အောင်မြင်တယ်။
Vol. 28 Ch. 530
သူ့အဖေက အထွေထွေရာထူးနှင့် စစ်သူကြီးတစ်ယောက် မဟုတ်တော့ပါ။ အရှေ့ပိုင်းစစ်သူကြီးအဖြစ် ရာထူးတိုးခံလိုက်ရတာက ငွေကြေးနဲ့ အဆင့် မြင့်သွားရုံသာမက သူ့အပေါ် ဧကရာဇ်ရဲ့ အပြုအမူလည်း ပြောင်းလဲသွားပြီဖြစ်သည်။
အားလုံး ဘယ်သူမဆို အရှေ့ပိုင်းစစ်တပ်စခန်းဆီ မသွားနိုင်ကြပေ။
အခု သူ့အဖေက ရှင်ဘုရင်၏ ယုံကြည်မှုအား ရရှိသွားတဲ့အတွက် ဒီရာထူးကို ယူနိုင်လိမ့်မည်။
သူ့ညီမက အိမ်ရှေ့စံမင်းသားပုံစံကို သဘောကျမှန်း ရှဲ့ဖင်းကန်း သိသည်။ ထို့ကြောင့် ထိုကဲ့သို့ပြောလိုက်ခြင်းပင်။
"အဖေ့သမီးက ကြင်ရာတော်မင်းသမီးဖြစ်ချင်လို့လား"
ရှဲ့နျိုရှန်း တိုက်ရိုက်မေးလိုက်သည်။
"အိမ်ရှေ့စံမင်းသားက ကြည့်ကောင်းပါတယ် ကျွန်မကဒီအတိုင်း သူ့ကို ထပ်မြင်ချင်ရုံပါ"
ဟုတ်ပါသည် သူမလည်း ကြွယ်၀ချမ်းသာသော ဧကရီဖြစ်ချင်သည်။ အဲဒါက သူမဖြစ်ချင်တိုင်း ဖြစ်နိုင်တဲ့ အရာတစ်ခုမှမဟုတ်ဘဲ။
သူ့သမီးက ပန်းပွင့်လေးနဲ့ တူတယ်လို့ ရှဲ့နျိုရှန်း တွေးသည်။ ဘယ်လိုယောကျာ်းမျိုးက သူမနဲ့ မထိုက်တန်တာ ရှိမှာလဲ။
အခု သူမက အိမ်ရှေ့စံမင်းသားကြည့်ကောင်းတယ်လို့ ချီးကျူးတာကြားလိုက်ရတော့ ရှဲ့နျိုရှန်း လေးနက်သွားသည်။
"အိမ်ရှေ့စံမင်းသားက သမီးလက်ထပ်ချင်တိုင်း
လက်ထပ်လို့ရမယ့်သူမဟုတ်ဘူး .. ဒီလိုဆိုရင်ရော သမီးအဖေ အဖေက အခု ပြောပေးမယ် နောက်တစ်ရက် အဖေ ရှင်ဘုရင်ကို အကြံပေးလိုက်မယ် အိမ်ရှေ့စံမင်းသားက ဇနီးမရှာနိုင်တော့ သူ့ကောင်းချီးပေးနိုင်မယ်ထင်တယ်"
ရှဲ့ချောင် ရယ်လိုက်သည်။ "ရှင်ဘုရင်ကလည်း ဓားပြတစ်ယောက်ဖြစ်တဲ့ အဖေက အိမ်ရှေ့စံမင်းသားကို သူ့သမက်အဖြစ် ပြောနေတာပဲလို့တွေးနိုင်တယ် ဒါက အမျက်ဒေါသထွက်စရာပဲ သူ ဒေါသထွက်သွားရင် ချက်ချင်း အဖေ့ကို ခေါင်းဖြတ်လိုက်လိမ့်မယ်"
ရှဲ့နျိုရှန်း ရုတ်တရက် လည်ပင်းထက် ကြက်သီးထလာတာကို ခံစားလိုက်ရသည်။
အဲဒါတော့အမှန်ပင်။
ရှင်ဘုရင်အိုကြီး ဘာတွေတွေးနေလဲဆိုတာ ခန့်မှန်းဖို့ ခက်ခဲသည်။
"ဒါဆို အိမ်ရှေ့စံမင်းသား လှုပ်ရှားမှုတွေကို အဖေသမီးအတွက် စုံစမ်းပေးမယ် သမီး အဲဒါနဲ့အလုပ်ဖြစ်မလား"
ရှဲ့နျိုရှန်း ဇွဲကောင်းတုန်းပင်။
ရှဲ့ချောင် ခေါင်းခါလိုက်သည်။
"အဖေ ကျွန်မတို့ ဒီကိစ္စနောက်မှပြောကြမယ်"
"သမီး အရင်ကထက်ပိုပြီး ကြည့်ကောင်းလာ
တယ်လို့ အဖေမြင်တယ် သမားတော်ဆီ သွားပြသေးလား"
ရှဲ့နျိုရှန်း စကားခေါင်းစဉ်အားပြောင်းပြီး သူ ပိုပြီး အလေးအနက်ထားလာသည်။
သေချာပေါက် သူ သခင်မဖုန်အကြောင်းပဲ တွေးနေမိတာကို ရှဲ့ချောင် မသိပေ။ ထို့ကြောင့် ရှဲ့နျိုရှန်း အပြစ်ရှိစိတ်နဲ့အတူ ကြောက်ရွံ့မိသည်။
ထိုကြောက်ရွံ့မှုကြောင့် သူ့သမီးအကြောင်း ပိုပြီး အာရုံစိုက်ရသည်။
ရှဲ့ဖင်းကန်းလည်း အလားတူ တုံ့ပြန်၏။
"ဒီနေ့ ညီမလေးချောင်းဆိုးတာကိုမကြားရဘူး
ထင်တယ်"
"ဟုတ် သိပ်မကြာသေးခင်က သမီး ပိုသက်သာလာတယ်"
ရှဲ့ချောင် နှုတ်ခမ်းစေ့ထားပြီး ခေါင်းညိတ်ပြလိုက်သည်။
သူမ ဘယ်လိုလုပ် နေမကောင်းဘဲနေမလဲ။
မကောင်းဆိုးဝါးဝိဉာဉ်ပေါင်းများစွာ ဖမ်းဆီးပြီး မရေတွက်နိုင်သော ကောင်းမှုတွေအား လုပ်ပြီးနောက် တကယ်ပဲ အနည်းငယ် ပင်ပန်းပေမယ့် သူမ စိတ်ဝိဉာဉ်ကတော့ ပိုကောင်းသထက် ကောင်းလာသည်။
ရှဲ့နျိုရှန်း အလွန်ပျော်သွားသည်။
"ကြည့်ရတာ အဖေတို့မိသားစု အောင်မြင်လာတော့မယ်ထင်တယ် ကြည့် .. ပျော်စရာကိစ္စတွေက တစ်ခုပြီးတစ်ခုဖြစ်လာနေတယ် အို ဟုတ်သားပဲ အဖေလည်း ဆုလာဘ်တော်ရလာတယ် အဖေရလာတဲ့ ငွေနဲ့ဆို မိသားစုက အဆင်ပြေပြီပဲ"
သူက ဘာလို့ ရှဲ့ချောင်လို သမီးလေးကို မပံ့ပိုးပေးနိုင်ရမှာလဲ။
ရှဲ့နျိုရှန်း ငွေချောင်း ၁၀၀၀ရခဲ့သည်။ သို့ပေမယ့် သူအပြင်ထွက်တဲ့အခါ ငွေချောင်း ၃၀၀၀၊ ၄၀၀၀လောက် ပြန်ပါလာသည်။
သူကိုယ်တိုင်က ဓားပြတစ်ယောက်ဖြစ်သည်။ သေချာပေါက် ဓားပြတစ်ယောက်က သူတို့ငွေတွေကို ဘယ်နေရာမှာဖွက်ရတာကြိုက်လဲဆိုတာ
သူ သိသည်။ သူ ဓားပြတွေအား သုတ်သင်ရန် သွားတဲ့အခါ သူတို့ရဲ့သားရဲတွင်းကနေ အဓမ္မလုယူနိုင်ခဲ့သည်။
ဓားပြတောင်ဆိုတာ စစ်သားများစွာ၀န်းရံထားပြီး စစ်ဆေးကြတဲ့ နေရာပင်ဖြစ်သည်။ အထဲမှာရှိတဲ့ ရတနာက အကန့်အသတ်မရှိတာ သိသာသည်။
နောက်ထပ်ငွေဖြစ်တဲ့ ပိုက်ဆံ နှင့် ပိုင်ဆိုင်မှုတွေအား နန်းတွင်းတရားရုံးတော်ဆီ လက်လွှဲပေးရသည်။ ရှဲ့နျိုရှန်း ရထားတာအတွက်က သူ့ရဲဘော်ရဲဘက်တွေနှင့် မျှယူသည်။ သူက ခေါင်းဆောင်ဖြစ်တာကြောင့် အနည်းဆုံး ငွေချောင်း ၂၀၀၀မျှရသည်။
ပိုက်ဆံအရေအတွက်က များပြီသားပင်။
တစ်ချို့စီးပွားရေးလုပ်ငန်းရဲ့ ပုံမှန်၀င်ငွေနှင့် နှိုင်းယှဉ်လို့ရသည်။
ရှဲ့မိသားစုက အရင်က ကောင်းမှုပြုလုပ်နိုင်ခဲ့သည်။ မိသားစုမှာ ပိုင်ဆိုင်မှုများစွာရှိပြီး အဓိက,က လူရိုင်းတွေကြောင့်ဖြစ်သည်။
ရှဲ့ချောင် အခု တကယ်ပဲ ပိုက်ဆံလိုအပ်ခြင်းမရှိပေ။
သူမ ဘာသာ ပိုက်ဆံများစွာရှာဖွေနိုင်ပြီး သူမအဖေက သူမကိုဂရုစိုက်ပေးတာလိုချင်ရင် သူ့ကို နှောင့်ယှက်ရန်သာ ဖြစ်သည်။
အခု သူမအဖေကအလွန်သားနားနေတာတွေ့တော့ သူမ ထုတ်ပြောလိုက်သည်။
"အဖေ အခုပြန်ရောက်လာပြီဆိုတော့ ပထမဦးလေး စာရဖို့အတွက် မကြာတော့ဘူးထင်တယ် အဖေ့အစ်ကိုကို ဂရုစိုက်တယ်ဆိုပေမယ့် အဖေ့လက်ထဲက ငွေ ကြာကြာမခံလောက်မှာကို ကျွန်မစိုးရိမ်တယ် အဖေ ထပ်ပြီးပေးရလိမ့်မယ်"
••••