← Chapters

ကြာ​စေ့များဖြင့် စိတ်ဝိညာဥ်ကို သတ်ဖြတ်ခြင်း

Vol. 58 Ch. 860

ကြာ​စေ့များဖြင့် စိတ်ဝိညာဥ်ကို သတ်ဖြတ်ခြင်း

Vol. 58 Ch. 860

ပကတိအဆင့်တာအိုသက်ရှိ ဓမ္မလက်နက်တစ်ခုကိုပင် ကြေမွပျက်စီးစေနိုင်သော ဖန်တီးခြင်းကြာပုဒုမ္မာနှင့် ရင်ဆိုင်ရချိန်တွင် ဇဝေဇဝါမြူခိုးရွှံ့ညွန်မှ မိစ္ဆာသားရဲ၏ ဦးခေါင်းက ဘယ်လောက်ထိမာကြောနိုင်မှာလဲ။

ရွှစ်..

ဇဝေဇဝါမြူခိုးရွှံညွန်မှ မိစ္ဆာသားရဲ၏ဦးခေါင်းသည် ချက်ချင်းပင် ပေါက်ကွဲထွက်သွားပြီး သွေးမြူများက ထွက်ပေါ်လာ၏။ အဲ့ဒါက ဘေးပတ်လည်ရှိ သွေးပင်လယ်နှင့် တစ်သားတည်း ကျသွားလေသည်။

သွေးမြူများအတွင်းတွင် ဖန်တီးခြင်းကြာပုဒုမ္မာသည် ၎င်း၏ကျောက်စိမ်းရောင်အတိုင်းကျန်ရှိနေပြီး သွေးများ၏ စွန်းထင်းခြင်းကို လုံးဝမခံရပေ။ အဲ့ဒါက တောက်ပသော အရောင်တစ်ခုနှင့်အတူ ကစဉ့်ကလျားချီများဖြင့် လွှမ်းခြုံနေလေသည်။

ဇဝေဇဝါမြူခိုးရွှံ့ညွန်၏ မိစ္ဆာသားရဲသည် သူ၏ အမြုတေစိတ်ဝိညာဥ်ပါ ဖျက်ဆီးခံရ၍ သေဆုံးသွားခဲ့ရလေပြီ။

သူ၏ ဦးခေါင်းမဲ့အလောင်းသည် သွေးပင်လယ်၏အနက်ပိုင်းထဲသို့ နစ်မြှုပ်သွားပြီး ပျောက်ကွယ်သွားခဲ့ရလေသည်။

ပြောရမည်ဆိုလျှင် ဖန်တီးခြင်းကြာပုဒုမ္မာက ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု ဆူဇီမိုပင်လျှင် မျှော်လင့်မထားခဲ့ပေ။

သူသည် ရှေးဟောင်းတိုက်ပွဲမြေကနေ ဤကြာခုံကို ရရှိလာခဲ့သည်မှာ နှစ်တစ်ရာရှိသွားခဲ့လေပြီ။

ပြီးခဲ့သည့်နှစ်တစ်ရာအတွင်း ဆူဇီမိုသည် အဲ့ဒါကို သူ၏ အမြုတေစိတ်ဝိညာဥ်ဖြင့် အားဖြည့်ပေးထားခဲ့၏။ နောက်ဆုံးမှာတော့ သူတို့ရှေ့ရှိ သွေးပင်လယ်၏အကူညီနှင့် သူက အဲ့ဒါကို အဆင့် ၅ ထိ ပြုစုပျိုးထောင်နိုင်ခဲ့လေသည်။

ဤဓမ္မလက်နက်ကို သန့်စင်ရမည့် အချ်ိန်ကာလက ရှည်ကြာသည်ဟု သတ်မှတ်နိုင်လေသည်။

ဒါ့အပြင်အဲ့ဒါက ဆူဇီမိုဖြစ်လေသည်။

အခြားတစ်ယောက်ယောက်သာဆိုလျှင် သူတို့သည် အမြုတေစိတ်ဝိညာဥ်နှစ်ခုနှင့် ကောင်းကင်ကို ဖီဆန်နိုင်သော စိတ်ဝိညာဥ်သန့်စင်ခြင်း နည်းစနစ်သုံးခုမရှိဘဲ နှစ်တစ်ရာအတွင်း ဖန်တီးခြင်းကြာပုဒုမ္မာကို အဆင့် ၅ အထိရောက်အောင် ပြုစုပျိုးထောင်နိုင်ဖို့က အိမ်မက်တစ်ခုသာဖြစ်ပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် သူ၏စိတ်ရှည်မှုနှင့် အားထုတ်မှုတို့က သူ့ကိုစိတ်မပျက်စေခဲ့ပေ။

ဖန်တီးခြင်းကြာပုဒုမ္မာသည် သူတွေးထင်ထားသည်ထက်ပင် ပို၍သန်မာပြီး ပို၍ကြောက်စရာကောင်းနေလေသည်။

အဲ့ဒါက ကောင်းကင်နှင့် မြေကြီး၏ဖန်တီးခြင်းကို ခိုးယူနိုင်သည်ဟု ပြောကြသည်မှာ အပိုချဲ့ကားပြောဆိုနေခြင်းမဟုတ်ပေ။

အဲ့ဒါက ဖန်တီးခြင်းကြာပုဒုမ္မာသည် လျှို့ဝှက်ဆန်းကြယ်သည်ဆိုသော အကြောင်းပြချက်ကြောင့်သာမဟုတ်ကြောင်း ဆူဇီမိုက ခံစားမိနေ၏။

သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နီင့်အမျှ ဖန်တီးခြင်းကြာပုဒုမ္မာ၏ အရောင်အဝါကလည်း ပို၍တောင်ပလင်းလက်လာပေလိမ့်မည်။

တစ်ခဏအတွင်းမှာပင် ဆူဇီမိုကို ဝိုင်းရံထားသော မိစ္ဆာသားရဲ ၆ ယောက်မှာ နှစ်ယောက်က သေဆုံးသွားခဲ့လေပြီ။

တိုက်ပွဲက ယခုချိန်ထိ မပြီးဆုံးသေးပေ။

ချွင်....ချွမ်...

တစ်ချိန်တည်းမှာပင် ဂမ္ဘီရသံလိုက်တောင်မှ သတ္တုခြင်းထိခတ်သံများကို ကြားလိုက်ရ၏။

နောက်ကနေပျံသန်းလာသော ဓမ္မလက်နက် ၄ ခုထဲမှ နှစ်ခုသည် ဂမ္ဘီရသံလိုက်တောင်၏ ဆွဲယူခြင်းကို ခံလိုက်ရလေသည်။ အခြားလက်နက်နှစ်ခုက ဆွဲယူခြင်းကို မခံရသော်လည်း ဂမ္ဘီရသံလိုက်တောင်နှင့်ရိုက်ခတ်ပြီးနောက် ပြန်ကန်ထွက်သွားခဲ့လေသည်။

“ဟမ်....”

မိတ်ကပ်နှင့်အမျိုးသမီး၏ အမူအရာသည် ပြောင်းလဲသွားပြီး သူမက အော်ဟစ်လိုက်၏။

“အဲ့ဒါက ဘာကြီးလဲ”

ငွေရောင်ဝတ်လူက သုန်မှုန်နေသောပုံပေါက်ပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်လေသည်။

“အဲ့ဒါက ရှေးဟောင်းအတုမရှိရတနာ ဂမ္ဘီရသံလိုက်တောင်ဖြစ်မယ်ထင်တယ် ၊ ဒါပေမယ့်လို့ ဟိုကြာခုံကိုတော့ ငါမသိဘူး”

“အားလုံးဘဲ... သတိဝိရိယထားပြီး အကွာအဝေးတစ်ခု ခွာထားကြ... သူနားကို လုံးဝမကပ်နဲ့”

ဈာန်ပျံဆိတ်တောင်ထွတ်၏ ကျန်ရှိနေသော မိစ္ဆာသားရဲက နက်နက်ရှိုင်းရှိုင်းဟိန်းဟောက်၍ နောက်ဆုတ်လိုက်၏။

“ငွေလခုတ်ချက်...”

ငွေရောင်ဝတ်လူနှင့် ငွေလတောင်ကြားမှ အခြားသော မိစ္ဆာသားရဲ၏ နဖူးများက တောက်ပသွား၏။ သူတို့သည် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်ပြီး ဓမ္မစွမ်းအားများကို စုစည်းကာ ငွေလဝံပုလွေမျိုးနွယ်၏ စွမ်းအားကြီးသော ဓမ္မပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်၏။

ရွှစ်...

ငွေရောင်အလင်းရောင်ခြည် နှစ်ခုသည် ပြိုးပြိုးပျက်ပျက် လင်းလက်၍ သွေးပင်လယ်ကို ဖြတ်သန်းကာ ဆူဇီမိုရှေ့သို့ ချက်ချင်းရောက်ရှိလာ၏။

သွေးပင်လယ်အတွင်းမှာရှိသော အပူချိန်က ချက်ချင်းကျဆင်းသွားလေသည်။

ငွေရောင်အလင်းရောင်ခြည် ဖြတ်သန်းလာသောနေရာတိုင်းတွင် သွေးပင်လယ်က ချက်ချင်း အေးခဲတော့မည့် လက္ခဏာများပြသလာ၏။

အခြားတစ်ဖက်တွင် မိတ်ကပ်နှင့်အမျိုးသမီးသည် သူမ၏ လက်ကောက်ဝတ်ကို ညင်သာစွာလှုပ်ခါပြီး သတ်ဖြတ်လိုစိတ်တစ်ခုနှင့်အတူ ဓမ္မလက်နက်များကို တိတ်တဆိတ် ပို့လွှတ်လိုက်၏။

အဲ့ဒါက မြွေမျိုးနွယ်၏ အဆိပ်သွားကနေ သန့်စင်ထားသော ဓမ္မလက်နက်တစ်ခုဖြစ်ပြီး ဂမ္ဘီရသံလိုက်တောင်က အဲ့ဒါကို ဆွဲယူနိုင်ခြင်းမရှိပေ။

ဈာန်ပျံဆိတ်တောင်ထွတ်၏ မိစ္ဆာသားရဲသည် သူ၏ ပါးစပ်ကို ဖွင့်ပြီး သတ္တုတစ်မျိုးဖြင့်ပြုလုပ်ထားသော ဓားပျံတစ်လက်ကို ဆူဇီမို၏ နောက်ကျောဆီသို့ ပစ်လွှတ်လိုက်၏။

တစ်ချိန်တည်းမှာပင် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်ပြီး ဓမ္မပညာရပ်တစ်ခုကိုလည်း ထုတ်ဖော်လိုက်လေသည်။

ရုတ်တရက် ဓမ္မစွမ်းအားများဖြင့် ပြုလုပ်ထားသော အရိုးဆူးချွန်များသည် တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာ၏။ ထိုဆူးချွန်များစွာက ဆူဇီမိုကို ထိုးဖောက်ဖို့အတွက် ပြေးဝင်သွားလေသည်။

ဆူဇီမိုသည် သတ်ဖြတ်ကွက်များကို ဆက်တိုက်ထုတ်ဖော်၍ မိစ္ဆာသားရဲနှစ်ယောက်ကို သတ်ဖြတ်ခဲ့သော်လည်း ကျန်ရှိနေသော မိစ္ဆာသားရဲလေးယောက်ကို အထင်သွားသေးလို့မရပေ။

သူတို့လေးယောက်သည် အလယ်အလတ်အဆင့် မိစ္ဆာသားရဲများအကြားမှာ ထိပ်သီးပညာရှင်များဟု သတ်မှတ်နိုင်လေသည်။ တစ်ကိုယ်တော်တိမ်စိုင်ပင်လျှင် သူတို့၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။

မိစ္ဆာသားရဲလေးယောက်၏ တစ်ပြိုင်နက်တည်းပူးပေါင်းတိုက်ခိုက်မှုသည် ကျင့်ကြံမှုအဆင့်တစ်ဆင့်မြင့်သော စွမ်းအားလှိုင်းတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။ ဆူဇီမိုက အန္တရာယ်များသည့် အခြေအနေအောက်မှာ ရှိနေသေး၏။

“ဂါး...”

ဆူဇီမို၏ သွေးချီက ရုန်းကြွလာပြီး သူ၏ဦးခေါင်းကို မော့ကာ ဟိန်းဟောက်လိုက်၏။

သူ၏ ကြောက်စရာကောင်းသော ဟိန်းဟောက်သံသည် သူ၏ ဘေးပတ်လည်ရှိ ပင်လယ်ရေများကို တွန်းထုတ်လိုက်ပြီး လေဟာနယ်တစ်ခုကိုဖြစ်ပေါ်လာစေလေသည်။

ထို့နောက်ချက်ချင်းပင်လျှင် အလွန်ကြီးမားသည့် ရှေးဟောင်းသားရဲပုံရိပ်များသည် သူ၏ဘေးပတ်လည်တွင် တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာ၏။ သူတို့အားလုံးသည် သူတို့၏ အစွယ်များနှင့် လက်သည်းများကို ထုတ်ဖော်ပြီး ချောက်ချားဖွယ်ရာအကြည့်များနှင့်အတူ အသက်ဝင်နေလေသည်။

မျိုးဆက်သွေးနယ်မြေ...

ထိပ်သီးမိစ္ဆာသားရဲလေးယောက်၏ တိုက်ခိုက်မှုများကို ခုခံကာကွယ်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ သူ၏မျိုးဆက်သွေးနယ်မြေသာလျှင် ဖြစ်ပေသည်။

မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၇ ပါးက ပေါ်ထွက်လာခဲ့လေပြီ။

အဋ္ဌမမြောက်သားရဲဘုရင်က နဂါးဘုရင်တစ်ပါးဖြစ်လေသည်။ သို့သော်လည်း ဆူဇီမိုသည် ယင်စိတ်ဝိညာဥ်အပိုင်းကိုသာ ကျင့်ကြံရသေးပြီး ယန်စိတ်ဝိညာဥ်အပိုင်းကို မစရသေးပေ။ ထိုသို့ဖြင့် သူသည် အဋ္ဌမမြောက်သားရဲဘုရင်၏ ပုံရိပ်ယောင်တစ်ခုကိုသာ ဆင့်ခေါ်နိုင်လေသည်။

ထိုသို့ဆိုသော်လည်း သားရဲဘုရင် ၇ ပါးနှင့် ပုံရိပ်ယောင်တစ်ခုသည် သွေးပင်လယ်ထဲမှာရှိတဲ့ မိစ္ဆာသားရဲတွေကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေဖို့ လုံလောက်လေသည်။

မျိုးဆက်သွေးနယ်မြေသည် လူတစ်ယောက်၏ မျိုးဆက်သွေးစွမ်းအားကို နောက်ဆုံးအကန့်အသတ်ထိ ကျင့်ကြံပြီးမှာသာလျှင် ရရှိနိုင်သော တစ်စုံတစ်ရာဖြစ်လေသည်။

အဲ့ဒါက ဆူနာမီသွေးထက်မြင့်သော အဆင့်တစ်ခုဖြစ်လေသည်။

ဘန်းဘန်းဘန်း...

သားရဲပညာရပ်များကြား ထိတွေ့ရိုက်ခတ်ခြင်းအားအဟုန်က ကြီးမားလေသည်။

တစ်ခဏအတွင်းမှာပင် သားရဲဘုရင် ၇ ပါးက ပျက်ပြယ်သွား၏။ သို့သော်လည်း မိစ္ဆာသားရဲလေးယောက်ကနေ ထုတ်ဖော်လိုက်သော ဓမ္မပညာရပ်များသည်လည်း သားရဲဘုရင် ၇ ပါးနှင့် ထိတွေ့ရိုက်ခတ်မှုကနေ သုံးစားမရဖြစ်သွားခဲ့လေသည်။

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် အတွေးတစ်ချက်နှင့်အတူ ဖန်တီးခြင်းကြာပုဒုမ္မာကို ထုတ်ဖော်ပြီး သူ့နောက်ကနေ ဝင်ရောက်လာသော အဆိပ်သွားနှစ်ချောင်းဆီသို့ ပစ်ထုတ်လိုက်၏။

ဖောက်...ဖောက်...

အဲ့ဒီမှာ ကြွတ်ဆတ်ဆတ်အသံနှစ်သံက ထွက်ပေါ်လာခဲ့၏။

အဆိပ်သွားနှစ်ချောင်းသည် ဖန်တီးခြင်းကြာပုဒုမ္မာနှင့် ရိုက်ခတ်မိချိန်တွင် ဖုန်မှုန့်များအဖြစ်သို့ ကြေမွသွားလေသည်။

အဲ့ဒါက မိတ်ကပ်နှင့်အမျိုးသမီး၏ မူပိုင်ဓမ္မလက်နက်ဖြစ်လေသည်။

သူမ၏ အမူအရာကပြောင်းလဲသွားပြီး သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရ၏။ သူမ၏ မျက်လုံးများသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဆူဇီမိုအပေါ် ကျရောက်သွားရလေသည်။

သူမသည် အဋ္ဌမမြောက် သားရဲဘုရင်၏ ပုံရိပ်ယောင်ကို မြင်ရချိန်​တွင် တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရ၏။

အဲ့ဒါက သူမ၏ ဝိညာဥ်နှင့် မျိုးဆက်သွေးအနက်ပိုင်းထဲမှလာသော မှတ်ဉာဏ်တစ်ခုဖြစ်လေသည်။

ကြောက်ရွံ့မှုတစ်ခုက သူမ၏ အရိုးများထဲထိ စွဲထင်နေလေသည်။ အဲ့ဒါက မျိုးဆက်သွေး၏ ပကတိဖိနှိပ်ခြင်းပင် ဖြစ်လေသည်။

ဖန်တီးခြင်းကြာပုဒုမ္မာက ပစ်လွင့်လာ၏။ အဲ့ဒါက ဖြည်းဖြည်းချင်း လာနေသည်ဟု ထင်ရသော်လည်း ချက်ချင်းပင် ရောက်ရှိလာခဲ့လေသည်။

မိက်ကပ်နှင့်အမျိုးသမီးသည် ရင်တစ်ချက်ထိတ်သွားပြီး ငေးငိုင်နေရာကနေ နိုးထလာ၏။ ကပျာကယာနှင့်ပင်လျှင် သူမသည် ဓမ္မစွမ်းအားများကို သုံးပြီး အကာအကွယ်အလွှာတစ်ခုကို ခင်းကျင်းကာ ဖန်တီးခြင်းကြာပုဒုမ္မာကို ပိတ်ဆို့တားဆီးလိုက်၏။

တစ်ချိန်တည်းမှာပင် သူမသည် နောက်ဆုတ်ဖို့ကြိုးစားလိုက်လေသည်။

သူမသည် ဖန်တီးခြင်းကြာပုဒုမ္မာကို ဓမ္မစွမ်းအားအကာအရံအလွှာနှင့် ပိတ်ဆို့တားဆီးနေပြီး သွေးပင်လယ်နှင့် ဆူဇီမိုထံကနေ လွတ်မြောက်ထွက်ပြေးချင်လေသည်။

သို့သော်လည်း ချက်ချင်းပင်လျင် သူမ၏ တွက်ဆမှုက မှားယွင်းသွားကြောင်း နားလည်လိုက်၏။

ဖန်တီးခြင်းကြာပုဒုမ္မာနှင့် ရင်ဆိုင်ရချိန်တွင် သူမ၏ ဓမ္မစွမ်းအား အကာအရံအလွှာက စက္ကူတစ်စကဲ့သို့ လုံးဝသုံးစားမရတော့ပေ။

ဖန်တီးခြင်းကြာပုဒုမ္မာက မျောလွင့်လာပြီး ဓမ္မစွမ်းအားအကာအရံအလွှာကို အလွယ်တကူ ချိုးခြေကာ အရိပ်တစ်ခုကဲ့သို့ သူမနောက်သို့ လိုက်ပါလာလေသည်။

မိတ်ကပ်နှင့်အမျိုးသမီး၏ ရင်ထဲတွင် ကြောက်ရွံမှုက ကြီးစိုးလာခဲ့လေသည်။

ဖန်တီးခြင်းကြာပုဒုမ္မာနှင့် ရင်ဆိုင်ရချိန်တွင် သူမ၏ နည်းလမ်းများက လုံးဝသုံးစား၍မရတော့ကြောင်း နားလည်လိုက်၏။ သူမသည် အဲ့ဒါကို တစ်စက္ကန့်ကြာအောင်ပင် ပိတ်ဆို့တားဆီးနေနိုင်ခြင်းမရှိပေ။

မိတ်ကပ်နှင့်အမျိုးသမီး၏ မျက်လုံးထဲတွင် ပြတ်သားသည့် အကြည့်တစ်ခုက ထွက်ပေါ်လာ၏။

သူမက သူမ၏ ခန္ဓာကိုယ်ကို စွန့်လွှတ်ရပေတော့မည်။

ဤနေရာမှာ သူမ၏ အမြုတေစိတ်ဝိညာဥ်နှင့်အတူ သူမ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးခံရခြင်းထက် သူမ၏ ခန္ဓာကိုယ်ကို စွန့်လွှတ်၍ အမြုတေစိတ်ဝိညာဥ်တစ်ခုနှင့် ထွက်ပြေးလွတ်မြောက်နိုင်ခြင်းက ပို၍ကောင်းပေလိမ့်မည်။

ရွှစ်!

လက်မအရွယ် မြွေတစ်ကောင်သည် မိတ်ကပ်နှင့်အမျိုးသမီး၏ ဦးခေါင်းထိပ်ဖျားကနေ လျှောထွက်လာပြီး ပင်လယ်ရေမျက်နှာပြင်ဆီသို့ တောက်ပသော အလင်းရောင်တစ်ခုနှင့်အတူ ပြေးထွက်သွားလေသည်။

သူမ၏ အမြုတေစိတ်ဝိညာဥ်က ထွက်ပေါ်လာသည့်ခဏမှာပင် သူမ၏ ဦးခေါင်းသည် ဖန်တီးခြင်းကြာပုဒုမ္မာ၏ ပစ်တိုက်ခြင်းကို ခံလိုက်ရ၏။

ထိုအခိုက်အတန့်က သေခြင်းရှင်ခြင်းအကြား ခြားနားမှုတစ်ခုဖြစ်လေသည်။

မိတ်ကပ်နှင့်အမျိုးသမီးသည် ရင်လှပ်လှပ်ဖြင့် အောက်သို့ငုံ့ကြည့်လိုက်၏။ သူမက မဆိုသလိုလောက် နှေးကွေးသွားခဲ့လျှင်တောင် သူမ၏ အမြုတေစိတ်ဝိညာဥ်ကပါ ဖျက်ဆီးခံရပေလိမ့်မည်။

သူမက စိတ်သက်သာရာ ရသွားစဥ်မှာပင် အောက်ဖက်တွင်ရှိသော အစိမ်းရောင်ကြာခုံမှာ ဆန်းကြယ်သော ပြောင်းလဲမှုတစ်ခုက ဖြစ်ပေါ်လာခဲ့လေသည်။

ဝှစ်ဝှစ်ဝှစ်...

အစိမ်းရောင်ကြာခုံ၏ စိမ့်ပေါက်များမှ ကြာစေ့ ၄၅ စေ့က ရုတ်တရက် ရုန်းကန်ထွက်ပေါ်လာပြီး အလင်းရောင်ခြည်တန်းများအသွင် ပြောင်းလဲသွားလေသည်။ သူတို့ကတစ်ခုကိုတစ်ခု ယှက်ဖြာသွားပြီး အလွန်တရာထက်ရှသော အော်ရာတစ်ခုနှင့်အတူ ပျံသန်းလာလေသည်။

အဲ့ဒါက အရမ်းမြန်ဆန်လေသည်။

သူမ၏ အမြုတေစိတ်ဝိညာဥ်က လျှင်မြန်စွာ ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း ကြာစေ့ ၄၅ စေ့က သိပ်မကြာမီ သူမကို လိုက်မီသွားပြီး သူမ၏ အမြုတေစိတ်ဝိညာဥ်ကို လုံးလုံးလျားလျား ထိုးဖောက်သွားခဲ့လေသည်။

ဖောက်ဖောက်ဖောက်....

သူမ၏ အမြုတေစိတ်ဝိညာဥ်က ကြာစေ့ ၄၅ စေ့နှင့်ရင်ဆိုင်ရချိန်တွင် လုံးဝကို ခုခံနိုင်စွမ်းအား ကင်းမဲ့နေ၏။

“အား...”

မိတ်ကပ်နှင့်အမျိုးသမီး၏ အမြုတေစိတ်ဝိညာဥ်သည် စူးစူးဝါးဝါး တစ်ချက်အော်ဟစ်လိုက်ပြီးနောက် ၎င်း၏ အရောင်အဝါက လျှင်မြန်စွာ မှေးမှိန်သွား၏။ အဲ့ဒါက နေရာမှာတင် ဖျက်ဆီးခံလိုက်ရလေသည်။

All Chapters