သွေးပင်လယ်ထဲက လေပူပေါင်းများ
Vol. 58 Ch. 865
ထွက်ပြေးခြင်း..
အဲ့ဒါက သူ၏ ရှင်သန်မှုအတွက် တစ်ခုတည်းသော ထွက်ပေါက် ဖြစ်လေသည်။
အဆင့်ကြီး၂ဆင့် အကြား ခွန်အား ကွာဟချက်က အရမ်းကို ကြီးမားလွန်း၏။
အဆင့်မြင့် မိစ္ဆာသားရဲများ၏ လိုက်လံဖမ်းဆီးမှုတွင် သာမာန် ထွက်ပြေးခြင်း နည်းစနစ်များက အသုံးဝင်လိမ့်မည် မဟုတ်ပေ။ သူက သွေးစတေးထွက်ပြေးခြင်းကို ထုတ်ဖော်မှသာလျှင် အသက်ရှင် နိုင်ပေလိမ့်မည်။
ထိုအချိန်မှာပင် ဆူဇီမို၏ အကြည့်က ရွေ့လျားသွားပြီး ချောက်ချားဖွယ်ရာ ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရလေသည်။
သွေးပင်လယ်၏ အနက်ပိုင်းထဲကနေ ဧရာမ လေပူပေါင်းများက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့၏။
နက်မှောင်နေသော ပင်လယ်၏ အနက်ပိုင်းထဲတွင် သတ္တဝါတစ်ကောင်က ပုန်းကွယ်နေပြီး အခုလေးတင် အသက်ရှုထုတ်လိုက်သည့် အလားပင်။
အဆင့်မြင့် မိစ္ဆာသားရဲ၇ယောက်သည် သွေးပင်လယ်ထဲသို့ ဝင်ရောက်လာပြီး အဲ့ဒါကို မြင်တွေ့လိုက်ရသော်လည်း မည်သူကမှ အဲ့ဒါကို စိတ်ထဲမှာ ထည့်မထားပေ။
ဆူဇီမိုကို အလယ်မှာထား၍ ဝိုင်းပတ်ထားကြသော သူတို့ ၇ ယောက်သည် အေးစက်စက် အကြည့်များနှင့်အတူ သေလူတစ်ယောက်ပမာ သူ့ကို စိုက်ကြည့်နေကြလေသည်။
သွေးပင်လယ်၏ အနက်ပိုင်းထဲကနေ ပေါ်ထွက်လာခဲ့သော ဧရာမလေပူပေါင်းများက မျောလွင့်လာခဲ့၏။ သူတို့ထဲမှ အချို့သည် ဆူဇီမိုဘေးကနေဖြတ်သွားပြီး သူတို့ထဲမှ အချို့ကတော့ မိစ္ဆာသားရဲ၇ယောက်ကို လွှမ်းခြုံသွားခဲ့လေသည်။
သူတို့ ၇ယောက်က အဲ့ဒါကို ကြိုတင်ပြင်ဆင်ထားခြင်း မရှိပေ။
အဲ့ဒါထက် သူတို့ထဲ မည်သူကမှ လေပူပေါင်းများကို အာရုံစိုက်ဖို့ လိုအပ်သည်ဟု မမြင်ကြပေ။
အဆင့်မြင့် မိစ္ဆာသားရဲ၇ယောက်ကို လေပူပေါင်းများက လွှမ်းခြုံထားသည်ကို မြင်လိုက်ရသောအခါ ဆူဇီမို၏ ရင်ထဲတွင် မအီမသာ ခံစားချက်တစ်ခုက လှိုက်တက်လာခဲ့လေသည်။
ထို့နောက် ချက်ချင်းပင် သူ၏ မျက်စိရှေ့မှောက်မှာပင် လေပူပေါင်းထဲရှိ မိစ္ဆာသားရဲတစ်ယောက်သည် သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွား ခဲ့လေသည်။
ဟင်း….
ဆူဇီမိုသည် ထိတ်လန့်မှုဖြင့် ထခုန်လိုက်ပြီး ပင်လယ်ရေများက သူ၏ လည်ချောင်းထဲသို့ ဝင်ရောက်လုနီးပါး ဖြစ်သွားခဲ့လေသည်။
သူက သေလေပြီ။
လူသားမျိုးနွယ်၏ ဓမ္မဝိဒေသ အဆင့်နှင့် ညီမျှသော ခွန်အားကို ပိုင်ဆိုင်ထားသည့် မိစ္ဆားရဲတစ်ယောက်သည် ဆူဇီမို၏ ရှေ့မှောက်မှာပင် သူ၏ အမြုတေ စိတ်ဝိညာဉ်ပါမကျန် ဖျက်ဆီးခံလိုက်ရလေသည်။
အစကတော့ ဧရာမလေပူပေါင်းသည် ကြည်လင်နေခဲ့၏။
သို့သော်လည်း ထိုအခိုက်အတန့်တွင် မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်ကနေ ပန်းထွက်လာသော သွေးများနှင့်အတူ လေပူပေါင်းက နီစွေးသွားခဲ့လေသည်။
သွေးရောင်ပူပေါင်းသည် ပေါက်ထွက်သွားခြင်း မရှိပဲ အပေါ်သို့ ဆက်လက်၍ မျောလွင့်သွားလေသည်။
ဆူဇီမိုသည် လည်ချောင်းထဲမှာ တစ်ဆို့နေပြီး သူ၏ ခြေလက်များက အေးစက်လာသည်ဟု ခံစားလိုက်ရ၏။ ကြက်သီးမွေးညင်းများနှင့်အတူ သူ၏ ကျောရိုးတစ်လျောက်က ချမ်းစိမ့်လာခဲ့လေသည်။
ဖောင်း…… ဖောင်း…… ဖောင်း…… ဖောင်း……
ထို့နောက် ချက်ချင်းပင်လျှင် ဆူဇီမိုက ပေါက်ကွဲသံများကို ကြားလိုက်ရ၏။ ထိုပေါက်ကွဲသံများက သေခြင်း၏ အမှတ်အသားများနှင့်တူပြီး သူကို တုန်လှုပ်ချောက်ချားသွား စေခဲ့လေသည်။
ဆူဇီမို၏ စိတ်ထဲတွင် တစ်ခုတည်းသော ဖြစ်နိုင်ချေက ဝင်ရောက်လာပြီး အသက်ကိုအောင့်ကာ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။
သူ၏စိတ်ကို ကြိုတင်ပြင်ဆင်ထားသော်လည်း ထိုအချိန်တွင် သူ၏နှလုံးက ဒိတ်ကနဲခုန်သွားပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားခဲ့လေသည်။
သူထင်ထားသည့် အတိုင်းပင်။
အစက သူ့ကို ဝိုင်းရံထားကြသော အဆင့်မြင့် မိစ္ဆာသားရဲ၆ယောက်သည် ပျောက်ကွယ်သွားပြီဖြစ်ပြီး အပေါ်သို့ ဖြည်းဖြည်းချင်း မျောလွင့်သွားသော သွေးရောင်ပူပေါင်း ၆ခုသာလျှင် ကျန်ရှိခဲ့တော့လေသည်။
သူတို့အားလုံးက သေကြလေပြီ။
အဆင့်မြင့် မိစ္ဆာသားရဲ၆ယောက်သည် အခုလေးတင် သွေးပင်လယ်ထဲသို့ ဝင်ရောက်လာခဲ့သော်လည်း ဘာမှန်းမသိရသော ဧရာမ လေပူပေါင်းများနှင့်အတူ သူတို့၏ အမြုတေ စိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရလေသည်။
ကြီးမားလှစွာသော ကြောက်ရွံ့မှုက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။
ဆူဇီမိုသည် သူ၏ ကျင့်ကြံမှုလမ်းကြောင်းတွင် အောက်ခြေကနေ စတင်ခဲ့ပြီး သူ့လမ်းတစ်လျှောက် ပြိုင်စံရှားများ အားလုံးကို အနိုင်ယူခဲ့လေသည်။ သူက စွမ်းအားကြီးသော ရန်သူများကိုပင် စီးပိုးခြယ်လှယ်ခဲ့ပြီး အဆင့်တူချင်းမှာ ပြိုင်ဖက်ကင်းခဲ့လေသည်။
သူသည် သေဘေးကနေ ကြိမ်ဖန်များစွာ လွတ်မြောက်ခဲ့ပြီး နဂါးအရိုးတောင်ကြားကဲ့သို့ တားမြစ်နယ်မြေ တစ်ခုကိုပင် ဝင်ရောက်ခဲ့ဘူးလေသည်။ သို့သော် ယခုအချိန်ထိ သူသည် ဤကဲ့သို့သော ကြောက်ရွံ့မှုကို တွေ့ကြုံခံစားရဘူးခြင်း မရှိခဲ့ပေ။
စောစောက လေပူပေါင်းများသည် သူ၏ဘေးကနေ ပွတ်သီကာ ဖြတ်သန်းသွားခြင်းမှာ တိုက်ဆိုင်မှု တစ်ခုပေပဲလား။
ဆူဇီမိုသည် အဲ့ဒါကို ဆက်လက်၍ မစဉ်းစားရဲတော့ပေ။
ခဏမျှ ရပ်တန့်ပြီးနောက် သူသည် ပင်လယ်ပြင်၏ မျက်နှာပြင်ထက်သို့ အလျင်အမြန် ကူးခတ်လိုက်လေသည်။
သွေးပင်လယ်၏ အထက်ကောင်းကင်တွင်….
ဈာန်ပျံဆိတ်တောင်ထွတ်၊ ငွေလတောင်ကြား မြွေတစ်ထောင်ကျွန်းနှင့် ဇဝေဇဝါမြူခိုးရွံ့ညွန်၏ အရှင်သခင်များသည် မျောက်ဝံအိုကြီးကို ချုပ်နှောင်ထားဖို့အတွက် အရိုးလှောင်အိမ်ဆီသို့ သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို တစ်ပြိုင်နက်ထဲ ပို့လွှတ်ထားကြလေသည်။
မျောက်ဝံအိုကြီးသည် သူ၏ ခွန်အားအပြည့်နှင့် တိုက်ခိုက်နေသော်လည်း အဲ့ဒီကနေ ရုန်းထွက်နိုင်ခြင်း မရှိသေးပေ။
အရှင်သခင် ၄ယောက်သည် အရိုးလှောင်အိမ် အတွင်းမှာရှိသော မျောက်ဝံအိုကြီးကိုလည်း ထိခိုက်ဒဏ်ရာ ရရှိအောင် မလုပ်နိုင်ကြပေ။
သူတို့ ၂ဖက်လုံးသည် အပေါ်ယံကြည့်လျှင် မျှခြေမှာ ရှိနေသည်ဟု ထင်ရသော်လည်း မျောက်ဝံအိုကြီးက ပြုသမျှ နုရသည့် အခြေအနေမှာ ရောက်ရှိနေကြောင်းကို လူတိုင်းက ပြောနိုင်ကြလေသည်။
အဆင့်မြင့် မိစ္ဆာသားရဲ ၇ယောက်သည် သွေးပင်လယ်ထဲသို့ ဝင်ရောက်ပြီး ဆူဇီမိုကို ဖမ်းချုပ်နိုင်သည်နှင့်အမျှ မျောက်ဝံအိုကြီးသည် နောက်ဆက်တွဲ ရလဒ်ကို ကြောက်ရွံ့မှုဖြင့် ရှုံးနိမ့်ကြောင်းကို ဝန်ခံရပေတော့မည်။
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသော်လည်း ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်နှင့် အခြားသူများသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြ၏။
အဆင့်မြင့် မိစ္ဆာသားရဲ ၇ယောက်သည် သွေးပင်လယ်ထဲသို့ ဝင်ရောက်သွားသည်မှာ အချိန်အတန်ကြာခဲ့ပြီ ဖြစ်သော်လည်း အဲ့ဒီမှာ မည်သည့် လှုပ်ရှားမှုမှ ထွက်ပေါ်မလာခဲ့ပေ။
သူတို့ ၇ယောက်က အဆင့်နိမ့် မိစ္ဆာသားရဲတစ်ယောက်ကို ဖမ်းဆီးဖို့အတွက် အဲ့ဒီလောက် အချိန်လိုလို့လား။
ထိုစဉ်မှာပင် တစ်စုံတစ်ရာကို အာရုံခံမိလိုက်သည့်အလား အရှင်သခင် ၇ယောက်သည် မလှမ်းမကမ်းရှိ သွေးပင်လယ်ကို လှည့်ကြည့်လိုက်ကြလေသည်။
သွေးပင်လယ်၏ မျက်နှာပြင်က တည်ငြိမ်နေလေသည်။
ရုတ်တရတ်
သွေးပင်လယ်၏ မျက်နှာပြင်ထက်တွင် သွေးရောင်ပူပေါင်းတစ်ခုက ပေါ်ထွက်လာပြီး ပေါက်ထွက် သွားခဲ့လေသည်။ ထိုအထဲတွင် အလောင်းတစ်လောင်းကို ခပ်ရေးရေး မြင်နိုင်ပြီး အဲ့ဒါက လျင်မြန်စွာပင် သွေးပင်လယ်၏ အနက်ပိုင်းထဲသို့ နစ်မြုပ်သွားခဲ့လေသည်။
“အဲ့ဒီ့အလောင်းက…”
လက်ရှိ အရှင်သခင်များက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြ၏။
သူတို့သည် ထိုသူ၏ ရုပ်ရည်သွင်ပြင်ကို မမြင်လိုက်ရသော်လည်း အလောင်း၏ ပုံပန်းသဏ္ဌာန်အရ အဲ့ဒါက အဆင့်မြင့် မိစ္ဆာသားရဲ ၇ယောက်ထဲမှ တစ်ယောက်နှင့် ဆင်တူလေသည်။
ထို့နောက် ချက်ချင်းပင်လျှင် သွေးရောင်ပူပေါင်းများက ပင်လယ်၏ မျက်နှာပြင်ထက်မှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့လေသည်။
သူတို့က တစ်ချိန်တည်းမှာပင် ပေါက်ကွဲထွက်သွားကြ၏။
အလောင်း ၆လောင်းကို ခပ်ရေးရေး မြင်လိုက်ကြလေသည်။
စောစောက အလောင်းနှင့် ထပ်ပေါင်းလျှင် အဲ့ဒီ့မှာ စုစုပေါင်း အလောင်း ၇လောင်းရှိလေသည်။
ဒီတစ်ကြိမ်မှာတော့ အရှင်သခင် ၇ပါးသည် အရာရာတိုင်းကို ရှင်းလင်းစွာ မြင်လိုက်ကြ၏။ ထိုအလောင်း ၇လောင်းက သွေးပင်လယ်အတွင်းသို့ ဝင်ရောက်သွားကြသော အဆင့်မြင့် မိစ္ဆာသားရဲ ၇ယောက်နှင့် အတိအကျ တူညီနေလေသည်။
တစ်ချိန်တည်း နီးပါးမှာပင် သွေးပင်လယ်နှင့် ပတ်သတ်သည့် ကြောက်စရာကောင်းသော ကောလာဟလများက လက်ရှိ မိစ္ဆာသားရဲများ၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့ကြလေသည်။
ဤကောလာဟလများကို သူတို့က အတည်အတံ့လုံးဝ မမှတ်ယူခဲ့ကြပေ။
သို့သော်လည်း ဤအခိုက်အတန့်တွင် ထိုကောလာဟလများသည် အမှန်တကယ် ဖြစ်ဖို့များကြောင်း သားရဲများက နားလည်လာကြလေသည်။
များစွာသော မိစ္ဆာသားရဲများသည် တုန်လှုပ်သွားကြပြီး သွေးပင်လယ်နှင့် ဝေးရာသို့ ချက်ချင်း ဆုတ်ခွာလိုက်ကြ၏။
ရွှစ်……
ရုတ်တရတ် ရေသံတစ်သံကို ကြားလိုက်ရလေသည်။
မြင့်မား၍ စွမ်းအားကြီးမားသော ပုံရိပ်တစ်ခုက သွေးပင်လယ်ထဲကနေ ခုန်ထွက်လာခဲ့၏။
သားရဲများ အားလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြလေသည်။
အဆင့်မြင့် မိစ္ဆာသားရဲများပင်လျှင် သေဆုံးခဲ့ရသော သွေးပင်လယ် အတွင်းတွင် တစ်ယောက်ယောက်က အသက်ရှင်နေနိုင်ဦးမည်ဟု မည်သူကများ တွေးထင်ထားပါမည်နည်း။
သွေးပင်လယ် အတွင်းမှာ အသက်ရှင်နေသူ တစ်ယောက် ရှိဦးမည်ဆိုလျှင် အဲ့ဒါက အဆင့်မြင့် မိစ္ဆာသားရဲ ၇ယောက်ကို သတ်ဖြတ်ပစ်သူတစ်ယောက် ဖြစ်ဖို့များလေသည်။
ဤကဲ့သို့ လျို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးသော တည်ရှိမှုကို မည်သူကများ မစိုးရိမ်ပဲ နေပါမည်နည်း။
သားရဲများသည် အံ့အားတသင့် ရေရွတ်၍ အဘက်ဘက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ကြ၏။
လက်ရှိ အရှင်သခင်များပင်လျှင် အလိုလို ဆုတ်ခွာလိုက်ကြလေသည်။
တစ်ခဏအတွင်းမှာပင် သွေးပင်လယ်၏ အထက်က ဗလာကျင်းသွားပြီး မည်သည့် မိစ္ဆာသားရဲတစ်ကောင်မှ ကျန်ရစ်မနေခဲ့ကြပေ။
“အာ… သူ့ပုံစံက ရင်းနှီးနေသလိုပဲ….”
“သူက.. တူပါတယ်....”
“ဘုရားရေ အဲ့ဒါက မိုပဲ.. သူက အသက်ရှင်နေသေးတာလား..”
လူအုပ်ကြီးထဲမှ သားရဲများက အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
ပေတစ်ရာမြင့်မားသော ပုံရိပ်တစ်ခုသည် သွေးပင်လယ်၏ အထက်မှာ ဧရာမ မိစ္ဆာနတ်ဆိုးတစ်ပါးကဲ့သို့ မတ်တတ်ရပ်နေလေသည်။ သူက ပခုံးထောက်သွေးနီရောင်ဆံပင်၊ စူးစူးရှရှ မျက်လုံးများနှင့် လွှမ်းမိုးခြယ်လှယ်နိုင်သော အော်ရာတစ်ခုကို ပိုင်ဆိုင်ထားလေသည်။
သူ၏ ခန္ဓာကိုယ်က သိသိသာသာ အသွင်ပြောင်းလဲသွားခဲ့သော်လည်း သူ၏ ပုံပန်းးသဏ္ဌာန်အရ အဲ့ဒါက မိုဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ သားရဲများက သူ့ကို ချက်ချင်းမှတ်မိလိုက်ကြ၏။
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်နှင့် အခြားသူများသည် တည်တံ့သော အမူအရာများ ရှိလာကြပြီး ချက်ချင်း ရှေ့သို့ ပြေးဝင်မသွားနိုင်ကြပေ။
မိုရဲ့ အစစ်အမှန်က ဘာလဲ။ သူက ဘယ်လောက်တောင် သန်မာသလဲဆိုတာကို သူတို့က မဖော်ထုတ်နိုင်သေးပေ။
စိတ်ဝိညာဉ် အသိစိတ်များက တစ်ခုပြီးတစ်ခု ပျံသန်းလာကြလေသည်။
သိပ်မကြာမီ သားရဲများသည် ဆူဇီမို၏ ကျင့်ကြံမှုကို စစ်ဆေးကြည့်လိုက်ကြ၏။
သူ၏ ကျင့်ကြံမှုအဆင့်က တိုးတက်လာခဲ့သော်လည်း သူက အဆင့်နိမ့် မိစ္ဆာသားရဲတစ်ယောက်ပင် ဖြစ်နေဆဲ ဖြစ်လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်နှင့် အခြားသူမျာသည် အကြည့်ချင်း ဖလှယ်ပြီးနောက် သူတို့၏ ငေးငိုင်နေရာကနေ မကြာမီ နိုးထလာခဲ့ကြလေသည်။
အဆင့်မြင့် မိစ္ဆာသားရဲ ၇ယောက် သေဆုံးခြင်းသည် မိုနှင့် ဘာမှသက်ဆိုင်ခြင်း ရှိပုံမရပေ။
သူက ကံကောင်းထောက်မစွာဖြင့် သွေးပင်လယ်ထဲကနေ အသက်ရှင်လျှက် လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပုံရလေသည်။
ထို့ကြောင့်ပင်လျှင် သူတို့သည် ဆူဇီမို၏ မျက်လုံးထဲတွင် ကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင် တစ်ချို့ကို မြင်တွေ့ရခြင်း ဖြစ်လေသည်။
ထိုသို့အတွေးဖြင့် ဈာန်ပျံဆိတ်တောင်ထွတ် အရှင်သခင်၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုစိတ်က ပြည့်နှက်လာပြီး သူက လေးနက်စွာ အော်ပြောလိုက်၏။
“မင်းတို့ ၃ယောက် မျောက်ဝံအိုကြီးကို ထိန်းထားကြ.. ငါက အဲ့ဒီ့ကောင်ကို သွားသတ်မယ်”
သူ့စကား ပြီးဆုံးသွားသည်နှင့် ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က နေရာကနေ ပျောက်ကွယ်သွားခဲ့လေသည်။
“ဆိတ်အိုကြီး မင်းဘယ်လိုတောင် ရဲတင်းတာလဲ..”
မျောက်ဝံအိုကြီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အရိုးလှောင်အိမ်ကို နောက်တစ်ဖန် ပြေးဆောင့်လိုက်၏။
အရိုးလှောင်အိမ်က လှုပ်ခါသွားသော်လည်း ပျက်ဆီးသွားခြင်း မရှိသေးပေ။
စိတ်ဝိညာဉ် အသိစိတ်တစ်ခု လျော့နည်းသွားခြင်းနှင့်အတူ အရိုးလှောင်အိမ်ပေါ်ရှိ ဓမ္မစွမ်းအားများက အားနည်းသွားသော်လည်း အဲ့ဒါက ငွေလတောင်ကြား၊ မြွေတစ်ထောင်ကျွန်းနှင့် ဇဝေဇဝါမြူခိုးရွံ့ညွန်မှ အရှင်သခင်များ၏ ခွန်အားအပြည့်ဖြင့် ပြည့်လျှံနေဆဲ ဖြစ်လေသည်။
မျောက်ဝံအိုကြီး အနေဖြင့် အချိန်တိုအတွင် ထိုအထဲကနေ ရုန်းထွက်နိုင်ဖို့က အတော်လေး ခက်ခဲနေဆဲ ဖြစ်လေသည်။
ဆူဇီမိုသည် သွေးပင်လယ်ထဲကနေ ထွက်ခွာ၍ သူ့ရှေရှိ အခြေအနေကို မြင်တွေ့လိုက်ရပြီးနောက် သူက အလျင်အမြန် သူ့ကိုယ်သူ ဣန္ဒြေဆယ်လိုက်၏။
မျောက်ဝံအိုကြီးသည် ပိတ်မိနေပြီး ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်ကလည်း ခက်ခဲသော အနေအထားမှာ ရောက်ရှိနေ၏။ ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က သူ့ကို သတ်ဖြတ်ဖို့ ကြိုးစားလာလျှင် ဘယ်သူကမှ သူ့ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုသို့အတွေးနှင့် ဆူဇီမိုက ပြတ်သားစွာဖြင့် ချက်ချင်း လှည့်ထွက်ပြေးလိုက်၏။
ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်က ထကြွလာသည့် ခဏမှာပင် ဆူဇီမိုက လှည့်ထွက်ပြေးလိုက်ပြီ ဖြစ်လေသည်။
“သူ့ကိုတားထားကြ…”
ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်က ဟိန်းဟောက်လိုက်၏။
အဆင့်မြင့် မိစ္ဆာသားရဲ ၁၀ယောက်ကျော်သည် တိုက်ပွဲကနေ ချက်ချင်းထွက်ခွာပြီး ဆူဇီမိုထံသို့ ပြေးဝင်သွားကြလေသည်။