← Chapters

မိစ္ဆာတာအို

Vol. 58 Ch. 864

မိစ္ဆာတာအို

Vol. 58 Ch. 864

သွေးပင်လယ်၏ အပြင်ဘက်တွင် ကြီးမားသည့် တိုက်ပွဲတစ်ပွဲက ထွက်ပေါ်လာခဲ့ပြီဖြစ်၏။

သွေးပင်လယ်အတွင်းမှာ ရှိနေသော ဆူဇီမိုက အဲဒါကို သိရှိနိုင်လိမ့်မည် မဟုတ်ပေ။

အချိန်ကာလက သိပ်မကြာသေးသော်လည်း.. မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်သည် အလွန်တရာ လွှမ်းမိုးခြယ်လှယ်နိုင်လေသည်။ ထိုမိစ္ဆာနည်းစနစ်နှင့်အတူ သူသည် နှစ်တစ်ထောင်သွေးပင်လယ်အတွင်းမှာရှိသော စွမ်းအင်အများစုကို​ စုပ်ယူခဲ့ပြီးပြီ​ ဖြစ်လေသည်။

သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်က အဆင့်ချိုးဖျက်တက်လှမ်းပြီးနောက် အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်ကလည်း နောက်ပိုင်းအဆင့် နိုးထဝိညာဉ်သို့ အဆင့်ချိုးဖျက်တက်လှမ်းနိုင်ခဲ့လေသည်။

ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များက အဆက်မပြတ် စီးဝင်လာနေပြီး သူ၏ခန္ဓာကိုယ်ကို မီးဆေးပေးကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို သန့်စင်ပေးနေလေသည်။

ထိုစွမ်းအင်၏ သန့်စင်ဆေးကြောမှုအောက်တွင် သူ၏ခန္ဓာကိုယ်က ပို၍သန်မာလာခဲ့လေသည်။

သူ၏ ကျင့်ကြံမှုအဆင့်ကလည်း လျင်မြန်စွာ မြင့်တက်လာနေခဲ့လေသည်။

အလယ်အလတ်အဆင့် မိစ္ဆာသားရဲ ၁၀ယောက်ကို ထောက်ပံ့ပေးဖို့အတွက် လုံလောက်သော စွမ်းအင်ပမာဏသည် ယခုအခါ ဆူဇီမိုတစ်ယောက်တည်း၏ စုပ်ယူခြင်းကို ခံနေရလေသည်။

ဤသက်ရောက်မှုက တလောကလုံးကို တုန်လှုပ်သွားစေနိုင်လေသည်။

ဆူဇီမိုသည် နက်နက်ရှိုင်းရှိုင်း မာန်တစ်ချက်ဖီပြီး သူ၏အသားများက ဆက်တိုက်ပြန့်ကားလာခဲ့၏။

သူ၏ခန္ဓာကိုယ်က ထိန်းချုပ်၍ မရသောပုံစံဖြင့် လျင်မြန်စွာ ကြီးထွားလာခဲ့လေသည်။

၁၀ပေ..

ပေ၂၀..

သိပ်မကြာမီ သူက ပေ၅၀အထိ မြင့်မားလာခဲ့၏။

ဒါ့အပြင် သူ၏ကြီးထွားမှုက ရပ်တန့်တော့မည့်ပုံ မရှိသေးပေ။

သွေးပင်လယ်အတွင်းမှာ အခြားတစ်ယောက်ယောက်သာ ရှိမည်ဆိုလျှင် သူတို့သည် ဆူဇီမို၏ အရေပြားက ကွဲထွက်ကုန်သည်ကို တုန်လှုပ်ချောက်ချားဖွယ်ရာ တွေ့ရှိရပေလိမ့်မည်။ အဲဒါက နက်ရှိုင်းသော သွေးအမာရွတ်များနှင့်အတူ ကြောက်မက်ဖွယ်ရာကောင်းနေ၏။

သူ၏ခန္ဓာကိုယ်က အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်အလားပင်။

တကယ်တော့ ဤနေရာတွင် ရောက်ရှိနေသည်က ဆူဇီမိုဖြစ်သည်မှာ ကံကောင်းလေသည်။ အခြားတစ်ယောက်သာဆိုလျှင် သူတို့သည် သွေးပင်လယ်အတွင်းမှာရှိသော စွမ်းအင်များ အားလုံးကို အချိန်တိုအတွင်း ဤကဲ့သို့ စုပ်ယူဖို့ ကြိုးစားလျှင် သူတို့၏ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပေလိမ့်မည်။

သူ၏ မျိုးဆက်သွေးက ရုန်းကြွလာပြီး သူ၏ စွမ်းအားကြီးသော ပြန်လည်ကုသနိုင်စွမ်းက သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို အဆက်မပြတ် ကုသပေးနေလေသည်။

အဲဒါက အပြည့်အဝ မကုသနိုင်ခင်မှာပင် သူ၏ ဒဏ်ရာများက တဖန်ပြန်၍ ကွဲထွက်သွားခဲ့၏။

သူ၏ခန္ဓာကိုယ်က ကြီးထွားလာရင်း သူ၏ ကြောက်စရာကောင်းပြီး တောင့်တင်းခိုင်မာလှသော ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများက ပို၍ပို၍ ပွင့်ဟလာခဲ့လေသည်။

သူက ပြင်းထန်သော နာကျင်မှုနှင့်အတူ တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေလေသည်။

သို့သော်လည်း.. ဆူဇီမို၏ မျက်လုံးများအတွင်းတွင် နာကျင်မှုကို ခံစားရသော အရိပ်အယောင်မရှိပေ။ ထိုအစား အဲဒီမှာ စိတ်လှုပ်ရှားမှု​ဖြင့် မကောင်းဆိုးရွားဆန်သော အကြည့်တစ်ခုက ရှိနေလေသည်။

နောက်ပိုင်းနိုးထဝိညာဉ်အဆင့်၏ အထွတ်အထိပ်..။

ဤကဲ့သို့ သန့်စင်သော စွမ်းအင်များ၏ ကြီးမားများပြားလှသည့် ပမာဏနှင့်အတူ သူ၏ ကျင့်ကြံမှုအဆင့်သည် အချိန်တိုအတွင်း တဟုန်ထိုး မြင့်မားလာခဲ့​ပြီး သူက နောက်ပိုင်းနိုးထဝိညာဉ်အဆင့်သို့ ရောက်ရှိလာခဲ့လေပြီ။

သူ၏ခန္ဓာကိုယ်က အကန့်အသတ်မဲ့သော စွမ်းအင်များဖြင့် ပြည့်နှက်နေသည့်အလား ထင်ရလေသည်။

ဤကဲ့သို့ ထိန်းချုပ်နိုင်သော ခံစားချက်က အလွန်တရာ အံ့ဩဖွယ်ရာကောင်းပြီး သူ့ကို ယစ်မူးသွားစေလေသည်။

များစွာသော မိစ္ဆာနည်းစနစ်များကို မိစ္ဆာနည်းစနစ်များဟု ခေါ်ရခြင်းမှာ သူတို့၏ နည်းလမ်းများသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်ပြီး အချိန်အများစုမှာ သူတို့ကို ကျင့်ကြံသော လူတစ်ယောက်သည် တိုတောင်းသော အချိန်ကာလအတွင်း စွမ်းအင်အမြောက်အများကို လက်ခံရရှိနိုင်သောကြောင့် ဖြစ်လေသည်။

ခွန်အားတိုးတက်လာခြင်းနှင့်အတူ ထိုကျင့်ကြံသူသည် မိစ္ဆာနည်းစနစ်အပေါ် ပို၍မှီခိုလာရပေလိမ့်မည်။ သူ၏ အခြေခံအုတ်မြစ်က မခိုင်မာဘူးဆိုလျှင် သူ၏ စိတ်နေစရိုက်ကလည်း ပြောင်းလဲသွားပေလိမ့်မည်။

သူသည် ရက်စက်ကြမ်းကြုတ်၍ သွေးဆာလာပြီး မသမာသော စက်ဆုပ်ဖွယ်ရာနည်းလမ်းများကိုပါ အသုံးပြုလာနိုင်လေသည်။

နောက်ဆုံးမှာတော့.. သူသည် မိစ္ဆာတာအိုမှာ လုံးလုံးလျားလျား နစ်မြုပ်သွားပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ဆူဇီမိုသည် မိစ္ဆာတာအိုမှာ နစ်မြုပ်တော့မည့် လက္ခဏာများ ပြသလာလေသည်။

မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်က လွှမ်းမိုးခြယ်လှယ်နိုင်ပြီး မကောင်းဆိုးရွားဆန်လေသည်။

ဆူဇီမိုသည် အဲဒါကို သူ၏ နှလုံးသားအနက်ပိုင်းထဲကနေ အမြဲတမ်း ငြင်းဆန်ခုခံထားခဲ့လေသည်။

ထို့ကြောင့်ပင်လျှင် သူက အဲဒါကို အချိန်အများစုမှာ အသုံးပြုဖို့ မရွေးချယ်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော်လည်း.. သူသည် ဈာန်ပျံတောင်ထွတ်၏ မိစ္ဆာသားရဲနှင့် အခြားသူများကို သတ်ဖြတ်ပြီးနောက် ဆူဇီမိုသည် သူ့မှာ အချိန်များစွာ မကျန်ရှိတော့ကြောင်း နားလည်သွားလေသည်။

သွေးပင်လယ်အတွင်းမှာ ဖြစ်ပျက်ခဲ့သည့်အရာများကို အပြင်ဘက်မှာရှိသော ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်နှင့် အခြားသူများက ရှာဖွေတွေ့ရှိသွားဖို့ သိပ်ကြာလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူက သွေးပင်လယ်အတွင်းမှာရှိသော စွမ်းအင်အားလုံးကို အချိန်တိုအတွင်း စုပ်ယူချင်သည်ဆိုလျှင် သူက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်အပေါ်မှာသာ မှီခိုရပေတော့မည်။

သူ မျှော်လင့်ထားသည့်အတိုင်းပင်.. မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်၏ စုပ်ယူအားနှင့်အတူ သူသည် သွေးပင်လယ်အတွင်းမှာရှိသော စွမ်းအင်၏ အနည်းဆုံး ၈၀ရာခိုင်နှုန်းကို စုပ်ယူခဲ့ပြီးလေပြီ။

သူ၏ ကျင့်ကြံမှုအဆင့်က လျင်မြန်စွာ တိုးတက်မြင့်မားလာခဲ့လေသည်။

သူက ပုံမှန်အတိုင်း ကျင့်ကြံသွားမည်ဆိုလျှင် နောက်ပိုင်းနိုးထဝိညာဉ်အဆင့်ကနေ နောက်ပိုင်းနိုးထဝိညာဉ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိဖို့အတွက် နှစ်ပေါင်း ၂၀ ၃၀ ကြိုးစားအားထုတ်ရပေလိမ့်မည်။

သို့သော်လည်း မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်၏ ထောက်ပံ့ပေးမှုနှင့်အတူ ဆူဇီမိုသည် ၁၅မိနစ် မကြာခင်မှာပင် ဤအဆင့်သို့ ရောက်ရှိလာခဲ့ပြီးလေပြီ။

အဲဒါက မိစ္ဆာနည်းစနစ်၏ ကြောက်စရာကောင်းမှု ဖြစ်လေသည်။

ဆူဇီမိုသည် သူ၏နှုတ်ခမ်းကို အလိုလို လျှာဖြင့်သပ်ပြီး သူ၏ ကြီးမားတုတ်ခိုင်သည့် ခန္ဓာကိုယ်ကြီးက သွေးပင်လယ်အတွင်းမှာ မတ်မတ်ရပ်နေလေသည်။ သူ၏မျက်လုံးများက သွေးနီရောင်ဖြစ်လာပြီး ငရဲကနေ အခုတင်လျှောက်လှမ်းထွက်လာသော မိစ္ဆာတစ်ကောင်နှင့် ဆင်တူနေလေသည်။

အဲဒါက အရမ်းကို အံ့ဩဖွယ်ရာကောင်းလေသည်။

တကယ်ဆို.. သူ့စိတ်ထဲတွင် အတွေးများက တစ်ခုပြီးတစ်ခု ဝင်ရောက်လာလေသည်။

သူသည် သွေးပင်လယ်ထဲကနေ ထွက်ခွာပြီး သက်ရှိများအားလုံးကို သတ်ဖြတ်ကာ သူတို့၏ မျိုးဆက်သွေးများကို ကုန်စင်အောင် ဝါးမျိုချင်မိလာလေသည်။

သူက လုံလောက်သော အသွေးအသားများကို သန့်စင်နိုင်သည့်နှင့်အမျှ သူသည် တိုတောင်းသော အချိန်ကာလတစ်ခုအတွင်း အဆင့်ချိုးဖျက်တက်လှမ်းနိုင်မည်ဖြစ်ပြီး မူလနတ္ထိအဆင့် သို့မဟုတ် ဓမ္မဝိသေသအဆင့်သို့ပင် ရောက်ရှိလာနိုင်လေသည်။

ဤလောကတွင် မည်သူကမှ သူ့လမ်းတွင် မရပ်နိုင်စေရ။

ဤလောကတွင် မည်သူကမှ သူ့ကို မတားဆီးနိုင်စေရ။

ထိုသို့ဖြင့် သူသည် တဲယွဲ့၏နောက်သို့ အမြန်ဆုံးနည်းလမ်းဖြင့် အမီလိုက်နိုင်ပြီး သူမနှင့်ပင် တွေ့ဆုံနိုင်ကောင်းလေသည်။

‘အာ.. တဲရွဲ့ရဲ့ မျိုးဆက်သွေးက ဘယ်လိုအရသာများ ရှိနေမလဲ’

ထိုအတွေးက သူ့စိတ်ထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် ဆူဇီမိုသည် မိန်းမောနေရာကနေ ရုတ်တရက် နိုးထလာခဲ့၏။

သူသည် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထ၍ ခေါင်းမွေးများ ထောင်ထသွားလေသည်။ သူသည် သွေးပင်လယ်အတွင်းမှာ ရှိနေသော်လည်း ကြောက်ရွံ့မှုဖြင့် ချွေးအေးများ ထွက်လာလေသည်။

အဲဒါက အရမ်းကို ကြောက်စရာကောင်းလွန်းလေသည်။

အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ။

သူက အဲလိုအတွေးမျိုးကို ဘာကြောင့်တွေးနိုင်ရတာပါလိမ့်။

ဆူဇီမို၏ မျက်လုံးများသည် ကြောက်ရွံ့မှုဖြင့် ပြူးကျယ်သွားပြီး တုန်လှုပ်ချောက်ချားမှုက ပြည့်နှက်လာခဲ့လေသည်။

သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အတိတ်ကာလက ထုတ်ဖော်ခဲ့ဖူးပြီး တူညီသော သွေးဆာလောင်မှု ရှိခဲ့ဖူးသော်လည်း သူ၏ တာအိုနှလုံးသားက မယိမ်းယိုင်ခဲ့ပေ။

သူသည် အင်မော်တယ်နှင့် ဗုဒ္ဓဂိုဏ်းများ၏ အနှစ်သာရကို အမွေခံထားသော တစ်စုံတစ်ယောက်ဖြစ်ပြီး သူတို့၏ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်များကိုလည်း ကျင့်ကြံထားလေသည်။

သူသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေတွင် ဗုဒ္ဓဝါဒကိုပင် လေ့လာခဲ့ပြီး နောက်ဆုံးမှာတော့ သူ၏ မော်တယ်ဘုံမှာရှိသော သံယောဇဉ်အချုပ်အနှောင်များကိုပါ ဖြတ်တောက်နိုင်ခဲ့လေသည်။ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်က ကြောက်စရာကောင်းသော်လည်း အဲဒါက သူ့ကို မလွှမ်းမိုးနိုင်ခဲ့ပေ။

သို့သော်လည်း.. စောစောက တဲယွဲ့ကို ထိခိုက်အောင်လုပ်မည့် အတွေးစိတ်ကူးက သူ၏စိတ်အာရုံထဲမှာ ဝင်ရောက်မလာခဲ့ဘူးဆိုလျှင် သူက အဲဒီမိန်းမောမှုကနေ ရုန်းထွက်နိုင်ချင်မှ ရုန်းထွက်နိုင်ပေလိမ့်မည်။

တကယ်ဆို သူက မိစ္ဆာတာအိုမှာ ထာဝရပင် ကျရှုံးသွားနိုင်လေသည်။

ဆူဇီမိုသည် ရင်ထဲမှာ ကြောက်ရွံ့မှုကို ခံစားနေရဆဲဖြစ်လေသည်။

“ဥုံ!.. မာ!.. နီ!.. ပါ!.. မီ!.. ဟုံ!”

သူ၏စိတ်ထဲတွင် ဂါထာမန္တာန်ရွတ်ဖတ်သံများက ထွက်ပေါ်လာခဲ့၏။

အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်သည် ဖန်တီးခြင်းကြာပဒုမ္မာပေါ်မှာ မျက်လွှာချပြီး တင်ပျဉ်ခွေထိုင်နေ၏။ သူက ဗုဒ္ဓသုတ္တန်များကို ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ရွတ်ဖတ်သရဇ္ဇျာယ်ပြီး ရွှေရောင်အလင်းရောင်ခြည်များကို ဖြာထွက်လာစေခဲ့လေသည်။

သူ၏ စိတ်ဝိညာဉ်အတွင်းတွင် တဖျပ်ဖျပ်တလက်လက် အလင်းရောင်ခြည်များက ပြိုးပြိုးပြက်ပြက်ပုံစံဖြင့် နေရာတစ်ခုလုံးကို ပြည့်နှက်သွားစေလေသည်။ အင်မော်တယ်ချီများက ပေါကြွယ်ဝပြီး ဗုဒ္ဓရောင်ခြည်အလင်းများက ဖြန့်ကြက်လာခဲ့လေသည်။

စွမ်းအားကြီးသော ဂါထာမန္တာန်၏ ရွတ်ဖတ်သရဇ္ဇျာယ်မှုအောက်တွင် ဆူဇီမို၏ မျက်လုံးထဲရှိ သွေးအလင်းက တဖြည်းဖြည်း ဖျော့တော့လာပြီး သူ၏ မျက်လုံးများက တဖန်ပြန်လည်ကြည်လင်မှုကို ရရှိလာခဲ့လေသည်။

ဆူဇီမိုသည် သူ၏မျက်လုံးကို မှေးကျဉ်းပြီး သူ၏အကြည့်က တဖျပ်ဖျပ်ဖြစ်သွား၏။

စောစောက သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အကြိမ်များစွာ ဆက်တိုက်ထုတ်ဖော်ခဲ့သောကြောင့် ၎င်း၏ သက်ရောက်မှုက ဤအဆင့်ထိ စုစည်းလာခဲ့ပြီး သူက ပြောင်းလဲသွားခဲ့တာများလား..။

သူ၏ ကျင့်ကြံမှုအဆင့်က လျင်မြန်စွာ တိုးတက်လာသောကြောင့် သူ၏ တာအိုနှလုံးသားက ယိမ်းယိုင်သွားခဲ့တာများလား..။

ဒါမှမဟုတ် အဲဒီမှာ တခြားအကြောင်းပြချက်တစ်ခုခု ရှိနေတာများလား..။

ဆူဇီမိုသည် သူ့အောက်ဘက်ရှိ အဆုံးမဲ့သော သွေးပင်လယ်ကို အနည်းငယ် ငုံ့ကြည့်လိုက်၏။ ရုတ်တရက်.. သွေးရောင်လူမျက်နှာက သူ၏မြင်ကွင်းထဲတွင် တဖန်ပြန်လည်ပေါ်ထွက်လာခဲ့လေသည်။

ထိုမျက်နှာက သူ့ကို ပြုံးပြနေသည်နှင့် တူလေသည်။

လူတစ်ယောက်ကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေနိုင်သော.. မကောင်းဆိုးရွားဆန်ပြီး ကြောက်စရာကောင်းသည့် အော်ရာတစ်ခုက သွေးပင်လယ်အတွင်းမှာ ဖြန့်ကြက်လာခဲ့လေသည်။

ဆူဇီမိုက သူ့ခေါင်းကို လှုပ်ခါလိုက်၏။

ရုတ်တရက်.. ပင်လယ်ရေမျက်နှာထက်မှ လှုပ်ရှားသံတချို့ကို သူက ကြားလိုက်ရလေသည်။

ဗွမ်း ဗွမ်း

ရေသံများနှင့်အတူ ပုံရိပ် ၇ခုသည် သွေးပင်လယ်ထဲသို့ ထိုးဆင်းလာကြ၏။ သူတို့ထံမှ မနှိုင်းယှဉ်သာအောင် လွှမ်းမိုးခြယ်လှယ်နိုင်သော အော်ရာတစ်ခုက ဖြာထွက်နေပြီး သူ့ဆီသို့ ပြေးဝင်လာလေသည်။

သူတို့က အဆင့်မြင့်မိစ္ဆာသားရဲများပင်။

ဆူဇီမိုသည် အဲဒါကို အာရုံခံမိလိုက်ပြီး ထိတ်လန့်သွားလေသည်။

သူက ရှင်းလင်းစွာ မြင်နေရလေသည်။ ထိုအဆင့်မြင့်မိစ္ဆာသားရဲ ၇ယောက်သည် ဈာန်ပျံဆိတ်တောင်ထွတ်မှ ဖြစ်လေသည်။ မျောက်ဝံမြူးထူးတောင်ရိုးနှင့် ရွှေရောင်မီးတောက်တောင်တန်းမှ တစ်ယောက်တလေမှ ပါမလာခဲ့​ချေ။

ပြဿနာက ကြီးလေပြီ..။

သွေးပင်လယ်အပြင်ဘက်တွင် ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက်နေပြီဖြစ်ကြောင်း ဆူဇီမိုက နားလည်သွားခဲ့လေသည်။

သူက ဘယ်လိုလုပ်သင့်ပါသလဲ..။

လျင်မြန်စွာ ချဉ်းကပ်လာနေသော ပုံရိပ် ၇ခုကို ကြည့်ရင်း ဆူဇီမိုက ဦးနှောက်ခြောက်မတတ် စဉ်းစားလိုက်၏။

သူ့မှာ ဝှက်ဖဲများစွာ ရှိသော်လည်း မည်သည့်တစ်ခုကမှ အဆင့်မြင့်မိစ္ဆာသားရဲများကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။

အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ ကျတ်တီးမြေသည် အဆင့်မြင့်မိစ္ဆာသားရဲအပေါ် သက်ရောက်နိုင်သော်လည်း အဲဒါက သိပ်ပြီးအရာမရောက်နိုင်ပေ။

သူသည် ကျတ်တီးမြေ၏ အစွန်အဖျားကိုသာ နားလည်သဘောပေါက်ထားပြီး ၎င်း၏ အစစ်အမှန်အနှစ်သာရကို ယခုအချိန်ထိ နားမလည်နိုင်သေးပေ။ သူက နီးကပ်သော အကွာအဝေးမှာ အဆင့်မြင့်မိစ္ဆာသားရဲအပေါ် အဲဒါကို ထုတ်ဖော်မည်ဆိုလျှင် သူတို့၏ဘဝသက်တမ်းကို အသက်တစ်ရှိုက်စာအတွင်း နှစ်တစ်ရာအထိ လျှော့ချနိုင်ပေလိမ့်မည်။

အဆင့်မြင့်မိစ္ဆာသားရဲများ၏ ဘဝသက်တမ်းက နှစ်တစ်သောင်းအထိ ရှည်လျားသည့်အတွက် အသက်တစ်ရှိုက်စာမှာ နှစ်တစ်ရာက ဘာမှမပြောပလောက်ပေ။

သို့သော်လည်း.. ဤအဆင့်မြင့်မိစ္ဆာသားရဲများသည် အသက်တစ်ရှိုက်စာအတွင်း သူ့ကို ကြိမ်ဖန်များစွာ သတ်ဖြတ်နိုင်စွမ်း ရှိလေသည်။

All Chapters