← Chapters

အန္တရာယ်

Vol. 58 Ch. 863

အန္တရာယ်

Vol. 58 Ch. 863

အရှင်သခင်တစ်ပါး ဖြစ်လာပြီးနောက်.. သူတို့သည် များစွာသော မိစ္ဆာသားရဲများကို သူတို့၏လက်အောက်မှာ ထားရှိပြီး ကျယ်ပြန့်သော နယ်မြေတစ်ခုကို အုပ်စိုးနိုင်ကြပေလိမ့်မည်။

သူတို့၏ ဂုဏ်အဆင့်အတန်းမှာဆိုလျှင် ဖြေရှင်း၍မရနိုင်သော ရန်ငြိုးရန်စတစ်ခု မရှိသရွေ့ သူတို့အကြား တိုက်ပွဲက မရှိသလောက်နီးပါးပင်။

အရှင်သခင်များအကြား တိုက်ပွဲတစ်ပွဲ၏ ဤအဆင့်ထိ ရောက်ရှိလာမှုသည် အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ကြောင့် ဖြစ်လိမ့်မည်ဟု မည်သူကများ တွေးထင်ထားပါမည်နည်း။

“ထွက်သွားစမ်း”

မျောက်ဝံအိုကြီးက ဟိန်းဟောက်လိုက်ပြီး သူ၏သွေးချီကို ရုန်းကြွစေလိုက်၏။ သူ၏ လက်သီးနှစ်ဖက်ကို ကျောက်တုံးတူကြီးတစ်စုံကဲ့သို့ လွှဲယမ်းပြီး ဝင်ရောက်လာသော လှံနှစ်စင်းကို ပစ်ရိုက်ချလိုက်လေသည်။

ခွမ်း

ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်သည် တုန်လှုပ်သွားပြီး သူ၏လက်ဖဝါးမှ ထုံကျဉ်မှုကို ခံစားလိုက်ရ၏။ သူက သူ၏ လှံနှစ်လက်ကို လွတ်ကျမတတ် ဖြစ်သွားရလေသည်။

“ဘယ်လောက်တောင် သန်မာလိုက်သလဲ”

ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်သည် ရင်တစ်ချက်ထိတ်သွားလေသည်။

တစ်ချိန်တည်းမှာပင်.. မျောက်ဝံအိုကြီးက သူ၏ခါးကို ပုတ်ပြီး ရှေးဟောင်းသော့ခလောက်ကြီးများ ပုံသဏ္ဍာန်ရှိသော ကျောက်သားဝိတ်တုံးတစ်စုံကို ထုတ်ယူကာ လွှဲယမ်းလိုက်လေသည်။

ချွမ်း.. ချွမ်း.. ချွမ်း..

ငွေလတောင်ကြား၏ အရှင်သခင်သည် သူ၏ဆေဘာ၊ မြွေတစ်ထောင်ကျွန်း၏ အရှင်သခင်သည် သူမ၏ လက်ထိုးဓားမြှောင်များနှင့် ဇဝေဇဝါမြူခိုးရွှံ့ညွန်၏ အရှင်သခင်သည် သူ၏ ရွှေညိုရောင်လှံပုဆိန်တို့ကို အသီးသီးထုတ်ဖော်လိုက်ကြ၏။ သူတို့အားလုံးက တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြပြီး မီးပွားများက အဘက်ဘက်သို့ လွင့်စင်ထွက်သွားလေသည်။

အဲဒါက ၄ယောက် ၁ယောက် တိုက်ခိုက်နေရခြင်းဖြစ်သော်လည်း မျောက်ဝံအိုကြီးက သူ၏ မူပိုင်ဓမ္မလက်နက်နှင့်အတူ အရေးနိမ့်ခြင်း မရှိပေ။

“သူ့ကိုသတ်”

ငွေလတောင်ကြား၏ အရှင်သခင်က ဟိန်းဟောက်လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

ဈာန်ပျံဆိတ်တောင်ထွတ်၊ ငွေလတောင်ကြား၊ မြွေတစ်ထောင်ကျွန်းနှင့် ဇဝေဇဝါမြူခိုးရွှံ့ညွန်၏ အဆင့်မြင့်မိစ္ဆာသားရဲများ အားလုံးသည် ရှေ့သို့ပြေးဝင်လာကြ၏။ သူတို့က စုစုပေါင်း အယောက်တစ်ရာကျော်လေသည်။

သို့သော်လည်း မျောက်ဝံမြူးထူးတောင်ရိုးနှင့် ရွှေရောက်မီးတောက်တောင်တန်းဘက်ခြမ်းတွင် အဆင့်မြင့်မိစ္ဆာသားရဲ အယောက် ၃၀ပင် မပြည့်ပေ။

တစ်ဘက်က အခြားတစ်ဘက်ထက် အဆများစွာ ပို၍သာလွန်နေလေသည်။

“မင်းတို့တွေ ဂရုစိုက်ကြဦး”

ယွမ်လင်းအာက မျောက်ကိုစိုက်ကြည့်ပြီး ညွန်ကြားကာ တစ်ဘက်တွင်ရှိသော လေထဲရှိ အဆင့်မြင့်မိစ္ဆာသားရဲများကြား တိုက်ပွဲဆီသို့ ပြေးဝင်ခုန်တက်သွားလေသည်။

လေထဲတွင် အဆင့်မြင့်မိစ္ဆာသားရဲများက တိုက်ခိုက်ဖို့အတွက် စုဝေးလာကြလေပြီ။

မြေပြန့်လွင်ပြင်ပေါ်မှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြလေပြီ။

များစွာသော မိစ္ဆာသားရဲများသည် ဖရိုဖရဲဖြစ်မှုကို အမြတ်ထုတ်ကာ အခြားသူကနေ လုယက်ချင်ကြလေသည်။ မျောက်နှင့် အခြားသူများသည် သူတို့ဘက်ခြမ်းတွင် တစ်ကိုယ်တော်တိမ်စိုင်နှင့်အတူ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ကြလေသည်။

“ပင်ကိုနတ်ဘုရားစွမ်းအား”

“နတ်ဘုရားခွန်အား”

“ပင်ကိုရှင်သန်နိုင်စွမ်း”

“တဟုန်ထိုး ပြေးထွက်ခြင်း”

“သွေးဆာရမ္မက်”

လေထဲတွင် များစွာသော အဆင့်မြင့်မိစ္ဆာသားရဲများသည် သူတို့၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ကြပြီး နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ကာ စီးပိုးခြယ်လှယ်နိုင်သော စွမ်းအားများက အဘက်ဘက်သို့ ဖြန့်ကြက်သွားလေသည်။

နေရာတစ်ခုလုံးက တုန်ခါလာခဲ့လေသည်။

လူသားကျင့်ကြံသူများနှင့် မတူဘဲ သားရဲများသည် အဆင့်မြင့်မိစ္ဆာသားရဲများ ဖြစ်လာပြီးနောက် နတ်ဘုရားစွမ်းအားများကို အလိုအလျောက် နားလည်ဆင်ခြင်နိုင်လာကြလေသည်။

သူတို့၏ ကျင့်ကြံမှုက နက်ရှိုင်းလာလေလေ.. သူတို့၏ နတ်ဘုရားစွမ်းအားများကလည်း ပို၍သန်မာလာလေဖြစ်လေသည်။

မိစ္ဆာသားရဲ အများစုက နတ်ဘုရားစွမ်းအားတစ်ခုကိုသာ အမွေခံနိုင်ကြလေသည်။

ရှားရှားပါးပါး မိစ္ဆာသားရဲ အချို့ကတော့ နတ်ဘုရားစွမ်းအား နှစ်ခုကို အမွေခံနိုင်ကြလေသည်။

နတ်ဘုရားစွမ်းအား သုံးခုကို အမွေခံနိုင်သောသူများကျတော့ ဤလောကတွင် အသန်မာဆုံးနှင့် ကြောက်စရာအကောင်းဆုံးနီးပါး သက်ရှိများဖြစ်ကြလေသည်။ ဥပမာအားဖြင့် ကမ္ဘာဦးမျိုးနွယ် ၉စု ဖြစ်လေသည်။

လေထဲရှိ ကြီးမားသော တိုက်ပွဲတွင် နတ်ဘုရားစွမ်းအားများက ထွက်ပေါ်လာခဲ့၏။ ဆိုလိုသည်မှာ နှစ်ဖက်စလုံးသည် အကဲစမ်းခြင်းမရှိတော့ဘဲ သူတို့၏ ခွန်းအားအကုန်ကို ထုတ်သုံးကာ တိုက်ခိုက်လာကြခြင်း ဖြစ်လေသည်။

ဇဝေဇဝါမြူခိုးရွှံ့ညွန်ဘက်မှ အဆင့်မြင့်မိစ္ဆာသားရဲတစ်ယောက်သည် ရှေ့သို့ပြေးဝင်လာပြီး သူ၏ နတ်ဘုရားစွမ်းအားနှင့်အတူ မျောက်ဝံအိုကြီးကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားလိုက်၏။

“သေစမ်း”

မျောက်ဝံအိုကြီးက ဒေါသထွက်သွားပြီး သူ၏ ကျောက်သားသော့ခလောက်များနှင့် ပစ်ပေါက်ချလိုက်၏။ ထိုမိစ္ဆာသားရဲက အသားပျော့ဖတ်ဖြစ်သွားပြီး အလောင်းပင် မကျန်ရှိတော့ပေ။

မျောက်ဝံအိုကြီးသည် အသက်အရွယ် အိုမင်းလာပြီဖြစ်သော်လည်း သူပြုလုပ်လိုက်သော လှုပ်ရှားမှုတစ်ခုစီတိုင်းမှာ တုန်လှုပ်ချောက်ချားဖွယ်ရာ တိုက်ခိုက်ရေးခွန်အားက ထွက်ပေါ်လာခဲ့လေသည်။

အရှင်သခင်တစ်ပါး၏ ဂုဏ်သိက္ခာက စိန်ခေါ်၍ မရနိုင်ပေ။

သူတို့သည် အဆင့်တူချင်းမှာ ရှိကြသော်လည်း အဆင့်မြင့်မိစ္ဆာသားရဲများ အားလုံးသည် မျောက်ဝံအိုကြီးကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားလျှင် သေချာပေါက် ဒုက္ခတွေ့ရပေလိမ့်မည်။

သူတို့က မျောက်ဝံအိုကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမှ ဒဏ်ရာအပြင်းအထန် ရရှိသွားလျှင်တောင် ကံကောင်းသည်ဟု ဆိုရပေမည်။

မဟုတ်ပါက.. များသောအားဖြင့် ရလဒ်သည် ချက်ချင်းသေဆုံးရခြင်း ဖြစ်လေသည်။

တိုတောင်းသော အချိန်အတွင်းမှာပင် မျောက်ဝံအိုကြီး၏ လက်ထဲ၌ သေဆုံးသွားခဲ့ရသော အဆင့်မြင့်မိစ္ဆာသားရဲက ၁၀ယောက်နီးပါး ရှိလာခဲ့လေပြီ။

ကောင်းကင်ထက်တွင် သွေးများက နီစွေးသွားခဲ့လေသည်။

ဈာန်ပျံဆိတ်တောင်ထွတ်၊ ငွေလတောင်ကြား၊ မြွေတစ်ထောင်ကျွန်းနှင့် ဇဝေဇဝါမြူခိုးရွှံ့ညွန်၏ အရှင်သခင်များသာလျှင် မျောက်ဝံအိုကြီးနှင့် ရင်ဆိုင်နိုင်ကြလေသည်။

“ဟားဟားဟားဟား.. ကောင်းလိုက်တဲ့ ခံစားချက်”

ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်က သူ၏ သွေးများဖြင့် စိုရွှဲနေသော မဟူရာ အသွားသုံးမြှောင် လှံပုဆိန်ကို ဝှေ့ယမ်းပြီး ဟားတိုက်ရယ်မောလိုက်၏။

“အစ်ကို.. ခင်ဗျားကတော့ တကယ့်အာဂလူပဲ”

ဈာန်ပျံဆိတ်တောင်ထွတ်၊ ငွေလတောင်ကြား၊ မြွေတစ်ထောင်ကျွန်းနှင့် ဇဝေဇဝါမြူခိုးရွှံ့ညွန်၏ အရှင်သခင်များက အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

နောက်ဆုံးမှာတော့.. သူတို့က တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားခဲ့လေသည်။

သူတို့အားလုံးသည် မျောက်ဝံအိုကြီး၏ တိုက်ခိုက်ရေးခွန်အားကို အထင်သေးမိခဲ့ကြလေသည်။

ဤမျောက်ဝံအိုကြီးသည် သူ၏ ဘဝနေဝင်ခါနီးအရွယ်သို့ ရောက်နေသည် ထင်ရသော်လည်း သူက သူတို့ ၇ယောက်ထဲတွင် ကြောက်စရာအကောင်းဆုံး အရှင်သခင်အဖြစ် ကျန်ရှိနေဆဲ ဖြစ်လေသည်။

သူတို့ဘက်မှ အဆင့်မြင့်မိစ္ဆာသားရဲများ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးလာမှုကို မြင်သောအခါ.. အရှင်သခင် ၄ယောက်ပင်လျှင် စိတ်သောက ဖိစီးလာကြလေသည်။

သူတို့၏ ဆုံးရှုံးနစ်နာမှုက ကြီးမားလွန်းလှလေသည်။

အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်အတွက် ဤကဲ့သို့ ကြီးမားစွာ ဆုံးရှုံးနစ်နာရခြင်းက ထိုက်တန်ပါရဲ့လား။

ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က သွေးပင်လယ်အောက်သို့ တစ်ချက်လှမ်းကြည့်ပြီးနောက် အေးစက်စက် အလင်းတစ်ခုက သူ၏မျက်လုံးထဲတွင် ထွက်ပေါ်လာခဲ့၏။

ဤတိုက်ပွဲ၏ ရည်ရွယ်ချက်မှာ တစ်ဘက်နှင့်တစ်ဘက် အသေအကြေ တိုက်ခိုက်ကြရဖို့ မဟုတ်ပေ။

ဤတိုက်ပွဲ၏ ရည်ရွယ်ချက်မှာ သွေးပင်လယ်အောက်တွင် ကျင့်ကြံနေသော မိစ္ဆာသားရဲအတွက်သာလျှင် ဖြစ်လေသည်။

“မင်းတို့တွေ သွေးပင်လယ်ထဲကို ဝင်ပြီး အဲဒီ အဆင့်နိမ့်သတ္တဝါကို အရှင်လတ်လတ် ဖမ်းလာခဲ့ကြ”

ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က သူ၏ နည်းဗျူဟာကို ချက်ချင်းပြောင်းလဲလိုက်ပြီး သူ့လက်အောက်တွင်ရှိသော အဆင့်မြင့်မိစ္ဆာသားရဲ ၇ယောက်ကို သွေးပင်လယ်ထဲသို့ ဝင်ရောက်​ပြီး ဆူဇီမိုကို ဖမ်းဆီးလာခဲ့ဖို့ အမိန့်ပေးလိုက်လေသည်။

“အဲ့ထဲကို ဘယ်သူဝင်နိုင်မလဲ ငါကြည့်ရသေးတာပေါ့”

မျောက်ဝံအိုကြီး၏ တောင်ဝှေးက သွေးများဖြင့် နီဆွေးနေပြီး သွေးပင်လယ်ရှေ့တွင် ခက်ထန်ကြမ်းကြုတ်သော အော်ရာတစ်ခုနှင့်အတူ မတ်တတ်ရပ်လိုက်၏။ သူက သွေးများ တစ်စက်စက်ကျနေသော ကျောက်သားသော့ခလောက်တစ်စုံကို ကိုင်ဆွဲထားလေသည်။

“မျောက်ဝံအိုကြီး.. ငါတို့က မင်းကို အနိုင်ယူစရာ မလိုဘူး.. ငါလုပ်ဖို့လိုတာက မင်းကို ဒီနေရာမှာ လောလောဆယ် ပိတ်လှောင်ထားနိုင်ဖို့ပဲ”

ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ အတွေးတစ်ချက်နှင့်အတူ လက်ဖဝါးအရွယ်လောက်ရှိသော လှောင်အိမ်တစ်ခုက သူ၏ သိုလှောင်အိတ်ထဲကနေ ပျံသန်းထွက်ပေါ်လာ၏။ အဲဒါက လေထဲမှာ လျင်မြန်စွာ ပြန့်ကားသွားပြီး မျောက်ဝံအိုကြီးပေါ်သို့ လွှမ်းခြုံကျဆင်းလာလေသည်။

လှောင်အိမ်က မသတီစရာ မီးခိုးဖြူရောင်ဖြစ်ပြီး အမျိုးအမည် မသိရသော မိစ္ဆာသားရဲတစ်ကောင်၏ အရိုးကနေ ပြုလုပ်ထားခြင်း ဖြစ်လေသည်။ အဲဒါက မကောင်းဆိုးရွားဆန်ဆန် အော်ရာနှင့် အေးစက်နေလေသည်။

“ဟမ့်”

မျောက်ဝံအိုကြီးက မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး နမော်နမဲ့ မလုပ်ရဲပေ။

သူ့လက်ထဲရှိ ကျောက်သားသော့ခလောက်များက တစ်ခုကို ငါးတန်စီ လေးသော်လည်း သူက အလွန်တရာ ပေါ့ပါးဖျတ်လတ်ပြီး လှစ်ခနဲ လှုပ်ရှားလိုက်လေသည်။

တခဏအတွင်းမှာပင်.. သူသည် နေရာကနေ ပျောက်ကွယ်သွားပြီး အခြားတစ်ဘက်သို့ ရောက်ရှိသွားခဲ့လေသည်။

“သတိထား”

ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်က အော်ဟစ်လိုက်၏။

မျောက်ဝံအိုကြီးသည် ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။

သူက ဆင်းသက်လိုက်သည့် ခဏမှာပင်.. သူ့ခြေထောက်အောက်ရှိ ရွှံ့ညွန်ထဲကနေ မသတီစရာ မီးခိုးဖြူရောင် လက်ဝါးတစ်စုံက ထွက်ပေါ်လာပြီး သူ၏ ခြေကျင်းဝတ်နှစ်ဖက်ကို ဖမ်းဆုပ်လိုက်လေသည်။

အဲဒါက ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ သားရဲပညာရပ် ဖြစ်လေသည်။

ချက်ချင်းပင်.. လက်ဖဝါးနှစ်ဖက်သည် မျောက်ဝံအိုကြီး၏ ခြေကျင်းဝတ်ပေါ်တွင် လက်ချောင်းရာ ၁၀ခုကို ထင်ကျန်ရစ်စေပြီး ၎င်း၏ တဝိုက်ပတ်လည်က မကောင်းဆိုးရွားဆန်ဆန်ပုံစံဖြင့် ခရမ်းညိုရောင် သမ်းလာခဲ့လေသည်။

“ပျက်စီးစမ်း”

မျောက်ဝံအိုကြီးက မြေပြင်ပေါ်မှာ မတ်တတ်ရပ်ပြီး သူ၏သွေးချီကို ရုန်းကြွစေလိုက်၏။ သူ၏ ခန္ဓာကိုယ်က ပြန့်ကားလာပြီး သူ၏ ခြေကျင်းဝတ်ပတ်လည်ရှိ သွေးချီက ရုန်းကြွကာ သူ၏အသားများက ဖောင်းကြွလာလေသည်။ ရုန်းကန်ထွက်ပေါ်လာသော စွမ်းအားသည် အရိုးလက်ဝါးနှစ်ဖက်ကို ချက်ချင်းပင် ကြေမွပျက်စီးသွားစေလေသည်။

သူ၏ ခြေကျင်းဝတ်ပတ်လည်ရှိ ခရမ်းညိုရောင်ကလည်း တဖြည်းဖြည်း ဖျော့တော့သွားလေသည်။ မျောက်ဝံအိုကြီးသည် ထိုသားရဲပညာရပ်ကို ပယ်ဖျက်နိုင်ခဲ့သော်လည်း လေထဲရှိ အရိုးလှောင်အိမ်က ဆင်းသက်လာခဲ့ပြီဖြစ်ပြီး သူ့ကို ပိတ်မိသွားစေလေသည်။

“ပျက်စမ်း”

မျောက်ဝံအိုကြီးသည် ဟိန်းဟောက်လိုက်ပြီး သူ၏ ကျောက်သားသော့ခလောက်များကို ကိုင်ဆွဲကာ သူ၏ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်၏။ သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားက ပေါက်ကွဲထွက်ပေါ်လာပြီး သူ့ရှေ့ရှိ အရိုးများကို ပြင်းထန်စွာ ပစ်ရိုက်ချလိုက်၏။

အရိုးလှောင်အိမ်က လှုပ်ခါသွားပြီး သူတို့က ပြိုကျပျက်စီးတော့မည့်အလား တုန်ခါလာလေသည်။

ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ အမူအရာက ပြောင်းလဲသွားပြီး အလောတကြီး အော်ပြောလိုက်၏။

“မင်းတို့တွေ ငါ့ကို လာကူကြဦး.. ဒီမျောက်ဝံအိုကြီးက တော်တော်သန်တာဟ”

“ရတယ်လေ”

ငွေလတောင်ကြားနှင့် အခြားသောနယ်မြေနှစ်ခုမှ အရှင်သခင်များသည် ချက်ချင်း သဘောတူလိုက်ပြီး သူတို့၏ စိတ်ဝိညာဉ်စီးကြောင်းများကို အရိုးလှောင်အိမ်ထဲသို့ ပို့လွှတ်လိုက်လေသည်။

မျောက်ဝံအိုကြီး၏ ကျောက်သားသော့ခလောက်များသည် နောက်တဖန် ကျဆင်းလာခဲ့လေသည်။

သို့သော်လည်း.. ဒီတစ်ကြိမ်တွင်တော့ အရိုးလှောင်အိမ်သည် တောက်ပဝင်းလက်သွားပြီး မျောက်ဝံအိုကြီးကို လွင့်ကန်ထွက်သွားစေကာ သူ၏နောက်ဘက်ရှိ လှောင်အိမ်၏ အရိုးများအပေါ် ပစ်ဆောင့်ကျသွားစေလေသည်။

မျောက်ဝံအိုကြီးသည် ပြန်ကျုံးထပြီး ရှေ့သို့တဖန် ပြေးဝင်သွားလေသည်။

သို့သော်လည်း.. သူက တဖန်ပြန်လည် လွင့်ကန်ထွက်လာခဲ့လေသည်။

ဤအရိုးလှောင်အိမ်က ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ ဝှက်ဖဲတစ်ချပ် ဖြစ်လေသည်။ အဲဒါက သတ်ဖြတ်ခြင်းစွမ်းအား မမြင့်မားသော်လည်း ထို့အထဲတွင် ပိတ်မိသူများအနေဖြင့် ဖောက်ထွက်ဖို့က အင်မတန် ခက်ခဲလေသည်။

ဒါ့အပြင် ယခုအချိန်တွင် မျောက်ဝံအိုကြီးသည် အခြားသော အရှင်သခင် ၄ယောက်နှင့် တိုက်ခိုက်နေရခြင်း ဖြစ်လေသည်။

အခြားတစ်ဘက်မှာတော့.. ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်သည် အဆင့်မြင့်မိစ္ဆာသားရဲများစွာ၏ ဝိုင်းရံခြင်းခံထားရပြီး ဖောက်မထွက်နိုင်သေးပေ။

အဆင့်မြင့်မိစ္ဆာသားရဲ ၇ယောက်သည် လူအုပ်ကြီးထဲကနေ ခွဲထွက်ပြီး လျှပ်စီးလို အမြန်နှုန်းဖြင့် သွေးပင်လယ်၏ ဧရာမဝဲကတော့ထဲသို့ ခုန်ဆင်းကာ ပျောက်ကွယ်သွားကြလေသည်။

အဆင့်မြင့်မိစ္ဆာသားရဲ ၇ယောက် သွေးပင်လယ်ထဲသို့ ခုန်ဆင်းခြင်းမှ ဖြစ်ပေါ်လာသော ဓမ္မစွမ်းအင် အတက်အကျသည် အလွန်သန်မာပြီး ဧရာမဝဲကတော့ကြီးကိုပင် ရပ်တန့်သွားစေလေသည်။

သွေးပင်လယ်က တဖန်ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။

ထိုသည်ကို ကြည့်ပြီး သားရဲများက စိတ်ထဲကနေ ငြီးတွားရေရွတ်လိုက်ကြ၏။

“မိုကတော့ သွားပြီ”

ကျင့်ကြံမှု အဆင့်ကြီးနှစ်ဆင့် ကွာဟနေမှုတွင် အဆင့်မြင့်မိစ္ဆာသားရဲ ၇ယောက်ကိုမပြောနှင့်.. တစ်ယောက်ကပင်လျှင် မိုကို ကောင်းကောင်း သတ်ဖြတ်နိုင်လေသည်။

All Chapters