← Chapters

သစ်ရွက်အသစ်ဘက်က်ို မလှည့်နိုင်။ 

Vol. 28 Ch. 528

သစ်ရွက်အသစ်ဘက်က်ို မလှည့်နိုင်။ 

Vol. 28 Ch. 528

လင်းတစ်မိသားစုလုံးက သူတို့ဒေါသကို ချုပ်ထိန်းထားကြရသည်။ 

ရှဲ့ဖင်းကန်းလည်း သည်းမခံနိုင်တော့တာကြောင့် 

"ဆုတောင်းလေ တကယ်လို့ အဲဒီအဖွားကြီးသာ ကျွန်တော့်ကို အမေအသစ်ရှာပေးရဲတယ်ဆိုရင် အဖေ အခုပြန်လာပြီဖြစ်တဲ့အကြောင်း သူမဆီ ငိုကြွေး‌မြည်တမ်းပြီး သွားပြောပေါ့" 

ရှဲ့နျိုရှန်း စိတ်လေစွာဖြင့် သူ့သားကိုကြည့်လိုက်သည်။ 

သူတို့နောက်ဆုံးအကြိမ်တွေ့တာ အလွန်ကြာပြီဖြစ်ပေမယ့် ဒီ သားကစဉ်းစားဆင်ခြင်တတ်ခြင်း

အလျင်းမရှိ။ 

"အဖေ အရင်က ဒုတိယအမေနဲ့လက်ထပ်တုန်းက အဖိုးလင်းကို အသိမပေးခဲ့ဘူး ဒါက မသင့်လျော်ဘူးလေ"

ရှဲ့ချောင် အနည်းငယ်မျက်မှောင်ကြုတ်ပြီး

‌ဖြည်းညှင်းစွာ စကားပြောလိုက်သည်။ ပြီးနောက် သူမအရှေ့တိုးပြီး ရှဲ့နျိုရှန်း လက်ထဲ လက်ဖက်ရည်ခွက်ပေးလိုက်သည်။ 

"ဘာလို့ အခု .. မလုပ်လိုက်လဲ" 

"ဘာဆိုလိုချင်တာလဲ" ရှဲ့နျိုရှန်း အံ့အားသင့်သွားသည်။ 

ရှဲ့ချောင် နူးညံ့စွာဖြင့်ပြုံးပြီး "သမက်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ယောက္ခထီးကို လက်ဖက်ရည်တစ်ခွက်နှင့် ဆုတောင်းပေးတာ ဘာမှမဖြစ်ပါဘူး ဟုတ်တယ်မလား" 

ထိုသို့ပြောပြီးနောက် ရှဲ့ချောင် သူမအစ်ကိုကြီးအား ကြည့်လိုက်သည်။ 

"အစ်ကိုကြီး ဘယ်လိုထင်လဲ" 

"မင်းပြောတာမှန်တယ် အဖေ ကျွန်တော်တို့ မိသားစုအရှေ့မှာ အဲဒီလိုလုပ်သင့်တယ်" 

ရှဲ့နျိုရှန်း ဝိုင်းပယ်ထားခြင်းခံရတယ်လို့ ခံစားရသည်။ 

သူ အပြင်မှာရှိနေတာ ဘယ်လောက်ကြာပြီလဲ။ သူပြန်လာတာနဲ့ ဘာလို့အားလုံးက ‌ပြောင်းလဲသွားရတာလဲ။ 

ဒီလူကြီးကို ဆုတောင်းမင်္ဂလာပြုပေးရမှာတဲ့လား။ 

သခင်မလင်းရဲ့ အဖေကိုလေ။ 

သူ လုပ်နိုင်ပါတယ်လေ။ 

ရှဲ့နျိုရှန်း အရှေ့လျှောက်သွားပြီး သူ့လက်ထဲက လက်ဖက်ရည်ခွက်အားပေးလိုက်သည်။ 

"ယောက္ခထီး သောက်လိုက်ပါ"

ရှဲ့ချောင်နှလုံးသားက ငလျင်လှုပ်သွားသလိုမျိုး သူမ အသံကျယ်ကျယ် ဆဲဆိုမိဖို့ အနည်းငယ်သာလိုတော့သည်။ 

ရှဲ့နျိုရှန်း ထိုအမျိုးသမီးအား လက်ထပ်တုန်းက ဘယ်သူ့သဘောထားမှ မေးမြန်းခြင်းမရှိခဲ့။ အခု သူက ဒီလူအိုကြီးနဲ့တွေ့တော့ သူ နောင်တရပြီး

တောင်းပန်ဖို့ကို မေ့ထားတဲ့အပြင် သူက .. သူက သူ့ယောက္ခထီးကို အဲဒီလိုသောက်ခိုင်းနေတာလား။ 

ကိုယ့်ဘာသာပဲ သောက်လိုက်တော့။ သူမသာ လူအိုကြီးလင်းဆိုရင် အလွန်ဒေါသထွက်ပြီး သွေးအန်ထွက်နိုင်လောက်သည်။ 

လူအိုကြီးလင်းလည်း သွေးအန်လုနီးနီးပင်။ သူ့ပုံစံက ကြောက်စရာကောင်းလှပြီး တကယ်ပဲ ဒေါသကိုဖြေဖျောက်ချင်နေပုံရသည်။ 

"အဖေ ဒူးထောက်ပြီး လေးစားမှုရှိရမယ်လေ" ရှဲ့ချောင် မျက်မှောင်ကြုတ်ပြီး သူမကိုကြည့်ရတာ ဒေါသထွက်နေသလိုပင်။

"အရင်တုန်းက သမီးအဖိုးကိုလည်း အဖေအဲဒီအတိုင်း ဆက်ဆံခဲ့တာလား လင်းအာ့နျန်းက အ

ဖေ့အတွက် ကလေးနှစ်ယောက်တောင် မွေးပေးခဲ့တာ အဖေက အေးစက်ပြီး သူမမိသားစုကို ဘယ်လို‌လေးစားမှုပေးရမလဲဆိုတာမသိရင် အဖေ့ကလေးတွေလည်း အနာဂတ်မှာ အဖေ့ကို အထင်သေးကြလိမ့်မယ်" 

ရှဲ့ချောင် တကယ်ဒေါသထွက်သွားသည်။ 

သူမ သခင်မလင်းအတွက် စိတ်မကောင်းမဖြစ်မိသလို လင်းမိသားစုအတွက်လည်း စိတ်မကောင်းဖြစ်မိသွားသည်။ 

သူမအမေက သခင်မဖုန်ဖြစ်ပြီး ဒီလူတွေနဲ့ ဘာမှမဆိုင်ပေ။ သူမက သူမအဖေကို .. လူသားဆန်စေချင်တာဖြစ်သည်။ 

သူက ကောက်ကျစ်လွန်းသည်။ နောက်ဘ၀မှာ သူက ခွေး ဒါမှမဟုတ် နွားတစ်ကောင် ဖြစ်လာနိုင်သည်။ သူက သစ်ရွက်အသစ်ဘက်ကိုတောင် မလှည်နိုင်လောက်ပေ။ 

အရင်ကဆို ရှဲ့နျိုရှန်းက သူ့ယောက္ခထီးအပေါ် လေးစားမှုရှိသည်။ သူက ဒူးထောက်ရမှာဖြစ်သလို အရိုက်နှက်ခံပြီးလည်း အပြစ်ပေးခံရသည်။ ထိုအကြောင်းနှင့်ပတ်သက်ပြီး သူ ဘာမှမလုပ်နိုင်ပေ။ 

ဘာပဲဖြစ်ဖြစ် ရှဲ့ချောင်အဖိုးက အရင်မျိုးဆက်ရဲ့ ဓားပြခေါင်းဆောင်ဖြစ်သည်။ 

ရှဲ့နျိုရှန်း အလိုမကျဖြစ်‌မိပေမယ့် သူ့မှာ သတ္တိမရှိပေ။ 

ရှဲ့နျိုရှန်း ဓားပြစခန်းကို မရောက်ခင်တုန်းက ရိုးသားပြီး မိုက်မဲတယ်လို့ တွေးလို့ရသည်။ သွားပြီးနောက် သူ့စရိုက်က သူ့ရဲ့ ပထမယောက္ခထီးနဲ့ တူသွားလေသည်။ 

သူက သမက်တစ်ယောက်လို့ မတွေးခဲ့လုနီးနီးပင်။ တူညီလွန်းတာကြောင့် သူ့ရဲ့ကိုယ်ပိုင်သားလိုတောင် ဖြစ်သွားစေသည်။ 

အခု ရှဲ့ချောင် ဒေါသထွက်နေတာတွေ့တော့ သူ ဘာလို့လဲဆိုတာ နားမလည်နိုင်။ 

ရှဲ့ချောင်၏ အေးစက်ပြီး ဒေါသထွက်နေတဲ့အကြည့်ကြောင် ရှဲ့နျိုရှန်း ရုတ်တရက် သခင်မဖုန်ရဲ့ သွင်ပြင်ကို တွေးမိသွားသည်။ 

သူ မေ့တော့မလိုပင်။ 

သူ သခင်မဖုန်အကြောင်းတွေးမိတော့ ဒူးထောက်မိသွားသည်။ ပြီးနောက် စိတ်ထားမြင့်မြတ်စွာဖြင့် လက်ဖက်ရည်အား ပြန်ပေးလိုက်သည်။ 

"ယောက္ခထီး ကျေးဇူးပြုပြီး လက်ဖက်ရည်သုံးဆောင်ပါ" 

သူ့အဖေက ဒီလောက်အထိ တည့်တိုးဖြစ်လိမ့်မယ်လို့ ရှဲ့ချောင် မထင်ထားမိပေ။ 

သူမ နောက်ဆုံးတော့ စိတ်အေးသွားသည်။ 

သူ ဒူးထောက်နေတာတွေ့တော့ လူအိုကြီးလင်းလည်း အများကြီး ‌အဆင်ပြေသွားသည်။ 

"မင်း ငါ့သမီးနဲ့လက်ထပ်တုန်းက သူမကို ကောင်းကောင်းဆက်ဆံပေးခဲ့ရဲ့လား" 

လူအိုကြီးလင်က လက်ဖက်ရည်ကို အလျင်စလိုမသောက်ဘဲ အရင်မေးလိုက်သည်။ 

"ကျွန်တော်က ဘယ်လိုလုပ် သူမအပေါ် မကောင်းပေးရမှာလဲ သူမက နူးညံ့‌သိမ်မွေ့တဲ့ အမျိုးသမီးတစ်ယောက်ပါ ကျွန်တော် သူမကို လုံလောက်အောင်တောင် မချစ်ပေးခဲ့ရဘူး စိတ်မပူပါနဲ့ ကျွန်တော် သူမကို ရိုက်နှက်တာမရှိသလို အော်ဟစ်ခဲ့တာလည်း မရှိပါဘူး သူမ ကျွန်တော့်ကိုလက်ထပ်ပြီးနောက်ပိုင်း မကြာခဏ မပြုံးတော့ပေမယ့် အကြိမ်အနည်း‌ငယ်လောက်ပဲ ငိုခဲ့တာပါ" 

ရှဲ့နျိုရှန်း အမှန်အတိုင်းပြောပြလိုက်သည်။ 

••••

All Chapters