← Chapters

ကြင်ရာတော်မင်းသမီး ဖြစ်လာနိုင်လောက်တယ်။ 

Vol. 28 Ch. 529

ကြင်ရာတော်မင်းသမီး ဖြစ်လာနိုင်လောက်တယ်။ 

Vol. 28 Ch. 529

အရင်ကဆို ရှဲ့နျိုရှန်း သခင်မလင်းကို အမှန်ပင်နှစ်သက်ခဲ့သည်။ 

သူမက နူးညံ့သည်။ စကားပြောတဲ့အခါ ခြင်တစ်ကောင်ကဲ့သို့ပင်။ သူမအသံက နူးညံ့တာကြောင့် ဆွဲဆောင်မှုရှိသည်။ 

သူမဘ၀သက်တမ်းတိုတောင်းတာ နှမြောစရာပင်။ မဟုတ်ရင် သူမကို မြို့တော်ဆီခေါ်လာပြီး အရာရှိတစ်ယောက်၏ဇနီးအဖြစ် ထားပေးဖို့ ကတိပေးခဲ့လောက်သည်။ သူက ဘာလို့အဲဒီအသုံးအဖြုန်းကြီးတဲ့ သခင်မလုနှင့် လက်ထပ်ခဲ့မိတာလဲ။ 

"အဖေပြောတာမှန်ပါတယ်" 

ရှဲ့ဖင်းကန်းလည်း ၀င်ပြောတော့ လူအိုကြီးလင်က သက်ပြင်းချလိုက်သည်။ 

ဘာပဲဖြစ်ဖြစ် သူ့သမီးက ကောင်းချီးပေးခံရသည်။ ဒီလိုလူနှင့် လက်ထပ်ပြီးနောက် သူသာ သူမကိုအလိုလိုက် ချစ်ပေးခဲ့မယ်ဆိုရင် သူက ဓားပြတစ်ယောက်‌ဖြစ်နေရင်တောင် ကိစ္စမရှိပါ။ သို့ပေမယ့် သူမကကလေးမွေးပြီးနောက် ဆုံးပါးသွားရသည်။ 

လူအိုကြီးလင်းက လက်ဖက်ရည်ခွက်အားကိုင်ပြီး သောက်လိုက်သည်။ 

ထိုအခါမှ ရှဲ့နျိုရှန်း မတ်တပ်ရပ်လိုက်၏။ 

သူက သခင်မဖုန်အကြောင်း စဉ်းစားနေဆဲဖြစ်ပြီး သူ သခင်မဖုန်အကြောင်း တွေးမိတော့ လင်းယာ့ရှန်းအား နှစ်ကြိမ်လောက် ထပ်ကြည့်လိုက်သည်။ 

ဒီ ခယ်မမှာ အရင်က သခင်မဖုန်၏ စရိုက်ပုံစံရှိပေမယ့် သူမက သူ့ဇနီးဟောင်းလောက် ကြည့်မကောင်းပါ။ 

"ငါတို့တွေ ဒီကိုလာရတာ အရင်ဆုံး စစ်သူကြီးရှဲ့ အိမ်ပြန်ရောက်လာတာကို ကြိုဆိုချင်လို့ရယ် ဒုတိယတစ်ခုက တွေ့ချင်လို့ပဲ ငါတို့တွေ ခမည်းခမက်တွေဆိုတော့ အချင်းချင်း ဘယ်လိုပုံစံလဲဆိုတာ သိထားသင့်တယ် အခု ငါတို့တွေ့ပြီးကြပြီဆိုတော့ ဒီမှာ ကြာကြာထပ်မနေတော့ဘူး တကယ်လို့ ရှေ့လျှောက် တစ်ခုခုဖြစ်သွားမယ်ဆို

ရင် သခင်လေးနဲ့ သခင်မလေး လာလည်ဖို့အတွက် အဆင်မပြေဖြစ်သွားလိမ့်မယ်" 

အဖိုးအိုနှလုံးသားထဲ ခံစားချက်များရောထွေးနေပြီး ထိုသို့ပြောပြီးနောက် သူ မတ်တပ်ရပ်ပြီး ပြန်ဖို့လုပ်သည်။ 

ဒီလူအိုကြီးက တည်ငြိမ်အောင်လုပ်ဖို့ အချိန်လိုအပ်မှန်း ရှဲ့ချောင် သိတာကြောင့် ဧည့်သည်တွေအား ပြန်ပို့ပေးရန် ပျော်ရွှင်စွာဖြင့် မတ်တပ်ရပ်လိုက်သည်။ 

ခဏကြာပြီးနောက် အားလုံးထွက်သွားကြသည်။ ဒီနေ့ ရှဲ့ဖင်းဟွိုက်နှင့် ရှဲ့ရှီတို့က နေရစ်ခဲ့သည်။ 

ရှဲ့နျိုရှန်းက ရှုပ်ထွေးနေတာကြောင့် ရေရွတ်လိုက်သည်။ 

"ဒီလင်းမိသားစုရဲ့ အဒေါ်က ပါးနပ်သားပဲ" 

"အဖေ ကျွန်တော့်ရဲ့ အဒေါ်လင်းအကြောင်း မပြောပါနဲ့ သူမက အံ့ဩစရာကောင်းတယ်"

ရှဲ့ဖင်းဟွိုက် စိတ်ဆိုးမိသည်။ 

ရှဲ့နျိုရှန်း နှုတ်ခမ်းစေ့ထားလိုက်သည်။ သူက စကားအနည်းငယ်ပြောတာ ဘယ်သူကို ထိခိုက်စေမှာလဲ။ 

ထို့ကြောင့် ဒီအတိုင်း တိတ်ဆိတ်စွာပဲနေနေလိုက်သည်။ ဘာဖြစ်လို့လဲ။ ဘာပဲဖြစ်ဖြစ် သူမက အမတအရှင်မှမဟုတ်ဘဲ .. ထို့ကြောင့် ရှဲ့နျိုရှန်း ဂရုမစိုက်ပေ။ 

"အဖေ အခုပဲ အိမ်ပြန်ရောက်တာ အိမ်မှာဘာတွေဖြစ်နေလဲဆိုတာမသိဘူး ဘာလို့ အပြင်လူတွေအားလုံးက အဖေ့ကို ဂုဏ်ပြုပေးနေကြတာလဲ မင်းတို့တွေ ဘာလုပ်ထားတာလဲ" 

ရှဲ့နျိုရှန်း မေးလိုက်သည်။ 

"အဲဒါ အစ်ကိုကြီးရာထူးတိုးလို့ဖြစ်မယ် အဖေက ဘာဖြစ်နေလဲဆိုတာ မသိသေးတာကို သူတို့သိတော့ ဒီအတိုင်း အဖေ့ကို ဂုဏ်ပြုချင်နေတာထင်တယ်" 

ရှဲ့ချောင် ပြောလိုက်သည်။ 

"ရာထူးတိုးတဲ့အကြောင်း အဖေသိတယ် အဖေမထွက်သွားခင် သူ ရာထိုးတိုးသွားတာမဟုတ်ဘူးလား" 

ရှဲ့နျိုရှန်း နားမလည်နိုင်ပါ။ 

"သူ ထပ်ပြီးရာထူးတိုးခံရတာ .. အစ်ကိုကြီးက အခု အဆင့်ခြောက်အရာရှိဖြစ်သွားပြီ ပြီးတော့ ပြစ်မှုဆိုင်ရာဌာနက သူ့ရဲ့ရာထူးက အရင်ကနဲ့မတူတော့ဘူး" 

ထိုသို့ပြောပြီးနောက် ရှဲ့နျိုရှန်း၏ အိုနေပြီဖြစ်‌သော မျက်နှာက တုန်ရီသွားသည်။ 

"ဒီအဖေက ရာထူးတိုးဖို့အတွက် ခရီးထွက်ပြီး အများကြီးအားစိုက်ထုတ်ခဲ့ရတာ မင်းကဘယ်လိုလုပ် မျက်စိတစ်မှိတ်အတွင်း ရာထူးတိုးသွားတာ

လဲ အဆင့်ခြောက်အရာရှိ .. မင်း ဧကရာဇ်ကို အမတအရှင် ဆေးဝါးတွေများပေးခဲ့တာလား" 

ရှဲ့ဖင်းကန်း သူ့ကိုမကြည့်ခဲ့ပေ။ 

သူ့အဖေအနေနဲ့ ရှဲ့နျိုရှန်း သူ့သားကို မနာလိုဖြစ်မိသည်။ သူ့မှာ အရှက်မရှိတာလား။ 

"ညီမလေးကျေးဇူးကြောင့် ဘာမှမဟုတ်တဲ့ အမှုကြီးကို ကိုင်တွယ်လိုက်ရတယ် အဲ့ဒီအမှုမှာ လူရာကျော်သေဆုံးထားတော့ အထက်က ကျွန်တော့်ကို ဆုလာဘ်တော် ချီးမြှင့်ပေးတာ" 

ရှဲ့ဖင်းကန်း ရိုးရိုးသားသား‌ဖြေလိုက်သည်။ 

သူက ကောင်းသည်။ ပြစ်မှု‌ဆိုင်ရာဌာနမှာ အမှု

များစွာ ဖြေရှင်းခဲ့သည်။ 

သို့ပေမယ့် အမှုတွေက တစ်ကမ္ဘာလုံးကို ထိတ်လန့်သွားစေခဲ့တဲ့ ကျိုးမိသားစုကဲ့သို့ အမှုကြီးမဟုတ်ဘဲ သေးသေးလေးတွေသာဖြစ်သည်။ 

"အဖေ့ရာထူးလည်း အခု ပြောင်းသွားပြီလို့ပြောလိုက်တယ်မလား အဖေလည်း ရာထူးတိုးသွားတာလား" 

ရှဲ့ချောင် သိပြီးသား ဖြစ်ပေမယ့် မေးလိုက်သည်။ 

သူမအဖေမထွက်သွားခင်မှာ သူမ ခန့်မှန်းထားပြီးပြီဖြစ်သည်။ 

"ဒါပေါ့ သမီးအဖေက အခု စစ်တပ်အရှေ့ပိုင်း

စစ်သူကြီးတစ်‌ယောက်ဖြစ်သွားပြီ အရင်တုန်းက စစ်သူကြီးဆိုတဲ့နာမည်က လူတွေကို ချော့မော့ရုံလောက်ပဲ အခု ဒါက သင့်တင့်တဲ့ စစ်တပ်အာဏာရှိပြီဆိုတာပဲ တကယ်လို့ အနာဂတ်မှာ စစ်ပွဲရှိလာရင် အဖေ နန်းတွင်းတရားရုံးတော်မှာ ပြောဆိုခွင့်ရှိတယ် တကယ်လို့ ထိုက်လျောက်တဲ့ ပူးပေါင်းမှုတွေ လုပ်တယ်ဆိုရင်လည်း မြင့်မြတ်တဲ့ရာထူးကိုလည်း ရနိုင်တယ်" 

ထိုအချိန် ရှဲ့နျိုရှန်းမှာ ကောင်းမွန်သော ထင်မြင်ချက်တွေသာရှိသည်။ 

"ကောင်းတာပေါ့"

ရှဲ့ချောင် ခေါင်းငြိမ့်ပြလိုက်သည်။ 

ရှဲ့ဖင်းကန်းလည်း စိတ်ပျော်နေသည်။ 

"ကျွန်တော်တို့အဖေရဲ့ အရာရှိရာထူးပြောင်းသွားတာနဲ့ဆို ညီမလေးက ယောကျာ်းရဖို့အတွက် လွယ်ကူသွားလိမ့်မယ် တကယ်လို့ ကျန်းမာရေးကောင်းတယ်ဆိုရင် ညီမလေး .. ကြင်ရာတော် မင်းသမီးတောင် ဖြစ်လာနိုင်တယ်" 

ရှဲ့ဖင်းကန်း သက်ပြင်းချလိုက်သည်။ 

••••

All Chapters