← Chapters

ကိုယ်ပိုင်ပိုက်ဆံ။ 

Vol. 28 Ch. 531

ကိုယ်ပိုင်ပိုက်ဆံ။ 

Vol. 28 Ch. 531

ရှဲ့ချောင် စကားကြားတဲ့အခါ ရှဲ့နျိုရှန်း ခနဲ့လိုက်သည်။ 

"သမီးဦးလေးက တကယ်ပဲလောဘကြီးတယ် ဒါပေမယ့် သူက သူ့ဂုဏ်သိက္ခာလည်း လိုချင်သေး

တယ် ဒီနှစ်တွေမှာ အဖေနဲ့ သခင်မလုပဲ သူ့ကို ငွေတွေ ပို့ပေးခဲ့တာ ဘယ်တုန်းကများ အဖေ သူ့ကို ငွေလာယူခိုင်းလို့လဲ" 

ရှဲ့နျိုရှန်း ခေါင်းခါလိုက်သည်။ 

သူ့အစ်ကိုကြီးက ဘယ်လိုလုပ် သူ့အိမ်တံခါး၀ဆီ ရောက်လာမှာလဲ။ 

မိသားစုက ဘာမှစားစရာမရှိတော့ဘဲ မွဲတေမသွားခင်အထိပေါ့။ 

"အဲဒီလိုလား ဒါဆို သမီး အဖေနဲ့လောင်းမယ် သူက အဖေ့ဆီ နှစ်ရက်အတွင်း လာလည်မယ်ဆိုရင် အဖေရှာထားတဲ့ ပိုက်‌ဆံတွေအားလုံး .. ရှီအာရမယ် တကယ်လို့ သူ လာမလည်ဘူးဆိုရင် သမီး အဖေ့ကို ငွေ တစ်သောင်းပေးမယ်" 

ရှဲ့ချောင် ပြုံးကာဖြင့်ပြောလိုက်သည်။ 

"ငွေ တစ်သောင်း .." ရှဲ့နျိုရှန်း အထင်သေးစွာဖြင့် ပြောလိုက်သည်။ "သမီးမှာ ငွေတစ်သောင်းရှိတာလား" 

သူ့မှာတောင် အဲဒီလောက်ငွေမရှိပါ။ 

ရှဲ့ချောင်က ချမ်းသာသည်။ 

ကြမ္မာဥယျာဥ်က အလကား တည်ဆောက်ထားတာမဟုတ်ပေ။ 

အခု ဆရာမမော့ဂုဏ်သတင်းက ကြီးမားပြီး

ဗေဒင်ဟောရန် ငွေလိုအပ်သည်။ တစ်ခါတစ်လေ အဆောင်များနှင့် တရားဓမ္မတူရိယာများ ပါ၀င်ပြီး ဈေးမပေါလှပေ။ တကယ်လို့ သူမ တစ်ခုပဲ ရောင်းချနိုင်မယ်ဆိုရင်တောင် ၀င်ငွေက များလှသည်။ 

မင်သား နင်းပေ့နှင့် လီမိသားစုလို ဖောက်သည်ဟောင်းတွေနှင့်အတူ ထိုမကောင်းဆိုးဝါးဝိဉာဉ်တွေဆီက ၀န်ဆောင်ခတွေကြောင့် ပေါင်းလိုက်လျှင် များပြားလှသည်။ 

ထို့အပြင် သူမ၏ မောင်နှမအငယ်များအတွက် သိမ်းဆည်းထားသော အိမ်ထောင်ရေး လက်ဆောင်များနှင့် ခန်းဝင်ပစ္စည်း မပါဝင်သေးပေ။ 

ရှဲ့ချောင်မှာ တကယ်ပဲ ငွေတစ်သောင်းရှိသည်။ 

"ကျွန်မမှာ တကယ်ငွေရှိတယ် ဒါပေမယ့် ဘယ်လိုရလာလဲဆိုတာတော့ အဖေ့ကိုမပြောပြနိုင်ဘူး အဖေ ဒီအတိုင်း ကျွန်မကိုပြောပါ အဖေ တကယ်ပဲ လောင်းရဲလား" 

ရှဲ့ချောင် နူးညံ့စွာဖြင့်ပြောပြီး သူမ မျက်နှာထားက ထိုအချိန်မှာ အလွန်အန္တရာယ်ကင်းလှသည်။ 

ရှဲ့နျိုရှန်း အမြင်မှာတော့ သူမက ကြောင်ပေါက်လေးနှင့်တူသည်။ 

"ဘာကြောက်စရာရှိလို့လဲ အဖေက သမီးရဲ့အဖေပါ ဒီကမ္ဘာမှာ အဖေ့စကားတွေက ထိရောက်မှုအရှိဆုံးပဲ သမီးက ဒီအတိုင်းကောင်မလေးတစ်ယောက်ပဲ သမီးဦးလေးကို ဘယ်လောက်များ သိနိုင်မှာမလို့လဲ သမီးထက် သူ့အကြောင်းကို အဖေပိုသိတယ်" 

ရှဲ့နျိုရှန်း အလွန်ဂုဏ်ယူနေသည်။ 

ရှဲ့ချောင်နှုတ်ခမ်းထောင့်က ကွေးညွတ်သွားသည်။ 

သူမ ဖမ်းမိသွားပြီပင်။ 

"အားလုံး မျက်မြင်သက်သေတွေရှိတယ်နော်" 

ရှဲ့ချောင် သူမအစ်ကိုကြီး၊ မောင်လေးနှင့် ညီမလေးတို့အား ပြောလိုက်သည်။ 

ပိုက်ဆံ ရှဲ့ရှီကိုပေးမှာ အကြောင်းအရင်းရှိသည်။ 

သခင်မလုရှိနေတုန်း ရှဲ့ရှီက တကယ်ဆင်းရဲနွမ်းပါးလှသည်။ ထို့ကြောင့် သူမမှာ ကပ်စေးနှဲသော ပင်ကိုယ်စရိုက်ရှိသည်။ ရှဲ့ရှီက ပိုက်ဆံကိုသဘောကျတော့ မိသားစုထဲမှာ သူမကို ပိုက်ဆံထိန်းသိမ်းခိုင်းတာက ပြဿနာမရှိပေ။ 

ထိုအရာများကို ထိန်းသိမ်းတာကလည်း ကောင်းကျိုးရှိသည်။ သူမ‌သာ ရှေ့ဆက်ထိန်းသိမ်းသွားနိုင်မယ်ဆိုရင် သူမ အနာဂတ်မှာ အိမ်ထိန်းကောင်း ဖြစ်လာနိုင်သည်။

ထို့အပြင် သူမလက်ထဲမှာ ပိုက်ဆံအများကြီးရှိနေသည်။ တခြားလူတွေ သူမကိုပေးတဲ့ပိုက်ဆံတွေအားကြည့်လိုက်လျှင် ရှားပါးတယ်လို့ မထင်ရပါ။ 

ရှဲ့ချောင်မှာရှိတာက ကိုယ်ပိုင်ပိုက်ဆံဖြစ်သည်။ အရင်းအမြစ်က .. မမှန်ကန်ပေ။ သူမ ရှဲ့ရှီကို ပိုက်ဆံထိန်းသိမ်းခိုင်းရင် သူမအဖေရှာထားတဲ့ပိုက်ဆံကိုပါ ထိန်းသိမ်းရမည်။

ရှဲ့နျိုရှန်း အမြဲတမ်းသူ့ကတိစကားကို ထိန်းသိမ်းတာကြောင့် သူ လိမ်လည်မှာကို ရှဲ့ချောင် စိုးရိမ်စရာမလိုပေ။ 

တခြားတစ်ဖက်တွင် ရှဲ့ရှီ ရှုပ်ထွေးသွားသည်။ 

ရှဲ့နျိုရှန်း အနားယူရန် သူ့အခန်းထဲ သွားပြီးနောက် ရှဲ့ရှီ ရှဲ့ချောင်အားကြည့်ပြီး ဂရုတစိုက်မေးသည်။ 

"ညီမထိန်းသိမ်းထားတဲ့ပိုက်ဆံက .. ဆုံးရှုံးသွားလိမ့်မယ်" 

သူမ ကိုယ်ပိုင်ငွေကိုတောင် မရှာနိုင်သေးပေ။ 

"နင် ဘယ်လောက်ဆုံးရှုံးထားလို့လဲ မှတ်မိလား" 

ရှဲ့ရှီ ခဏလောက်တွေးတောပြီး ပြောသည်။ 

"ငွေစ ၃၀၀၀ ညီမရှာမတွေ့ဘူး" 

ရှဲ့ချောင် အံ့ဩသွားသည်။ 

"ဒါက ငွေနည်းနည်းလေးမှမဟုတ်တာ .. အရင်က သခင်မလု နင့်ကို ဒီလောက်ငွေအများကြီးပေးတာလား" 

ရှဲ့ရှီ ခေါင်းခါပြသည်။ 

"ညီမ .. ဘာသာရှာထားတာ" ရှဲ့ရှီက အရှက်သည်းနေသည်။ "အခု .. ညီမမှာ ငွေစ ၉၀၀ မှတ်ထားတာ ရှိသေးတယ်" 

သူမ ဖြည်းဖြည်းချင်းပြောသည်။ သူမအသံက တိုးဖျဖျလေးဆိုသော်လည်း တိကျပြတ်သားလှသည်။ 

သို့ပေမယ့် ရှဲ့ချောင်ကတော့ ပြောစရာစကားမရှိအောင် ဆွံ့အသွားသည်။ 

သူမ စာရင်းစာအုပ်အားစစ်ဆေးကြည့်လိုက်သည်။ သခင်မလုရှိတုန်းက သူမ ရှဲ့ရှီကို လတိုင်း ငွေစ၂၀ ပေးတယ်လို့ဆိုသည်။ သို့သော်လည်း တကယ့်လက်တွေ့မှာတော့ ထိုငွေစ၂ဝထဲ များစွာ

ပါ၀င်နေသည် ..။ 

ဥပမာဆိုရလျှင် ရှဲ့ရှီ၏ နေ့စဉ်စားသုံးသောမုန့်နှင့် လက်၀တ်ရတနာတစ်ချို့တို့ပင်ဖြစ်သည်။ အကြိမ်ပေါင်းများစွာ သခင်မလုက လက်၀တ်တန်ဆာ အပေါစားတစ်ချို့၀ယ်ပေးပြီး ရှဲ့ရှီကိုပေးသည်။ သို့ပေမယ့် လက်တွေ့မှာတော့ ပိုက်ဆံကို အများငွေစာရင်းကနေ မယူထားပေ။ အဲဒီအစား ရှဲ့ရှီ၏ လစဉ်ငွေကနေ နှုတ်ယူထားတာဖြစ်သည်။ 

•••••

All Chapters