အဆင့်ချိုးဖျက် တက်လှမ်းခြင်း
Vol. 58 Ch. 858
သွေးပင်လယ်တစ်ခုလုံးသည် ခမ်းနားထည်ဝါသော ပုံစံဖြင့် လည်ပတ်လာပြီး ၎င်း၏အလယ်က ကြောက်စရာကောင်းသော ပုံစံဖြင့် အော်မြည်၍ နက်နက်ရှိုင်းရှိုင်း ချိုင့်ဝင်သွား၏။
မိစ္ဆာသားရဲများ အားလုံးက တုန်လှုပ်သွားကြလေသည်။
ဤအုတ်အော်သောင်းနင်းက အရမ်းကို ကြီးမားလွန်း၏။
“အောက်မှာရှိတဲ့ မိစ္ဆာသားရဲတွေက တာအိုအရှင်ဓမ္မလက်နက်တစ်ခုခုကို သုံးနေကြတာ ဖြစ်ရမယ်”
ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်က ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်နှင့် အခြားသူများကို တင်းမာခက်ထန်သော အမူအရာနှင့် စိုက်ကြည့်ပြီး မုန်းတီးစွာဖြင့် ပြောလိုက်၏။
“မဟုတ်ရင် သူတို့ရဲ့ ခွန်အားနဲ့ ဒီလောက်အားကောင်းတဲ့ ဝဲကတော့ကို ဖန်တီးနိုင်စရာ အကြောင်းမရှိဘူး”
ငွေလတောင်ကြား၏ အရှင်သခင်သည် အခြားသော အရှင်သခင်များနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့ထဲ မည်သူကမျှ ဘာမှမပြောကြပေ။
ပြောရမည်ဆိုလျှင်.. သူတို့အားလုံးသည် တစ်ခုခုလွဲမှားနေတာကို အာရုံခံမိလိုက်ကြ၏။
ငွေလတောင်ကြား၏ အရှင်သခင်က သူ့ဘာသာသူ တွေးလိုက်၏။
“သွေးခဲပုတီးက သွေးပင်လယ်ထဲမှာ ဒီလောက်စွမ်းအားကြီးတဲ့ အကျိုးသက်ရောက်မှုကို ထုတ်ဖော်နိုင်လို့လား”
“မျောက်ဝံအိုကြီး.. တစ်ခုခုကြံပါဦး”
ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်က မချင့်မရဲလေသံဖြင့် အသံတစ်ခုကို တိတ်တဆိတ်ပို့လွှတ်လိုက်၏။
မျောက်ဝံအိုကြီးက စိတ်ထဲကနေ သက်ပြင်းချလိုက်၏။
“အဲဒီမှာ ငါတို့က ဘာများလုပ်နိုင်ဦးမှာလဲ.. သူတို့က မသမာတဲ့ နည်းလမ်းတစ်ခုခုကို သုံးနေတယ်ဆိုတာ ငါတို့သိရင်တောင် အဲဒါကို ဝင်ရောက်စွက်ဖက်ဖို့က ခက်ခဲတယ်”
တကယ်တော့ သွေးပင်လယ်အောက်မှာရှိသော အခြေအနေသည် အပြင်ဘက်ကလူများ တွေးထင်ထားသည်နှင့် အလွန်တရာ ခြားနားနေလေသည်။
ဆူဇီမိုနှင့် ရွှေရောင်မီးတောက်တောင်တန်းနှင့် ဟင်္သပြဒါး တိမ်လွှာတောင်ကြားမှ မိစ္ဆာသားရဲများက ကြောက်လန့်တုန်လှုပ်မနေကြပေ။
တကယ်တမ်း တုန်လှုပ်သွားကြသည်မှာ ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေး၊ ငွေရောင်ဝတ်လူနှင့် အခြား ၄ယောက် ဖြစ်လေသည်။
သူတို့ ၆ယောက်သည် သူတို့၏ ခွန်အားများကို ပေါင်းစည်း၍ သွေးခဲပုတီးကို သန့်စင်ပြီး သွေးပင်လယ်အတွင်းရှိ စွမ်းအားများကို အရင်ဆုံး ကုန်စင်အောင် စုပ်ယူကာ.. ပြီးမှသာလျှင် ဆူဇီမိုကို ကိုင်တွယ်မည်ဟု ရည်ရွယ်ထားကြလေသည်။
သို့သော် ယခုအခါမှာတော့.. တာအိုအရှင်ဓမ္မလက်နက်တစ်ခုဖြစ်သော သွေးခဲပုတီးပင်လျှင် ဆူဇီမို ထုတ်ဖော်လိုက်သော စုပ်ယူအားကို မယှဉ်နိုင်ပေ။
အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ။
သူတို့ ၆ယောက်သည် အဆင့်မြင့်မိစ္ဆာသားရဲများ မဟုတ်သောကြောင့် သွေးခဲပုတီး၏ အစစ်အမှန်စွမ်းအားကို မထုတ်ဖော်နိုင်ဘူးဆိုလျှင်တောင်.. အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်က သွေးပင်လယ်အတွင်းရှိ စွမ်းအားများကို သွေးခဲပုတီးထက်ပို၍ အားပါပြင်းထန်စွာဖြင့် ဘယ်လိုစုပ်ယူနိုင်မှာလဲ။
သွေးပင်လယ်အတွင်းမှာရှိသော စွမ်းအင်များကို အသာထား.. သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ မျိုးဆက်သွေးများပင်လျှင် ဘာကြောင့်ရယ်မသိရဘဲ ကပြောင်းကပြန်ပုံစံဖြင့် လှုပ်ရှားလာကြလေသည်။
“အဲဒါက ဘယ်လိုသားရဲပညာရပ်ပါလိမ့်”
ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေးနှင့် အခြား ၅ယောက်၏ မျက်လုံးများက ကြောက်ရွံ့တုန်လှုပ်မှုဖြင့် ပြည့်နှက်လာ၏။
ရွှေရောင်မီးတောက်တောင်တန်းနှင့် ဟင်္သပြဒါး တိမ်လွှာတောင်ကြား၏ မိစ္ဆာသားရဲများသည် ထောင့်ဘက်များဆီသို့ ဆုတ်သွားကြသည်မှာ အတော်ကြာခဲ့လေပြီ။ သူတို့သည် အစွန်စပ်တွင်ရှိသော ကျန်ရစ်နေသေးသည့် စွမ်းအင်များကို အတတ်နိုင်ဆုံး ကြိုးစား၍ စုပ်ယူလိုက်ကြ၏။
အဲဒီမှာ သူတို့အတွက် စွမ်းအင်များများစားစား မကျန်ရှိတော့ပေ။
ပြောရမည်ဆိုလျှင်.. သူတို့စုပ်ယူနိုင်သော စွမ်းအင်ပမာဏက လျစ်လျူရှု၍ ရသလောက်နီးပါးပင်။
သွေးပင်လယ်အတွင်းမှာရှိသော စွမ်းအင်သည် အစကတော့.. အလယ်အလတ်အဆင့် မိစ္ဆာသားရဲ ၁၀ယောက်အတွက် ရည်ရွယ်ထားလေသည်။
သို့သော် ယခုအခါမှာတော့ စွမ်းအင်များ အားလုံးနီးပါးသည် ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်နေကြလေသည်။ အဲဒါက ဘယ်လောက်တောင် များပြားကြွယ်ဝတဲ့ စွမ်းအင်များလည်းဆိုတာ စဉ်းစားကြည့်ဖို့တောင် ခက်ခဲလေသည်။
အမြုတေစိတ်ဝိညာဉ်နှစ်ခု၏ အော်ရာများက အဆက်မပြတ် မြင့်တက်လာ၏။
တစ်ချိန်တည်းမှာပင်.. ဖန်တီးခြင်းကြာပဒုမ္မာ၏ အော်ရာကလည်း ကြောက်စရာကောင်းလောက်အောင် တိုးတက်လာပြီး အားအင်ဖြည့်တင်းမှုကို လက်ခံ၍ အဲဒါက လည်ပတ်လာ၏။
သေချာအနီးကပ်ကြည့်မည်ဆိုလျှင်.. အစိမ်းရောင်ကြာခုံ၏ အစွန်းဘက်များတွင် စိမ်းစိုနေသာ ပွင့်ချပ်များက နောက်တဖန်ဖူးပွင့်လာသည်ကို မြင်နိုင်လေသည်။
အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်၏ အဆက်မပြတ် အားအင်ဖြည့်တင်းပေးမှုအောက်တွင် အစိမ်းရောင်ပွင့်ချပ်များက လျင်မြန်စွာ ကြီးထွားလာ၏။
ကြာခုံပေါ်တွင် နောက်ထပ် စိမ့်ပေါက် ၉ခုက ထွက်ပေါ်လာခဲ့လေသည်။
ယခုအခါ.. စိမ့်ပေါက် ၄၅ခု ရှိလာခဲ့လေပြီ။
စိမ့်ပေါက် ၄၅ခုမှ အစိမ်းရောင်အလင်းရောင်ခြည်များက လျှံထွက်လာပြီး အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်ထဲသို့ အဆက်မပြတ် တိုးဝင်သွား၏။ အဲဒါက အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်၏ အော်ရာကို သိသသာသာ မြင့်တက်လာစေလေသည်။
အဆင့် ၅ ဖန်တီးခြင်းကြာပဒုမ္မာ ။
အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်သည် ဖန်တီးခြင်းကြာပဒုမ္မာ၏ အားအင်ဖြည့်တင်းမှုကို ထောက်ပံ့ပေးနေသောသူ ဖြစ်လေသည်။
သို့သော်လည်း တစ်ဘက်မှာတော့.. ဖန်တီးခြင်းကြာပဒုမ္မာကလည်း အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်၏ သန့်စင်မှုအတိုင်းအတာကို တိုးတက်လာစေပြီး အဲဒါကို ကြံ့ခိုင်သန်မာလာစေလေသည်။
သွေးရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်သည် သွေးပင်လယ်မှာရှိသော စွမ်းအင်များကို စုပ်ယူရာမှာ အမြန်ဆုံးဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော်.. သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်သည် အစကတည်းက သားရဲမျိုးနွယ်၏ အမြုတေစိတ်ဝိညာဉ်တစ်ခု ဖြစ်သောကြောင့်ပင်။
ရုတ်တရက်ဆိုသလို..
သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်သည် တဆတ်ဆတ်တုန်ယင်သွားပြီး သူ၏မျက်လုံးကို ဆတ်ခနဲဖွင့်ကာ သူ၏ဦးခေါင်းကို မော့၍ ဟိန်းဟောက်လိုက်၏။
ဘုန်း
သူ၏ အသိစိတ်အတွင်းတွင် ဒေါသူပုန်ထနေသော လှိုင်းများက တစ်လှိုင်းပြီးတစ်လှိုင်း ရုန်းကြွလာ၏။
အဲဒါက အဆင့်ချိုးဖျက်တက်လှမ်းနေခြင်း ဖြစ်လေသည်။
သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်သည် ယခုအခါ ယင်စိတ်ဝိညာဉ်အပိုင်း၏ နောက်ပိုင်းအဆင့်သို့ ရောက်ရှိနေလေပြီ။ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင်.. နိုးထဝိညာဉ်အဆင့်၏ နောက်ပိုင်းအဆင့်ဖြစ်လေသည်။
သွေးပင်လယ်ထဲသို့ ဝင်ရောက်ပြီး ၁၅မိနစ် မကြာခင်မှာပင် ဖန်တီးခြင်းကြာပဒုမ္မာ၏ အဆင့်က တိုးတက်လာရုံသာမက သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်ကပင်လျှင် အဆင့်ချိုးဖျက်တက်လှမ်းနိုင်ခဲ့လေပြီ။
ထိုစဉ်မှာပင်.. ဆူဇီမို၏စိတ်ထဲမှာ သတိပေးချက်တစ်ခုက ပေါ်လာ၏။
အပြင်ပိုင်း သူ၏ပတ်လည် သွေးပင်လယ်မှာ တမူထူးခြားတာ ဘာမှမရှိပေ။
သို့သော်လည်း.. မွန်းကျပ်ဖွယ်ရာ သတ်ဖြတ်လိုသော စိတ်ဆန္ဒတစ်ခုက သူ့ထံသို့ တိုးဝင်လာခဲ့လေသည်။
အဲဒါက စိတ်ဝိညာဉ်အသိစိတ်၏ တိုက်ခိုက်မှုတစ်ခု ဖြစ်လေသည်။
အဲဒါက အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်တစ်ခုလည်း ဖြစ်လေသည်။
ဆူဇီမို၏မျက်လုံးများကို မှိတ်ထားသော်လည်း ပုံရိပ်တစ်ခုက သူ၏စိတ်ထဲမှာ ထင်ဟပ်လာခဲ့၏။
သူ၏ ဘေးပတ်လည်တွင် လူ ၆ယောက်က စုဝေးလာခဲ့လေသည်။ အဲဒါက ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးနှင့် အခြား ၅ယောက် ဖြစ်လေသည်။
မိစ္ဆာသားရဲ ၆ယောက်သည် ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် ဆူဇီမိုကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။ သူတို့သည် သေလူတစ်ယောက်ကို ကြည့်နေသည့်အလား သူတို့၏မျက်နှာများက ကြောက်မက်ဖွယ်ရာကောင်းလှ၏။
သူတို့သည် ဤအခိုက်အတန့်ကို စောင့်နေခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။
သူတို့ ၆ယောက်၏ တိုက်ခိုက်မှုသည် ပြီးပြည့်စုံလုနီးပါးဖြစ်ပြီး အချိန်ကိုက်ဖြစ်သည်ဟု ပြောလို့ရလေသည်။
ဆူဇီမိုသည် အဆင့်ချိုးဖျက်တက်လှမ်းကာစဖြစ်ပြီး သူ၏ ကျင့်ကြံမှုအဆင့်က မတည်မငြိမ်ဖြစ်နေ၏။
ဤအခိုက်အတန့်မှာ သူတို့၏ တိုက်ခိုက်မှုသည် သေချာပေါက် သေကွင်းသေကွက်ကို ချိန်ရွယ်လေသည်။
ဆူဇီမို တုံ့ပြန်နိုင် မတုံ့ပြန်နိုင်က အရေးမကြီးတော့ပေ။
သူက တုံ့ပြန်နိုင်လျှင်တောင် သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို ခုခံဖို့နေနေသာ.. သူ၏ အမြုတေစိတ်ဝိညာဉ်သည် ၎င်း၏ မတည်ငြိမ်သော ကျင့်ကြံမှုအဆင့်တွင် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို စုစည်းနိုင်ဖို့ပင် မလွယ်ကူတော့ပေ။
သူတို့သည် ထိုတိုက်ခိုက်မှုနှင့်အတူ ဆူဇီမို၏အသက်ကို နုတ်ယူဖို့ ရည်ရွယ်ထားကြလေသည်။
ပုံမှန်အခြေအနေမှာဆိုလျှင် ဆူဇီမိုက သေချာပေါက် သေရပေလိမ့်မည်။
သို့သော်လည်း.. အဲဒီမှာ သူတို့ မှားယွင်းတွက်ချက်မိသော တစ်စုံတစ်ရာ ရှိနေသေးလေသည်။
ဆူဇီမို၏ အသိစိတ်ထဲတွင် အမြုတေစိတ်ဝိညာဉ်က တစ်ခုတည်းရှိတာ မဟုတ်ပေ။ အဲဒါက နှစ်ခုဖြစ်လေသည်။
သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်က အဆင့်ချိုးဖျက်တက်လှမ်းကာစ ဖြစ်သော်လည်း အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်သည် ဖန်တီးခြင်းကြာပဒုမ္မာကို ထောက်ပံ့ပေးနေရသည့်အတွက် သူက ယခုအချိန်ထိ အဆင့်ချိုးဖျက်တက်လှမ်းနိုင်စွမ်း မရှိသေးပေ။
အဲဒါကြောင့် သူတို့ ၆ယောက်က လှုပ်ရှားမှုပြုလုပ်လိုက်သည့် ခဏမှာပင် အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်က အဲဒါကို အာရုံခံမိခဲ့လေသည်။
ဖျတ်ခနဲဆို ဆူဇီမိုသည် ဆုံးဖြတ်ချက်တစ်ခုကို ချပြီး သူ၏ အမြုတေစိတ်ဝိညာဉ်နှစ်ခုကို အတူတကွ ပေါင်းစည်းလိုက်၏။
တခဏအတွင်းမှာပင်.. အသစ်စက်စက် အမြုတေစိတ်ဝိညာဉ်တစ်ခုက ပေါ်ထွက်လာခဲ့၏။
သူ၏ ရှည်လျားသော ဆံပင်သည် ယိမ်းနွဲ့နေပြီး အလယ်တည့်တည့်ကနေ အနီတစ်ခြမ်း အနက်တစ်ခြမ်း ကွဲထွက်နေ၏။ သူ၏ မျက်လုံးများပင်လျှင် မကောင်းဆိုးရွားဆန်ဆန်ဖြင့် အနီတစ်လုံး အနက်တစ်လုံး ဖြစ်နေလေသည်။
သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်သည် အဆင့်ချိုးဖျက်တက်လှမ်းကာစဖြစ်ပြီး သူ၏အော်ရာနှင့် ကျင့်ကြံမှုအဆင့်က မတည်မငြိမ်ဖြစ်နေ၏။
သို့သော်လည်း.. အမြုတေစိတ်ဝိညာဉ်နှစ်ခုကို ပေါင်းစည်းပြီးနောက် သူ၏အော်ရာက တည်ငြိမ်လာခဲ့လေသည်။
ဇီ..
ဆူဇီမို၏ ဘေးပတ်လည်တွင် ရွှေရောင်အကာအရံအလွှာတစ်ခုက ထွက်ပေါ်လာ၏။ အဲဒါက ရှေးဟောင်းဂါထာမန္တာန်ကျမ်းစာများဖြင့် ခပ်ဖျော့ဖျော့ တောက်ပနေပြီး မဖျက်စီးနိုင်သည့်ပုံပေါ်လေသည်။
သူ၏ အမြုတေစိတ်ဝိညာဉ်များကို ပေါင်းစည်းပြီးနောက် ပထမဆုံး သူပြုလုပ်သည်မှာ မင်းဝမ်ဆုတောင်းပုတီးကို အသက်သွင်းခြင်း ဖြစ်လေသည်။
သူက နောက်ပိုင်းနိုးထဝိညာဉ်အဆင့်သို့ အဆင့်ချိုးဖျက်တက်လှမ်းပြီးလျှင်တောင် သူက အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက် ဖြစ်နေဆဲပင်။
သူသည် ထိပ်တန်းအလယ်အလတ်အဆင့် မိစ္ဆာသားရဲ ၆ယောက်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို ထိပ်တိုက်ရင်ဆိုင်မည်ဆိုလျှင် သူက အနိုင်ရရှိဖို့ အခွင့်အရေး မရှိသလောက်နီးပါးပင်။
သူသည် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် ၆ခုကို သူ၏ခွန်အားဖြင့် အစွမ်းကုန်ထုတ်ဖော်၍ ခုခံပြီးမှ တုံ့ပြန်တိုက်ခိုက်ရပေမည်။
ဒုန်း.. ဒုန်း.. ဒုန်း..
အမြုတေစိတ်ဝိညာဉ် ၆ခုကို ရွှေရောင်အကာအရံအလွှာကို ရိုက်ခတ်မိသောအခါ.. ခပ်ထိုင်းထိုင်းအသံများက ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင်လျှင် မင်းဝမ်ဆုတောင်းပုတီးကနေ ဖြစ်ပေါ်လာသော ရွှေရောင်အကာအရံလွှာက ကြေမွသွား၏။
စိတ်ဝိညာဉ်အသိစိတ် ၆ခုသည် သိသိသာသာ အားနည်းသွားသော်လည်း သူတို့က ကြောက်စရာကောင်းနေဆဲဖြစ်၏။ သူတို့သည် မည်သည့်အလယ်အလတ်အဆင့် မိစ္ဆာသားရဲ၏ အမြုတေစိတ်ဝိညာဉ်ကိုမဆို အလွယ်တကူ ဖျက်စီးပစ်နိုင်လေသည်။
ရွှစ်..
စိတ်ဝိညာဉ်အသိစတ် ၆ခုသည် ဆူဇီမို၏ အသိစိတ်ထဲသို့ တိုးဝင်လာကြ၏။ သို့သော်လည်း.. သူ၏ အမြုတေစိတ်ဝိညာဉ်သည် ကြာခုံပေါ်သို့ ကြိုတင်၍ ခုန်တက်ခဲ့ပြီး ဖြစ်လေသည်။
သွေးနီရောင် စိတ်ဝိညာဉ်အသိစိတ် နဂါးကြေးခွံများသည် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ပေါ်တွင် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။
ဖန်တီးခြင်းကြာပဒုမ္မာမှ ကြာစေ့ ၄၅ခုက ရုန်းကန်ထွက်လာပြီး အစိမ်းရောင်အလင်းတောက်တောက်ဖြင့် တဖျပ်ဖျပ်လက်သွား၏။ မြူခိုးများက တလိပ်လိပ်တက်လာပြီး အစိမ်းရောင်အလင်းရောင်ခြည် ၄၅ခုက ဖြစ်ပေါ်လာကာ သူ၏ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်၏။
ချွင်.. ချွမ်..
စိတ်ဝိညာဉ်အသိစိတ် ၆ခုက ရောက်ရှိလာသည့်ခဏမှာပင် သူတို့သည် ကြာစေ့ ၄၅ခု၏ ရိုက်ခတ်ခြင်း၊ လှီးဖြတ်ခြင်းကို အဆက်မပြတ် ခံလိုက်ရ၏။
ကြာစေ့များသည် အလွန်တရာ ကြောက်စရာကောင်းပြီး.. ထက်ရှသော အော်ရာတစ်ခုကို ထုတ်ပေးလာပြီး အဲဒါက မည်သည့်စိတ်ဝိညာဉ်အသိစိတ်ကိုမဆို လှီးဖြတ်ဆုတ်ဖြဲနိုင်ကြောင်း ဆူဇီမိုပင် အံ့အားသင့်ဖွယ်ရာ တွေ့ရှိလိုက်ရ၏။
အဲဒီမှာ စိတ်ဝိညာဉ်အသိစိတ်များ၏ တိုက်ခိုက်မှုကို ခုခံနိုင်သောအရာက အနည်းအကျဉ်းမျှသာ ရှိလေသည်။
ဖန်တီးခြင်းကြာပဒုမ္မာပင်လျှင် အဲဒါကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း.. ၎င်းကနေ ထုတ်ပေးလာသော ကြာစေ့များက ဤမျှစွမ်းအားကြီးသော အကျိုးသက်ရောက်မှုကို ပိုင်ဆိုင်ထားသည်ဆိုတော့…။
ဤဖန်တီးခြင်းကြာပဒုမ္မာက ကောင်းကင်နှင့်မြေကြီး၏ ဖန်တီးခြင်းကို ခိုးယူနိုင်သည်ဟု ပြောသည်မှာ တကယ့်ပင် အမှန်ဖြစ်လေသည်။
စိတ်ဝိညာဉ်အသိစိတ် ၆ခုသည် ကြာစေ့ ၄၅ခု၏ လှီးဖြတ်ဆုတ်ဖြဲခြင်းကို ခံလိုက်ရ၏။
သူတို့က စွမ်းအားကျန်ရှိနေသေးပြီး ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကို ရိုက်ခတ်လိုက်သော်လည်း.. သူတို့ကို စိတ်ဝိညာဉ်အသိစိတ် နဂါးကြေးခွံများက ပိတ်ဆို့တားဆီးထားပြီး တိတ်တဆိတ် ပျက်ပြယ်သွားစေလေသည်။
ဆူဇီမိုသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီး နောက်ခဏ၌ သူ၏မျက်လုံးထဲတွင် အေးစက်စက် သတ်ဖြတ်လိုစိတ်က ထင်ဟပ်လာကာ လှောင်ပြုံးပြုံးလိုက်လေသည်။
ယခုအချိန်တွင် သူသည် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် ၆ခုကို ခုခံနိုင်ခဲ့ပြီဖြစ်ပြီး သူက အန္တရာယ်မရှိနိုင်တော့ပေ။