← Chapters

သတ်ဖြတ်လိုသည့်အငွေ့အသက်ကိုအာရုံခံမိခြင်း

Vol. 7 Ch. 96

သတ်ဖြတ်လိုသည့်အငွေ့အသက်ကိုအာရုံခံမိခြင်း

Vol. 7 Ch. 96

အခန်း (၉၆) သတ်ဖြတ်လိုသည့်အငွေ့အသက်ကိုအာရုံခံမိခြင်း

ကျိုးကျုန်းထျန်းက မည်သည့်စကားမှ မပြောဘဲ တိတ်ဆိတ်နေသည်။

အတန်ကြာမှ…

"ဒါနဲ့… နတ်လူသားမျိုးနွယ်တွေက သူတို့ဘက်က အကြီးအကဲ (၃)ယောက် အသတ်ခံလိုက်ရတာနဲ့ပတ်သက်ပြီး ကျုပ်တို့ကို မေးခွန်းမထုတ်ဘူးလား…"

ဖုန်းယီရှောက်က ကျောက်သားစားပွဲထက်မှ လက်ဖက်ရည်ကြမ်းပန်းကန်ကိုယူကာ တစ်ငုံသောက်လိုက်ရင်း…

"သူတို့တွေ ငြိမ်နေကြတယ်… သူတို့ဆီက ဘာသတင်းမှတောင် မကြားရဘူး…"

ကျိုးကျုန်းထျန်းက…

"ကျုပ် နတ်လူသားမျိုးနွယ်တွေဆီကို သွားမယ်… ၊ မကျေပွဲ သွားပြီး စိန်ခေါ်ရမယ်…"

ဖုန်းယီရှောက်က…

"ဒီလိုအချိန် သူတို့ဆီသွားလို့ အဆင်ပြေပါ့မလား…"

ကျိုးကျုန်းထျန်းက…

"ဘာ အဆင်မပြေစရာရှိလဲဗျ…"

ဖုန်းယီရှောက်က…

"နတ်လူသားမျိုးနွယ်တွေက ကျုပ်တို့ ခွန်လွန်တောင်ပိုင်နက်ထဲမှာ အသတ်ခံလိုက်ရတာ… ၊ အခုချိန် သူတို့ဆီ သွားမယ်ဆိုရင် ခင်ဗျားသေချာပေါက် ဒုက္ခရောက်မယ် ထင်တယ်…"

ကျိုးကျုန်းထျန်းက…

"ဟ… အဲဒါ ကျုပ်တို့နဲ့ ဘာဆိုင်လို့လဲ… ၊ သူတို့က ကျုပ်တို့ကို အရင်စပြီး စိန်ခေါ်တယ်… ကျုပ်တို့က အခု သူတို့ကိုပြန်ပြီး စိန်ခေါ်မယ်လေ… ၊ သူတို့လူတွေ အပြန်လမ်းမှာ ရှင်းပစ်ခံလိုက်ရတာက သူတို့ကိစ္စပဲ… ၊ ခွန်လွန်တောင်နဲ့ ဘာမှ မဆိုင်ဘူး… ၊ ပြီးတော့… သူတို့ကို စိန်ခေါ်ဖို့ ကျုပ်နဲ့အတူ လုကျန်းတစ်ယောက် ခေါ်သွားရင်တောင် လုံလောက်နေပြီ…"

ထို့နောက်… ကျိုးကျုန်းထျန်း နေရာမှာပင် ပျောက်ကွယ်သွား၏။

ဖုန်းယီရှောက် လက်ဖက်ရည်ကြမ်းပန်းကန်ကို မော့သောက်လိုက်သည်။

ထို့နောက်… သူလည်း နေရာတွင်ပင် ပျောက်ကွယ်သွားလေတော့သည်။

………………

ကျန်းလန်ကတော့ ထုံးစံအတိုင်း ကျင့်ကြံလျှက် ရှိ၏။

သူ၏ ကျင့်ကြံခြင်းကိုအားဖြည့်ရန်အတွက် တစ်ခါတစ်ရံ ပြဒါးဆေးလုံးများကိုသောက်သုံးလေ့ရှိသည်။

ထို့ပြင်… သူက ယခင်ကလို နဝမတောင်ထွတ်တွင်ပင် ကျင့်ကြံရင်း တစ်လလုံး အချိန်ဖြုန်းမနေတော့ပေ။

ဆရာဖြစ်သူ၏ အကြံပေးမှုကို လက်ခံပြီး ခွန်လွန်တောင် အခြားနယ်မြေများသို့ လှည့်လည်ကြည့်ရှုလေ့ ရှိသည်။ သို့သော်… ထူးခြားသည့်နေရာများကိုတော့ သူ သွားလေ့ မရှိပေ။

ထို့ကြောင့် စနစ်တွင် မှတ်ပုံတင်ခြင်းကတော့ ထူးခြားသည့်ပစ္စည်းများ ရရှိခြင်း မရှိပေ။

မည်သို့ပင်ဖြစ်စေ… လူအမျိုးမျိုး စိတ်အထွေထွေ လူတို့၏ သဘောသဘာများစွာကို များစွာ တွေ့မြင်နားလည်လာရသည်။

အခြားသူများ စိတ်လှုပ်ရှားခြင်း ၊ ဒေါသထွက်ခြင်းနှင့် မနာလိုဖြစ်ခြင်းများကို တွေ့မြင်ခဲ့ရသည်။

အချို့အရာများက သင်ယူစရာများဖြစ်ပြီး အချို့အရာများကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်စရာများ ဖြစ်သည်။

ထို့ပြင်… ခွန်လွန်တောင်နေရာများတွင် လှည့်လည်သွားလာသည်က ခွန်လွန်တောင်ပြင်ပသို့ ထွက်ခွာခြင်း မဟုတ်သောကြောင့် အန္တရယ်များခြင်းလည်း မရှိပေ။

အချိန် (၁)လခွဲခန့် ကြာမြင့်ပြီးသည့်နောက်…

မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲသို့ သွားရောက်သူများထံမှ ဝေစုအဖြစ် ပေးအပ်သည့် မှော်ဝင်ပစ္စည်း (၂)ခု ကျန်းလန် ရရှိခဲ့သည်။

ထိုမှော်ဝင်ပစ္စည်းများက အဋ္ဌမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုတစ်ယောက်က သူ့ထံ ပေးပို့လာခြင်း ဖြစ်၏။

ထိုဂိုဏ်းတူအစ်ကို၏ ပြောစကားအရဆိုလျှင် ဂိုဏ်းတူအစ်ကိုလုကျန်းက ဤမျော်ဝင်ပစ္စည်းများကို ကျန်းလန်အတွက် အထူးရွေးခြယ်ပေးခဲ့သည်ဟုဆို၏။

ကျန်းလန်ရရှိသည့် မှော်ဝင်ပစ္စည်းများက အကောင်းဆုံးပစ္စည်းမျာတော့ မဟုတ်ပေ။ သို့သော်...  သူနှင့် အသင့်တော်ဆုံးပစ္စည်းများဖြစ်သည်။

ပထမပစ္စည်းက ကြေးမုံမှန်တစ်ချပ်ဖြစ်သည်။

ထိုမှန်၏အမည်က "အတ္တကြေးမုံ" ဟု ခေါ်၏။

သက်ရောက်မှုကတော့ ရိုးရှင်းသည်။

ကြေးမုံမှန်ကို အသုံးပြုသူ၏ ကျင့်ကြံခြင်းအဆင့်ကို အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်တိုက်ခိုက် လေ့ကျင့်နိုင်မည် ဖြစ်သည်။

အဋ္ဌမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကို၏ စကားအရ ကျန်းလန်က ပြင်ပသို့ ထွက်ခဲလှသည့်အတွက် တိုက်ခိုက်ရေးအတွေ့အကြုံ နည်းပါးသည်။

ထို့ကြောင့်… မိမိကိုယ်တိုင်တွင် မည်သသည့်ဟာကွက်များရှိနေသည်ကို မသိနိုင်သလို ရန်သူနှင့် တိုက်ခိုက်ရာတွင်လည်း အနည်းငယ် အခက်တွေ့နိုင်သည်။

သို့သော်… အတ္တကြေးမုံကတော့ ကျန်းလန်၏ တိုက်ခိုက်ရေးချို့ယွင်းချက်များကို များစွာကူညီပေးနိုင်သည်။

ဤအချက်ကို ကျန်းလန်က သဘောတူလေသည်။

သို့သော်... အတ္တကြေးမုံမှတစ်ဆင့် သူ့ကိုယ်သူ ပြန်လည်တိုက်ခိုက်ရန်က အတော်လေးခက်ခဲသည့်ကိစ္စ ဖြစ်သည်။

နွားရိုင်းကိုးကောင်စွမ်းအားနှင် နောက်ထပ်နွားရိုင်းကိုးကောင်စွမ်းအားတစ်ခု ရင်ဆိုင်မိလျှင် မည်သို့ဖြစ်လာလေမည်လဲ…ကျန်းလန်လည်း မသိရှိပေ။

သို့သော်… အတ္တကြေးမုံမှန်က အချိန်ကြာမြင့်စွာ အသုံးပြုနိုင်သည့် ကြေးမုံမှန်တစ်ချပ် ဖြစ်လေရာ  အင်မော်တယ်ဖြစ်လာသည့်အချိန်ထိ အသုံးပြုသွားနိုင်သည်။

ဒုတိယပစ္စည်းကတော့.... ပါးကွသင်္ကေတကားချပ်တစ်ခု ဖြစ်၏။

ဤမှော်ဝင်ပစ္စည်းက အထောက်အကူပြု မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်သည်။

ပါးကွသင်္ကေတကားချပ်ကို အဓိကအားဖြင့် အစီအရင်များကို သုတေသနာပြုရန်နှင့် အစီအရင်များ၏ အကျိုးသက်ရောက်မှုများကို ထင်ဟပ်စေရန် အသုံးပြုသည်။

ဤပစ္စည်းက အစီအရင်များ လက်တွေ့လုပ်ဆောင်သည့်အတွက် အချိန်အား ၊ ပစ္စည်းအား ကုန်ဆုံးသွားခြင်းကို သက်သာစေမည်ဖြစ်သည်။

အဋ္ဌမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကို ပြောသည်က အစီအရင်များကို အချိန်ကုန်ခံ လေ့လာနေခြင်းက နှမျောစရာဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့်… အစီအရင်များကို အလျှင်အမြန် စမ်းသပ်ကြည့်ရန်နှင့် နားလည်နိုင်ရန် ပါးကွသင်္ကေတကားချပ်ကို အသုံးပြုနိုင်သည်ဟု ဆိုသည်။

ထိုအချက်ကိုလည်း ကျန်းလန်သဘောတူလိုက်၏။

ထိူ့ကြောင့်... သူက မှော်ဝင်ပစ္စည်း (၂) မျိုးလုံးကို လက်ခံလိုက်လေသည်။

သို့သော်... ထိုပစ္စည်းများက လောလောဆယ်တွင် သိပ်ပြီးအသုံးမဝင်သေးပေ။

သူက ကျင့်ကြံခြင်းတစ်ဆင့်တက်ပြီးနောက် မန္တန်များ ၊ ကျင့်စဉ်များကိုပါ အဆင့်မြင့်အောင်ကျင့်ကြံရင်း ကျင့်ကြံခြင်းအဆင့်ပြီးပြည့်စုံအောင် မြှင့်တင်နေရဆဲ ဖြစ်သည်။

လူတစ်ယောက်က ခရီးသွားရာတွင် တစ်ကြိမ်လျှင် ခြေတ်လှမ်းသာလှမ်းနိုင်သလို အစာစားမည်ဆိုလျှင်လည်း တစ်ခါစားလျှင်တစ်ကိုက်သာ စားနိုင်မည် ဖြစ်သည်။

ကျင့်ကြံခြင်းဆိုသည်ကလည်း ထိုကဲ့သို့ပင် ဖြစ်သည်။

ထို့ကြောင့်… ပညာရပ်အားလုံးတွင် ကျွမ်းကျင်ရန်က မဖြစ်နိုင်သလို အချိန်လည်း လုံလောက်မည် မဟုတ်ပေ။ အစီအစဉ်တကျသွားရန်က အရေးကြီး၏။

လွန်ခဲ့သည့်ကာလများအတွင်း ကျန်းလန် သတင်းတစ်ခု ကြားခဲ့ရသည်။

ခွန်လွန်တောင်သို့ လာရောက်စိန်ခေါ်သည့် နတ်လူသားမျိုးနွယ် အကြီးအကဲ (၃)ယောက် သေဆုံးသွားကြပြီဆိုသည့် သတင်းဖြစ်၏။

ထို့ပြင် အဋ္ဌမတောင်ထွတ်မှ ဂိုဏ်းတူဦးလေးက လုကျန်းကို ခေါ်ဆောင်ပြီး နတ်လူသားမျိုးနွယ်များကို သွားရောက်စိန်ခေါ်ရန် ထွက်သွားသည်မှာလည်း ယခုအချိန်ထိ ပြန်မလာသေးကြောင်း သိရသည်။

ကျန်းလန် ထိုင်ရာမှ ထလိုက်ပြီး ရေသဖန်းပင်လေးနှင့် ဝိညာဉ်သားရဲဥလေးပေါ်သို့ ဝိညာဉ်ဆေးရည်များ လောင်းချလိုက်သည်။

ရေသဖန်းပင်လေးကတော့ အရင်ကအတိုင်း အားနည်းဖျော့တော့နေဆဲ ဖြစ်ပြီး မကြာခင် ညှိုးခြောက်သွားတော့မည့်အလား ထင်မှတ်ရသည်။

ဆရာဖြစ်သူကတော့ ရေသဖန်းပင်နှင့်ပတ်သက်ပြီး ပြုစုပျိုးထောင်ပေးရမည့် အချက်အလက်များကို မေးမြန်းပြီး သူ့ကို ပြောပြပေးရှာသည်။

သူက ဆရာပြောပြသည့်အတိုင်း ဂရုတစိုက် ပြုစုပျိုးထောင်ပေးသော်လည်း ထိုသစ်ပင်လေးက အားနည်းဖျော့တော့နေဆဲ ဖြစ်သည်။

သူလည်း ဘာလုပ်ရမှန်းမသိတော့ပေ။

သူက တတ်နိုင်သမျှ ဆက်လက်ပျိုးထောင်ပေးရုံသာတတ်နိုင်ပြီး သစ်ပင်လေး အခက်အခဲများကြားမှ ရှင်သန်လာပါစေဟုသာ မျှော်လင့်မိသည်။

သားရဲဥလေးကတော့ သိပ်ပြီးပြောင်းလဲခြင်း မရှိပေ။ အခြေအနေ အလွန်တည်ငြိမ်နေလေ၏။

ထိုအရာလေးက နှစ်ပေါင်းရာနှင့်ချီပြီး အေးအေးဆေးဆေးရှိနေကာ ကျန်းလန်ကိုလည်း သိပ်ပြီး ဒုက္ခမပေးခဲ့ပေ။

ထို့နောက်… ကျန်းလန် နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့ပြီး ခွန်လွန်တောင်တစ်လျှောက် ဟိုဟိုဒီဒီ လျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။

သူက ခွန်လွန်တောင်တစ်ခွင် တစ်ကြိမ်သွားရောက်လည်ပတ်တိုင်း မတူညီသည့် နေရာတစ်ခုသို့ သွားခြင်း ဖြစ်လေရာ သူ့ကို သတိထားမိသူ သိပ်မရှိလှပေ။

တစ်စုံတစ်ယောက်က သူ့ကို သတိထားမိသွားသည်နှင့် သူက ထိုနေရာမှ လစ်ပြေးလေ့ ရှိသည်။

သူ့ကို သိရှိသူများနှင့် တွေ့ဆုံရလျှင် ကျန်းလန် စိတ်ရှုတ်ခံစားရလေ့ရှိသည်။

"ကျုပ်သတင်းကြားတာ... အဋ္ဌမတောင်ထွတ်က ဆရာဦးလေး ပြန်ရောက်နေပြီတဲ့.... ၊ ဒါပေမဲ့ ဒဏ်ရာရလာတယ်တဲ့...."

"ဟုတ်တယ်... အပြန်လမ်းမှာ နတ်မိစ္ဆာတွေတိုက်ခိုက်တာ ခံရတယ်လို့ ကြားတာပဲ… ဂိုဏ်းတူအစ်ကိုလုကျန်းလည်း ဒဏ်ရာအပြင်းအထန် ရသွားတယ်တဲ့…"

"ခုတလော နတ်မိစ္ဆာတွေ အတော်သောင်းကြမ်းနေတယ်... ဘာလို့ ဒီလောက်ထိဆိုးရွားလာကြလဲ မသိဘူးကွာ..."

"တော်ပြီ.... တော်ပြီ.... အဲဒီအကြောင်း မပြောနဲ့တော့.... နတ်လူသားမျိုးနွယ်တွေကို စိန်ခေါ်တဲ့ပွဲမှာ အဋ္ဌမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုလုကျန်း အနိုင်ရသွားသလား...."

"ရလဒ်တော့ သေချာမသိဘူး… ၊ ဒါပေမဲ့… သူ စိန်ခေါ်တဲ့သူတွေအားလုံးက အင်မော်တယ်တွေတဲ့ကွ… ၊ သူက တစ်နေ့ကို စိန်ခေါ်ပွဲတစ်ခုနဲ့ ကိုးရက်တိတ် ဆက်တိုက် တိုက်ခိုက်ခဲ့တာတဲ့…"

"ကျုပ်ကြားတာတော့… သူက ပြိုင်ပွဲ (၅)ပွဲ ဆက်တိုက်အနိုင်ရခဲ့ပြီး (၆)ပွဲမြောက်မှာတော့ သရေကျတယ်တဲ့…"

ကျန်းလန် ဆက်နားမထောင်တော့ဘဲ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

သူ… အရင်က လုကျန်းနှင့် တစ်ကြိမ် ဆုံခဲ့ဖူးသည်။

ကျောက်စိမ်းရေကန်ဖွင့်ပွဲသို့ သွားရောက်ချိန်က လုကျန်းက သူ့ကို လာရောက်နှုတ်ဆက်ခြင်း ဖြစ်သည်။

ထို့ပြင်… လုကျန်းက အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်လေသည်။

ကောလဟလအချို့ကတော့ အနည်းငယ် ချဲ့ကားပြောဆိုခြင်း ဖြစ်သော်လည်း လုကျန်းတန်ခိုးစွမ်းအား မြင့်မားသည်ကတော့ ငြင်းမရသည့်ကိစ္စ ဖြစ်သည်။

ကျန်းလန် မြောက်ရှိုးနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသည်။

နတ်လူသားမျိုးနွယ်များက အမှန်တကယ်ပင် ပါရမီရှင်များဖြစ်ကြပြီး စွမ်းရည် မြင့်မားကြသည်။

ကျန်းလန်သာ အလစ်ချောင်းတိုက်ခိုက်နိုင်ခဲ့ခြင်း မရှိလျှင် (သို့မဟုတ်) မြောက်ရှိုးကလည်း သူ့ကိုယ်သူ အထင်ကြီးနေခြင်း မရှိလျှင် ကျန်းလန်အနေဖြင့် လက်သီးတစ်ချက်တည်းဖြင့် မြောက်ရှိုးကို သတ်ဖြတ်နိုင်ခဲ့မည် မဟုတ်ပေ။

"ဒီလောကမှာ အရည်အချင်းမြင့်မားတဲ့သူတွေနဲ့ လျှို့ဝှက်ချက်ရှိတဲ့လူတွေက ခပ်များများရယ်… ငါ ရန်သူကို ဘယ်တော့မှ လျှော့မတွက်မိဖို့လိုတယ်…"

ရန်သူကို လျှော့တွက်မိပါက ယနေ့ မြောက်ရှိုးခံရသလို မနက်ဖန်တွင် သူ ခံသွားရနိုင်သည်။

ကျင့်ကြံသူတစ်ယောက် ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ ရန်သူကို လျှော့တွက်မိတတ်ကြသည်။

ထိုကိစ္စများကိုအသာထား…  နတ်လူသားမျိုးနွယ်မှ အင်မော်တယ် (၃)ပါး အဘယ့်ကြောင့် အသက်ပျောက်သွားရကြောင်း မည်သူမှ မသိကြပေ။

ကျန်းလန်လည်း ထိုကိစ္စကို စဉ်းစားရင်း အဖြေရှာမရဘဲ စိတ်ရှုတ်ထွေးနေမိသည်။

ခွန်လွန်တောင်မှ တစ်စုံတစ်ယောက်က တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်။

သို့သော်… ထိုစဉ်က နတ်လူသားမျိုးနွယ်များ၏ မှော်ဝင်ယဉ်ပျံက ခွန်လွန်တောင် ပတ်ဝန်းကျင်တွင်ပင် ရှိနေသေးရာ ခွန်လွန်တောင်က သူ့ပိုင်နက်အတွင်းတွင် တိုက်ခိုက်ပါမည်လား…။

ခွန်လွန်တောင်ကို အကာအကွယ်ယူပြီး တစ်စုံတစ်ယောက်က လုပ်ကြံခြင်းလည်း ဖြစ်နိုင်သည်။

"ဘာပဲဖြစ်ဖြစ်… ငါကတော့ နတ်လူသားမျိုးနွယ်တွေကြားမှာ အတော်လေး ရေပန်းစားတော့မှာပဲ… ၊ ငါ့ကို အာရုံစိုက်မလာကြပါစေနဲ့လို့သာ ဆုတောင်းပါတယ်…"

ကျန်းလန် တွေးလိုက်သည်။

ထို့နောက်… နဝမတောင်ထွတ်သို့ပြန်ပြီး ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

ထိုစဉ်မှာပင်… တစ်စုံတစ်ယောက်က အနောက်ဘက်မှ ကြည့်နေသည့်အလား ခံစားလိုက်ရသည်။ သို့သော်… ခံစားချက်က အတော်လေး အားပျော့သည်။

ကျန်းလန် မရပ်တန့်ဘဲ ရှေ့ဆက်လျှောက်သွားပြီး တိုက်ခိုက်ရန်လည်း အသင့်ပြင်ထားလိုက်သည်။

"ဒါ… ဘယ်သူဖြစ်နိုင်မလဲ…"

ကျန်းလန် လမ်းလျှောက်ရင်းတွေးနေမိသည်။

ခွန်လွန်တောင်တွင် တပည့်အချင်းချင်း ပစ်မှတ်ထားခံရသည်မှာ ကျန်းလန်အတွက် ပထမဆုံး အကြိမ်ဖြစ်သည်။

အရင်က တတိယတောင်ထွတ်၏ မှော်ရုံနယ်မြေတွင် ထိုသို့အသော အဖြစ်အပျက်မျိုး တစ်ခါဖြစ်ပျက်ခဲ့ဖူးသည်။

သို့သော်… ထိုစဉ်က သူတစ်ယောက်တည်း ပစ်မှတ်ထားခံရခြင်းမဟုတ်ပေ။ လုန်ယွိနှင့် အခြားတပည့်များလည်း ပါဝင်လေသည်။

ယခု… တစ်ဖက်လူက သူ့ကို အတိအကျ ပစ်မှတ်ထားနေခြင်း ဖြစ်၏။

ကျန်းလန် တောင်ပေါ်သို့ ချက်ချင်းမပြန်သေးဘဲ လူများပြားသည့်နေရာများကို ရွေးခြယ်သွားလာနေလိုက်သည်။

သူက နောက်သို့လည်း လှည့်မကြည့်ဘဲ ပုံမှန်ခြေလှမ်းများအတိုင်း လမ်းဆက်လျှောက်နေသည်။

တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း ကျန်းလန် မခန့်မှန်းနိုင်သလို တစ်ဖက်လူက သူ့ထံမှ ဘာလိုချင်သည်လဲ ကျန်းလန် မသိရှိပေ။

"ခံစားချက်က အားပျော့တယ် ၊ ဒါပေမဲ့… ငါ့ကို ဒီလိုငြိမ်ပြီးစောင့်ကြည့်နေတာက ပုံမှန်မဟုတ်ဘူး… ၊ ဒါမှမဟုတ် ဒီကောင်က မှော်ဝင်ပစ္စည်းတစ်ခုခုကနေတစ်ဆင့် လေ့လာနေတာများလား…"

ကျန်းလန် တွေးလိုက်သည်။

သို့သော်… ထိုသူမည်သူဖြစ်ကြောင်း ကျန်းလန် တိတိကျကျ မခန့်မှန်းနိုင်ပေ။

နတ်လူသားမျိုးနွယ်မှ စေလွှတ်လိုက်သည့် တစ်စုံတစ်ယောက်တော့ မဖြစ်နိုင်ပေ။ နတ်လူသားမျိုးနွယ်များကတော့ ခွန်လွန်တောင်အထိ လာရောက်ပုန်းအောင်းနေနိုင်မည် မဟုတ်ပေ။။

အချိန်အတန်ကြာ လျှောက်သွားနေပြီးနောက်… ကျန်းလန် နဝမတောင်ထွတ်သို့ပြန်ရန် ဦးတည်လိုက်သည်။

နဝမတောင်ထွတ်သို့ ပြန်ရာလမ်းက လူပြတ်သလို အနည်းငယ်လည်း အလှမ်းဝေးသည်။

ထိုနေရာများတွင် တစ်စုံတစ်ယောက် ပုန်းအောင်းနေမည်ဆိုလျှင် မည်သူမှ သိရှိကြမည် မဟုတ်ပေ။

ခွန်လွန်တောင်က သေးငယ်သည့်နေရာတစ်ခု မဟုတ်ပေ။ လူသူနေထိုင်ခြင်းမရှိသည့် တောင်များ ၊ တောအုပ်များ များစွာရှိသည်။

ကျန်းလန် လမ်းဆက်မလျှောက်တော့ဘဲ ဓားကို စီးနှင်ကာ ခရီးဆက်လိုက်သည်။

ထိုအချိန်မှာပင်… သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်ခုကို ကျန်းလန် ခံစားလိုက်ရသည်။

သူ… ချက်ချင်းပင် ခန္ဓာကိုယ်မှ တန်ခိုးစွမ်းအားများကို စုစည်းလိုက်သည်။

တစ်ဖက်လူက စတင်တိုက်ခိုက်သည်နှင့် ထိုသူ၏ ကျင့်ကြံခြင်းအဆင့်ကို ကျန်းလန် ခန့်မှန်းနိုင်မည် ဖြစ်သည်။

သူ့အနေဖြင့် ထိုသူကို လက်သီးတစ်ချက်ဖြင့်လည်း သတ်ဖြတ်ပစ်နိုင်သလို ခြေတစ်လှမ်းဖြင့်လည်း ရှောင်ထွက်သွားနိုင်စွမ်းရှိသည်။

ထို့ပြင်… ကျန်းလန်က မရှိမှုအာကာသအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ထူးခြားသည့်မှော်ဝင်ပစ္စည်းများစွာလည်း ပိုင်ဆိုင်ထားလေရာ ရန်သူကို ရင်မဆိုင်နိုင်စရာ မရှိပေ။

သို့သော်… ကျန်းလန် ရန်သူ၏ တည်နေရာကို ခြေရာခံမရဖြစ်နေခဲ့လေ၏။

All Chapters