← Chapters

လောကီရေးရာ ပိုင်ဆိုင်မှုများ။ 

Vol. 28 Ch. 536

လောကီရေးရာ ပိုင်ဆိုင်မှုများ။ 

Vol. 28 Ch. 536

အဖွားအိုက ရှဲ့နျိုရှန်းအား မယုံကြည်နိုင်စွာဖြင့် ကြည့်နေပြီး သူမ ပြင်းစွာသော ရိုက်ခတ်မှုအား ခံစားလိုက်ရသလိုပင်။ 

ရှဲ့နျိုရှန်းကတော့ တည်ငြိမ်နေသည်။ 

"အဲဒါက သေချာပေါက်ယှဉ်လို့မရဘူး အဲဒီကောက်ကျစ်တဲ့ကောင်မလေးက ကျွန်တော့်ကလေးပဲ" 

သူမက သခင်မဖုန်၏ သမီးလည်းဖြစ်သည်။ သခင်မဖုန် ကိုယ်၀န်ရှိတုန်းက သေချာပေါက် သမီးလေးဖြစ်မယ်လို့ ခံစားမိနေတာဖြစ်သည်။ 

အရင်က သူဂရုတစိုက်ရှိခဲ့တဲ့အကြောင်း သေချာမှတ်မိသေးသည်။ တခြားသူတွေကို သူ လျစ်လျူရှုနိုင်ပေမယ့် သူ့သမီးကိုတော့မလုပ်နိုင်ပါ။ သူမ ‌စိတ်ဆိုး ဒေါသထွက်မယ်ဆိုရင် သူ အနာဂတ်မှာ သခင်မဖုန်ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ။ 

သခင်မဖုန်သေသွားတုန်းက ရှဲ့နျိုရှန်း ဘာပဲလုပ်ချင်လုပ်ချင် လုပ်နိုင်တယ်လို့ပြောခဲ့သည်။ 

သူ လိုချင်သလောက် လက်ထပ်ထိမ်းမြားနိုင်ပေမယ့် မလိမ်သင့်ဘူးလို့‌ဆိုသည်။ ထိုအကြောင်းတွေးရုံနဲ့တင် ရွံမုန်းစရာကောင်းတယ်လို့ ပြောသည်။ သူလိုချင်သလောက် ကလေးတွေမွေးလို့ရပေမယ့် သူ့သမီးကိုတော့ အနိုင်မကျင့်နိုင်ပေ။ မဟုတ်လျှင် သူ ပူဆွေးသောကကြောင့် သေသွားနိုင်သည်။ 

ရှဲ့ချောင် မွေးဖွားပြီးနောက် သူမကိုချစ်ပေးဖို့ တကယ်ပြင်ဆင်ထားခဲ့သည်။ 

သို့ပေမယ့် သူမမိသားစုအတွက် သေစေလောက်သော ကံကြမ္မာဆိုးကြောင့် သူမကို တခြားသို့ပို့ထားရန်မှတပါး ရွေးချယ်ခွင့်မရှိခဲ့ပေ။ 

သေချာပေါက် သူမကိုအဝေးစေလွှတ်ခဲ့ပေမယ့် အရင်က ပိုက်ဆံလည်းပေးခဲ့သည်။ အဲဒီ တာအိုကျင့်ကြံသူဆရာက ကျိုးကြောင်းဆီလျော်လှသည်။ 

သူ့သမီးကိုသင်ကြားပေးတဲ့နေရာမှာ သူ့ထက်ပိုကောင်းတဲ့သူဖြစ်ရမယ်လို့ တွေးသည်။ 

ထို့ကြောင့် သူ ထိုကောက်ကျစ်သောကောင်မလေးအား ထားခဲ့ပြီး ဂရုမစိုက်ခဲ့တာပင်။ 

သူ့စိတ်အခြေအနေနဲ့ဆို ဂရုမစိုက်တာ ကြင်နာပေးနေတာလို့ မှတ်ယူနိုင်သည်။ 

သို့သော်လည်း အဖွားအိုက ထိုအကြောင်းကို နား

မလည်နိုင်ပေ။ 

ထိုအချိန်မှာ သူမ ရှဲ့ချောင်ဆိုတဲ့ကောင်မလေးနဲ့ ယှဉ်လို့မရကြောင်း သူမသိသွားသည်။ သူမ ဒုတိယသားက သူ့သမီးအပေါ် အများကြီးချစ်တာသိရတော့ သူမ ဆက်ပြီးပြိုင်ဆိုင်နေမယ်ဆိုရင် သေချာပေါက် ပိုက်ဆံရနိုင်တော့မှာမဟုတ်။ 

"မင်း သူမကိုချစ်လို့ရတယ် ရှေ့လျှောက် မင်းအစ်ကိုကြီး၊ ညီလေးနဲ့ အမေလည်း သူမကိုချစ်ပေးမယ် အခု အိမ်မှာ အမေတို့ စားစရာလုံလုံလောက်လောက်လည်း မရှိသလို မင်းရဲ့‌ငွေကြေးအခြေအနေကလည်း တည်မြဲနေတယ် အမေတို့မိသားစုထဲမှာ မင်းတစ်ယောက်တည်းပဲ အလားအလာကောင်းတာ မင်းကလွဲပြီး ဘယ်သူက အမေတို့ကို ကူညီပေးနိုင်မှာလဲ" 

သူတို့ကြောင့် ရှဲ့နျိုရှန်း အလွန်စိတ်ရှုပ်သွားသည်။

တစ်ကိုယ်တည်း ငြီးတွားလိုက်သည်။ ဆူညံလွန်းလှသည်။ 

"ငွေဘယ်လောက် အကြွေး‌တင်နေတာလဲ" 

ထိုစကားကြားတော့ အိမ်တော်ထိန်းနှလုံးသား ဆတ်ခနဲဖြစ်သွားသည်။ 

အဖွားအိုက ငွေစ၁၅၀လို့ ပြောတော့မယ့်အချိန် သူမ စိတ်ပြောင်းသွားသည်။ 

"ငွေစ ၁၅၀ ဒါပေမယ့် အမေတို့အိမ်လည်းမရှိတော့ဘူး နှင်ထုတ်ခံရတော့မယ် အိမ်မှာ စားစရာလည်းမရှိဘူး အများစုက အကြွေးတောင်းသူဆီ

မှာ မင်းရဲ့ ညီသုံး ကလေးကလည်း လက်ထပ်ရတော့မယ် ဒီတော့ ငွေလည်းမရှိတော့ဘူး ..."

ရှဲ့နျိုရှန်း ပိုပြီးစိတ်ရှုပ်သွားသည်။ 

အဲဒါဆို ငွေဘယ်လောက်ဖြစ်သွားမှာလဲ။ 

သို့ပေမယ့် သူ့အမေရဲ့ ရုတ်ချည်းငိုနေတာက စိတ်ရှုပ်စရာကောင်းလှသည်။ 

"ဒီမှာ .." 

သူမ အရေအတွက်ဂဏန်းအား ပြောတော့မယ့်အချိန် ရှဲ့ချောင် ရှဲ့ရှီအတူ လမ်းလျှောက်ထွက်လာသည်။ 

ရှဲ့နျိုရှန်း နှလုံးခုန်သွားသည်။ ရှဲ့ချောင် သူမရင်ဘတ်အား ဆုပ်ကိုင်ထားတာကို တွေ့လိုက်ရ၏။ သူမကိုကြည့်ရတာ အားနည်းနေပြီး သူမမျက်နှာထားက ဆိုးရွားလှသည်။ 

သူမ ထပ်ပြီး ‌ဒေါသထွက်နေတာလားဆိုတာ သူ မသိ။ 

ဘာက သူမကိုဒေါသထွက်စေတာလဲ။ 

ပြောစရာမလိုအပ်ပါ ... သူ့အရှေ့မှာရှိနေတဲ့ သူ့အမေကြောင့်ပဲဖြစ်ရမည်။ 

"အဖေက ပိုက်ဆံဖြုန်းချင်တာလား အဖေ့မှာငွေရော ရှိလို့လား" 

ရှဲ့ချောင် အထဲ၀င်လာပြီး နူးညံ့စွာဖြင့်မေးလိုက်သည်။ ထိုအခါမှ ရှဲ့နျိုရှန်း လောင်းကစားရှုံးသွားပြီး ထိုပိုက်ဆံတွေကို ရှဲ့ရှီရမှာဖြစ်တဲ့အကြောင်း သတိရသွားသည်။ 

"အဖေ့မှာ ပိုက်ဆံမရှိဘူး" သူ့ပိုက်ဆံအိတ်မှာ ဘာမှမရှိ‌တော့ဘူးလို့ ခံစားရသည်။ "မိသားစုအတွက်ပိုက်ဆံက ဒုတိယသမီးလက်ထဲမှာ .. ကျွန်တော့်မှာ အမေတို့အတွက် ပိုက်ဆံမရှိဘူး" 

အဖွားအိုက ရုတ်တရက်ပေါ်လာတဲ့ ညီအစ်မနှစ်ယောက်အား ကြည့်လိုက်သည်။ သူမ အလွန်ဒေါသထွက်လာတာကြောင့် အသိစိတ်လွတ်တော့မလိုပင်။ 

သူမသားက အစောက သနားသွားတာဖြစ်သည်။ 

အဲဒါကြောင့် အခု ဒီညီအစ်မနှစ်ယောက်‌ ပေါ်လာတာပင်။ 

"ရှီအာကငယ်သေးတယ် သူမက ငွေကိုထိန်းသိမ်းနိုင်မှာလား ဟာသပြောနေတာရပ်လိုက် .." အဖွားအိုမျက်နှာက တောင့်နေပြီး ရှဲ့ရှီအပေါ် သူမအကြည့်က လှောင်ပြောင်နေသယောင်။ 

"ဒါက ငွေလေးပါပဲ ရှီအာက ရှဲ့မိသားစုက ဒုတိယသခင်မလေးပဲ သူမ ကောင်းကောင်းမစီမံနိုင်ဘူးဆိုရင် တစ်ချို့လောကီရေးရာ ပိုင်‌ဆိုင်မှု‌တွေ ဆုံးရှုံးရုံပေါ့ ကိစ္စမရှိပါဘူး"

ရှဲ့ချောင်စကားလုံးတွေက ပိုပြီးဒေါသထွက်စရာကောင်းနေသည်။ 

အဖွားအိုက သွေးအန်ချင်လာသည်။ 

ငွေလေးပဲ ဟုတ်လား .. လောကီရေးရာ ဥစ္စာ ..။ 

သူမ မလိုချင်ရင် ဒီအတိုင်း သူမကိုပေးလိုက်လို့ရတာပဲကို။ ဘယ်လောက်ပဲဖြစ်ဖြစ် သူမလက်ခံနိုင်သည်။ 

••••

All Chapters