← Chapters

အသက်မရှင်ချင်ရင် ငရဲကိုသာသွား။ 

Vol. 28 Ch. 537

အသက်မရှင်ချင်ရင် ငရဲကိုသာသွား။ 

Vol. 28 Ch. 537

အဖွားအိုက ဒေါသထွက်နေသည်။ သူမ တကယ်ပဲ ရှဲ့ချောင်ကို မုန်းသည်။ 

သို့ပေမယ့် ရှဲ့ချောင်က မြင်ပုံမရပေ။ သူမက ရှဲ့ရှီ

နဲ့အတူထိုင်လိုက်သည်။ မသိတဲ့သူတွေကတော့ သူမကို ဘာမှမသိသော မိန်းမငယ်လေးလို့ ထင်ကြလိမ့်မည်။ 

"မင်းက တကယ်ချမ်းသာတာကို အမေတို့ကို နည်းနည်းလေး ပေးမယ်ဆိုရင်တောင် စားသောက်ဖို့ လုံလောက်သွားမှာပါ .. ဒါဆို .. ငွေစ၃၀၀၀ ဆိုရင်ရော ဘယ်လိုထင်လဲ" 

အဖွားအိုက ခြေတစ်လှမ်းပြန်ဆုတ်လိုက်သည်။ 

သူမ သားအကြီး ပို့ပေးခဲ့တဲ့ငွေက အဲဒါထက်အများကြီးပိုသည်။ 

ရှဲ့နျိုရှန်း မျက်မှောင်ကြုတ်လိုက်သည်။ 

မများဘူး .. တဲ့လား!

သူ အဲဒီမှာ ပင်ပင်ပန်းပန်း အလုပ်ကြိုးစားလုပ်ရင်တောင် ငွေစ ၂၀၀၀ကနေ ၃၀၀၀အထိသာရသည်။ သူသာ ပေး‌ပစ်လိုက်မယ်ဆိုရင် အနာဂတ်မှာ သူ့မိသားစုက ဘယ်လို စားသောက်သွားရမှာလဲ။ သူ့ကိုထောက်ပံ့ပေးဖို့အတွက် ကလေးတွေအပေါ် မှီခိုရမယ်ဆိုရင် အနာဂတ်မှာ သူ့မှာပြောပိုင်ခွင့်ရော ရှိဦးမှာတဲ့လား။ 

"ရှီအာက ငွေအတွက်တာ၀န်ရှိသူပဲ" ရှဲ့နျိုရှန်း သူ့အမေအားကြည့်ပြီး အနည်းငယ် နူးညံ့သွားသည်။ 

"ရှီအာက ‌အနည်းငယ်ပေးချင်တယ်ဆိုရင် အဆင်ပြေတယ်" 

"ဟင့်အင်း" 

ရှဲ့ရှီက ခေါင်းခါသည်။ 

ငွေအတွက် တာ၀န်ရှိသူက သူမ ဖြစ်နေတာကြောင့် မိသားစုကုန်ကျစရိတ်အတွက် လိုအပ်တာကလွဲပြီး သုံးဖြုန်းမှာမဟုတ်ပေ။ 

ငွေစာရင်းထဲက ငွေတစ်စေ့တောင် မဆုံးရှုံးစေရ။ 

"အဖေ သမီး အဖေ့ကိုပြောဖို့မေ့နေတာ .. အဖေ ဦးလေးအလုပ်ကို အကြံပြုထောက်ခံပေးခဲ့တာမလား သူက တကယ်ပဲ အများကြီး ကြုံတွေ့ခဲ့ရတယ်" 

ရှဲ့ချောင်ပြောလိုက်သည်။ 

ရှဲ့နျိုရှန်း ထိုအကြောင်းကြားတော့ အံ့အားသင့်သွားသည်။ 

"သူက ဘယ်လိုခံစားရတာလဲ" 

"ဦးလေးက အင်အားကြီးမားတယ် သူရှာတဲ့ပိုက်ဆံ နည်းလွန်းတယ်လို့တွေးတော့ လူတွေအတွက် အကျိုးအမြတ်ယူခဲ့တယ် လွန်ခဲ့တဲ့ရက်အနည်းငယ်က အစ်ကိုကြီးက အမှုကို စုံစမ်းစစ်‌ဆေးပြီး လူတစ်စုကို ဖမ်း‌ဆီးလိုက်တယ် ဥစ္စာပစ္စည်းတွေကို သိမ်းဆည်းပြီး ပြည်နှင်ဒဏ်ပေးခံရတဲ့ လူတစ်ချို့တောင်ရှိတယ် ဦးလေးက အများကြီးမယူထားပေမယ့် အခြေအနေကို အခွင့်ကောင်းယူဖို့ သူ့အတွက် အခွင့်အရေးမပေးခဲ့ဘူး တကယ်လို့ နောင်ပိုင်းမှသာ ဖော်ထုတ်ခံရရင် သေဒဏ်ပေးခံရမှာတောင် ကြောက်မိတယ်" 

"ငါ ဒီနှစ် နည်းနည်းပဲ လာဘ်စားခဲ့တာ အားလုံးလည်း လုပ်တာပဲမလား" 

ရှဲ့မန်ရှန်း မြန်မြန်ပြောလိုက်သည်။ 

အဲဒါ ဘာများဖြစ်လို့လဲ။ 

သူက ငွေစတစ်ချို့သာ ရှာဖွေခဲ့သည်။ အဲဒါ ဘာဖြစ်လို့လဲ။ ဒီကိစ္စအတွက် သူက ငွေစ၅၀၀ ဆုံးရှုံးသွားပြီး ရိုက်ခံလိုက်ရသေးသည်။ 

သို့ပေမယ့် ထိုအချိန်တွင် ရှဲ့နျိုရှန်း ကြားလိုက်တဲ့

အခါ ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။ သူချက်ချင်းပဲ ရှဲ့မန်ရှန်းရင်ဘတ်အား ကန်ပစ်လိုက်သည်။ 

"အစ်ကိုက တကယ်ကိုတစ်ခုခုပဲ" ရှဲ့နျိုရှန်း ဒေါသထွက်သွားသည်။

"အဲဒီအလုပ်ရှာပေးတုန်းက ကျွန်တော် အစ်ကို့ကိုဘာပြောခဲ့လဲ ပိုက်‌ဆံရှာချင်တယ်ဆိုရင် ရှာလို့ရတယ် ဒါပေမယ့် မှန်ကန်တဲ့လမ်းကြောင်းကိုပဲ လျှောက်ရမယ်လို့ မပြောခဲ့ဘူးလား အခု အစ်ကိုလုပ်ရဲတယ်ပေါ့ အစ်ကိုက ကျွန်တော့်စကားတွေကို အရေးမလုပ်သလို မမှတ်မိဘူးလား" 

ထိုသို့ပြောလိုက်ပြီးနောက် ကန်လိုက်တာက မလုံလောက်ဘူးလို့ ရှဲ့နျိုရှန်း တွေးမိတာကြောင့် နောက်တစ်ခါ ထပ်ကန်လိုက်သည်။ 

ရှဲ့မန်ရှန်းကတော့ ကြမ်းပြင်ထက် လူးလိမ့်နေသည်။ 

"သူက မင်းအစ်ကိုကြီး" အဖွားအိုက ထိတ်လန့်

သွားသည်။ 

"သူက ကျွန်တော့် ဘိုးအေဖြစ်ရင်တောင် ရိုက်ခံရဖို့ ထိုက်တန်တာမလို့ ရိုက်ဦးမှာ" 

ရှဲ့နျိုရှန်း ကြမ်းတမ်းသွားသည်။ 

သူက ရက်ရောသူဖြစ်ပေမယ့် ကျိုးကြောင်းဆီလျော်သည်။ သူ ဓားပြဖြစ်တုန်းက ဓားပြလုပ်ခဲ့သလိုမျိုး လုပ်နိုင်သည်။ သို့ပေမယ့် သူ အရာရှိဖြစ်လာတဲ့အခါမှာတော့ သူ့အမြီးကို ခြေထောက်တွေကြားမှာ ချုပ်ပြီး သူ့ကိုယ်သူ ပြုမူရမည်။ 

နန်း‌မြို့တော်ထဲတွင် ရှင်ဘုရင်မျက်လုံးတွေက နေရာတိုင်းမှာရှိသည်။ သူ အရာရှိမဖြစ်သင့်ဘူးလို့ တွေးနေကြသူတွေလည်း များစွာရှိသည်။ ထိုသူတွေက ချက်ချင်း သူ့ကို နန်းမြို့တော်ကနေ

နှင်ထုတ်ချင်တာထက် တခြားဘာမှမလိုချင်ကြပေ။ သူ့အကို လာဘ်စားတာ လက်ခံတာ ဒါမှမဟုတ် ရှဲ့မန်ရှန်းက တစ်စုံတစ်ယောက်ကို သတ်ထားရင်တောင် သိသွားတာနဲ့ ဘယ်သူက ကံဆိုးသူဖြစ်လာမှာလဲ။ 

သူ့မိသားစုတစ်စုလုံးက သူ့ကိုကာကွယ်ပေးရလိမ့်မည်။ 

"အဲဒါတောင်မှ ကျွန်တော့်ဆီလာပြီး ပိုက်ဆံတောင်းရဲသေးတယ် .. လုပ်ရဲတယ်ပေါ့ သုံးယောက်လုံး ဒီကနေထွက်သွားကြ အနာဂတ်မှာလည်း တစ်‌စုံတစ်ယောက် ငါ့နာမည်ကိုသုံးပြီး တခြားလူတွေကို အနိုင်ကျင့်ရဲမယ်ဆိုရင် ငါသတ်ပစ်မယ်" 

ငွေတောင်းတယ်ဟုတ်လား .. မျှော်လင့်နေလိုက်။  

အဖွားအိုလည်း ထိတ်လန့်သွားသည်။ 

"အ .. အမေ ထပ်ပြီး အသက်မရှင်ချင်တော့ဘူး"

"အသက်မရှင်ချင်ရင် ငရဲကိုသာသွား" ရှဲ့နျိုရှန်း ဒေါသထွက်သွားသည် .. သူ ဒေါသထွက်နေတဲ့အချိန် သူ့အရှေ့မှာဘယ်သူပဲရှိရှိ ဂရုမစိုက်တော့ပေ။ 

•••••

All Chapters