အရှင်သခင်များ၏ တိုက်ပွဲ
Vol. 58 Ch. 862
သွေးပင်လယ်၏ အနီးနားတစ်ဝိုက်တွင် တိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့လေသည်။
အရှင်သခင် ၇ ပါးပင်လျှင် သုန်မှုန်နေသော အမူအရာများရှိနေပြီး လေထဲကနေ သွေးပင်လယ်ကို ငုံ့ကြည့်နေကြ၏။ သူတို့ထဲကနေ မည်သူကမှ အရမ်းကာရော မပြုမူရဲကြပေ။
ထိုအခိုက်အတန့်တွင် သူတို့သည် နှစ်တစ်ထောင် သွေးပင်လယ်နှင့် ပက်သက်ဆက်နွယ်သော ဒဏ္ဍာရီအချို့ကို ပြန်လည်စဥ်းစားလိုက်ကြ၏။
ရုတ်တရက် သွေးပင်လယ်၏ မျက်နှာပြင်က ချိုင့်ဝင်သွားပြီး ဖြည်းဖြည်းချင်း လှည့်ပတ်လာလေသည်။
သိပ်မကြာမီ ဧရာမ ဝဲကတော့တစ်ခုက ဖြစ်ပေါ်လာခဲ့လေသည်။
စောစောက ပျောက်ကွယ်သွားခဲ့သော ဝဲကတော့သည် ပြန်လည်ပေါ်ထွက်လာခဲ့လေသည်။
ယခုအခါ ငွေရောင်ဝတ်လူက သေဆုံးသွားပြီဖြစ်ပြီး အခြားသူများ၏ ကံကြမ္မာကလည်းမသိရပေ။ အဲ့ဒါဆို ကြီးမားသည့်ဤဝဲကတော့ကို ဖန်တီးထားသည်က မည်သူဖြစ်နိုင်ပါသလဲ။
သွေးပင်လယ်၏ အနက်ပိုင်းထဲတွင် ရှေးဟောင်းမိစ္ဆာနတ်ဆိုးတစ်ကောင်က နိုးထလာသည့်အလား သွေးပင်လယ်သည် ဒေါသူပုန်ထနေသော ဒီရေလှိုင်းများဖြင့် ရုန်းကြွလာပြီး ကြောက်မက်ဖွယ်ရာကောင်းလာလေသည်။
မြေခွေးလေးက စိုးရိမ်ပူပန်နေသော အမူအရာတစ်ခုနဲ့အတူ တီးတိုပြောဆိုလိုက်၏။
“သူက အဆင်ရောပြေရဲ့လား”
“စိတ်မပူပါနဲ့...”
စိတ်ဝိညာဥ်ကျားက ပြန်ပြောလိုက်၏။
“အစ်ကိုကြီးက အသက်ပြင်းတယ် အဲ့ဒီမိစ္ဆာသားရဲတွေထဲ ဘယ်သူကများ သူ့ကိုခြိမ်းခြောက်နိုင်မှာလဲ...”
မျောက်ကလည်း လေးနက်စွာပြောလိုက်လေသည်။
“ငါထင်တာတော့ အဲ့ဒီဧရာမဝဲကတော့ကို ဖန်တီးနေတာက သူဖြစ်ဖို့ များလောက်တယ်”
ထိုစဥ်မှာပင် သွေးပင်လယ်ထဲကနေ ပုံရိပ်သုံးခုက ပျံသန်းထွက်ပေါ်လာ၏။
သားရဲများသည် ထိတ်လန့်သွားပြီး လှည့်ကြည့်လိုက်ကြ၏။
“အဲ့ဒါက ရွှေရောင်မီးတောက်တောင်တန်းက မိစ္ဆာသားရဲဘဲ”
“သူတို့နှစ်ယောက် ဟင်္သပြဒါးတိမ်လွှာတောင်တန်းက မိစ္ဆာသားရဲနှစ်ယောက်ဘဲ”
သားရဲများအားလုံးက အံ့အားတသင့်ရေရွတ်လ်ိုက်ကြ၏။
စောစောကလို တူညီသော အခြေအနေက တဖန်ပြန်လည် ဖြစ်ပေါ်လာမှာကို စိုးရိမ်၍ ရွှေရောင်မီးတောက်တောင်တန်းနှင့် ဟင်္သပြဒါးတိမ်လွှာတောင်ကြား၏ အရှင်သခင်များသည် အလွန်တရာလျင်မြန်စွာနှင့် ပြတ်သားစွာတုံ့ပြန်လိုက်ကြ၏။ သူတို့နှစ်ယောက်စလုံးသည် သွေးပင်လယ်ထဲကနေ ထွက်ပေါ်လာသော ပုံရိပ်သုံးခုကို ချက်ချင်းဆွဲယူလိုက်ကြလေသည်။
သို့သော်လည်း စောစောက ဧရာမသွေးလက်ကြီးက ပြန်လည်ပေါ်ထွက်မလာတော့ပေ။
“အဲ့ဒီမှာ ဘာတွေဖြစ်နေတာလဲ...”
“အဲ့ဒီအောက်ခြေမှာ ဘယ်လိုတွေ ဖြစ်နေကြတာလဲ”
ရွှေရောင်မီးတောက်တန်း၏အရှင်သခင်က မမေးရသေးခင်မှာပင် ငွေလတောင်ကြားနှင့် ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်များက ထက်ရှသောအကြည့်နှင့် တင်းမာခက်ထန်သော မျက်နှာများနှင့်အတူ ချဥ်းကပ်လာကြပြီဖြစ်၏။
“သေကုန်ပြီ! သူတို့အားလုံးက သေကုန်ကြပြီ”
ပြင်းထန်သည့် တုန်လှုပ်မှုကို ရရှိခဲ့သည့်အလား သူသည် သွေးပင်လယ်ထဲကနေ ထွက်ခွာလာခဲ့ပြီဖြစ်သော်လည်း ဟင်္သပြဒါးတိမ်လွှာတောင်ကြားမှ မိစ္ဆာသားရဲ၏ မျက်လုံးထဲတွင် အကန့်အသတ်မဲ့သော ကြောက်ရွံ့တုန်လှုပ်မှုများက ပြည့်နှက်နေလေသည်။
“သေကုန်ပြီလား”
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က ကျယ်လောင်စွာမေးမြန်းလိုက်၏။
“ဘယ်သူတွေက သေတာလဲ ၊ ရှင်းရှင်းလင်းလင်းပြောစမ်း...”
ဟင်္သပြဒါးတိမ်လွှာတောင်ကြာ၏ မိစ္ဆာသားရဲသည် ထိုဟိန်းဟောက်သံတွင် တူန်လှုပ်သွားပြီး ခဏကြာသည်အထိ စကားလုံးဝမပြောနိုင်ပေ။
တစ်ဖက်တွင်ရှိသော ဟင်္သပြဒါးတိမ်လွှာတောင်ကြား၏ အခြားမိစ္ဆာသားရဲသည် သူ့ကိုယ်သူ တဖြည်းဖြည်းချင်း ဣန္ဒြေဆည်ပြီး တံတွေးကိုမြိုချလိုက်၏။
“သွေးပင်လယ်မှာ ကျင့်ကြံကြပြီး သိပ်မကြာဘူး ၊ ဈာန်ပျံဆိတ်တောင်ထွတ်ရဲ့ သခင်လေး ၊ ငွေလတောင်ကြားရဲ့ နံပါတ်တစ်ပိုင်နက်အရှင်နဲ့ အခြားမိစ္ဆာသားရဲလေးယောက်က အရင်းအမြစ်တွေကိုလုယက်ဖို့အတွက် မိုကို တိုက်ခိုက်ခဲ့ကြတယ်... ဒါပေမယ့်လို့...”
ထိုမိစ္ဆာသားရဲက ခဏမျှ ရပ်နားပြီးနောက် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။
“ဒါပေမယ့်လို့... သူတို့ခြောက်ယောက်က မိုရဲ့သတ်ဖြတ်ခြင်းကို ခံရလို့ အခုဆိုသေကုန်ကြပြီ”
“အား!”
သားရဲများထံမှ အာမေဋိတ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။
သူတို့က ကြီးမားစွာ ထိတ်လန့်သွားကြလေသည်။
မိစ္ဆာသားရဲ ၆ ယောက်သည် တစ်စုံတစ်ယောက်ကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြ၏။ သို့သော်လည်း နောက်ဆုံးမှာတော့ သူတို့၏ အမြုတေစိတ်ဝိညာဥ်များကပါ ဖျက်ဆီးခံရ၍ သူတိူ့အားလုံးက သေဆုံးသွားခဲ့ကြလေသည်။ အဲ့ဒါက တစ်ကယ့်ကို ချောက်ချားဖွယ်ရာကောင်းသည့် ရလဒ်တစ်ခုဖြစ်လေသည်။
ထိုသို့ဆိုလျှင် သူတို့ရှေ့တွင် ရှိသော ဧရာမဝဲကတော့ကို ပြုလုပ်နေသူက မိုပင်ဖြစ်ရပေမည်။
ဟင်္သပြဒါးတိမ်လွှာတောင်ကြား၏ အရှင်သခင်က စိတ်သက်သာရာရကာ သက်ပြင်းချလိုက်လေသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် သူ့လက်အောက်ရှိ မိစ္ဆာသားရဲနှစ်ယောက်ကို သွေးပင်လယ်အတွင်းတွင် ဖြစ်ပေါ်လာသော မည်သည့်တိုက်ပွဲကိုမဆို ရှောင်ရှားရန် မှာကြားထားခဲ့လေသည်။
“အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ”
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်သခင်က တင်းမာခက်ထန်သော အမူအရာဖြင့် အံကိုတင်းတင်းကြိတ်ပြီး တစ်လုံးချင်း ငေါက်ငမ်းလိုက်၏။
“သူတို့ ၆ ယောကိရဲ့ ကျင့်ကြံမှုအဆင့်တွေနဲ့ တိုက်ခိုက်ရည်ခွန်အားကိုလည်း ကြည့်ဦး ၊ သူတို့က သူတို့ရဲ့ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာရပ်တွေကို တစ်ပြိုင်နက်တည်း ထုတ်သုံးမယ်ဆိုရင် အဲ့ဒီအဆင့်နိမ့်မိစ္ဆာသားရဲက ဘယ်လိုလုပ် ခုခံနိုင်ပါ့မလဲ”
သွေးပင်လယ်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့သော မိစ္ဆာသားရဲ ၃ ယောက်က တိတ်ဆိတ်ငြိမ်သက်နေကြ၏။
တစ်ကယ်တမ်းမှာ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာရပ်၆ ခုက ဆူဇီမိုကို ဒဏ်ရာမရရှိနိုင်ခဲ့စေသည်မှာ အမှန်ပင်ဖြစ်လေသည်။ မျောက်ဝံအိုကြီးက စိတ်သက်သာရာရသွားလေသည်။
ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်ကလည်း စိတ်သက်သာရာရသွားပြီး ဟက်ကနဲရယ်မောလိုက်၏။
“အဲ့တော့... လူအချို့က အရေအတွက်နဲ့ အနိုင်ကျင့်ဖို့ကြိုးစားခဲ့ပြီး တစ်ကယ့်နဂါးနဲ့ သွားတွေ့တာပေါ့ ၊ ဘယ်လောက်တောင် သေသင့်တဲ့ကောင်တွေလဲ”
ဈာန်ပျံဆိတ်တောင်ထွတ် ၊ ငွေလတောင်ကြား ၊ မြွေတစ်ထောင်ကျွန်းနှင့် ဇဝေဇဝါမြူခိုးရွှံ့ညွန်၏ အရှင်သခင်များက သုန်မှုန်နေသော အမူအရာနှင့် အေးစက်စက်အကြည့်များရှိနေကြ၏။
သူတို့အတွက် ဤတစ်ခေါက်နစ်နာဆုံးရှူံးမှုက အရမ်းကိုကြီးမားလေသည်။
သွေးပင်လယ်အတွင်းသို့ ဝင်ရောက်သွားသော မိစ္ဆာသားရဲများသည် မြင့်မားသော ပါရမီအလားအလာရှိပြီး နောက်နှစ်တစ်ထောင်အတွင်း အဆင့်မြင့်မိစ္ဆာသားရဲများပင် ဖြစ်ကောင်းဖြစ်လာနိုင်လေသည်။
သို့သော်လည်း သူတို့ ၆ ယောက်သည် ယခုအခါ သွေးပင်လယ်၏ အောက်ခြေမှာ မြှုပ်နှံခံခဲ့ရလေပြီ။
“သူက အဲ့ဒါကို သူ့အသက်နဲ့ပြန်ပေးဆပ်ရလိမ့်မယ်”
ဈာန်ပျံဆိတ်တောင်ထွတ်၏အရှင်သခင်က အေးစက်ခက်ထန်သောအသံတစ်ခုနှင့်အတူ ပြောလိုက်လေသည်။
“အမှန်ဘဲ!”
ဇဝေဇဝါမြူခိုးရွှံ့ညွန်မှ အရှင်သခင်၏ အသံကလည်း ထွက်ပေါ်လာ၏။
“အဲ့ဒီသားရဲက အရမ်းကို ရက်စက်ကြမ်းကြုတ်လွန်းတယ် ၊ သူက ငါတို့ကိုတောင် လုံးဝမျက်စိထဲ ထည့်မထားဘူး... ဒီနေ့သူ့ကို ဘယ်သူမှ မကာကွယ်နိုင်စေရဘူး”
ရုတ်တရက် မျောက်ဝံအိုကြီးက ရယ်မောလိုက်ပြီး ဂရုမစိုက်သည့်ပုံစံဖြင့် ပြောလိုက်လေသည်။
“သူတို့ရှင်းပြတဲ့ဖြစ်စဥ်တစ်ခုလုံးက ရှင်းနေပြီ ၊ မင်းတို့ရဲ့လက်အောက်ငယ်သားတွေက အရင်စပြီးတိုက်ခိုက်ခဲ့တာ ၊ ဒါပေမယ့် သူတို့က အားနည်းတဲ့အတွက် ပြန်လှန်သတ်ဖြတ်ခြင်းခံလိုက်ရတယ်... အဲ့ဒီတော့ ဒီလိုကိစ္စမှာ ဘယ်သူက ရက်စက်ကြမ်းကြုတ်တာလဲ”
“သွေးပင်လယ်ထဲမှာ တိုက်ခိုက်ခြင်းနဲ့ သတ်ဖြတ်ခြင်းကို တားမြစ်ထားတယ် ၊ ဒါပေမယ့်လို့ မင်းတို့ရဲ့လက်အောက်ငယ်သားတွေက စပြီးတော့လှုပ်ရှားရဲတယ်... သူတို့က သားရဲတစ်ထောင်တောင်ကြားရဲ့ စည်းမျဥ်းစည်းကမ်းကို လေးစားမှုမရှိတာမဟုတ်ဘူးလား ၊ သူတို့ကို အဲ့လိုလုပ်ဖို့သတ္တိ ဘယ်သူတွေကများ ပေးထားတာလဲ”
မျောက်ဝံအိုကြီး၏ အသံက ပို၍ထက်ရှလာလေသည်။
သူ၏ ရှည်လျားဖြူဖွေးသော မျက်ခုံးမွေးနှစ်ဖက်က တဖျပ်ဖျပ်လှုပ်သွား၏။ သူက အသက်အရွယ် အိုမင်းနေပုံပေါက်သော်လည်း သူ့ထံမှ လျစ်လျုရှု၍မရနိုင်သော လွှမ်းမိုးခြယ်လှယ်နိုင်မှုတစ်ခုက ဖြာထွက်လာလေသည်။
“သူတို့တိုက်ခိုက်တယ်ဆိုတာ သူတို့မှာလည်း အကြောင်း ပြချက်ရှိမှာပေါ့”
ငွေလတောင်ကြား၏ အရှင်သခင်က လေးနက်စွာပြောလိုက်၏။
“အဲ့ဒီသားရဲက ဘယ်လိုကျင့်ကြံမှုနည်းစနစ်ကို ထုတ်ဖော်လိုက်သလဲ ၊ ဒါမှမဟုတ် အဲ့လိုကြီးမားတဲ့ ဝဲကယက်ကို ဖန်တီးဖို့ သူကဘယ်လိုရတနာကိုပိုင်ဆိုင်ထားသလဲ ငါမသိဘူး ၊ သူက သွေးပင်လယ်ထဲက စွမ်းအင်တွေကို အဲ့လိုတစ်ယောက်တည်း မောင်ပိုင်စီးပြီးကျင့်ကြံချင်နေမှတော့ အခြားမိစ္ဆာသားရဲတွေက ဘယ်လိုသွားပြီး ကျင့်ကြံမှာလဲ”
“သူက အကုန်လုံးကို သူတစ်ယောက်တည်း မောင်ပိုင်စီးချင်နေမှတော့ တခြားမိစ္ဆာသားရဲတွေရဲ့ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရတာ မထူးဆန်းတော့ဘူး”
“ဟားဟားဟားဟား...”
ဤနေရာအရောက်တွင် ရွှေရောင်မီးတောက်တောင်တန်၏ အရှင်သခင်က မနေနိုင်ဘဲ ဟားတိုက်ရယ်မောလိုက်လေသည်။
“သွေးပင်လယ်မှာရှိတဲ့စွမ်းအင်တွေကို လုယူဖို့အတွက် အဲ့ဒီဂျူနီယာ ၆ ယောက်ကို နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တာက မင်းတို့ဆိုတာ ရှင်းနေတာဘဲ ၊ ဒါတောင် မင်းတို့က ဘယ်သူ့ကိုသွားပြီး အပြစ်ဖို့ချင်နေသေးတာလဲ”
“ဘာဘဲဖြစ်ဖြစ် အဲ့ဒီသားရဲက ဒီနေ့သေကိုသေရမယ်”
ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏အကြည့်က ပြတ်သားခိုင်မာမှုဖြင့် ဝင်းလက်လာလေသည်။
“ဟမ့်...”
မျောက်ဝံအိုကြီး၏ အော်ရာက အတောမသတ် ထိုးတက်လာပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
“သူ့ကို ထိရဲတဲ့ ဘယ်သူမဆို ငါ့ရဲ့ရန်သူဘဲ... ပြီးတော့မှ ငါ့ကိုသနားညှာတာမှုမရှိဘူးဆိုပြီး အပြစ်လာမတင်ကြနဲ့”
“မျောက်ဝံအိုကြီး မင်း သူ့ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး”
ငွေလတောင်ကြား၏ အရှင်သခင်က ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်လေသည်။
သူတို့ဘက်တွင် အနည်းဆုံး အရှင်သခင် ၄ ယောက်ရှိနေလေသည်။
“ငါပါ ပါမယ်ဆိုရင်ရော ဘယ်လိုလဲ...”
ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်က ထွက်ရပ်လာလေသည်။
မြွေတစ်ထောင်ကျွန်း၏ အရှင်သခင်က ထီမထင်မျက်နှာပေးဖြင့် ညင်သာစွာပြုံးလိုက်လေသည်။
“ရှင်ပါရင်တောင်... ရှင်တို့ဘက်က နှစ်ယောက်ဘဲ ရှိသေးတယ်”
အရှင်သခင်အချို့သည် တစ်ချိန်တည်းနီးပါးမှာပင် ဘေးဖက်သို့ လှည့်ကြည်လိုက်ကြ၏။
ဟင်္သပြဒါးတိမ်လွှာတောင်ကြား၏ အရှင်သခင်က သူ၏ခေါင်းကို ကပျာကယာလှုပ်ခါလိုက်၍ သူ၏ ဝဖိုင့်ဖိုင့် ပါးနှစ်ဖက်က တုန်တုန်တုန်တုန်နှင့် လှုပ်သွားလေသည်။
“အဲ့ဒါက ငါနဲ့ဘာမှမဆိုင်ဘူး... ဒါပေမယ့်လို့ မင်းတို့တွေ တိုက်ခိုက်ချင်တယ်ဆိုလည်း မင်းတို့ဘာသာဘဲ တိုက်ခိုက်ကြပေါ့”
ဈာန်ပျံဆိတ်တောင်ထွတ်နှင့် ငွေလတောင်ကြားတို့ဘက်တွင် သူတို့က ဆူဇီမိုကို သတ်ဖြတ်လိုခြင်းမှာ သူတို့က လက်စားချေခြင်းအပြင် ပိုမိုကြီးမားသည့် အကြောင်းပြချက်တစ်ခုရှိပြီး အဲ့ဒါက သူတို့သည် သူ့ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်နေကြသောကြောင့် ဖြစ်လေသည်။
အဲ့ဒါက ဤမျှထိ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားသည့် အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ဖြစ်လေသည်။ သူတို့က သူအားနည်းနေစဥ်မှာ သူ့ကို မသတ်ဖြတ်ခဲ့ဘူးဆိုရင် နောက်အနာဂတ်မှာ သူတို့က သေချာပေါက် ပျက်သုန်းရပေလိမ့်မည်။
ဒါ့အပြင် ဆူဇီမိုထံတွင် အဖိုးထိုက်တန်သောရတနာအချို့ရှိနေကြောင်းကို အရှင်သခင်အချို့က ပြောနိုင်လေသည်။
အခြားအရာများကို အသာထား သူ၏ ခန္ဓာကိုယ်တစ်ခုတည်းကပင် အနှိုင်းမဲ့သော ရတနာတစ်ခုဖြစ်လေသည်။
တစ်ကယ်တော့ သူတို့၏ လမ်းတွင် မျောက်ဝံအိုကြီးနှင့် ရွှေရောင်မီးတောက်တောင်တန်၏ အရှင်သခင်က ရပ်လာပြီဖြစ်သောကြောင့် ဈာန်ပျံဆိတ်တောင်ထွတ်နှင့် အခြားပိုင်နက်များမှ အရှင်သခင်များအနေဖြငိ့ ဆူဇီမိုကို သတ်ဖြတ်ဖို့က အတော်လေးခက်ခဲလာခဲ့လေပြီ။
ဟင်္သပြဒါးတိမ်လွှာတောင်ကြား၏ အရှင်သခင်က ဘေးမှာထွက်ရပ်နေဖို့ ရွေးချယ်ခဲ့လေသည်။
အနည်းဆုံးတော့ ဘယ်ဘက်ကဘဲ အနိုင်ရရ သူက ပစ်မှတ်ထားခံရမှာ မဟုတ်တော့ပေ။
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က ဖြည်းဖြည်းချင်းပြောလိုက်၏။
“မျောက်ဝံအိုကြီး အဲ့ဒီသားရဲကို ငါတို့ဆီထုတ်ပေး ၊ ငါက မင်းအတွက် ပကတိအဆင့် တာအိုအရှင်ဓမ္မလက်နက်တစ်ခုကို ရော်ပေးနိုင်တယ်”
သားရဲများက လှုပ်လှုပ်ရှားရှားဖြစ်သွားကြလေသည်။
လက်နက်သန့်စင်ခြင်းကို မတတ်မြောက်ကြသော သားရဲလောကကို အသာထား ကျင့်ကြံရေးလောကမှာပင်လျှင် ပကတိအဆင့် တာအိုအရှင် ဓမ္မလက်နက်တစ်ခုက အလွန်တရာရှားပါးလေသည်။
မျောက်ဝံအိုကြီးက ရယ်မော၍ ခေါင်းခါလိုက်၏။
“တာအိုအရှင်ဓမ္မလက်နက်တစ်ခုကို မပြောနဲ့ မင်းတို့က ငါ့ကို ဓမ္မရတနာတစ်ခုပေးလာမယ်ဆိုရင်တောင် အဲ့ဒါက သူ့အသက်လောက် အဖိုးမတန်ဘူး”
“ကိစ္စက ဒီလိုဆိုမှတော့ သူနဲ့အတူ သေဖို့သာပြင်ထားလိုက်တော့”
ထိုသို့ပြောပြီးသည်နှင့် ဈာန်ပျံဆိတ်တောင်ထွတ် ၏ အရှင်သခင်က ရုတ်တရက်တိုက်ခိုက်လိုက်လေသည်။ သူက သူ၏ ပါးစပ်ကိုဖွင့်ဟပြီး မျောက်ဝံအိုကြီး၏ ဦးခေါင်းဆီသို့ လှံနှစ်စင်းကို ထွေးထုတ်လိုက်လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က လှုပ်ရှားမှု ပြုလုပ်လိုက်သည့်ခဏမှာပင် ငွေလတောင်ကြား ၊ မြွေတစ်ထောင်ကျွန်းနှင့် ဇဝေဇဝါမြူခိုးရွှံ့ညွန်၏ အရှင်သခင်များကလည်း သူတို့၏ လှုပ်ရှားမှုများကို ပြုလုပ်လိုက်ကြလေသည်။
အရှင်သခင်များကြား တိုက်ပွဲတစ်ပွဲက ထွက်ပေါ်လာခဲ့လေသည်။