← Chapters

သွေးပင်လယ်၏ လျှို့ဝှက်ချက်

Vol. 58 Ch. 856

သွေးပင်လယ်၏ လျှို့ဝှက်ချက်

Vol. 58 Ch. 856

နှစ်တစ်ထောင်သွေးပင်လယ်မှာ ကျင့်ကြံဖို့အတွက် နေရာဆယ်နေရာကို ဆုံးဖြတ်ပြီးသွားလေပြီ။

သားရဲတစ်ထောင်တွေ့ဆုံပွဲကို ခါတိုင်းလိုပင် ဆက်လက်ကျင်းပခဲ့၏။ ဆူဇီမိုတို့အုပ်စုသည် ကြီးမားသည့် တိုက်ပွဲတစ်ခုကို မကြာခင်ကမှ တွေ့ကြုံခဲ့ရပြီး နောက်ထပ်သုံးရက်ကြာလျှင် သွေးပင်လယ်သို့ ဝင်ရောက်မည့် ခရီးစဥ်ကို စတင်မည်ဖြစ်လေသည်။

ညဘက်၌ သွေးပင်လယ်၏ အနီးနားတစ်ဝိုက်တွင် မီးတောက်များက တစ်ခုပြီးတစ်ခု ပေါ်လာလေသည်။

မိစ္ဆာသားရဲအချို့သည် မီးပုံများ၏ ပတ်လည်မှာ တိုးဝေ့နေကြ၏။ မိစ္ဆာသားရဲအချို့က သူတို့၏ ပတ်ပတ်လည်တွင် ကြီးမားသည့် ညလင်းပုတီးများကို လှည့်ပတ်ထားစေပြီး အချို့သော မိစ္ဆာသားရဲများကတော့ သူတို့၏ ဘေးပတ်လည်မှာ မီးတောက်လုံးများကို လွင့်မျောနေစေလေသည်။

အဲ့ဒီမှာ ညအမှောင်မှာ လင်းထိန်စေသော ဓမ္မပညာရပ်များစွာလည်းရှိလေသည်။

သားရဲများသည် သုံးယောက်တစ်အုပ်စု၊ ဆယ်ယောက် တစ်အုပ်စု သို့မဟုတ် အယောက်သုံးလေးဆယ် စုဖွဲ့၍ သောက်စားပျော်ပါးနေကြလေသည်။

အဲ့ဒီမှာ သောက်စားပျော်ပါးကြခြင်းအပြင် သားရဲတစ်ထောင်တွေ့ဆုံပွဲ၌ ရှားရှားပါးပါး စျေးကွက်တစ်ခုလည်းရှိလေသည်။

နယ်မြေကြီး ၇ ခုက စုဝေးနေကြသောကြောင့် အဲ့ဒီမှာ ရှားပါးပစ္စည်းများ ၊ စိတ်ဝိညာဥ်ဆေးပင်များ ၊ ဆေးလုံးများ ၊ ဓမ္မလက်နက်များနှင့် လျှို့ဝှက်ကျင့်စဥ်များကို ရောင်းချသော အမျိုးမျိုးသော ဆိုင်ခန်းငယ်များလည်း ရှိလေသည်။ အရာရာတိုင်းကို အဲ့ဒီမှာ ရှာဖွေတွေ့ရှိနိုင်လေသည်။

စျေးကွက်အတွင်း ပေးချေမှုအများစုကို ကုန်ပစ္စည်းချင်း ဖလှယ်ကြလေသည်။

အချို့တစ်မူထူးခြားသော ပစ္စည်းများနှင့် သတ္တုရိုင်းများကို သက်ဆိုင်ရာ နယ်မြေများတွင်သာ ရရှိနိုင်လေသည်။ အဲ့ဒါကြောင့် များစွာသော မိစ္ဆာသားရဲများသည် စျေးကွက်၏ ပတ်ပတ်လည်မှာ စုဝေးလာကြလေသည်။

မျောက် ၊ စိတ်ဝိညာဥ်ကျားနှင့် ချင်ချင်သည် စိတ်မပါသော မြေခွေးလေးကို လူအုပ်ကြီးထဲသို့ အတင်းဆွဲခေါ်သွားကြ၏။

မျောက်ဝံမြူးထူးတောင်ရိုးအဖွဲ့၏ ရှေ့တွင်...

မျောက်ဝံအိုကြီးသည် သူ၏ လက်နှစ်ဖက်ကိုနောက်ပစ်၍ မတ်တတ်ရပ်နေပြီး သူ၏မျက်လုံးများကို မှေးကျဥ်းထားလေသည်။ သူ၏ ရှည်လျားဖြူဖွေးသော မျက်ခုံးမွေးများသည် သူ၏ ပါးနှစ်ဖက်ပေါ်သို့ တွဲလျောင်းကျနေပြီး လေမတိုက်ဘဲ တဖျတ်ဖျတ်လှုပ်နေ၏။

သူ၏နောက်တွင် အစိမ်းရောင်ဝတ် ကျင့်ကြံသူတစ်ယောက်က မတ်တတ်ရပ်နေလေသည်။ အဲ့ဒါက ဆူဇီမိုပင် ဖြစ်လေသည်။

သူတို့နှစ်ယောက်သည် တိတ်တဆိတ် ရပ်နေကြပြီး စည်ကားသိုက်မြိုက်သော လူအုပ်ကြီးနှင့် ကွဲထွက်နေလေသည်။ သူတို့က ညအမှောင်နှင့် တစ်သားတည်း ကျနေသည့်အလားပင်။

ရုတ်တရက် မျောက်ဝံအိုကြီးက လှည့်၍မေးလိုက်၏။

“မင်းအဲ့ဒါကို ခံစားမိနိုင်လား...”

“အမ်း...”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း သူသည် ကြီးကြီးမားမား ကိစ္စတစ်စုံတစ်စရာ ဖြစ်ပျက်တော့မည်ဆိုသော ခံစားချက်တစ်ခုကို ရရှိနေ၏။

အဲ့ဒီမှာ ဖော်မပြနိုင်သော သတ်ဖြတ်လိုစိတ်တစ်ခုရှိနေပြီး သူ့အား ရင်လှပ်လှပ် ခံစားချက်တစ်ခုကို ပေးနေလေသည်။

“မင်းကတော့... တစ်ကယ့်ကောင်ဘဲ”

မျောက်ဝံအိုကြီးက ရေရွတ်လိုက်၏။

လက်ရှိမိစ္ဆာသားရဲများအကြားတွင် ဤကဲ့သို့ ထက်ရှသော အာရုံခံအသိစိတ်ကို ပိုင်ဆိုင်ထားတဲ့လူမှာဆယ်ယောက်ပင်မပြည့်ပေ။ အဲ့ဒီထဲမှာ အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်က ပါနေသည်ဆ်ိုတော့....

မျောက်ဝံအိုကြီးက သူ၏မျက်လုံးကိုဖွင့်ပြီး လှမ်းမျှော်ကြည့်လိုက်၏။

မိုးကုတ်စက်ဝိုင်း၏ တစ်နေရာတွင် များစွာသော ကြယ်များရှိနေလေသည်။ သို့သော်လည်း ကြယ်များ၏ လမ်းကြောင်းက ကစဉ့်ကလျားဖြစ်နေ၏။ ​မမြင်နိုင်သော စွမ်းအင်တစ်ခုက နက္ခတ်တာရာများကို ပြန်လည်စီစဥ်နေသည့်အလားပင်။

ဆူဇီမိုက မျက်မှောင်ကြုတ်ပြီးမေးလိုက်လေသည်။

“အဲ့ဒီ မအီမသာခံစားချက်က ဟိုတလောက နေ့ဘက်မှာထွက်ပေါ်လာတဲ့ ကြယ်တွေနဲ့များ ပက်သက်နေမလား...”

“ဖြစ်နိုင်တာပေါ့”

မျောက်ဝံအိုကြီးက သက်ပြင်းချလိုက်၏။

သူသည်လည်းဘဲ မသေချာပေ။ ထိုစဥ်က နေ့ဘက်တွင် ကြယ်များထွက်ပေါ်လာပြီးကတည်းက နောက်ထပ်ချောက်ချားဖွယ်ကာ လောကနမိတ်ဖြစ်စဥ်တစ်ခုက ထွက်ပေါ်မလာတော့ပေ။

သို့သော်လည်း ညဘက်သို့ရောက်သည်နှင်ံ့ တစ်စုံတစ်ယောက်က သေချာစူးစိုက်ကြည့်မည်ဆိုလျှင် ကောင်းကင်ထက်မှ ကြယ်များသည် ဖရိုဖရဲ လက္ခဏာပြနေသည်ကို မြင်နိုင်ပေလိမ့်မည်။ သူတို့က ဆက်တိုက် တဖျပ်ဖျပ်လက်၍ အလွန်တရာထူးခြားနေလေသည်။

“အဲ့ဒါက သွေးပင်လယ်နဲ့များ ပတ်သတ်နေနိုင်မလား”

ရုတ်တရက် ဆူဇီမိုသည် ဤနေရာသို့ ရောက်လာခါစက သူမြင်တွေ့ခဲ့ရသော ချောက်ချားဖွယ်ရာ သွေးရောင်မျက်နာက်ို ပြန်လည်အမှတ်ရသွား၏။

အဲ့ဒီအချိန်တုန်းက သူက ထင်ယောင်ထင်မှားဖြစ်ခဲ့တာ ဟုတ်ပုံမရပေ။

“ငါလည်းမသိဘူး...”

မျောက်ဝံအိုကြီးက ခေါင်းခါပြလိုက်၏။

ဆူဇီမိုသည် ခဏမျှတွေးဆပြီး​နောက် ထပ်မေးလိုက်လေသည်။

“သွေးပင်လယ်ရဲ့ မူလဇာစ်မြစ်က ဘာလဲ.. အဲ့ဒါက ဘယ်လိုဖွဲ့တည်လာတာလဲ”

“အဲ့ဒါလည်း ငါမသိဘူး”

မျောက်ဝံအိုကြီးက ခါးသက်စွာရယ်မော၍ နောက်တဖန် ခေါင်းခါပြလိုက်၏။

ဆူဇီမ်ိုက မျက်မှောင်ကြုတ်လိုက်၏။

မျောက်ဝံအိုကြီးက အနည်းဆုံးနှစ်ပေါင်းငါးထောင်ကြာအောင် ရှင်သန်နေထိုင်လာခဲ့လေသည်။ သို့သော် သူပင်လျှင် သွေးပင်လယ်အကြောင်းနှင့်ပက်သက်၍ ဘာမှမသိပေ။ ထိုပုံစံအရဆို သွေးပင်လယ်မှာ လေးနက်သော နောက်ခံတစ်ခု ရှိနေနိုင်လေသည်။

ဆူဇီမိုက မေးလိုက်လေသည်။

“သွေးပင်လယ်က ဒီလောက်ထူးခြားဆန်းကြယ်ပြီးတော့ သားရဲတစ်သောင်းရဲ့ အဆီအနှစ်သွေးနဲ့ ဝိညာဥ်တွေကို စုစည်းထားနိုင်တာ... ဒီနှစ်တွေတောက်လျှောက်မှာ အဲ့ဒါရဲ့လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်မယ့်သူ တစ်ယောက်မှ မရှိကြဘူးလား”

“ရှိတာပေါ့...”

ဒီတစ်ကြိမ်တွင်တော့ မျောက်ဝံအိုကြီး၏ လေသံက ခိုင်မာနေ၏။ သို့သော်လည်း သူပြန်ဖြေသောစကားက မရေရာပေ။

“ဒါပေမယ့်လို့ သူတို့က အဲ့ဒီထဲမှာ သေဆုံးသွားကြပြီထင်တယ်”

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားလေသည်။

ဤတစ်ကြိမ်တွင်တော့ မျောက်ဝံအိုကြီးက ဆူဇီမိုမမေးခင်မှာပင် ပြောလိုက်လေသည်။

“ငါကြားဖူးတာ တစ်ခါတုန်းက မဟာသားရဲတစ်ယောက်က သွေးပင်လယ်ရဲ့ အနက်ပိုင်းထဲကို စွန့်စားသွားလာခဲ့တယ် ၊ ဒါပေမယ်လို့ သူက အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ခဲ့ဘူး”

“ဟင်...”

ဆူဇီမိုသည် တုန်လှုပ်မှုဖြင့် သူ၏ပါးစပ်က အနည်းငယ်ပွင့်ဟသွား၏။

မဟာသားရဲတစ်ပါးပင်လျှင် ပျက်သုန်းခဲ့ရလေသည်။

မဟာသားရဲများသည် လူသားမျိုးနွယ်တွင် ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီး ပုဂ္ဂိုလ်များနှင့် တူလေသည်။

သူတို့သည် သူတို့၏လက်ဖဝါးများကို မှောက်ရုံလှန်ရုံမျှနှင့် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို အသုံးပြုနိုင်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် သူတို့က အနှိုင်းမဲ့လုနီးပါး ပညာရှင်များဖြစ်ကြလေသည်။

သို့သော်လည်း ထိုပညာရှင်များပင်လျှင် သူတို့ရှေ့ရှိ ဤသွေးပင်လယ်ထဲမှာ တစ်စွန်းတစ်စမကျန် ဝါးမြိုခံခဲ့ရလေသည်။

ဆူဇီမိုသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာပြီး တုန်လှုပ်ချောက်ချားလာလေသည်။

မျောက်ဝံအိုကြီးက ညင်သာစွာပြုံးလိုက်၏။

“ဒါပေမယ့်လို့ မင်းက ပူပန်နေစရာမလိုပါဘူး... မင်းရဲ့ခွန်အားနဲ့ဆို သွေးပင်လယ်ရဲ့ အနက်ပိုင်းထဲကို ဝင်ရောက်နိုင်စရာအကြောင်းမရှိဘူး ၊ မင်းက အဲ့ဒီထဲမှာ ပုံမှန်အတိုင်းဘဲ ကျင့်ကြံနေသရွေ့ ဘာမှဖြစ်မှာမဟုတ်ဘူး”

“နောက်ပြီးတော့ ဒီလောက်နှစ်တွေကြာတာတောင် သွေးပင်လယ်ထဲမှာ ကျင့်ကြံခဲ့ကြတဲ့ လူတိုင်းက ဘာမှမဖြစ်ခဲ့ကြဘူး”

ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။

မျောက်ဝံအိုကြီးသည် ငွေလတောင်ကြားနှင့် ဈာန်ပျံဆိတ်တောင်ထွတ်သားရဲများရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်လေသည်။

အဲ့ဒီမှာ သူတို့၏ အရှင်သခင်များကို မတွေ့ရပေ။

သွေးပင်လယ်မှာ ဝင်ရောက်ကျင့်ကြံမည့် ပိုင်နက်အရှင်မိစ္ဆာသားရဲများပင်လျှင် ပျောက်ဆုံးနေကြလေသည်။

“ပုံမှန်အားဖြင့်တော့ သွေးပင်လယ်အတွင်းမှာ သတ်ဖြတ်ခြင်းနဲ့ တိုက်ခိုက်ခြင်းကို တားမြစ်ထားတယ်”

မျောက်ဝံအို​ကြီးက လေးနက်သောအသံဖြင့် ​ပြောလိုက်၏။

“ဒါပေမယ့်လို့ သွေးပင်လယ်က စိတ်ဝိညာဥ်အသိစိတ်ရဲ့ ထောက်လှမ်းစစ်ဆေးခြင်းကို ပိတ်ဆို့တားဆီးနိုင်တယ် ၊ ပြောရမယ်ဆိုရင် သွေးပင်လယ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို အပြင်လူတွေက သိနိုင်ကြမှာမဟုတ်ဘူး”

“ဂရုစိုက်ပါ”

မျောက်ဝံအိုကြီးက သတိပေးလိုက်၏။

ဆူဇီမို၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းက ဖျတ်ကနဲပေါ်လာပြီးနောက် သူက ခေါင်းညိတ်လိုက်လေသည်။

တောအုပ်၏အနက်ပိုင်း အမှောင်ထုထဲတွင်...

တောအုပ်အတွင်းတွင် ပုံရိပ်အချို့က တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာခဲ့၏။

“နားထောင်ကြ... သွေးပင်လယ်မှာကျင့်ကြံမယ့် ဒီခရီးစဥ်က လက်စားချေဖို့ မင်းတို့အတွက် နောက်ဆုံးအခွင့်အရေးဘဲ”

တင်းမာခက်ထန်သော အသံတစ်သံက ထွက်ပေါ်လာ၏။

“ဒါက သွေးခဲပုတီးပဲ... အဲ့ဒါက တာအိုအရှင်ဓမ္မလက်နက်တစ်ခု ၊ မင်းတို့ငါးယောက်ရဲ့ စွမ်းအားကို ပေါင်းစည်းလိုက်မယ်ဆိုရင် အဲ့ဒါကို အသက်သွင်းနိုင်တယ်”

“သွေးခဲပုတီးလား....”

“ဟားဟား... အဲ့ဒီရတနာနဲ့ဆို ငါတို့ငါးယောက်က သွေးပင်လယ်မှာရှိတဲ့ သွေးအဆီအနှစ်နဲ့ ဝိညာဥ်အများစုကို ခိုးယူနိုင်ပြီ”

ရယ်မောသံတစ်ခုက ထွက်ပေါ်လာ၏။

“တော်လောက်ပြီ”

သူတို့ရှေ့တွင် ခက်ထန်သောအသံတစ်သံက ထွက်ပေါ်လာပြီး ဆက်ပြောလိုက်လေသည်။

“သွေးပင်လယ်ထဲကိုဝင်ရောက်ပြီး မင်းတို့က ပုံမှန်အတိုင်းဘဲ ကျင့်ကြံချင်ယောင်ဆောင်နေရမယ် ၊ သွေးခဲပုတီးနဲ့ဆိုရင် သွေးပင်လယ်မှာရှိတဲ့ စွမ်းအင်တွေရဲ့ အနည်းဆုံး ၈၀ ရာခိုင်နှုန်းလောက်က မင်းတို့ငါးယောက်ဆီကို စုဝင်လာကြလိမ့်မယ်”

“သူက အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ဆိုပေမယ့်လို့ သူက ကိုင်တွယ်ဖို့အတွက် မလွယ်ကူလောက်ဘူး ၊ မင်းတို့တွေက နမော်နမဲ့လုပ်လို့မရဘူး ၊ အခွင့်အရေးကောင်းတစ်ခုကိုစောင့်ရလိမ့်မယ်”

“နားလည်ပါပြီ...”

အသံအချို့က ပြိုင်တူပြန်ဖြေလိုက်ကြ၏။

နောက်ထပ်အေးစက်စက်လေသံ တစ်သံကထွက်ပေါ်လာ၏။

“အဲ့ဒီမှာ တစ်ကယ်တမ်းတိုက်ခိုက်ကြမယ်ဆိုရင် မင်းတို့ငါးယောက်က ဘာမှတွေဝေနေစရာမလိုဘူး ၊ မင်းတို့ရဲ့ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တွေကို ချက်ချင်းထုတ်သုံး... မင်းတို့က သွေးပင်လယ်ထဲမှာ သူ့ကို သတ်ရလိမ့်မယ်”

“နားလည်ပါပြီ!”

သူတို့ငါးယောက်က သဘောတူလိုက်ကြ၏။

ထိုလူက လှောင်ရယ်လိုက်လေသည်။

“သွေးပင်လယ်ထဲမှာ ကျင့်ကြံခြင်းက ပြီးဆုံးသွားတာနဲ့ အဲ့ဒီသားရဲကို သတ်ရမယ် ၊ မင်းတို့ငါးယောက်က ဒီတိုင်းအကြောင်းပြချက်တစ်ခုပေးပြီး အဲ့ဒါကိုဖုံးကွယ်လိုက်ရုံဘဲ ၊ မျောက်ဝံအိုကြီးက သံသယဝင်နေရင်တောင် သူက အဲ့ဒါနဲ့ပက်သက်ပြီး ဘာမှလုပ်လို့ရမှာမဟုတ်ဘူး”

ရုတ်တရက် သတ္တုဆန်ဆန်အသံတစ်သံက ဘေးဖက်ကနေထွက်ပေါ်လာလေသည်။

“ငါကော ဝင်ပါလို့မရဘူးလား”

“ဟားဟားဟားဟား... ဝေဇဝါမြူခိုးရွှံ့ညွန်ရဲ့ အကူညီနဲ့ဆို အဲ့ဒီသားရဲက သေရဖို့အသေအချာဘဲ”

တစ်ချိန်တည်းမှာပင် ဟင်္သပြဒါးတိမ်လွှာတောင်ကြားအဖွဲ့၏ ရှေ့တွင်...

ဟင်္သပြဒါးတိမ်လွှာတောင်ကြား၏အရှင်သခင်သည် သူ၏မေးကိုပွတ်ပြီး သူ၏မျက်လုံးကို မှေးကျဥ်းထား၏။ သူက သွေးပင်လယ်မှာ ဝင်ရောက်ကျင့်ကြံမည့် သူ့ရှေ့ရှိ မိစ္ဆာသားရဲနှစ်ယောက်ကို တိတ်တဆိတ်ကြည့်နေ၏။

အတန်ကြာပြီးနောက် သူက ဆုံးဖြတ်ချက်တစ်စုံတစ်ရာကို ချမှတ်လိုက်သည့်အလား သက်ပြင်းရှည်တစ်ချက်ချပြီး အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်လေသည်။

“မင်းတို့နှစ်ယောက် နားထောင်ကြ... သွေးပင်လယ်ထဲမှာ အပြောင်းအလဲတစ်စုံတစ်ရာ ပေါ်လာတာဘဲဖြစ်ဖြစ် ၊ တိုက်ပွဲတစ်ပွဲပေါ်ထွက်လာတာဘဲဖြစ်ဖြစ် မင်းတို့က ဘယ်ဘက်ကမှမနေနဲ့ ၊ ဘေးမှာ ထွက်ပြီးရပ်နေကြ... အဲ့ဒါမှ မင်းတို့က ရှင်သန်နိုင်လိမ့်မယ်”

“နားလည်ပါပြီ...”

ဟင်္သပြဒါးတိမ်လွှာတောင်ကြား၏ မိစ္ဆာသားရဲနှစ်ယောက်က အလေးအနက်ဦးညွှတ်၍ တုံ့ပြန်လိုက်ကြ၏။

ဟင်္သပြဒါးတိမ်လွှာတောင်ကြားမှ အရှင်သခင်၏ အကြည့်သည် တဖျတ်ဖျတ်လက်သွားပြီး သူက မျောက်ဝံမြူးထူးတောင်ရိုး ဘက်သို့ သာမန်ကာလျှံကာပုံစံဖြင့် လှမ်းကြည့်ကာ တီးတိုးရေရွတ်လိုက်၏။

“တစ်ကယ်လို့များ အဲ့ဒီသားရဲရဲ့ အစစ်အမှန်ပုံစံက...”

All Chapters