ဆင်းရဲခံစားရပြီးနောက် ပျော်ရွှင်မှုရောက်လာတယ်။
Vol. 28 Ch. 533
ရှဲ့နျိုရှန်း နားမလည်နိုင်ပေ။ သူက အလွန်ဒေါသထွက်နေပြီး တစ်မနက်လုံး စိတ်ဆိုးနေသည်။
အိမ်တော်ထိန်း၏ ပျော်ရွှင်နေသာ မျက်နှာထားအားတွေ့တော့ တိတ်တဆိတ် ဒေါသထွက်မိသည်။
"မင်းလက်ထဲမှာ ဘာကိုင်ထားတာလဲ ငါသေချာပေါက် ရှုံးမယ်လို့ထင်နေတာလား"
သူ့သမီးနဲ့ လောင်းထားတာဖြစ်တဲ့အတွက် သူ မတွက်ချက်သင့်ပေမယ့် သူ့ရဲ့ ဒီယုတ်ညံ့တဲ့မိသားစုက တကယ် မယူလောက်ဘူးမလား။
"သခင်ကြီး အကြီးဆုံးသခင်မလေး ပြောတာမှန်ပါတယ်"
အိမ်တော်ထိန်းက လေးစားပေမယ့် သူ့စိတ်ထဲမှာ ရှဲ့နျိုရှန်းက အရူးတစ်ယောက်လို့ပဲ တွေးမိသည်။
ကံကောင်းစွာဖြင့် အကြီးဆုံးသခင်မလေးက အခု တာ၀န်ရှိသူဖြစ်တာကြောင့်ပင်။ မဟုတ်လျှင် ဘယ်လိုလုပ် ချမ်းသာတဲ့မိသားစု ဖြစ်လာမှာလဲ။ သူ၏ချမ်းသာမှုများအား သွားပေးနိုင်လောက်သည်။
"အဓိပ္ပါယ်မရှိတာ ငါ့စကားတွေက အဲဒီကောင်မလေးပြောတာထက် ပိုမှန်တယ် .."
သူ စကားမဆုံးခင်မှာ တစ်စုံတစ်ယောက် အိမ်တံခါးဆီရောက်လာသည်။
"သခင်ကြီး ပထမသခင်ကြီးနဲ့ သခင်မကြီးတို့ရောက်နေပါတယ်"
ရှဲ့နျိုရှန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီတစ်ခါ သူတို့ဘာလို့ရောက်လာတာလဲ။
တစ်စုံတစ်ခု မူမမှန်တာကို ရှဲ့နျိုရှန်း ခံစားမိသည်။ တစ်ခုခုဖြစ်နေတာလား .. ဒါပေမယ့် သူက ဘာမှမသိတာလဲ။
အခု အားလုံးဒီမှာရှိနေတာကြောင့် သူ နှင်ထုတ်လို့
မရပေ။ သူ အရှက်မရှိဘူးလို့ ထင်ခံရမှာဖြစ်တာကြောင့် သူခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
"သူတို့ကို အထဲခေါ်လိုက်"
အိမ်တော်ထိန်း သက်ပြင်းချလိုက်သည်။
"သခင်ကြီး ၀န်ထုပ်၀န်ပိုးမဖြစ်ပါနဲ့"
ထိုအချိန် အဖွားအိုကြီးက သူမ တုတ်ချောင်းအား မှီခိုထားရပြီး ရှဲ့မန်ရှန်းနှင့် ရှဲ့ချုံရှန်းတို့က သူမအနားမှာရှိနေသည်။
သုံးယောက်လုံးက ဟောင်းနွမ်းစွာ ၀တ်ဆင်ထားပြီး သူတို့မျက်နှာက ကြောက်စရာကောင်းလှသည်။ သူတို့ပုံစံက အထူးသဖြင့် အဖွားအိုနှင့် ရှဲ့
မန်ရှန်းတို့က အနည်းငယ် စုတ်ချာနေသည်။ သူတို့ အများကြီး ပိန်ကျသွားသည်။
ဒီတစ်ခါ သူတို့ ၀င်လာတော့ရိုကျိုးနေကြသည်။
သူတို့ တံခါး၀မှာ အိမ်စေနှင့် မျက်နှာချင်းဆိုင်ရတဲ့ အချိန်မှာတောင် သူတို့က ပြုံးနေပြီး အလွန်နှိမ့်ချနေသည်။
ဒီရက်တွေထဲ မလွယ်ကူတာ မှန်ကန်သည်။
သူတို့ ဒဏ်ကြေးပေးပြီးနောက် အိမ်က လုံး၀ပြောင်သလင်းခါသွားသည်။ ရှဲ့ချုံရှန်း အပြင်ကနေ ငွေစ၅၀ ချေးထားပြီး မိသားစုက ကျန်ရှိနေတဲ့ ငွေ၁၀စကို အသုံးပြုရသည်။
သို့ပေမယ့် မိသားစုထဲ မိသားစု၀င်များပြားလှ
သည်။
လူကြီးများနှင့် ကလေးတွေရှိတာ မှန်သည်။ ထပ်ပြီးတော့ သူတို့တွေက ဖြုန်းတီးမှုကနေ ခြိုးခြံချွေတာမှုအထိ ဖြတ်ကျော်ခဲ့ပြီးပြီပင်။ သူတို့တွေ နေ့တိုင်း အသားမစားရဲပေ။ ရလဒ်အနေနှင့် မိသားစုထဲက ကလေးများက စိတ်ဆိုးဒေါသထွက်ကြသည်။ အမြဲတမ်း ရန်ဖြစ်ကြပြီး ပြဿနာရှာကြသည်။
ငွေ၁၀စ ကုန်တာလည်း အလွန်မြန်သည်။ လွန်ခဲ့တဲ့နှစ်ရက်တည်းက ကုန်သွားတာပင်။ သူတို့က ပထမသားက သမီး ချွင်းအာကို လက်ထပ်ပေးပြီး ပိုက်ဆံတစ်ချို့နှင့် လဲလှယ်ရန် စဉ်းစားနေတာဖြစ်သည်။
သို့ပေမယ့် အစက ရှဲ့ချွင်းအာကို တန်ဖိုးထားသော မိသားစုက ဒုက္ခရောက်နေသည်ကို တွေ့
လိုက်ရသောအခါ အိမ်ထောင်ရေး ခန်းဝင်ပစ္စည်းအဖြစ် ငွေဆယ်စကိုပဲ ပေးဆောင်ရန် ဆန္ဒရှိမည်လို့ ဘယ်သူသိမှာတဲ့လဲ။
ငွေ၁၀စက ဘယ်လိုလုပ်လုံလောက်မှာလဲ။
အရင်ကဆို အဖွားအိုက ငွေချောင်းရာချီပေးမယ်ဆိုရင်တောင် လက်ထပ်ပွဲကို လက်မခံပေ။
ထိုမိသားစုက ကလေးက တကယ်ပဲ ရှဲ့ချွင်းအာကို သဘောကျနှစ်သက်သောကြောင့်ဖြစ်သည်။ မဟုတ်လျှင် သူတို့တွေ ငွေ၁၀စပဲပေးရင်တောင် သူမကို ထိုမိသားစုထဲ လက်ထပ်ပေးဖို့ ဆန္ဒမရှိပေ။
ရှဲ့မန်ရှန်းနှင့် တခြားလူတွေလည်း လွန်ခဲ့သောနှစ်ရက်တည်းက ဈေးညှိနေကြတာဖြစ်သည်။
သူတို့ဆွေးနွေးနေတုန်း ရှဲ့နျိုရှန်း ပြန်ရောက်လာတာဖြစ်သည်။
မျှော်လင့်ချက် ရှိလာပြီပင်။ ထိုအချိန် သူတို့သုံးယောက် မျက်၀န်းများက တောက်လောင်နေသော ဆန္ဒများဖြင့် ဖြာထွက်နေသည်။ သူတို့ပုံစံက ဆာလောင်နေသော ဝံပုလွေများအတိုင်းပင်။
သူတို့တွေ အိမ်ထဲလျှောက်လာကြရင်း သူတို့အချိန်အကြာကြီး လွမ်းဆွတ်နေခဲ့တဲ့ လူအားတွေ့လိုက်ရသည်။
အဖွားအိုက မျက်ရည်ဝဲနေသည်။
"အမေ့သား .. သား ပြန်ရောက်လာပြီလား"
ရှဲ့နျိုရှန်း ထိတ်လန့်သွားသည်။ အရင်ဆုံး သူ့အမေအသံက ငိုသံပေါက်နေသည်။ ကြောက်စရာကောင်းလှသည်။ ဒုတိယအနေနှင့် .. နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် ဒါက သူ့အမေ သူ့ကို များစွာလွမ်းဆွတ်နေသံအား ပထမဆုံးအကြိမ်ကြားဖူးတာဖြစ်သည်။
ထူးဆန်ပေမယ့် ရှဲ့နျိုရှန်းက အိုနေပြီပင်။ ထိတ်လန့်တာထက် သူဘာမှမခံစားရပါ။ သို့ပေမယ့် သူ သိချင်မိသည်။ ဘာ .. ဘာတွေဖြစ်နေတာလဲ။
"အမေ ဒီလိုတွေပြုမူရအောင် ဘာတွေဖြစ်နေတာလဲ"
ရှဲ့နျိုရှန်း တည့်တိုးပြောလိုက်သည်။
"သား သားအမေ့ကိုကူညီရမယ် အမေ့ဘ၀မှာ ဆင်းရဲဒုက္ခ အများကြီးခံပြီးသွားပြီ အမေ သားနဲ့ မြို့တော်ကိုလိုက်လာတည်းက ဆင်းရဲဒုက္ခခံပြီးတော့ ပျော်ရွှင်မှုရောက်လာတယ် ဒါပေမယ့်အခု အမေ့ ပိုက်ဆံတွေအားလုံး ဆုံးရှုံးသွားပြီ အမေဗိုက်ဆာလွန်းလို့ အမေ့ရင်ဘတ်က ကျောနဲ့တောင် ကပ်နေပြီ"
••••