အချည်းနှီးဖြစ်သွားသော အားထုတ်မှုများ
Vol. 58 Ch. 870
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်က ချဉ်းကပ်လာနေစဉ်မှာတောင် ဆူဇီမိုတွင် ထွက်ပြေးဖို့ မည်သည့်အစီအစဉ် မရှိပေ။
သို့သော်လည်း သူ၏ မျက်လုံးများထဲတွင် ထိတ်ထိတ်ပျာပျာ ဖြစ်နေခြင်းမျိုး မရှိပေ။
သူက ထွက်မပြေးနိုင်မှတော့ သူ့အသက်နှင့်ရင်း၍ တိုက်ခိုက်ဖို့သာ ရှိတော့လေသည်။
သူ၏ စိတ်နေစရိုက်အရ.. တိုက်ခိုက်ရခြင်းမရှိဘဲ လက်လျှော့အရှုံးပေးလိမ့်မည် မဟုတ်ပေ။
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က အဲ့ဒါကို အာရုံခံမိသွားပုံရပြီး သူ့ခြေလှမ်းကို ရပ်တန့်လိုက်၏။
ဆူဇီမို၏ မျက်လုံးများက အေးစက်၍ သတ်ဖြတ်လိုသော စိတ်ဆန္ဒဖြင့် တဖျတ်ဖျတ် လက်နေ၏။
ရုတ်တရက်.. စတုရန်းကြေးမီးဖိုကြီးတစ်လုံးက သူ့နဖူးထဲကနေ ပျံသန်းထွက်လာ၏။
ထိုမီးဖိုက သံချေးတက်၍ အက်ရာများဖြင့် ပြည့်နှက်နေပြီး ရှေးကျကာ အိုမင်းနေပုံ ပေါက်လေသည်။ အဲ့ဒါကို မရေမတွက်နိုင်သော နှစ်များစွာက ဖန်တီးပြုလုပ်ထားခဲ့သည့်အလားပင်။
စတုရန်းကြေးမီးဖိုဆင်းသက်လာချိန်တွင် လေဟာနယ်ပင်လျှင် တုန်ခါသွား၏။ အဲ့ဒါက ဆူဇီမို၏ လက်တံတစ်လျှောက် လွှဲယမ်း၍ ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်ဆီသို့ ပြင်းထန်စွာ ပျံသန်းသွားလေသည်။
ထို့နောက်ချက်ချင်းပင်.. ကျောက်စိမ်းရောင်ဖြင့် တောက်ပနေသော အစိမ်းရောင်ကြာခုံတစ်ခုကလည်း ပေါ်ထွက်လာ၏။
ပွင့်ချပ်ငါးလွှာက တဖျတ်ဖျတ်တလက်လက် အရောင်အဝါများဖြင့် ဖြန့်ကြက်နေပြီး ကစဉ့်ကလျားချီများက ဈာန်ပျံဆိတ်တောင်ထွတ်အရှင်၏ ဦးခေါင်းပေါ်သို့ လွှမ်းခြုံကျဆင်းလာလေသည်။
“လှောင်အိမ်ထဲက တောကောင်က ရုန်းကန်ချင်နေသေးတယ်.. ကြေမွစမ်း”
ဈာန်ပျံဆိတ်တောင်ထွတ် အရှင်သခင်က အဲ့ဒါအတွက် ကြိုတင်ပြင်ဆင်ထားပြီး အေးစက်စွာ နှာမှုတ်လိုက်၏။ သူက ကြောက်လန့်ခြင်း၊ ထိတ်ပျာခြင်း မရှိဘဲ.. တလိပ်လိပ်တက်လာသော သွေးချီနှင့်အတူ စတုရန်းကြေးမီးဖိုကို ထိပ်တိုက်ဆိုင်၍ ပစ်ထိုးလိုက်၏။
“အား..”
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်သည် ခပ်သဲ့သဲ့ ညည်းတွားလိုက်ပြီး အမှန်တစ်ကယ်ပင် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရ၏။
ပုံမှန်အခြေအနေမှာဆိုလျှင် သူသည် အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်၏ ပကတိအရှင်ဓမ္မလက်နက်တစ်ခုကို သာမန်ကာလျှံကာပုံစံနှင့်ပင် ခြေမွဖျက်ဆီးနိုင်လေသည်။
တာအိုသက်ရှိဓမ္မလက်နက်တစ်ခုပင်လျှင် သူ၏ ဓမ္မစွမ်းအားကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် ဤမီးဖိုကြီးက အတော်လေးကို ချုံးချုံးကျနေပြီဖြစ်၏။ ထို့သို့ဖြင့် ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်သည် သာမန်ကာလျှံကာ ထိုးချက်တစ်ချက်နှင့်ပင် အဲ့ဒါကို ခြေမွနိုင်မည်ဟု တွေးထင်ထားခဲ့လေသည်။
မမျှော်လင့်စွာဘဲ.. စတုရန်းကြေးမီးဖိုက ဖျက်ဆီးလို့ မရနိုင်ကာ သူ၏ လက်ဆစ်များကိုပင် ကြေသွားစေလေသည်။
“အဲ့ဒါက အသားပေါက ဒဏ်ရာပဲကို စိုးရိမ်စရာ မရှိပါဘူးလေ”
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်က လျင်မြန်စွာ တုံ့ပြန်လိုက်၏။ သူက ထပ်မံထိုးနှက်ရမည့်အစား စတုရန်းကြေးမီးဖိုကို ညင်သာစွာဖြင့် အောက်သို့ ဖိချလိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး ဆေဘာရှည်တစ်လက်ကို ဆွဲထုတ်ကာ ဖန်တီးခြင်းကြာပဒုမ္မာကို ခုတ်ပိုင်းချလိုက်၏။
ချွမ်း..
ဖန်တီးခြင်းကြာပဒုမ္မာက ကန်ထွက်သွား၏။
ဆေဘာ၏ မျက်နှာပြင်ပေါ်တွင်လည်း အက်ကွဲကြောင်းများက ပေါ်ထွက်လာပြီးနောက် အဲ့ဒါက ကြေမွပျက်ဆီးသွားခဲ့လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်၏ မျက်လုံးများက မှေးကျဉ်းသွား၏။
သူ၏ ဆေဘာက သာမန်တာအိုအရှင်ဓမ္မလက်နက်တစ်ခုသာလျှင် ဖြစ်သော်လည်း အဲ့ဒါက ဒီတိုင်း ချိုးခြေမွလို့ရသော တစ်စုံတစ်ရာ မဟုတ်ပေ။
ဤအစိမ်းရောင်ကြာခုံက ပစ္စည်းကောင်းတစ်ခုဆိုတာ သေချာလေသည်။
“နောက်ထပ် ရတနာတစ်ခုလား”
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်က သူ့ဘာသာသူ ခေါင်းညိတ်လိုက်၏။
ဆူဇီမိုထံတွင် ရတနာများနှင့် နည်းစနစ်များ ပို၍ ပိုင်ဆိုင်ထားလေလေ.. သူက ပို၍ စိတ်လှုပ်ရှားရလေလေပင်။
ထိုသို့ဖြင့် သူက ထိုရတနာများနှင့် နည်းစနစ်များအားလုံးကို ရရှိတော့မည် ဖြစ်သောကြောင့်ပင်။
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်က ဖန်တီးခြင်းကြာပဒုမ္မာကို လွင့်ကန်ထွက်သွားစေ၏။ သို့သော်လည်း ကြာခုံမှ အစိမ်းရောင်အလင်းရောင်ခြည်များက ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာ၏။
ကြာစေ့ ၄၅ စေ့က ရုန်းကန်ထွက်ပေါ်လာပြီး အကန့်အသတ်မဲ့သော ထက်ရှမှုဖြင့် အစိမ်းရောင်အလင်းများက နေရာတိုင်းမှာ ပြည့်နှက်သွား၏။ သူတို့သည် လေဟာနယ်ထဲရှိ အရာရာတိုင်းကို လှီးဖြတ်ပစ်ချင်သည့်အလား ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်၏ အသိစိတ်ဆီသို့ ပျံသန်းဝင်ရောက်သွားလေသည်။
အဲ့ဒါက အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားသော သတ်ဖြတ်ကွက်တစ်ကွက် ဖြစ်လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်သည် သူ၏ မူပိုင်ဓမ္မလက်နက် ပျက်စီးသွားခြင်းနှင့်အတူ ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်းကို ဆူဇီမိုက သိရှိထား၏။ ဤအခိုက်အတန့်မှာ သူ၏ အမြုတေစိတ်ဝိညာဉ်က အားအနည်းဆုံး အခြေအနေမှာ ရှိနေလေသည်။
သို့သော်လည်း ဆူဇီမိုသည် အနာကွန်ဒါအရွတ်၏ ချုပ်နှောင်ခြင်း ခံထားရပြီး သူအသုံးပြုနိုင်သောအရာမှာ သူ၏ အသိစိတ်ထဲရှိ မူပိုင်ဓမ္မလက်နက်နှစ်ခုသာလျှင် ရှိလေသည်။
“ကလေးကလား လှည့်ကွက်လေးတွေ”
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်က လှောင်ရယ်မော၍ သူ့နဖူးက ဖျတ်ကနဲ လက်သွား၏။ ကြောက်စရာကောင်းသော စိတ်ဝိညာဉ်အသိစိတ်တစ်ခုက ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်အသိတ်စိတ်လှိုင်းများက သိပ်သည်းစုဖွဲ့လာလေသည်။
လေထဲတွင် လှိုင်းဂယက်များက ပေါ်ထွက်လာ၏။
အစိမ်းရောင်းအလင်းတန်း ၄၅ ခုက သူ၏ အသိစိတ်ကို မထိုးဖောက်နိုင်ခင်.. ထိုလှိုင်းဂယက်များ၏ ဖြန့်ကြက်မှုမှာ သူတိုက ပျက်ပြယ်ကုန်လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်၏ အမြုတေစိတ်ဝိညာဉ်က အားနည်းနေသော်လည်း ဘာပဲပြောပြော အဲ့ဒါက အဆင့်မြင့်မိစ္ဆာသားရဲတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ် ဖြစ်လေသည်။ နောက်ဆုံးမှာတော့ သူ့ခွန်အားက စီးပိုးခြယ်လှယ်နိုင်ပြီး အထင်သေးလို့ မရပေ။
ထိုစိတ်ဝိညာဉ်အသိစိတ်တိုက်ခိုက်မှု ထွက်ပေါ်လာခြင်းနှင့်အတူ ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်၏ အော်ရာက သိသိသာသာ အားနည်းသွားပြီး အနည်းငယ် မောဟိုက်လာလေသည်။
သို့သော်လည်း ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေ၏။
ဤအစိမ်းရောင်ကြာခုံက လျှို့ဝှက်ဆန်းကြယ်လွန်း၏။ အဲ့ဒါက စွမ်းအားကြီးရုံသာမက ၎င်းအထဲမှာရှိသော ကြာစေ့များသည် လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားသော တိုက်ခိုက်မှုတစ်ခုကိုပင် ထုတ်ဖော်နိုင်လေသည်။ အဲ့ဒါက တစ်ကယ့်ကို ရှားရှားပါးပါး အဆုံးစွန်ရတနာတစ်ခု ဖြစ်လေသည်။
“ကောင်းတယ်ကွာ ကောင်းတယ်.. အဲ့ဒီရတနာတွေ အကုန်လုံးက ငါ့အပိုင် ဖြစ်တော့မယ်”
ဒေါသထွက်ရမည့်အစား.. ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်က ပိုလို့တောင် စိတ်လှုပ်ရှားလာလေသည်။
သို့သော်လည်း ထို့နောက်ချက်ချင်းပင်လျှင် သူ့မျက်နှာထက်ရှိ အပြုံးက အေးခဲသွားခဲ့၏။
တုန်လှုပ်ချောက်ချားဖွယ်ရာ သတ်ဖြတ်လိုစိတ်တစ်ခုက ရုတ်တရက် တလိပ်လိပ် တက်လာပြီး ချက်ချင်းပင် ရောက်ရှိလာလေသည်။ သူသည် ခေါင်းမွေးများ ထောင်ထလာပြီး သူ့ဦးရေပြားက ရိုးတိုးရွတွ ဖြစ်လာလေသည်။
အဲ့ဒါက ဘယ်လို ဖြစ်နိုင်ပါ့မလဲ..
အဲ့ဒီတောကောင်က သူ့အိပ်ကပ်ထဲမှာ နောက်ထပ် တစ်စုံတစ်ရာ ရှိနေသေးတာလား..
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်သည် တုန်လှုပ်သွားရ၏။
ဆူဇီမို၏ အသိစိတ်အတွင်းရှိ အမြုတေစိတ်ဝိညာဉ်နှစ်ခုက အတူတကွ ပေါင်းစည်းသွား၏။
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်က သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဆိုလျှင် တွေ့မြင်ရမည့်မြင်ကွင်းက သူ့ကို တုန်လှုပ်ချောက်ချားသွားစေနိုင်လေသည်။
ဆူဇီမို၏ အသိစိတ်ထဲတွင်.. သူ၏ အမြုတေစိတ်ဝိညာဉ်က တင်ပျဉ်ခွေထိုင်၍ ကျမ်းစာများကို ရွတ်ဆိုနေ၏။ သူ့နောက်တွင် ခံ့ညားထည်ဝါသော အမူအယာတစ်ခုဖြင့် ဧရာမဗုဒ္ဓတစ်ပါး၏ ပုံရိပ်ယောင်က ရှိနေ၏။ သူ၏ ဦးခေါင်းနောက်တွင် ခေါင်ခြည်စက်ဝန်းတစ်ခုက ရစ်ဝဲနေပြီး လောကကို ငုံ့ကြည့်နေ၏။
ဆူဇီမိုနှင့် ဧရာမဗုဒ္ဓသည် သူတို့၏ ပါးစပ်များကို တစ်ပြိုင်နက်တည်းဖွင့်၍ ရှေးဟောင်းကျမ်းစာသုတ္တန်များကို ရွတ်ဆိုလိုက်၏။
သူတို့၏ အော်ရာများက ပေါင်းစည်းသွားပုံရပြီး သုတ္တန်ရွတ်ဆိုသံများက စိတ်ဝိညာဉ်၏ တစ်ထောင့်တစ်နေရာမကျန် ကျယ်လောင်ရှင်းလင်းစွာဖြင့် ပဲ့တင်ထပ်လာ၏။
ဆူဇီမို၏ ပေါင်းစည်းထားသော အမြုတေစိတ်ဝိညာဉ်က လျှို့ဝှက်အတတ်တစ်ခုကို အတင်းအကျပ် ဖိအားပေး၍ လှည့်ပတ်ထုတ်ဖော်လိုက်လေသည်။
အဲ့ဒါက မဟာနေ့ရက်ရူလိုင်းသုတ္တန်မှ လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်လေသည်။
ဆူဇီမို၏ ဉာဏ်ပညာရင်းမြစ်အရ သူက နှစ်တစ်ရာအတွင်းမှာ ဤအမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို နားလည်ဆင်ခြင်နိုင်ခဲ့လေသည်။
သို့သော်လည်း မဟာနေ့ရက်ရူလိုင်းသုတ္တန်တွင် ရှင်းလင်းစွာ ဖော်ပြထားသည်မှာ ဤအမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်က အရမ်းကို စွမ်းအားကြီးလွန်းသောကြောင့် ဓမ္မဝိသေသအဆင့်သို့ ရောက်ရှိပြီးမှသာလျှင် ကျင့်ကြံသူတစ်ယောက်က အဲ့ဒါကို ထုတ်ဖော်နိုင်လိမ့်မည် ဖြစ်၏။
မဟုတ်ပါက.. ကျင့်ကြံသူ၏ အမြုတေစိတ်ဝိညာဉ်က အဲ့ဒါကို ကိုင်တွယ်ထိန်းချုပ်နိုင်မှာ မဟုတ်ပေ။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်က နောက်ပိုင်း-နိုးထဝိညာဉ်အဆင့်မှာသာ ရှိသေးလေသည်။
အမြုတေစိတ်ဝိညာဉ်နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီးနောက်.. သူ၏ အသစ်ဖြစ်ပေါ်လာသော အမြုတေစိတ်ဝိညာဉ်က အလွန်ဆုံး မူလနတ္ထိအဆင့်မှာသာ ရှိပေလိမ့်မည်။
ဓမ္မဝိသေသအဆင့်ကိုတော့ လုံးဝ မရောက်နိုင်ပေ။
သို့သော်လည်း သူ့ရှေ့ရှိ အခြေအနေက သူ့ကို မည်သည့်ရွေးချယ်ခွင့်မှ ပေးမထားပေ။
အဲ့ဒါကသာ သူ၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်၏ အသိစိတ်က မူပိုင်ဓမ္မလက်နက်နှင့် ချိတ်ဆက်ထားပြီး ဤအခိုက်အတန့်၌ သူ့အမြုတေစိတ်ဝိညာဉ်၏ အရောင်အဝါက မှိန်နေ၏။
သူ့လက်တစ်ဖက်ကို ဖြတ်ထုတ်လိုက်ရပြီးနောက် သူ့သွေးချီက အားနည်းနေ၏။ အဲ့ဒီနောက် သူသည် စတုရန်းကြေးမီးဖို၊ ဖန်တီးခြင်းကြာပဒုမ္မာနှင့် ကြာစေ့များကိုနှင့်ပင်လျှင် ဆက်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ရ၏။ ယခုအချိန်မှာ သူက အားအနည်းဆုံး ဖြစ်နေလေသည်။
ဤအခိုက်အတန့်မှာ သူက အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို ထုတ်ဖော်နိုင်မည်ဆိုလျှင် အဲ့ဒါက ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်၏ အမြုတေစိတ်ဝိညာဉ်ကို သတ်ဖြတ်နိုင်ဖို့ ဖြစ်နိုင်ခြေ ရှိလေသည်။
“ရူလိုင်းဓမ္မချိပ်စည်း”
ဆူဇီမိုက မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ပြီး လေဟာနယ်ကို တုန်ခါသွားစေ၏။
သူ့နဖူးမှ ရွှေရောင်အလင်းတစ်ခုက တောက်ပလာပြီး စကြာပုံစံ အမှတ်သင်္ကေတတစ်ခုက ဗုဒ္ဓအလင်းရောင်ခြည်များနှင့်အတူ ဖြည်းဖြည်းချင်း ဖြစ်တည်လာလေသည်။
ရှေးဟောင်းအမှတ်သင်္ကေတသည် တောက်ပဝင်းထိန်သော ရွှေရောင်အလင်းနှင့်အတူ ဆင်းသက်လာပြီး လောကတစ်ခုလုံးကို ဖိနှိမ်ချင်သည့်အလား ထင်ရလေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြူးကျယ်သွား၏။
သူ့မျက်လုံးများက ရွှေရောင်အလင်းဖြင့် စီးပိုးခြယ်လှယ်ခြင်းကို ခံနေရလေသည်။
သူ့အသိစိတ်အတွင်းတွင်.. သူ၏ အမြုတေစိတ်ဝိညာဉ်က ရူလိုင်းဓမ္မချိပ်စည်းနှင့် ရင်ဆိုင်အတွေ့မှာ တုန်ယင်နေပြီး ဒူးထောက်ဝပ်တွားတော့မည်ကဲ့သို့ပင် ရှိလာလေသည်။
အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်က ထိုကဲ့သို့သော ကြောက်စရာကောင်းလှသည့် လျှို့ဝှက်အတတ်တစ်ခုကို ဘယ်လိုတောင် ထုတ်ဖော်နိုင်တာလဲ သူစဉ်းစားလို့တောင် မရပေ။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကလည်း အဆက်မပြတ် တုန်ယင်လာနေ၏။
ရူလိုင်းဓမ္မချိပ်စည်းကို ထုတ်ဖော်ရာမှာ သူ့အမြုတေစိတ်ဝိညာဉ်ကနေ ထုတ်နုတ်သုံးစွဲရသော စွမ်းအင်ပမာဏက အရမ်းကို သိပ်သည်းပြင်းထန်လွန်းလေသည်။
အားအင်ဆုတ်ယုတ်မှုနှုန်းက ကြောက်စရာကောင်းပြီး အဲ့ဒါက သူတောင့်ခံနိုင်သည့်ထက် ကျော်လွန်လာခဲ့လေသည်။
ရုတ်တရက်..
ဆူဇီမို၏ စိတ်အာရုံထဲသို့ မူးဝေထိုင်းမှိုင်းသည့် ခံစားချက်က တိုးဝင်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က တဆတ်ဆတ် တုန်ယင်လာခဲ့လေသည်။ ၎င်း၏ အရောင်အဝါက လျင်မြန်စွာ မှေးမှိန်လာပြီး လဲပြိုကျတော့မည့်ဆဲဆဲ ဖြစ်လာခဲ့လေသည်။
သူ့နဖူးထက်မှ စကြာပုံစံ သင်္ကေတကလည်း မှေးမှိန်လာလေသည်။
ရွှေရောင်အလင်းများကလည်း ပျက်ပြယ်လာ၏။
ကြောက်စရာကောင်းသည့် စွမ်းပကားကလည်း ဆုတ်ယုတ်သွား၏။
စကြာသင်္ကေတက အဆက်အပြတ် တုန်ခါလာပြီးနောက် ရွှေရောင်အစက်အပြောက်များအဖြစ် ပျက်ပြယ်ကာ လေထဲသို့ ပြန့်ကျဲသွားလေသည်။
သူသည် နောက်ဆုံးမှာတော့ ရူလိုင်းဓမ္မချိပ်စည်းကို မဖွဲ့တည်နိုင်စေခဲ့ပေ။
ဆူဇီမို၏ အမူအယာက ညိုမည်း၍ ယူကျုံးမရ ဖြစ်လာခဲ့လေသည်။
အဆုံးသတ်မှာတော့ သူ၏ အားထုတ်မှုများ အားလုံးက အချည်းနှီး ဖြစ်ခဲ့ရလေပြီ။
“ဟဟဟားဟားဟား”
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်က သူ့ခေါင်းကို မော့ပြီး တွန့်လိမ်သွားသော အမူအယာဖြင့် ရူးသွပ်စွာ ဟားတိုက်ရယ်မောလိုက်၏။
သူက ရှင်သန်နိုင်ခဲ့လေပြီ။
မသိလိုက်မသိဘာသာနှင့်ပင် ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်သည် ချွေးများဖြင့် စိုရွှဲနေသည်ကို သူ့ကိုယ်သူ တွေ့ရှိလိုက်ရ၏။
သူ့အသက်က ခြိမ်းခြောက်ခံခဲ့ရလေသည်။
ထိုအမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို သူက ရှင်းလင်းစွာ ခံစားမိခဲ့၏။
အကယ်၍ မိုက အခုနေမှာ အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်သာဆိုလျှင် သူက ယနေ့ သေဆုံးရဖို့ များလေသည်။
သို့သော်လည်း အဲ့ဒါက အကယ်၍သာလျှင် ဖြစ်လေသည်။
သူက ဆူဇီမိုကို ဆက်လက်၍ ကြီးထွားခွင့် ပေးစရာ အကြောင်းမရှိတော့ပေ။
“တောကောင်လေး.. ဒါက ဘဝပဲကွ”
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်က သူ၏ အပြုံးကို ပြန်ရုတ်သိမ်းပြီး အေးစက်စွာဖြင့် ပြောလိုက်၏။
“ဒီနေ့ မင်းက သေကိုသေရမယ့် ကံကြမ္မာ ပါလာပြီးသား”