လှောင်အိမ်ထဲကငှက်
Vol. 58 Ch. 866
“ငါ့မျက်လုံးအောက်ကနေ မင်းက ထွက်ပြေးဖို့ ကြိုးစားနေတာဆိုရင် အိမ်မက် မက်နေတာဘဲ ဖြစ်ရမယ်”
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က စိတ်ထဲကနေ လှောင်ရယ်လိုက်၏။
အဆင့်မြင့်မိစ္ဆာသားရဲ ၁၀ ယောက်ကျော်က သူတို့၏ လှုပ်ရှားမှုများကို ပြုလုပ်လိုက်စဥ်မှာပင် သွေးနီရောင်အလင်းတန်းတစ်ခုက အလွန်တရာမြန်ဆန်သော အရှိန်အဟုန်ဖြင့် လေထဲကနေ ကတိုက်ကရိုက် ပျံသန်းလာခဲ့၏။
ဆူဇီမိုက နေရာကနေ ပျောက်ကွယ်သွားခဲ့လေသည်။
‘သွေးစတေး ထွက်ပြေးခြင်း’
“မြန်လှချည်လား!”
သားရဲများက တုန်လှုပ်သွားကြ၏။
အဆင့်မြင့်မိစ္ဆာသားရဲ အချို့သည် လျင်မြန်စွာ တုံ့ပြန်၍ ချက်ချင်းတိုက်ခိုက်လိုက်ကြလေသည်။
ရွှံ့နှင့်ဖုန်မှုန့်များက တထောင်းထောင်းထသွားပြီး ကျယ်ပြန့်သောလွင်ပြင်ပေါ်တွင် လေဆင်နှာမောင်းတစ်ခုက ဖြစ်ပေါ်လာလေသည်။ အဲ့ဒါက ကြီးမားသော အော်ရာတစ်ခုရှိနေပြီး ဆူဇီမိုကို ဆုတ်ဖြဲဖို့အတွက် ပြေးဝင်လာခဲ့လေသည်။
ရွှစ်!
ဓမ္မစွမ်းအားများဖြင့် ဖန်တီးထားသော ဆေဘာတစ်လက်သည် ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီး လေဟာနယ်ကို နှစ်ခြမ်းနီးပါး ကွဲထွက်သွားစေလေသည်။
ဓမ္မစွမ်းအားများက တလိပ်လိပ်တက်၍ ရုန်းကြွလာခဲ့လေသည်။ ချက်ချင်းပင် သားရဲအတတ် ၁၀ ခုကျော်က ဆူဇီမိုကို ခြိမ်းခြောက်ဖို့အတွက် ဆင်းသက်လာခဲ့လေသည်။
သားရဲပညာရပ်များအပြင် အဲ့ဒီမှာ စိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှုအချို့ပင် ပါဝင်နေ၏။
လွင်ပြင်ပေါ်ရှိ မိစ္ဆာသားရဲများဖြစ်စေ ၊ လေထဲမှာ တိုက်ခိုက်နေကြသော မိစ္ဆာသားရဲများဖြစ်စေ လူတိုင်းသည် ဤအခိုက် အတန့်၌ စိတ်အားထက်သန်စွာဖြင့် လှည့်ကြည့်လိုက်ကြ၏။ သူတို့သည် ဤတိုက်ခိုက်မှု၏ ရလဒ်ကို သိမြင်ချင်ကြလေသည်။
“သခင်လေး!”
“အစ်ကိုကြီး!”
မြေခွေးလေး ၊ စိတ်ဝိညာဥ်ကျားနှင့် အခြားလူတိုင်းသည် ထိတ်လန့်သွားပြီး စူးစူးဝါးဝါးအော်ဟစ်လိုက်ကြ၏။
ရွှစ်!
သွေးအလင်းတန်းတစ်ခုက လေထုကို ဖြိုခွင်းပြီး ကီလိုမီတာ ၅၀၀ အကွာအဝေးသို့ ချက်ချင်းထွက်ပြေးသွားခဲ့လေသည်။
သွေးအလင်းတန်း၏ အမြန်နှုန်းက အရမ်းကို မြန်ဆန်လွန်းလှလေသည်။
အဆင့်မြင့်မိစ္ဆာသားရဲများ၏ သားရဲပညာရပ်များက ခြေတစ်လှမ်း နောက်ကျသွားခဲ့လေသည်။
အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များပင်လျှင် ထိုသွေးအလင်းတန်းကို လိုက်မမီနိုင်ခဲ့ပေ ။ စိတ်ဝိညာဥ်အသိစိတ်များ၏ ခွန်အားသည် ကီလိုမီတာ ၅၀၀ အကွာအဝေးကို ကျော်လွန်ပြီးနောက် အားနည်းသွားပေလိမ့်မည်။
တစ်ခဏအတွင်းမှာပင် သွေးရောင်အလင်းတန်းက မိုးကုပ်စက်ဝိုင်း၏ အရပ်တစ်ဖက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် လွင်ပြင်က အကန့်အသတ်မဲ့ကျယ်ပြောပြီး သူတို့၏ မြင်ကွင်းက ရှင်းလင်းနေလေသည်။
မဟုတ်ပါက သားရဲများသည် ဆူဇီမိုကို မျက်ခြည်ပြတ်သွားသည်မှာ ကြာနေလောက်လေပြီ။
ဖြစ်ပျက်သမျှက အရမ်းကိုမြန်ဆန်လွန်းပြီး တိုက်ပွဲမြေပြင်ပေါ်ရှိ မိစ္ဆာသားရဲအများစုက အဲ့ဒါကို အခုမှ တုံ့ပြန်နိုင်ခါစဖြစ်လေသည်။
“ဂါး!”
မျောက်ဝံအိုကြီးက ဟိန်းဟောက်လိုက်ပြီး သူ၏ပုံရိပ်က ပြန့်ကားလာခဲ့လေသည်။
သူ၏ခန္ဓာကိုယ်ပတ်လည်တွင် သွေးချီများက တဝုန်းဝုန်းထလာပြီး သူ၏ မျက်ခုံးမွေးဖြူများကပင်လျှင် သွေးနီရောင်သန်းလာခဲ့လေသည်။
“မင်းရဲ့တောင်ဝှေး.. ငါ့ကိုငှားဦး”
မျောက်ဝံအိုကြီးက ဟိန်းဟောက်လိုက်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်က ရှေ့သို့ ထွက်ခွာသွားလေသည်။
လွင်ပြင်ပေါ်တွင် မျောက်သည် သူ၏လက်ကပေါ့ပါးသွားသည်ဟု ခံစားလိုက်ရ၏။ အကျော်ဇေယျသည် ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွားပြီး လေထဲတွင်ရှိသော အရိုးလှောင်အိမ်ဆီသို့ ချက်ချင်းပြေးဝင်သွားကာ မျောက်ဝံအိုကြီးက အဲ့ဒါကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်၏။
“ပြိုကွဲစမ်း!”
မျောက်ဝံအိုကြီးက အကျော်ဇေယျကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး သူ၏ ကြောက်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ်ကို ၎င်းအထဲသို့ ထိုးသွင်းလိုက်လေသည်။
ရွှေရောင်အလင်းတစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို လင်းထိန်သွားစေလေသည်။
မျောက်ဝံအိုကြီးက အကျော်ဇေယျကို လွှဲယမ်းပြီး အရိုးလှောင်အိမ်ပေါ်ကို ပြင်းထန်စွာပစ်ရိုက်ချလိုက်၏။
ဘုန်း!
ကျယ်လောင်သောအသံတစ်သံက ထွက်ပေါ်လာလေသည်။
ချပ် ချပ် ချပ်....
ထို့နောက်ချက်ချင်းပင်လျှင် အရိုးလှောင်အိမ်၏ မျက်နှာပြင်ပေါ်၌ အက်ကွဲကြောင်းများက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပြီး ဆက်တိုက်ဖြန့်ကြက်သွားလေသည်။
ငွေလတောင်ကြား ၊ မြွေတစ်ထောင်ကျွန်းနှင့် ဇဝေဇဝါမြူခိုးရွှံ့ညွန်မှ အရှင်သခင်များ၏ ပုံရိပ်က တုန်ခါသွားကြ၏။ သူတို့၏ အမူအရာက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်လာကြလေသည်။ သူတို့သည် အရိုးလှောင်အိမ်ကို မထိန်းချုပ်နိုင်လုနီးပါး ဖြစ်လာခဲ့လေသည်။
ထိုသည်ကို ကြည့်ပြီး ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူ၏ မျက်လုံးနက်ထဲတွင် ပြတ်သားမှုအရိပ်အယောင်က ထွက်ပေါ်လာခဲ့၏။
“ကြိုးစားပြီးတော့ ထိန်းထားကြ... ငါက နောက်နောင်မှာ ငါတို့အတွက် ပြဿနာမဖြစ်ရအောင် အဲ့ဒီတောကောင်ကို သွားသတ်ရမယ်”
သူ့စကားမဆုံးသေးခင်မှာပင် သူက ဖျတ်ကနဲဆို ပျောက်ကွယ်သွားပြီ ဖြစ်ပြီး သူ၏မျက်လုံးထဲမှာ အေးစက်စက်သတ်ဖြတ်လိုစိတ်နှင့်အတူ အလင်းတန်းနောက်သို့ လိုက်ပါသွားခဲ့လေသည်။
အခုချိန်မှာ ဆူဇီမိုကို လွှတ်ပေးလိုက်လျှင် သူက နောင်တစ်ချိန်မှာ သူတို့အတွက် ကြီးမားတဲ့ပြဿနာတစ်ခု သေချာပေါက်ဖြစ်လာနိုင်ကြောင်း သူက သိထားလေသည်။
အဆင့်မြင့်မိစ္ဆာသားရဲ ၁၀ ယောက်ကျော်သည် သူတို့၏ ခွန်အားကုန်ကို ထုတ်သုံး၍ နောက်ကနေ လျင်မြန်စွာလိုက်ပါသွားကြ၏။
သို့သော်လည်း သူတို့နှင့် အလင်းတန်းကြားအကွာအဝေးသည် ဆက်တိုက်တိုးလာခဲ့၏။
သူတို့အားလုံးက အလွန်တရာတုန်လှုပ်သွားခဲ့ကြလေသည်။
သူတို့နှင့် ဆူဇီမိုကြားတွင် ကျင့်ကြံမှုအဆင့်ကြီး နှစ်ဆင့်လုံးလုံး ကွာဟနေပြီး ခွန်အားအရာမှ သူတို့က အပြတ်အသတ် အားသာချက်ရှိလေသည်။ အဲ့ဒါတောင် သူတိုက ဆူဇီမိုကို လိုက်မမီနိုင်ကြပေ။
ဒီလောက်ကြောက်စရာကောင်းတဲ့ အမြန်နှုန်းကို ထုတ်ပေးနိုင်ရအောင် အဲ့ဒါက ဘယ်လိုထွက်ပြေးခြင်းနည်းစနစ်ပါလိမ့်။
၁၅ မိနစ်မပြည့်ခင်မှာပင် သူတို့က ဆူဇီမိုကို မျက်ခြည်ပြတ်သွားခဲ့လေသည်။
. . .
ဆူဇီမို၏နားထဲတွင် လေသံများက တဝီဝီမြည်နေပြီး ပုံရိပ်များက သူ၏နောက်မှာ ကျန်ရစ်ခဲ့လေသည်။
အခုချိန်တွင် ဆူဇီမိုထုတ်ဖော်ထားသောအရာကို သွေးစတေးထွက်ပြေးခြင်းဟု သတ်မှတ်၍ မရတော့ပေ။ အဲ့ဒါက သူ၏မျိုးဆက်သွေးကို လောင်ကျွမ်းစေရင်း တစ်ချိန်တည်းမှာပင် သူ၏စိတ်ဝိညာဥ်များမှ လှည့်ပတ်ထားသော ဓမ္မစွမ်းအားများကို သုံးပြီး ဖန်တီးပြုလုပ်ထားသော ဓမ္မသွေးစတေးထွက်ပြေးခြင်း ဖြစ်လေသည်။
ဓမ္မသွေးစတေးထွက်ပြေးခြင်း၏ အမြန်နှုန်းက သွေးစတေးထွက်ပြေးခြင်းထက် ပို၍ မြန်ဆန်ပြီး ၎င်း၏ ရုန်းကန်ပေါက်ကွဲစွမ်းအားက ပို၍ပင် အထင်ကြီးစရာကောင်းလေသည်။
ထို့ကြောင့်ပင်လျှင် သူသည် အဆင့်မြင့်မိစ္ဆာသားရဲ ၁၀ ယောက်ကျော်၏ ဝိုင်းရံထားမှုကနေ ဖောက်ထွက်နိုင်ပြီး သူတို့ကို မျက်ခြေဖြတ်ထားခဲ့နိုင်ခြင်းဖြစ်လေသည်။
ဆူဇီမိုက ယခုအခါ အနည်းငယ် တည်ငြိမ်သွားပြီဖြစ်သော်လည်း သူက ရပ်နားခြင်းမရှိ ဆက်လက်ပြေးလွှားနေဆဲဖြစ်၏။
သူတို့ကြားအကွာအဝေးက လုံလောက်အောင် မဝေးကွာသေးပေ။
သူ့ထံမှ ပြင်းထန်သော သွေးရနံ့တစ်ခုက ထွက်ပေါ်နေပြီး ထိုအဆင့်မြင့်မိစ္ဆာသားရဲများက နောက်ကနေ ဆက်လိုက်လာလျှင် သူ၏ခြေရာလက်ရာကို အာရုံခံမိနိုင်လေသည်။
“ဟမ်...”
ရုတ်တရက် ဆူဇီမိုသည် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ကာ ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။
သူက မျက်မှောင်အနည်းငယ်ကြုတ်၍ လှည့်ကြည့်လိုက်စဥ်မှာပင် သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားခဲ့၏။
သူ၏နောက်ဘက် မိုင်သုံးလေးထောင်အကွာတွင် မြင့်မား၍ ပိန်လှီသော ပုံရိပ်တစ်ခုက တိမ်စိုင်များကို စီးနင်းပြီး နောက်ကနေ လိုက်လာခဲ့လေသည်။
အဲ့ဒါက ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်ပင် ဖြစ်လေသည်။
ဆူဇီမိုသည် မျက်မှောင်ကြုတ်၍ တိတ်တဆိတ်တုန်လှုပ်သွားခဲ့၏။ သူသည် အဆင့်မြင့်မိစ္ဆာသားရဲ့ ၁၀ ယောက်ကျော်က်ို မျက်ခြေဖြတ်နိုင်ခဲ့သော်လည်း သူက ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်ကို ခါမချနိုင်ခဲ့ပေ။
သူတို့အကြား အကွာအဝေးက တိုတောင်းသည်ဟုတော့ မဆိုသာပေ။
သို့သော်လည်း ဤအကွာအဝေးတိုင်း ဆက်လက်သွားလျှင် ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်ထံကနေ သူက ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်လုနီးပါးပင်။
ဆူဇီမို မသိသည်မှာ ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က ပို၍ပင် တုန်လှုပ်သွားလေသည်။
အစကတော့ ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်သည် ဆူဇီမိုထွက်ပြေးခြင်းကို အထင်သေးစွာဖြင့် ကြည့်ရှုနေခဲ့၏။
အကြောင်းရင်းမှာ အချိန်အတော်ကြာကတည်းက သူသည် ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုအတွင်း တောကောင်အရိုးတစ်ခုထံမှ ထွက်ပြေးခြင်းနည်းစနစ်တစ်ခုကို ရရှိခဲ့သောကြောင့် ဖြစ်လေသည်။ အဲ့ဒါကို ထုတ်ဖော်သည်နှင့် သူသည် လျှပ်စီးလိုအမြန်နှုန်းဖြင့် အလွန်တရာမြန်ဆန်စွာ ရွေ့လျားလာနိုင်မည် ဖြစ်လေသည်။ သူက ကောင်းကင်ထက်မှ ကြယ်များကိုပင် လိုက်မီနိုင်လေသည်။
သူသည် အရှင်သခင် ၇ ပါးအကြား တိုက်ခိုက်ရည်ခွန်အားမှာ အသန်မာဆုံးဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။
သို့သော်လည်း အမြန်နှုန်းမှာတော့ သူက နံပါတ်တစ်ချိတ်လေသည်။
သူက ဆူဇိမိုကို အသက်ရှုချိန်အနည်းငယ်အတွင်းမှာ ဖမ်းမိနိုင်လိမ့်မည်ဟု တွေးထင်ထားခဲ့၏။ သို့သော် ယခုအခါမှာတော့ သူတို့နှစ်ယောက်သည် တစ်နာရီကြာ ပြေးလွှားလာခဲ့ပြီး အဆင့်မြင့် မိစ္ဆာသားရဲများက သူတို့နောက်မှာ ကျန်ရစ်ခဲ့သည်မှာ အတော်ကြာရစ်ခဲ့လေပြီ။
သို့သော်လည်း သူက ဆူဇီမိုကို လိုက်မမီနိုင်ဆဲဖြစ်နေသေး၏။
ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ အမူအရာက သုန်မှုန်လာခဲ့၏။
ကောင်းကင်နှင့်မြေကြီး၏ ဓမ္မစွမ်းအားများက သူ၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ်တိုးဝင်လာခဲ့၏။ သူက ဆူဇီမို၏ နောက်ကနေ တစ်ချိန်လုံး ထပ်ကြပ်မကွာလိုက်ပါလာခဲ့လေသည်။
ဤအဆင့်နိမ့်မိစ္ဆာသားရဲက လျှို့ဝှက်ချက်များစွာကို ဖုံးကွယ်ထားလေသည်။
ဤသားရဲ၏ ပါရမီအလားအလာက အကန့်အသတ်မဲ့သည်ဟု ထင်ရလေသည်။ ထို့ကြောင့်ပင် ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က ဆူဇီမိုကို အလွန်တရာစိုးရိမ်ထိတ်လန့်နေပြီး ထိုသူကို သတ်ဖြတ်ဖို့အတွက် အာသီသ ပြင်းပြနေခြင်းဖြစ်လေသည်။
အေးစက်စက်အကြည့်တစ်ခုနှင့်အတူ ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က နောက်ကနေ ပြေးလိုက်ရင်း အော်ဟစ်လ်ိုက်၏။
“တောကောင်လေး... မင်းက မိုးပေါ်ကိုဘဲပျံပျံ မြေထဲဘဲ လျှိုးလျှိုး ဘာဘဲဖြစ်ဖြစ် မင်းကဒီနေ့ သေချာပေါက်သေရလိမ့်မယ်”
ဆူဇီမိုက အသံတိတ်နေပြီး သုန်မှုန်နေသော အမူအရာဖြင့် ဆက်လက်၍ ပြေးလွှားနေဆဲဖြစ်၏။
“ဟီးဟီး မင်းက စကားတောင် ဘာလို့မပြောနိုင်တော့တာလဲ”
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က မကောင်းဆိုးဝါးဆန်ဆန် လှောင်ရယ်လ်ိုက်လေသည်။
“မင်းကိုယ်မင်းလည်း သိတယ်မလား... အခု မင်းလုပ်နေတဲ့ အရာအားလုံးက အချည်းနှီးဘဲ ၊ မင်းက မသေခင်နောက်ဆုံးအနေနဲ့ ရုန်းကန်နေရုံသက်သက်ဘဲ “
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က သူ့ကို စကားလုံးများဖြင့် စိတ်အာရုံပျက်ပြားအောင် ကြိုးစားနေခြင်းဖြစ်ကြောင်း သိထားလေသည်။
သူက စိတ်အာရုံပျက်ယွင်းသွားလျှင် ဖြစ်စေ ၊ ကြောက်ရွံ့မှုကြီးစိုးလာသည်ဖြစ်စေ ၊ တွေဝေတုံ့ဆိုင်းသွားလျှင် ဖြစ်စေ သူ၏အမြန်နှုန်းက သေချာပေါက် လျော့ကျသွားပေလိမ့်မည်။
ထိုအခါ သူက သေချာပေါက်သေရပေလိမ့်မည်။
သို့သော်လည်း အဲ့ဒါအပြင် ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်က သူ့ကို ခြိမ်းခြောက်ရုံသက်သက် ကြိုးစားနေခြင်းလည်း မဟုတ်ကြောင်း ဆူဇီမိုက သိထားလေသည်။
အရှင်သခင်တစ်ပါး၏ ပစ်မှတ်ထားခြင်းခံရလျှင် သူက အသတ်ခံရဖို့ သေချာသလောက် နီးပါးပင်။
ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ မျက်လုံးများက လှောင်ပြောင်မှုဖြင့် ပြည့်နှက်လာပြီး သူက အေးအေးဆေးဆေးပုံစံဖြင့် ပြောလ်ိုက်လေသည်။
“တောကောင်လေး... မင်းရဲ့ ထွက်ပြေးခြင်းနည်းစနစ်က တစ်ကယ်ဘဲ ကောင်းကင်ကို ဖီဆန်လောက်ပါတယ် ၊ အဲ့ဒါက မင်းရဲ့ခန္ဓာကိုယ်ကနေ စွမ်းအင်အမြောက်အများကိုလည်း သေချာပေါက်သုံးစွဲရမှာဘဲ... မင်းက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာမို့လဲ”
အရှင်သခင်တစ်ပါးအနေဖြင့် သူက နှစ်ထောင်ပေါင်းများစွာ ကြာအောင် အလကားသက်သက်နေလာခဲ့ခြင်းမဟုတ်ပေ။
သူက ဓမ္မသွေးစတေးထွက်ပြေးခြင်းနှင့် ပတ်သတ်၍ များစွာနားမလည်သော်လည်း သူက အမှန်တရားကို အကြမ်းဖျင်း ခန့်မှန်းလိုက်နိုင်လေသည်။
ဆူဇီမိုက သူ၏နှုတ်ခမ်းကို တင်းတင်းစေ့ပြီး တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်လေသည်။
ပြောရမည်ဆိုလျှင် သွေးစတေးထွက်ပြေးခြင်းက ဘေးထွက်ဆိုးကျိုး မရှိဘူးဆိုရင်တောင် သူက သက်လုံအရာမှာဖြစ်စေ ၊ ဓမ္မစွမ်းအားအရာမှာဖြစ်စေ အရှင်သခင်တစ်ပါးကို သေချာပေါက် ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။
သူတို့နှစ်ယောက်က ပြေးသူကပြေး လိုက်သူကလိုက် ရှိနေကြဆဲပင်။
သိပ်မကြာလိုက်ခင်မှာပင် ဆူဇီမို၏ အမြန်နှုန်းက အမှန်တစ်ကယ်ပင် လျော့ကျလာခဲ့လေသည်။ သူတို့နှစ်ယောက်ကြား အကွာအဝေးကလည်း ကျဥ်းမြောင်းလာခဲ့၏။ ထိုသည်ကိုကြည့်ပြီး ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်သည် သူ၏ခန့်မှန်းချက်က မမှားနိုင်ကြောင်း ပို၍ပင် သေချာသွားလေသည်။
“တောကောင်လေး ဘာမှ မပူနဲ့ ... ငါကလည်း အလောတကြီးရှိမနေပါဘူး”
ရက်စက်ကြမ်းကြုတ်၍ ကျီစယ်လိုသော အကြည့်တစ်ခုက ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏မျက်နှာပေါ်တွင် ပေါ်ထွက်လာပြီး သူက အော်ဟစ်ရယ်မောလိုက်၏။
“ငါက မင်းကိုဒီတိုင်းဆက်ပြီး ကစားပေးမယ် ၊ မင်းက နောက်ဆုံးမှာတော့ အဲ့ဒါကို ခံနိုင်ရည်မရှိဘဲ တစ်စတစ်စနဲ့ ခြေကုန်လက်ပမ်းကျသွားမှာဘဲ ဟားဟားဟားဟား “
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် သူတို့နှစ်ယောက်ကြား အကွာအဝေးက ပို၍ပင် ကျဥ်းမြောင်းသွားသည်ဟု ထင်ရလေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်က သူ၏ မျက်လုံးကို မှေး၍ ကြည့်လိုက်၏။
ဆူဇီမို၏ အစိမ်းရောင်ဝတ်ရုံနောက်ကျောဘက်သည် ချွေးများဖြင့် စိုရွှဲနေသည်ကို သူက ရှင်းလင်းစွာမြင်နေရ၏။
သူ၏နားရွက်က လှုပ်ခါသွားပြီး ဆူဇီမိုထံမှ မောဟိုက်နေသော အသံကိုပင် ကြားလိုက်ရလေသည်။ အဲ့ဒါက ပင်ပန်းနွမ်းလျမှု၏ လက္ခဏာများပင်ဖြစ်လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က ပို၍ပင် စိတ်အေးလက်အေးရှိလာ၏။
သူ့အတွက်တော့ ဆူဇီမိုသည် ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိသော လှောင်အိမ်ထဲမှ ငှက်တစ်ကောင်ဖြစ်လာခဲ့လေသည်။