ချမ်းသာတယ်။
Vol. 28 Ch. 532
စကားတစ်ချို့အရဆိုလျှင် ရှဲ့ရှီ၏ တကယ့်လစဉ်ငွေက ပျှမ်းမျှ ငွေ ၂စကနေ ၅စအထိသာရှိသည်။
သူမ တစ်နှစ်စုဆောင်းမယ်ဆိုရင်တောင် ငွေစအနည်းသာရမှာဖြစ်သည်။ ဆောင်းရာသီ အ၀တ်ပွဲတော်တုန်းက သူမ အိမ်အဟောင်းကို သွားခဲ့စဉ်တွင် ရှဲ့ရှီက ပိုက်ဆံတစ်ချို့ရှာဖွေနိုင်ခဲ့သော်လည်း ယခုလောက်အထိ မများနိုင်။
ရှဲ့ချောင် သူမညီမကို ပြန်လည်စစ်ဆေးရန် လိုအပ်ပြီဟု တွေးမိသည်။
ရှဲ့ချောင်အကြည့်အောက်ကနေ ရှဲ့ရှီက ပိုလို့တောင်ခေါင်းငုံ့ထားပြီး စိတ်လှုပ်ရှားနေဟန်။ သူမလက်ထဲက လက်ကိုင်ပုဝါအား ဖျစ်ညှစ်ပြီး ဘာမှမပြောပေ။
"ရှီအာ နင့်လက်ထဲမှာ ငွေစ၂၀၀ရှိတာကလုံလောက်တယ်လို့တွေးတယ် နင် ဒီလောက်အများကြီး စုမိလိမ့်မယ်လို့ မထင်ထားဘူး အဲဒီလို
သာဆိုရင် နင် ငါတို့မိသားစုရဲ့ ငွေကိုထိန်းသိမ်းဖို့ဆို ပိုပြီးတောင် သင့်လျော်လိမ့်မယ်"
ရှဲ့ချောင် ရှဲ့ရှီအား နူးညံ့သောအကြည့်ဖြင့်ကြည့်လိုက်သည်။ သူမ ဒီညီမကို တကယ်နှစ်သက်သည်။
သူမက လိုက်နာပြီး ချစ်ဖို့ကောင်းသည်။
"ညီမ .. ပျောက်သွားစေလိမ့်မယ်"
ရှဲ့ချီ အလွန်ရှုပ်ထွေးနေသည်။
သူမ ငွေအားလုံးကို ဘယ်နေရာမှာ ဖွက်ခဲ့မိတာလဲ။
"ပျောက်သွားလည်း ကိစ္စမရှိဘူး ငါတို့မှာအဖေရှိတယ် သူ ပိုက်ဆံပိုရှာလိမ့်မယ်"
ရှဲ့ချောင်က တည်ငြိမ်နေပြီး တာ၀န်၀တ္တရားများအား လူအိုကြီးဆီ တွန်းပို့လိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် နင် ဒီလောက်ငွေအများကြီးကို ဘယ်လိုစုလိုက်တာလဲဆိုတာ ပြောပြလို့ရမလား"
ရှဲ့ရှီက သူမကိုမပြောပြချင်ဘူးဆိုလျှင် ရှဲ့ချောင် ဆက်မေးမှာမဟုတ်ပေ။
သို့သော် ရှဲ့ရှီအကြည့်ထဲမှာ ငွေတည်နေရာထက်
တခြားဘာကမှ လျှို့ဝှက်ချက်မဟုတ်မှန်း သိရသည်။
"ညီမ အစ်ကို့ဆီကရခဲ့တာ ပြီးတော့ လက်ကိုင်ပုဝါတွေလည်း ရောင်းတယ်"
ရှဲ့ရှီ ရှက်နေသည်။ ရှဲ့ချောင် ရှုပ်ထွေးသွားပြီး "လက်ကိုင်ပုဝါ .."
ရှဲ့ချောင် ရှဲ့ရှီ၏ မိန်းကလေးအစေခံအားကြည့်လိုက်သည်။
မိန်းကလေးအစေခံနှင့် ရှဲ့ရှီ စိတ်က ဆင်တူလှသည်။ နှစ်ယောက်လုံးက ဂရုတစိုက်ရှိကြသည်။
"ကျွန်မတို့ သခင်မလေးက ကျွန်မကို ငွေပေး
တယ် အဲဒီမှာ ၀င်းကိုငှားဖို့အတွက် ကျွန်မအစ်ကိုကိုပြောတယ် အဲဒီမှာ အပ်ချုပ်သမအနည်းငယ်လည်း နေကြတယ် လတိုင်း သခင်မလေးက သူတို့ကို လက်ကိုင်ပုဝါတစ်ချို့ ချုပ်လုပ်ခိုင်းပြီး ရောင်းချဖို့အတွက် ကျောင်းဆီ ပို့တယ်"
ထိုသို့ပြောပြီးနောက် ရှဲ့ချောင် နားလည်သွားပြီး ပိုလို့တောင် ထိတ်လန့်သွားသည်။
ကျောင်းက ကျောင်းသားများတွင် လက်ကိုင်ပုဝါများစွာ အသုံးပြုကြသည်။ ထို့နောက်တွင် မှင်ကျောက်တုံး မှောက်သွားသည့် အဖြစ်အပျက်များလည်း မကြာခဏရှိခဲ့သည်။
ကျောင်းမှာ ငွေစေ့တွေနှင့် ၀ယ်ယူနိုင်သော လက်ကိုင်ပုဝါရောင်းတဲ့ ဆိုင်ငယ်လေးများ ရှိသည်။
ထိုငွေစေ့များက ရှာဖွေဖို့ခက်ခဲပေမယ့် ရှဲ့ရှီက ပုံစံအသစ်ဖြစ်ပြီး လှပသော လက်ကိုင်ပုဝါများနှင့် ပြင်ဆင်ထားတာကြောင့် အဲဒီမှာရောင်းတဲ့ ရောင်းချသောပစ္စည်းများက ပိုဈေးကြီးပြီး ကျောင်းကနေ ငွေစေ့မဟုတ်ဘဲ ငွေကျသင့်သလောက် သူတို့က ၀ယ်ယူချင်ကြသည်။
ရှဲ့ချောင်က ယုံကြည်ချက်ခိုင်မာသည်။
သူမလုပ်ခဲ့တာက ထိုကောင်မလေးများအတွက် အရေးပေါ်ကိစ္စများကို ဖြေရှင်းပေးခဲ့ရုံသာမက သူမအတွက် ပိုက်ဆံပါ ၀င်လာသည်။
"နင် .." ရှဲ့ချောင် တစ်စုံတစ်ခုအား ပြောချင်ပေမယ့် တုံ့ဆိုင်းမိသည်။ နောက်ဆုံးမှာ သူမ ဒီအတိုင်း "တော်တယ် .. ထက်မြက်တာပဲ"
ပိုက်ဆံရှာတာ ဘာများမှားနေလို့လဲ။
ရှဲ့ရှီက ရှက်နေပြီး အနည်းငယ် ရှက်သွေးဖြာနေသည်။
"ငါတို့အဖေ ရှုံးနိမ့်တာကို လက်ခံပြီးရင် နင်က ငါတို့မိသားစုရဲ့ စီးပွားရေးနဲ့ ပိုက်ဆံအတွက် တာ၀န်ရှိသူဖြစ်လာမှာ ငါတို့အဖေက အရာရှိတစ်ယောက်မလို့ ဆိုင်ခန်းတွေနဲ့ပတ်သက်ပြီး စီးပွားရေး ကြီးကြီးမားမားလုပ်လို့မရဘူး ဒါပေမယ့် ငှားရမ်းတဲ့ကိစ္စတွေနဲ့ လယ်တွေက ရှုပ်ထွေးတယ် ညီမလေး နင်ပိုပြီးသင်ယူသင့်တယ်"
ရှဲ့ချောင်က ဖြည်းညှင်းစွာပြောနေပြီး သူမအသံက တည်ငြိမ်လှသည်။
ရှဲ့ရှီ အစက အနည်းငယ်တုံ့ဆိုင်းနေပေမယ့် သူမ ရှဲ့ချောင်မျက်၀န်းများအားတွေ့တော့ ခိုင်မာစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
သူမအဖေ သေချာပေါက်ရှုံးနိမ့်လိမ့်မည်။
သူမ ချမ်းသာလာနိုင်သည်။
နောက်တစ်ရက်တွင် ရှဲ့နျိုရှန်း မရှုံးနိမ့်ခင် အိမ်တော်ထိန်းနှင့် တခြားလူများက ရှဲ့ရှီကို ၀န်းရံထားပြီး မိသားစုစီးပွားရေးအခြေအနေများအား သူမကို ရှင်းပြသည်။
ရှဲ့မိသားစုမှာ လက်ရှိ ဆိုင်ခန်းငါးခန်းရှိနေပြီး သုံးခန်းက နှစ်သစ်အတွင်းမှာ ငှားရမ်းထားတာဖြစ်သည်။ သို့ပေမယ့် မိသားစုသုံးစွဲစရိတ်က ကြီးမားတာကြောင့် ငှားရမ်းခအများစုက
ငွေစာရင်းမှာ ဖြေရှင်းဖို့အတွက် အသုံးပြုရသည်။
သူနဲ့ သူ့အစ်ကိုရဲ့ ကိုယ်ပိုင်ပိုက်ဆံထက် သူတို့မှာ ငွေထောင်ချီလောက်သာ ရှိသည်။ သက်တမ်းတစ်ရာကျော်ရှိသော မင်းမျိုးမင်းနွယ်များနှင့် နှိုင်းယှဥ်ကြည့်လျှင် နှိုင်းယှဉ်၍မရနိုင်ပေ။
အိမ်တော်ထိန်းက သူတို့ရှုံးတော့မယ်လို့ တစ်ယူသန်မှတ်ယူထားတာကိုတွေ့တော့ ရှဲ့နျိုရှန်း စိတ်ညစ်သွားရသည်။
သူ့အစ်ကိုကြီးက တစ်ခါမှ ပိုက်ဆံမတောင်းဖူးပါ။ ဘာလို့ အိမ်တော်ထိန်းက သေချာနေရတာလဲ။
••••