ကျားခေါင်းကနေ အမွေးနှုတ်ယူ။
Vol. 28 Ch. 539
ညီအစ်ကိုနှစ်ယောက် လုံး၀သွေးကွဲသွားကြသည်။
သူတို့ထွက်သွားချိန်တွင် ရှဲ့နျိုရှန်း စိတ်တည်ငြိမ်သွားသည်။ သူ ရှဲ့ချောင်အားပြောလိုက်၏။
"ကလေးမလေး တအားထက်မြက်သားပဲ အဖေတောင် မင်းဆီက လှည့်စားခံလိုက်ရတယ်"
သူမက ရှဲ့မန်ရှန်းအကြောင်း သိနေတာကြာပြီဖြစ်သည်။ ထို့ကြောင့် သူနဲ့ လောင်းကစားလုပ်ခဲ့တာဖြစ်သည်။
အခု မိသားစုထဲက ပိုက်ဆံအားလုံး မရှိတော့ပေ။
ရှဲ့နျိုရှန်း သူ့သမီးနှစ်ယောက်အားကြည့်လိုက်သည်။
သူ့ရဲ့ ခံ့ညားသော အမူအရာလည်း ပျောက်ကွယ်သွားသည်။
ထပ်ပြီးတော့ အကြီးဆုံးကို မလှောင်ပြောင်ရဲတော့ပေ။ အငယ်မအတွက်ကတော့ သူမက ဒီအတိုင်း ကောင်မလေးသေးသေးလေး တစ်ယောက်သာဖြစ်သည်။ သူမက စတင်ဖို့အတွက် တွန့်ဆုတ်တတ်ပေမယ့် သူ့ကိုလည်း ကြောက်ရွံ့ခြင်းမရှိ။
ရှဲ့နျိုရှန်း သက်ပြင်းချလိုက်သည်။
သူ့သားပဲ အကောင်းဆုံးဖြစ်သည်။ သူ လုပ်ချင်တဲ့ဘယ်အချိန်မဆို ရိုက်နှက်လို့ရသည်။
"ရှီအာ သမီးရဲ့ ဒုတိယအစ်ကို သေချာပြုမူရဲ့လား"
ရှဲ့ဖင်းကန်းက အခုကြီးလာပြီဖြစ်တာကြောင့် သူ့ကိုတစ်ခုခုလုပ်ရန် မလွယ်ကူတော့။
အငယ်ကတော့ သူ့ကို အခု မတွန်းလှန်နိုင်သေးတာကို အခွင့်ကောင်းယူပြီး နှစ်ပေါင်းအနည်းငယ်လောက် အနိုင်ကျင့်ရန် တေးထားသည်။ ထိုအကြောင်းတွေးမိတော့ ပျော်သွားသည်။
ရှီအာ၏ တောက်ပသော မျက်၀န်းများက ရှဲ့နျိုရှန်းအားကြည့်ပြီး ခေါင်းညိတ်ပြသည်။
"ဒုတိယအစ်ကိုက လိုက်နာပါတယ်"
အရင်ကထက်ပိုပြီး နာခံလာသည်။
ရှဲ့နျိုရှန်း သက်ပြင်းချလိုက်သည်။
"အဲဒီကလေး သမီးကို အနိုင်ကျင့်ရင် အဖေ့ကိုပြောဖို့မမေ့နဲ့ အဖေ သမီးအတွက် သူ့ကိုသင်ခန်းစာပေးမယ်"
ရှဲ့ရှီ ထူးဆန်းတယ်လို့ ခံစားရသည်။
သူမခေါင်းညိတ်ပြီး ဘာမှမပြောဘဲ လျစ်လျူရှုထားလိုက်သည်။
ဒီအိမ်က တိတ်ဆိတ်တယ်လို့ ရှဲ့နျိုရှန်း အစကတွေးမိသည်။ သို့ပေမယ့် အေးချမ်းမှုက ကြာရှည်မခံလိုက်ပါ။ တစ်စုံတစ်ယောက် အပြင်က ပြန်ရောက်လာသည်။ တကယ်တော့ အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ သူ ဓားပြတွေအားနှိမ်နင်းပြီး ပြန်ရောက်တာ ကြားတဲ့အတွက် ဆင်နွှဲဖို့ရောက်လာကြောင်း ပြောသည်။
ထပ်တိုးပြောရမယ်ဆိုလျှင် သူတို့က ပြဇာတ်သုံးပုဒ်အား စီစဉ်ထားသည်။
ရှဲ့နျိုရှန်း မြိုတော်ကနေ ပြန်ရောက်လာတာဖြစ်တဲ့အတွက် ရက်အနည်းငယ်လောက် အနားယူမည်။ ထို့ကြောင့် အိမ်မှာ ဘာမှလုပ်စရာမရှိပေ။ အခု ရှဲ့ရှီက ပိုက်ဆံအတွက် တာ၀န်ရှိသူဆိုတော့ သူ
အပြင်ထွက်ပြီး သောက်စားချင်ရင်တောင်မှ မလုပ်နိုင်တော့။ အော်ပရာအဖွဲ့က အလကားအဖြစ် သူ့အိမ်တံခါးအထိရောက်လာတာ ရှားပါလှသည်။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် သူ မငြင်းနိုင်ပေ။
ရှဲ့နျိုရှန်း သူတို့ကို ဖိတ်ခေါ်လိုက်သည်။
အော်ပရာအဖွဲ့က ၀င်းထဲမှာ စင်တည်ဆောက်ကြသည်။
ညနေတွင် သူတို့က ဖျော်ဖြေမှုအား စတင်တော့မည်။ ရှဲ့နျိုရှန်း ရွေးချယ်ရန် ပြဇာတ်သုံးပုဒ်ရှိသည်။
ရှဲ့နျိုရှန်း သိပ်မသိပေ။ သူ စာဖတ်နိုင်ပေမယ့် များများစားစားမသိ။ ပြဇာတ်ထဲမှာ
အကြောင်းအရာများစွာရှိတာကြောင့် သူဘယ်လိုဖတ်နိုင်မှာလဲ။ ထို့ကြောင့် နာမည်အရ သူ ရွေးချယ်ဖို့လိုအပ်သည်။
ပြဇာတ်သုံးပုဒ်နာမည်က 'လူစွမ်းကောင်းမိန်းမ၏ နူးညံ့သောအချစ်' 'ကျောက်စိမ်းအလှ' နှင့် 'ကြီးပြင်းလာပြီဖြစ်သော သမီး' တို့ဖြစ်ကြသည်။
နာမည်တွေက ထူးဆန်းလှသည်။
ရှဲ့ချောင် အပြင်က အသံတစ်ချို့အား အနည်းငယ်ကြားနေရသည်။
သို့ပေမယ့် ထိုပြဇာတ်နာမည်များအားတွေ့တော့ သူမ ကြက်သီးထသွားသည်။ 'ကြီးပြင်းလာပြီဖြစ်သော သမီး' ဆိုတဲ့ခေါင်းစဉ်ကို သခင်မလုတွေ့တဲ့အခါ ဘယ်လိုခံစားလိုက်ရမလဲ သူမ မသိပေ။
သို့ပေမယ့် ကိစ္စမရှိပါ။ သူမအမေဖြစ်ဖြစ် လင်းအာနျန်းဖြစ်ဖြစ် သူတို့က သူမအဖေနဲ့လက်ထပ်တုန်းက ငယ်ရွယ်ပြီး ပရော်ပရည်လုပ်ကြသော အရွယ်များဖြစ်ကြသည်။ သခင်မလုလက်ထပ်တုန်းကတောင် သူမက အသက်ကြီးနေသေးသည်။
"ဘာလို့ ဒီပြဇာတ်တွေအကြောင်း မကြားဖူးတာလဲ နန်းမြို့တော်ထဲမှာ သူတို့သိပ်မကြာသေးခင်က ရောက်လာတာလား" ရှဲ့နျိုရှန်း ရှုပ်ထွေးသွားသည်။ သူ တကယ်နားမလည်တာကြောင့် ခေါင်းဆောင်အား မေးလိုက်သည်။ "အဲဒါ ဘာအကြောင်းတွေလဲ"
ခေါင်းဆောင်က ရဲရင့်လှသည်။
သူကတကယ်တော့ ရှဲ့နျိုရှန်းအား မကြောက်ပါ။
သေချာပေါက် တကယ်တော့ သူ့ကို လောင်းကစားရုံ အနည်းငယ်က စီစဉ်ပေးခဲ့တာဖြစ်သည်။ ဤအဖွဲ့တွင် တိုက်ခိုက်သူတစ်ချို့လည်း ပါ၀င်သည်။
တစ်ခုခုအမှားအယွင်းဖြစ်ခဲ့လျှင်တောင် ရှဲ့နျိုရှန်း သူတို့ကို မသတ်နိုင်ပေ။
" 'မိန်းမလူစွမ်းကောင်း၏ နူးညံ့သောအချစ်' အကြောင်းက ယောကျာ်းတစ်ယောက်ကို ပြန်ပေးဆွဲသွားပြီး အိမ်ပြန်ခေါ်လာပြီးနောက် မိသားစုစီးပွားရေးကို ဆက်ခံခိုင်းတဲ့ ဇာတ်လမ်းပါ ပြောရမယ်ဆိုရင် အမျိုးသမီးခန္ဓာကိုယ်က ကြီးမားပြီး ကြမ်းတမ်းတဲ့ ရုပ်ရည်ရှိတယ် ဒီကမ္ဘာထဲက ဘယ်သူမှ ဒီအမျိုးသမီးအပေါ် သူ့ရဲ့ စိတ်ရင်းအမှန်ကို
မသိကြဘူး .. ဒုတိယပြဇာတ်က ဒီယောကျာ်းအကြောင်း ပြောပြထားတဲ့ ဇာတ်လမ်းပါ နောက်တော့ သူက သေးငယ်တဲ့မိသားစုထဲက လယ်သမားရဲ့သမီးနဲ့ လက်ထပ်လိုက်တယ် သူမကို အများကြီးချစ်ပေးတယ် နောက်ဆုံးတစ်ခုကလည်း .. ဒီယောကျာ်းအကြောင်းပါပဲ .. ဇနီးနှစ်ယောက်ကို ဆုံးရှုံးပြီးနောက် သူက ကုန်သည်သမီးဖြစ်တဲ့ အသက်ကြီး အမျိုးသမီးနဲ့တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ် .."
ခေါင်းဆောင်အကြည့်က တောက်လောင်နေသည်။ သူက ကျားခေါင်းက အမွေးအား နှုတ်ယူနေတာပင်။ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲနေမလဲ။
ရှဲ့နျိုရှန်း ထိုအဓိပ္ပါယ်တွေအား နားထောင်လိုက်သည်။
အဲဒီလူက သူ မလား .. ဘာ 'မိန်းမ လူစွမ်းကောင်း၏ နူးညံ့သောအချစ်' 'ကျောက်စိမ်းအလှ' နှင့် 'ကြီးပြင်းလာပြီဖြစ်သော သမီး' အဲဒါက သခင်မဖုန်၊ သခင်မလင်းနှင့် လက်ဖွာတဲ့ သခင်မလုအကြောင်း ပြောနေတာမလားဟ။
•••••