← Chapters

စိတ်ရှုပ်စရာကောင်းတယ်။

Vol. 28 Ch. 538

စိတ်ရှုပ်စရာကောင်းတယ်။

Vol. 28 Ch. 538

ရှဲ့နျိုရှန်းမှာ အဖွားအိုအတွက် နက်ရှိုင်းတဲ့ခံစားချက်ရှိတယ်လို့ပြောဖို့က မဖြစ်နိုင်ပေ။ 

သူ အရင်က အဖွားအိုကို ပိုက်ဆံပေးခဲ့တာက သူမက သူ့အမေ ဖြစ်နေလို့ပင်။ သူ့မှာ ခံစားချက်မရှိဘူးဆိုရင်တောင် သူတို့က မိသားစုဖြစ်ကြသည်။ သူကအခု သာမန်လူတစ်ယောက်ဖြစ်ပြီး ဓားပြတစ်ယောက်မဟုတ်တော့ပေ။ သူက သာမန်လူတစ်ယောက်‌ပုံစံ ဖြစ်ရမှာဖြစ်ပြီး လူကြီးတွေကို လေးစားသမှု ပြသရမှာဖြစ်သည်။ 

ထိုအချိန်တုန်းက သူ့မှာပိုက်‌ဆံများစွာရှိသည်။ သူ အဖွားအိုကို ‌ပိုက်ဆံပေးလိုက်ရင်တောင် သူ့မိသားစုက အဆင်ပြေနေသေးပြီး ဘာပြဿနာမှာမရှိပေ။ 

သို့ပေမယ့် အခုကမတူတော့။ 

ရှဲ့မန်ရှန်းက သေခြင်းတရားနှင့် သူ့ကိုပါငြိစွန်းချင်နေသည်။ 

သူ လူရိုင်းများစွာ‌၏ခေါင်းကို ဆက်သခဲ့ပြီး တိုက်ပွဲကွင်းပြင်တွင် သန့်ရှင်းသောလမ်းကြောင်းအား ခင်းပေးခဲ့သည်။ ထိုအရူး ရှဲ့မန်ရှန်းကြောင့် ပျက်စီးသွားမယ်ဆိုရင်တော့ သူ အေးအေးချမ်းချမ်းနဲ့ပင် သေနိုင်မှာမဟုတ်ပေ။ 

အဖွားအိုက ရှဲ့နျိုရှန်းကို အလွန်ကြောက်ရွံ့သွားပြီး သူမခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေသည်။ 

"မင်း .. မင်း မသိတတ်ဘူး .. ငါက မင်းအမေပဲ ငါသေသွားမယ်ဆိုရင် မင်းက ငါ့အတွက်ပူဆွေးသောကရောက်ပေးရမှာ မင်းရဲ့ သားသမီးတွေက အိမ်မှာနေပြီး လက်ထပ်နိုင်ကြမှာမဟုတ်ဘူး .." 

ထိုသို့ပြောတဲ့အခါ ရှဲ့နျိုရှန်း မျက်မှောင်ကြုတ်

လိုက်သည်။ 

ထိုအရာက မှန်သည်။ 

သူ့ရဲ့သနားစရာကောင်းသော သမီးက ကျန်းမာရေး မကောင်းပေ။ သူမအတွက် မြို့တော်မှာ ယောကျာ်းတစ်ယောက်ရှာပေးပြီး ကလေးမွေးခိုင်းရဦးမည်။ 

"အဖေ သမီးလည်း မကြာခင်က အများကြီး သက်သာလာပါပြီ သမီး သုံးနှစ်စောင့်ဆိုင်းရမယ်ဆိုရင်တောင် စောင့်နိုင်ပါတယ်"

ရှဲ့ချောင်က တည်ငြိမ်နေသည်။ 

လက်ထပ်တာက ရည်မှန်းချက် ပန်းတိုင်ဖြစ်ပေ

မယ့် သူမမှာရှိတဲ့ အရာအားလုံးမဟုတ်ပေ။ 

မျက်စိနှင့် ချစ်ခြင်းမေတ္တာကို တွေ့ကြုံခံစားနိုင်သော ယောက်ျားကို ရှာတွေ့ခြင်းက အမှန်ပင် ကောင်းပါသည်။ မရှိရင် သူမ အတင်းလုပ်ယူမှာမဟုတ်ပေ။ တာအိုကျင့်ကြံသူ ဆရာမတစ်ယောက်ဖြစ်ရတာလည်း မဆိုးလှ။ 

ထို့အပြင် သူမက လက်ရှိ၁၇ရှိပြီဖြစ်သည်။ သုံးနှစ်ကြာပြီးရင်တောင် သူမ ၂၀ပဲရှိဦးမှာပင်။ 

ထိုအခါ သူမခန္ဓာကိုယ်လည်း လက်ထပ်ပြီး ကလေးမွေးဖို့အတွက် ကျန်းမာလာနိုင်သည်။ 

လက်ထပ်တာက အတင်းလုပ်ယူလို့မရပေ။ အတင်းလုပ်ရမယ်ဆိုလျှင် ကောင်းတာ တစ်ခုမှမဖြစ်လာနိုင်ပေ။ 

ရှဲ့ချောင်က အဖွားအိုလိုအပ်တိုင်း လမ်းပိတ်ထားသူဖြစ်သည်။ အဖွားအိုက သူမကိုသတ်ချင်စိတ်တောင် ဖြစ်မိသည်။ 

"သား တကယ်ပဲ မင်း အမေနဲ့သားကြားက ဆက်ဆံရေးကို ဂရုမစိုက်ဘူးလား" 

ရှဲ့နျိုရှန်း မှန်ကန်စွာပြောလိုက်သည်။ 

"ကျွန်တော့်ကို ဒီလိုစကားတွေလာမပြောနဲ့ ဒီနှစ်တွေထဲ ကျွန်တော် အမေ့ကို မဟုတ်မမှန်မဆက်ဆံခဲ့ဘူး အားလုံး ကောင်းကောင်းမနေထိုင်တဲ့ အမေ့အမှားတွေပဲ ကျွန်တော်နဲ့ဘာဆိုင်လို့လဲ ပြီးတော့ ကျွန်တော့် အိမ်ကအခြေအနေအကြောင်း အမေ့ကို ရှင်းပြပြီးပြီ ကျွန်တော့်မှာ ငွေမရှိဘူး ကျွန်တော်စိတ်မလွတ်ခင် ရှဲ့မန်ရှန်းကို ခေါ်ပြီး

ထွက်သွား အခုကစပြီး အမေ ဒီကိုလာဖို့ခွင့်မပြုတော့ဘူး"

ခြေလက်ရှိတဲ့လူတစ်ယောက်က ငတ်သေသွားမယ်လို့ သူ မယုံပါ။ 

အရင်တုန်းက အကျင့်ဖြစ်ခဲ့လို့ပင်။ 

ရှဲ့နျိုရှန်း ကြမ်းတမ်းသလို တည့်တိုးသမားလည်းဖြစ်သည်။ သခင်မလုရှိတုန်းက သူ့ရဲ့ဒီပုံစံကို ရှဲ့ချောင် မြင်ဖူးပါသည်။ 

အဖွားအိုက မထွက်သွားချင်ပေ။ သူမ ဒူးထောက်ပြီး ရှဲ့နျိုရှန်း ခြေထောက်အား ဖက်ထားကာ စတင်ငိုကျွေးတော့သည်။ 

ရှဲ့နျိုရှန်း ချက်ချင်း အိမ်စေတွေအား ခေါ်လိုက်သည်။ 

"သူတို့ကိုခေါ်ထုတ်သွား" 

စိတ်ရှုပ်စရာပင်။ 

ရှဲ့နျိုရှန်းက ကြမ်းတမ်းသည်။ 

ထိုအချိန် ရှဲ့ချုံရှန်း ပြောစရာစကားမရှိတော့တဲ့အထိ အံ့အားသင့်သွားသည်။ သူ့ဘ၀က အမေနဲ့အစ်ကိုကြောင့် ပျက်စီးတော့မယ်လို့ ခံစားရသည်။ 

‌အကြွေးများစွာလည်းတင်နေသည်။ သူ့ယောက္ခထီးဆီက ငွေစ၅၀နှင့် သူငယ်ချင်းတွေဆီက ငွေစ ၅၀ .. ဒီငွေတွေကို ဘယ်သူပြန်ပေးမှာလဲ။ 

သူ့အစ်ကိုလတ်က ငွေတွေကိုပြန်ပေးမယ်လို့ သူတို့ပြောခဲ့လို့ပင်။ အခု ဘာဖြစ်သွားပြီလဲ။ 

ဘာမှမရှိတော့။ ဒါ့အပြင် အဆက်အသွယ်ပါ ဖြတ်ခံလိုက်ရသည်။ 

ရှဲ့ချုံရှန်းမျက်၀န်းတွေက အနည်းငယ်ကြောက်စရာကောင်းနေသည်။ 

သို့ပေမယ့် သူ့ဒေါသတွေကို ရှဲ့နျိုရှန်းအပေါ် ပုံမချရဲပေ။ 

သုံးယောက်လုံး နှင်ထုတ်ခံလိုက်ရတဲ့အခါ ရှဲ့ချုံရှန်းမှာ အားနည်းနေတဲ့ ရှဲ့မန်ရှန်းအား ကန်ဖို့အတွက် ဘယ်ကသတ္တိတွေရှိလာမှန်းမသိလိုက်။ 

"အစ်ကို့ ကလေးတွေနဲ့ဇနီးကိုရောင်းတာ အဆင်ပြေတယ် အစ်ကို ကျွန်တော့်ကို ငွေစ၁၀၀ပြန်ပေးရမယ် မဟုတ်ရင် ကျွန်တော် အစ်ကိုခံစားရအောင်လုပ်ပြမယ်" 

သူက ပိုက်ဆံပဲလိုချင်သည်။ သူ့အကြွေးတွေပေးချေပြီးပြီဆိုဝာာနဲ့ သူ့အစ်ကိုကြီးနှင့် ဝေးဝေးမှာနေတော့မည်။ 

ဒီဂြိုလ်ဆိုးက သူ့ကိုပါ ခံစားရအောင်လုပ်သည်။ 

ရှဲ့ချုံရှန်းမှာ အလုပ်ရှိသေးပေမယ့် တစ်လမှာ ငွေစ ၃၀ကနေ ၄၀အထိသာရသည်။ သာမန်လူတွေအမြင်မှာတော့ လစာက များတယ်ဆိုပေမယ့် ငွေ၁၀၀ အကြွေးပေးရမှာဖြစ်တာကြောင့် အကြွေးဆပ်ရန် စားစရာမရှိဘဲ နှစ်ပေါင်းများစွာ

အချိန်ယူရလိမ့်မည်။ 

••••

All Chapters