲ

ရှီတို့ပါ စိတ်သောကရောက်နေသည်။ 

ဒီကလေးနှစ်ယောက်က တကယ်တုံးအတာတော့မဟုတ်။ သူတို့အစ်မကြီးက ငိုချင်ယောင်ဆောင်နေတာဖြစ်ပြီး တကယ်ပဲ အားနည်းတယ်ဆိုတာ လည်း သူတို့သိသည်။ သူမငိုနေတာမြင်တော့ အတုအယောင်လား အမှန်တကယ်လားဆိုတာ မတွေးတောနိုင်ဘဲ စိုးရိမ်သွားကြသည်။ 

သူတို့တွေ ငယ်ရွယ်သေးပြီး ရိုးအကြသည်။ 

ရှဲ့ချောင် ခေါင်းမော့ပြီး လက်ဖက်ရည်တစ်ငုံသောက်လိုက်ကာ။ 

"အဖေ့မှာ ပြောစရာမရှိဘူးဆိုရင် ထိုင်ပြီး စကား

ကောင်းကောင်းပြောပါလား ပြီးတော့ .. အဖေ စိတ်ကွက်အောင်လုပ်လိုက်မိတဲ့တစ်ယောက်က

လင်းအာ့နျန်းရဲ့အစ်မ လင်းမိသားစုရဲ့ အကြီးဆုံးအဒေါ်ပဲ သူမဘေးက လူကြီးက လင်းအာ့နျန်းရဲ့အဖေ .. အဖေ သူ့ကိုအဖေလို့ခေါ်ရင်တောင် ‌ဘာမှမဖြစ်ဘူး" 

ဘယ်သူ .. ?

ရှဲ့နျိုရှန်း ပြန်တွေးတောလိုက်သည်။ 

ဟုတ်သား သူမထွက်သွားခင်မှာ လင်းမိသားစုကို ခေါ်လာဖို့အတွက် တစ်စုံတစ်ယောက် စေလွှတ်လိုက်သေးသည်။ 

သူက တကယ်တော့ဒီကိစ္စကြီးကို မေ့နေခဲ့သည်။ 

ရှဲ့နျိုရှန်း သူ့ခေါင်းအားပုတ်ပြီး သူ့တုံ့ပြန်မှုက

အနည်းငယ်နှေးကွေးနေကာ တွေးတောလိုက်သည်။ 

အခု ဒီအပေါက်ဆိုးတဲ့မိန်းမက ဘာလို့ကြမ်းတမ်းနေမှန်း သူနားလည်သွားသည်။ ချက်ချင်းပဲ သူက ခွင့်လွှတ်တဲ့အမူအရာဖြင့်ပြောလိုက်သည်။ 

"ဒီတော့ အဒေါ်ပေါ့ စိတ်ကွက်စေမိ‌လို့ တောင်းပန်ပါတယ် ကျွန်တော် ခင်ဗျားကို တစ်ခါမှမမြင်ဖူးဘူး ဒီနေ့ အဲဒီကလူတွေအားလုံးက ကျွန်တော့်ကို ဂုဏ်ပြုပေးနေကြတော့ ကျွန်တော့်အမေက ကျွန်တော့်အတွက် နောက်ထပ်ဇနီးတစ်ယောက်နဲ့ ထိမ်းမြားပေးလိုက်ပြီလို့ထင်သွားတာ တောင်းပန်ပါတယ်" 

ရှဲ့နျိုရှန်း တည့်တိုးတောင်းပန်လိုက်ပေမယ့် စိတ်ရင်းနဲ့မဟုတ်မှန်းသိသာလှသည်။ 

လင်းမိသားစု၀င်တွေအားလုံးမှာ ကြောက်စရာကောင်းနေ၏။ 

ရှဲ့နျိုရှန်းက အဓိပ္ပါယ်မရှိသူမှန်း သူတို့သိကြပေမယ့် ဒီလူက ဒီလောက်အထိ .. ဖြစ်နေလိမ့်မယ်လို့တော့ မထင်ထားမိပေ။ 

••••

All Chapters