အဓိပ္ပါယ်ကောက်တာလွဲသွားတယ်။
Vol. 28 Ch. 540
ခေါင်းဆောင်က တစ်ခုခုမူမမှန်ဘူးလို့ ရှဲ့နျိုရှန်း တွေးမိသည်။
အကြောင်းအရင်းမရှိဘဲ ဘာလို့ သူ့လက်ထပ်ပွဲတွေကို အသုံးချနေတာလဲ။
"သခင်ကြီးရှဲ့ ဒီနေ့ပြဇာတ်က သခင်ကြီးအတွက်
အချိန် ဆုံးရှုံးစေမှာမဟုတ်ပါဘူး တစ်ပုဒ်ရွေးလို့ရတယ် ရွေးပြီးတဲ့အခါ ကျွန်တော်တို့မှာ စားသောက်ဆိုင်သုံးခုအတွက် ဖိတ်စာရှိတယ် တကယ်လို့ ဒီဖိတ်စာကို ယူလိုက်ရင် ဒီနှစ်ထဲ ဘယ်ကိုမဆိုသွားနိုင်တယ် ငွေရှင်းတဲ့အခါ ၅၀ရာခိုင်နှုန်းလည်း လျှော့ပေးဦးမှာ စားသောက်ဆိုင်မှာ သခင်ကြီး အကြိုက် အကောင်းဆုံးဝိုင်လည်း ရွေးချယ်လို့ရတယ်"
ခေါင်းဆောင်က အပြုံးဖြင့်ဆိုသည်။
ရှဲ့ချောင် ထိုစကားကြားတဲ့အခါ သူမအဖေ ငါးစာဟပ်မှာကို အတပ်သိလိုက်သည်။
သူမအဖေပေါ် လောင်းထားတဲ့သူကလည်း သူမအဖေ ရှဲ့နျိုရှန်းက သောက်စားရတာ ကြိုက်မှန်း သိပုံရသည်။
"အဲဒီလို အကျိုးအမြတ်ရှိသေးတာလား"
သေချာစွာဖြင့် ရှဲ့နျိုရှန်း စိတ်၀င်စားလာသည်။
ဒါက ပြဇာတ်ကြည့်ရုံပဲမလား။ ဘာကြီးကြီးမားမားမလို့လဲ။
"ဟုတ်ပါတယ် ဒီပြဇာတ်သုံးပုဒ်အတွက် သခင်ကြီးအကြိုက်ဆုံး တစ်ပုဒ်ကို ရွေးပြီး အဲဒါနဲ့ပတ်သက်လို့ စိတ်ရင်းမှန်ဖြစ်ရမယ် ရွေးချယ်ပြီးသွားရင် ကျွန်တော်တို့တွေ သခင့်အတွက် သုံးရက်တာမှာ တစ်ရက် သုံးကြိမ်ဖျော်ဖြေပေးမယ် ဆရာ ထိုင်ခုံကနေ ထလို့တော့မရဘူး"
တစ်စုံတစ်ခု ထူးဆန်းနေတာကို ရှဲ့နျိုရှန်း ခံစားမိသည်။
ဒီလိုအချိန်နဲ့ ဒီလိုအသက်အရွယ်မှာ ပရိသတ်ကို ပြဇာတ်အတင်းကြည့်ခိုင်းတဲ့ လူတွေရှိသေးတာလား။ ဘာပဲဖြစ်ဖြစ် ဈေးတစ်၀က်လျှော့ထားတဲ့ ဝိုင်နှင့်စားစရာနဲ့ပတ်သက်လာတော့ တွန်းလှန်ဖို့က ခက်ခဲလှသည်။
ရှဲ့နျိုရှန်း ပြဇာတ်သုံးပုဒ်အားကြည့်လိုက်သည်။
သူ့လက်က 'ကျောက်စိမ်းအလှ' ပြဇာတ်ကို ရွေးချယ်ချင်ပေမယ့် သူ့လက်မကျရောက်ခင်မှာ ဘေးနားက 'မိန်းမလူစွမ်းကောင်း၏ နူးညံ့သောအချစ်'အားရွေးလိုက်သည်။
"ဒီပြဇာတ်"
ခေါင်းဆောင်က အနည်းငယ်အံ့သြသွားသည်။
"သေချာရဲ့လား သခင်ကြီးနဲ့ ပထမဆုံးသခင်မကြီးကြားက ပြဇာတ်ကိုကြည့်ချင်တာလား"
"ဟုတ်တယ် သေချာဖျော်ဖြေ .. မင်းတို့တွေဘာရေးသားထားလဲဆိုတာ ငါကြည့်ချင်သေးတယ်"
သခင်မဖုန်က ကြီးမားပြီး နှိုင်းမယှဉ်နိုင်အောင် ကြမ်းတမ်းတယ်လို့ ခေါင်းဆောင်ပြောတာကို သတိထားမိသည်။
ခေါင်းဆောင်လည်း သူ့ရွေးချယ်မှုအား အသိအမှတ်ပြုသည်။
ပြီးနောက် သူက အသင့်ပြင်ဖို့ လူတွေအား အမိန့်
ပေးလိုက်သည်။ ခဏအကြာ သရုပ်ဆောင်က စင်ပေါ်တက်သည်။ သူမ စင်ပေါ်တက်သွားတာနဲ့ ရှဲ့နျိုရှန်း ထိန်းချုပ်မှုကင်းမဲ့သွားလုနီးနီးဖြစ်သွားသည်။
ဒီ၀ပြီး ထူထဲသော ရုပ်ဆိုးဆိုးအလှပြင်ထားတဲ့သူက သခင်မဖုန်တဲ့လား။
ရှဲ့နျိုရှန်း မျက်နှာ ကြောက်စရာကောင်းသွားသည်။
ရှဲ့နျိုရှန်းက သခင်မဖုန်ကို ချစ်တာလား ဒါမှမဟုတ် မုန်းတာလားဆိုတာ ခေါင်းဆောင်က မပြောနိုင်ပေ။
သရုပ်ဆောင် အလှပြင်ထားတာ ရုပ်ဆိုးတာကိုတော့ မေ့ထားလိုက်သည်။ ရှဲ့နျိုရှန်း သုံးကြိမ်
ကြည့်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲက ဒေါသ စတင်မြှင့်တက်လာ၏။
တခြားအကြောင်းပြချက်များကြောင့်တော့ မဟုတ် .. သို့ပေမယ့် ထိုလူတွေက သခင်မဖုန်အား ကျားတစ်ကောင်နှင့်တူသော ကြောက်စရာမကောင်းဆိုးဝါးအဖြစ် ပုံဖော်ထားသည်။
အဲဒါတော့မှန်သည်။ သူ့ဇနီး၏ စိတ်အခြေအနေက ဆိုးရွားလှပြီး မကြာခဏ သူမဓားဖြင့် သူ့ကိုသတ်ဖြတ်မယ်လို့ ခြိမ်းခြောက်လေ့ရှိသည်။ သို့သော်လည်း သူမ အကြိမ်ပေါင်းများစွာပြောခဲ့ပေမယ့် သူ့ကို တစ်ခါလေးတောင်မှ မလုပ်ခဲ့ပေ။
ထိုအရာသာမက လက်ထပ်ပြီးနောက် သူအနိုင်ကျင့်ခံရပြီး ချုပ်ချယ်ခံရသောနေရာတွင် ဒီပြဇာတ်ထဲကလို ပြောထားတာမဟုတ်ပေ။ သူ့ဇနီးက သူ့ကို ရက်စက်ခြင်းနှင့်အတူ နူးညံ့သိမ်မွေ့
ခြင်းနှင့်ပါ သူ့ကိုဆက်ဆံခဲ့သည်။
သူ့ဇနီးက ဓားပြအဖြစ် မွေးဖွားလာတာကြောင့် သူမအ၀တ်အစားက အနည်းငယ် ကြမ်းတမ်းသည်။ သူမက မကြာခဏ ယောကျာ်းတစ်ယောက်ပုံစံ ၀တ်စားတတ်ပြီး သူမက ယောင်္ကျားလား မိန်းမလားဆိုတာ ပြောဖို့ခက်ခဲလှသည်။ သို့ပေမယ့် သူမက ယောကျာ်းတစ်ယောက်ဆိုရင်တောင် သူ့ဇနီးက ကြည့်ကောင်းနေဆဲပင်။ အရင်ကဆို သူမ၏ခါးက သူလက်မလွတ်နိုင်တဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်သည်။ ဒီတော့ သူမက ဘယ်လိုလုပ် ..။
ရှဲ့နျိုရှန်း ဒေါသထွက်လာတော့ ခေါင်းဆောင်လည်း စိုးရိမ်သွားသည်။
ဒီအကြောင်းအရာနှင့်ပတ်သက်ပြီး စုံစမ်းရန် လူများစွာကိုပြောခဲ့သည်။
ထိုလူထဲတွင် ရှဲ့နျိုရှန်းနှင့်အတူ တောင်စခန်းမှာ နေခဲ့သူတွေလည်း ပါ၀င်သည်။ သခင်မဖုန်က ကြမ်းတမ်းပြီး 'ကျား'၊ 'အင်အားကြီးသူ' ဆိုတာတောင် သူမကိုဖော်ပြရန် မလုံလောက်ဟု အားလုံးက ပြောကြသည်။
ထို့ကြောင့် သူတို့က ဒီပုံစံဖြင့် ရောက်လာကြတာပင်။
အမှန်တရားနှင့် အတော်လေးနီးစပ်သင့်သည် ..။
သို့ပေမယ့် သခင်မဖုန်က သခင်ကြီး တုန်နေအောင်ချစ်ရသော သခင်မဖြစ်ခဲ့တာကို ခေါင်းဆောင်မသိခဲ့ပေ။ ဂုဏ်သိက္ခာသည် ရှေးလူကြီးများထက်ပင် ကြီးကျယ်လှသည်။ သူမက ကိုယ်ခံပညာရပ်တွင် သာလွန်ပြီး ကြမ်းတမ်း
သောကြောင့် ဘယ်သူကမှ သူမကိုရန်မစရဲကြ။
သူမ ဘယ်လောက်ပဲကြည့်ကောင်းပါစေ တောင်စခန်းထဲမှာ သူမအား ထင်မြင်ချက်တော့ ကျန်နေခဲ့မှာမဟုတ်ပေ။ ထိုအစား သူတို့နှလုံးသားထဲမှာ ကြောက်ရွံ့ခြင်းတွေသာ ဖြစ်တည်နေလောက်သည် ...။
ထို့အပြင် ဓားပြတွေအတွက် သခင်မဖုန်က ကျား၊ အင်အားကြီးသူအဖြစ် ဖော်ပြရတာက တကယ်တော့ .. ချီးကျူးတာလို့ သတ်မှတ်နိုင်သည်။
အရေးအကြီးဆုံးအနေဖြင့် သူတို့က သခင်မဖုန်အား မိန်းမလူစွမ်းကောင်းအဖြစ် ဖော်ပြချင်ကြတာဖြစ်ပြီး ဘယ်သူကမှ သူမနှင့် နှိုင်းယှဉ်၍မရဟု ဆိုလိုခြင်းပင်။
ကံမကောင်းစွာဖြင့် ထိုအရာက တခြားသူများ
အတွက် လုံး၀ အဓိပ္ပါယ်ကောက် လွဲမှားသွားခဲ့ခြင်း ဖြစ်သည်။
••••