← Chapters

ဘာလို့ကိုယ့်ဘာသာမလုပ်လဲ။

Vol. 28 Ch. 535

ဘာလို့ကိုယ့်ဘာသာမလုပ်လဲ။

Vol. 28 Ch. 535

အိမ်တော်ထိန်း စကားပြောပြီးနောက် သူက ခေါင်းငုံ့ထားပြီး ကြောက်ရွံ့နေပုံပင်။ သို့ပေမယ့် သူ တိတ်တဆိတ် တီးတိုးပြောနေသည်။ 

ဒီသခင်ကြီးက အရူးဟုတ်မဟုတ်ဆိုတာ သူမသိပေ။ သူ့ကိုယ်ပိုင်မိသားစုမှာ ပိုက်ဆံအများကြီးမရှိပေမယ့် သူက အပြင်က ကပ်ပါးကောင်းတွေ၏ အုပ်စုလိုက်သွေးစုပ်တာကို ခံယူချင်နေသေးသည်။ 

"သား .. မင်းကလူကြီးတစ်ယောက်ပဲ ကလေးတွေက မင်းကို ခြယ်လှယ်နေတာ ဘာလို့ခွင့်ပြုတာလဲ အဲဒီကောင်မလေးပြောသမျှကို မင်းနားထောင်မနေနဲ့ အရင်က သခင်မဖုန် မင်းကို အဓမ္မခေါ်ဆောင်တာကြောင့်မဟုတ်ရင် မင်းနဲ့ မင်းညီအစ်ကိုတွေရဲ့ဆက်ဆံရေးက အခုထက်ပိုပြီး နက်ရှိုင်းနေမှာကို မတွေးမိဘူးလား အမေ့အရွယ်မှာ ကလေးတွေကို အမျှော်အမြင်ရှိဖို့ပဲ လိုချင်တယ် မင်း အမေ့ကို လျစ်လျူရှုလို့မရဘူး" 

အဖွားအိုက ငိုသည်။ 

ရှဲ့နျိုရှန်း မနေ့က သခင်မဖုန်အကြောင်းတွေးမိတော့ သူ စိုးရိမ်နေသည်။ 

ထိုအချိန် အဖွားအိုက သခင်မဖုန်အကြောင်း ပြောလိုက်တော့ ရှဲ့နျိုရှန်း၏ အိုဟောင်းနေသောမျက်နှာက လေးလံသွားသည်။ 

သခင်မဖုန်က သူ့ဇနီးဖြစ်သည်။ 

သူ့ကို ဓားပြစခန်းဆီ အဓမ္မခေါ်ဆောင်သွားခံရတယ်လို့ မှတ်ယူ၍မရပေ။ အရင်က သူ့မိသားစုက သူ့အတွက် မလိုက်လျောပေးနိုင်တာကြောင့် သူ တစ်နေရာရာမှာ အခြေကျချင်လာသည်။ ထို့ကြောင့် သူလုယက်နေချိန်တွင် သူတို့အနောက် လိုက်ချင်နေခဲ့တာဖြစ်သည်။ ရှဲ့နျိုရှန်း တောင်စခန်းဆီရောက်တဲ့အခါ အားလုံး သူ့ကို

ကောင်းမွန်စွာဆက်ဆံကြသည်။ 

သူက သန်မာပြီး အလုပ်လုပ်နိုင်စွမ်းရှိသည်။ ဇွဲသတ္တိလည်းရှိပြီး သေဆုံးရမှာကိုလည်းမကြောက်ပေ။ ထို့ကြောင့် ခေါင်းဆောင်က သူ့ကိုပထမတစ်ချက်ကြည့်ရုံနှင့် နှစ်သက်သဘောကျသွားပြီး သခင်မဖုန်နှင့် ထိမ်းမြားပေးလိုက်တာဖြစ်သည်။ 

သခင်မဖုန်က လှပပေမယ့် သူမက အလွန်ကြမ်းတမ်းသည်။ သူ့ကို တစ်ချက်ကြည့်လာမယ်ဆိုရင်တောင် ရှဲ့နျိုရှန်း သေတော့မလို ဖြစ်သွားစေတဲ့အတိုင်းပင်။ 

သို့ပေမယ့် သူ့စိတ်ထဲမှာတော့ ဇနီးနဲ့ ယောက္ခထီးဖြစ်သူအား တကယ် လေးစားပါသည်။ 

တကယ်တော့ သူတို့ကို များစွာလွမ်းဆွတ်မိသည်။

သူ ရိုးသားရမယ်ဆိုရင် သူ တောင်စခန်းမှာ ကုန်ဆုံးခဲ့တဲ့ရက်များက ရွာမှာကုန်ဆုံးခဲ့ရတာထက်ပိုပြီး ပျော်စရာကောင်းခဲ့သည်။ 

ရွာထဲတွင် သူ့ကို ရေယူခိုင်းတာက ရှဲ့မန်ရှန်းဖြစ်သည်။ လူရိုင်းတွေရောက်လာမည်အား သူ့ကိုတောင် အသိမပေးကြပေ။ ထို့ကြောင့် သူ လူရိုင်းတွေဆီက ဖမ်းခံလိုက်ရတာပင်။ 

တကယ်လို့ သူ အသက်ရှင်ချင်တယ်ဆိုရင် လူရိုင်းတွေအတွက် လမ်းအား ရှေ့က‌ဦးဆောင် ပေးရသည်။ သူတို့အတွက် ရှေ့ကနေ မဦးဆောင်ပေးလျှင် မိသားစုအားလုံးရဲ့ ပိုင်ဆိုင်မှုတွေ ယူဆောင်သွားခြင်းခံရမည်။ 

ထိုလူတွေက အဲဒီအကြောင်းအား ကောင်းစွာသိ

သော်လည်း သူတို့က လူရိုင်းများ ရွာထဲ၀င်လာတဲ့အတွက် သူ့ကို အပြစ်တင်ကြသည်။ 

သူကသာ လူရိုင်းတွေကို ရွာထဲခေါ်လာတဲ့အတိုင်း။ 

ဘယ်သူကမှ သူ့ကိုသည်းမခံကြပေ။ သူ့အစ်ကိုကြီးနှင့် ခယ်မတို့ကလည်း ထိုအချိန်မှာ တိုင်တန်းပြောဆိုကြသည်။ သူတို့က သူ့ကိုမခေါ်ထားနိုင်ဘူးလို့ဆိုသည်။ 

သူ့အမေတောင်မှ သူ့ကို အထင်အမြင်သေးစွာဖြင့်ကြည့်သည်။ 

သို့ပေမယ့် ထိုအရာတွေကို သူ တောင်စခန်းရောက်သွားပြီးနောက် မေ့ပျောက်သွားသည်။ သူက အမြင်ကျဉ်းသူထက် နှလုံးသား

ကြီးမားသော လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူ့မှာ သူ့အမေအပေါ် သိတတ်နိုင်စွမ်းရှိတာကြောင့် ကိစ္စတော့မရှိပေ။ 

သို့ပေမယ့် ထိုအချိန်မှာ ရှဲ့နျိုရှန်း ဒေါသထွက်နေခဲ့သည်။ 

"ကျွန်တော် ‌အမေ့ကို ပိုက်ဆံအများကြီးပေးခဲ့ပြီးပြီ အခု ကျွန်တော်မထိန်းချုပ်နိုင်တော့ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ ပြီးခဲ့တဲ့တစ်ခါ အမေ့အိမ်ကိုသွားတုန်းက ရတနာတွေ ကျွန်တော့်ကိုပြန်ပေးပါလို့ တောင်းဆိုခဲ့တာတောင် သူတို့တွေ တွန့်ဆုတ်နေကြတယ်" 

ရှဲ့နျိုရှန်း မှတ်မိသေးသည်။ သူ့ရတနာအကြောင်း တွေးတောလိုက်ရင် နှလုံးသားထဲကနာကျင်မှုအား ခံစားရသည်။ 

"အဲဒီတုန်းက ငါတို့တွေ မင်း ဘယ်ရတနာအကြောင်းပြောနေလဲဆိုတာ တကယ်မသိခဲ့ဘူး ပြီးတော့ .. အရင်က သခင်မလုပေးခဲ့ဝာာတွေက ရောင်းလိုက်ပြီ ဘာတစ်ခုမှမကျန်တော့ဘူး"

ရှဲ့မန်ရှန်း မြန်မြန်၀င်ပြောသည်။ 

"အစ်ကိုတို့ကို ပေးထားတဲ့ရတနာတွေကို မြန်မြန်ရောင်းလိုက်တာပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် အစ်ကိုတို့ကို မကူညီနိုင်ဘူး ကျွန်တော့်မိသားစုလည်း အရမ်းဆင်းရဲနေတယ် လွန်ခဲ့တဲ့ ရက်အနည်းငယ်ကဆို ကျွန်တော် ထွက်သွားတော့ ကျွန်တော်ရှာထားတဲ့ပိုက်ဆံက ကျွန်တော့်သမီးကို ထောက်ပံ့ပေးဖို့တောင် မလုံလောက်ဘူး အခု ပိုက်ဆံက သူမလက်ထဲရောက်သွားတာဆိုတော့ ကျွန်တော့်ကို ယူခိုင်းစေချင်နေတာလား အစ်ကို တကယ်ပဲ ကျွန်တော့်ကို စိတ်ဆိုးစေချင်နေတာလား" 

"မင်းလုပ်နိုင်တယ်ဆိုရင် ဘာလို့ကိုယ့်ဘာသာမလုပ်လဲ" 

သူက တိုက်ပွဲ၏ရှေ့ပြေးတပ်ကမဟုတ်ပေ။ သူ့သမီးကို ထိုအကြောင်းပြောလိုက်လျှင် သူ့ဂုဏ်သိက္ခာအား ဆုံးရှုံးသွားရလိမ့်မည်။ 

အဖွားအိုနှင့် ကျန်နှစ်ယောက်က ထိတ်လန့်သွားသည်။ 

"မင်းနှလုံးသားထဲမှာ အမေက အဲဒီကောင်မလေးလောက် မကောင်းတာလား သား .. အမေက သားကို မွေးပေးခဲ့တဲ့သူပါ" 

အဖွားအိုက စိုးရိမ်စွာဖြင့်ပြောသည်။ 

ကိုယ့်သမီးကိုချစ်တာကလည်း အကန့်အသတ်ရှိသင့်သည်။ 

သူက သူ့အမေရဲ့ သနားစရာကောင်းတဲ့ပုံစံကို မမြင်တာလား။ 

••••

All Chapters