← Chapters

ကမ္ဘာပေါ်ရှိ နံပါတ်တစ် စွမ်းရည်....တမြို့လုံးကို စစ်ကြေညာခြင်း......

Vol. 12 Ch. 166

ကမ္ဘာပေါ်ရှိ နံပါတ်တစ် စွမ်းရည်....တမြို့လုံးကို စစ်ကြေညာခြင်း......

Vol. 12 Ch. 166

တကျန်း၏တုံ့လင်းပြည်နယ်တွင်....

တောင်တွေ ဝန်းရံထားတဲ့ မြို့တစ်မြို့တွင် ရထားလုံးများ ကုန်သည်များအပြင်

သိုင်းပညာရှင် အများအပြားလည်း ရှိနေ၏။

ဘန်းးးးး

လူငယ်တစ်ဦး လောင်းကစားရုံမှ နှင်ထုတ်ခံရပြီး လမ်းပေါ်တွင် လဲကျသွားသည်။

ခဏကြာတော့ ခပ်ထွားထွားလူတစ်ယောက်ထွက်လာပြီး.....

"ခွေးကောင်လေး....မင်းပြန်ဝင်လာရင် မင်းခြေထောက်တွေကို ငါချိုးပစ်မယ်" ဟု ကြိမ်းမောင်းလိုက်သည်။

လူငယ်လေးက ဖာထေးထားသော ၀တ်ရုံကို ဝတ်ထားသည်။ သူ၏ ရှည်လျားသော ဆံပင်များကို အဝတ်စုတ်ဖြင့် ချည်နှောင်ထား၏။သူ့တင်ပါးကို ပွတ်သပ်ပြီး မတ်တပ်ထရပ်ကာ....

“ငါ့ခွန်အားနဲ့ ဒီပိုက်ဆံတွေ နိုင်ခဲ့တာ...မလျော်ပေးရင်တရားရုံးမှာသွားတိုင်မယ်....."

လူထွားကြီးက.... “ဒါဆို သွားတိုင်လေ.....မင်းသွားတိုင်ရဲရင် မနက်ဖန် မင်းအလောင်းကို မြို့တံခါးရှေ့မှာ ဆွဲထားမယ်....မယုံရင် စမ်းကြည့်လိုက်....."

လူငယ်က နှာမှုတ်လိုက်ပြီး ....

“ လေကျယ်မနေနဲ့.... ငါ မင်းကို မယုံပေမယ့် မင်းနဲ့ ငြင်းခုံဖို့ စိတ်မဝင်စားဘူး..." ဟုဆိုကာ ထွက်ပြေးသွားခဲ့သည်။

လူထွားကြီးက တံတွေးထွေးပြီး အလောင်းကစားရုံထဲသို့ လှည့်ဝင်သွားခဲ့သည်။

လူငယ်လေးက အရှိန်မလျှော့မီ လမ်းကြားတစ်ခုထဲ ပြေးဝင်ကာ သူ့တင်ပါးတွေကို ပွတ်ပြီး အံကြိတ်၍.....

“နာလိုက်တာ....ဒီတစ်နှစ်တာလုံး အလောင်းကစားရုံမှာ ငွေဘယ်လောက်ရင်းနှီးမြှုပ်နှံထားလိုက်သလဲ.... အနိုင်ရတုန်းငွေပြန်ပေးလိုက်ရင်ဘာဖြစ်မှာမို့လို့လဲ....အတော်ရက်စက်တဲ့လူတွေ....." မင်းက တကယ်ရက်စက်တာပဲ"

သူ့နာမည်က ယန်ကျိုး ဖြစ်ပြီး ဒီနှစ်မှာ အသက်ဆယ့်ခြောက်နှစ်ရှိပါပြီ။ သူသည် မိသားစုဝင်ခုနှစ်ဉီးရှိသော သာမန်လယ်သမားမိသားစုတွင် မွေးဖွားခဲ့သည်။ အစ်ကိုအကြီးဆုံးက စာပေဘက်တွင် ဝါသနာထုံပြီး ပညာသင်ဆုရဖို့ ကြိုးစားနေသည်။တခြားညီအစ်မတွေကလည်း ချည်ထိုးပန်းထိုးသင်တန်းကျောင်းတွင် တက်ရောက်နေကြသည်။

ယန်ကျိုးက ကျိန်ဆဲပြီး အိမ်ပြန်လမ်းမှာ ငိုချလိုက်မိသည်။ သူ့မှာ ပိုက်ဆံမရှိတော့ဘူး........

ဘုတ်......

ရုတ်တရက် တစ်စုံတစ်ယောက်ကို ဝင်တိုက်မိသဖြင့် ခြေလှမ်းနှစ်လှမ်း နောက်ပြန်ဆုတ်သွားခဲ့သည်။ သူက တစ်ဖက်လူကို မော့ကြည့်ပြီး....

“မျက်စိမပါဘူးလား...."

သူ့စကားမဆုံးခင်မှာ အံ့ဩသွားခဲ့ရသည်။တဖက်လူက အလွန်ချောမောသောကြောင့် ယောက်ကျားချင်းဖြစ်နေသည့်တိုင် အံ့အားသင့်သွားသည်။

ထိုသူကတော့ ကျန်းချန်ရှန်းပင်.........

ကျန်းချန်ရှန်းက ......

“တကယ်တော့ ငါ့မှာ မျက်စိပါတယ်....မင်းသာ ငါ့ကို မမြင်ဘဲဝင်တိုက်တာ...ကဲ မျက်စိမပါတဲ့လူက ဘယ်သူလဲ........”

ယန်ကျိုးက ရှက်ရွံ့စွာ ပြုံးပြီး ကျန်းချန်ရှန်းကို တောင်းပန်စကားဆိုလိုက်သည်။

ကျန်းချန်ရှန်းက သူ့ကို ရုတ်တရက် ....."မင်း သိုင်းပညာ သင်ယူချင်လား" ဟု မေးလိုက်သည်။

ယန်ကျိုးက သူ့ကို လှည့်ကြည့်လိုက်ပြီး.....

“သင်ချင်တယ်...ခင်ဗျား ကျွန်တော့ကို သင်ပေးမလို့လား..."

"အင်း...ငါမင်းကိုသင်ပေးချင်တယ်...

"

ကျန်းချန်ရှန်းက ပြုံးပြီး ယန်ကျိုးကို သေချာအကဲခတ်လိုက်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူသည် နဂါးကြောတိုက်ကြီးရှိ အထူးချွန်ဆုံးပုဂ္ဂိုလ်မှာ ယန်ကျိုး ဖြစ်သည်ဟု တွက်ဆရန် အမွှေးတိုင်များကို အသုံးပြုခဲ့သည်။ တိုက်ဆိုင်စွာပင်၊ ယန်ကျိုး သည် ဘယ်သူ့ကိုမှာ ဆရာမတင်ရသေးဘဲ ကြီးပြင်းလာခဲ့သည်။

ယန်ကျိုးက.... "သိုင်းပညာသင်ရင် ဘယ်လောက်ပေးရမှာလဲ"

ငယ်ငယ်က တွေ့ဖူးတဲ့ သူတောင်းစားအိုကြီးတစ်ယောက်က သူ့ထံမှ ကြေးပြားဆယ်ပြား လိမ်ယူပြီး ကြုံရာစာအုပ်တစ်အုပ်ကို လျှို့ဝှက်သိုင်းကျမ်းဟုဆိုကာ ပေးခဲ့ဖူးသည်။ သူသည် ထိုအဖိုးအိုကို ပေးဖို့ ကြေးပြားတွေကို သူ့အစ်ကိုဆီက ခိုးယူခဲ့သည်။

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး.....

“ငါ ပိုက်ဆံမယူပါဘူး.... မင်း ငါနဲ့အတူ သိုင်းပညာလေ့ကျင့်ချင်ရင် အခုချိန်ကစပြီး ငါ့အတွက် အလုပ်လုပ်ပေးရမယ်....."

သူ ယန်ကျိုးကို ရက်အနည်းငယ်ကြာအောင် စောင့်ကြည့်ခဲ့သည်။ ထိုကလေးသည် လမ်းဘေးလူမိုက်ဖြစ်သော်လည်း လူဆိုးတစ်ယောက်မဟုတ်ပေ။ သူက အလောင်းကစားမက်ပြီး ဘေးအိမ်က ကလေးတွေကို အနိုင်ကျင့်တတ်သေးသည်။

ယန်ကျိုးက မျက်မှောင်ကြုတ်ပြီး.....

"ခင်ဗျားက နတ်ဆိုးသိုင်းပညာရှင်လား...."

ထိုနတ်ဆိုးဂိုဏ်းများသည် လူငယ်များကို လိမ်လည်လှည့်ဖြားပြီး ဒုက္ခပေးတတ်ကြောင်း ကြားဖူးထားသည်။ ထိုအချိန်မှစ၍ ၎င်းတို့သည် နတ်ဆိုးလမ်းစဉ်ထဲသို့ ကျရောက်ပြီး ရက်စက်ကြမ်းကြုတ်သော အရာများကို လုပ်ဆောင်ကြမည်ဖြစ်သည်။

ကျန်းချန်ရှန်းက ရုတ်တရက် သူ့ပခုံးကို ဆုပ်ကိုင်လိုက်ပြီး ခုန်ထကာ မြို့တစ်ခုလုံးကို ငုံ့ကြည့်ရန် ကောင်းကင်ပေါ်သို့ ခေါ်ဆောင်သွားသည်။

ယန်ကျိုး မယုံနိုင်စွာ မျက်လုံးပြူးသွားသည်။

ကျန်းချန်ရှန်း မြေပြင်ပေါ်သို့ ဆင်းလာပြီး သူ၏ ညာလက်ကို လွှတ်လိုက်တော့ ယန်ကျိုး တုန်တုန်ယင်ယင်နှင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူက ချက်ချင်းထပြီး စိတ်လှုပ်ရှားစွာနဲ့....

“ကျွန်တော်ဆန္ဒရှိပါတယ်....ခင်ဗျားနဲ့အတူ သိုင်းပညာ လေ့ကျင့်ဖို့ ဆန္ဒရှိတယ်!”

နတ်ဆိုးလမ်းစဉ်တွေ ဘာတွေမေ့လိုက်တော့.....သူက တန်ခိုးကြီးတဲ့လူ ဖြစ်ချင်ခဲ့တာ.......

သူအင်အားကြီးပြီး နောက်တစ်ကြိမ် လောင်းကစားထပ်လုပ်တဲ့အခါ ဒီလူယုတ်မာတွေ သူ့ကို ထိပါးရဲမည်မဟုတ်ပေ။

ကျန်းချန်ရှန်းက ဝတ်ရုံထဲက ပိုက်ဆံအိတ်ကို ထုတ်ပြီး သူ့လက်ထဲထည့်ပေးကာ.....

“ဒီငွေတွေကို သူတို့အတွက်

ထောက်ပံ့ကြေးအဖြစ်ပေးခဲ့မင်းမိသားစုကို နှုတ်ဆက်ခဲ့.... ပြီးရင် မနက်​ဖြန်​ မြို့ပြင်​မှာ ​စောင့်​​နေ....ငါလာခေါ်မယ်....."

ပြောပြီးသည်နှင့် ကျန်းချန်ရှန်း လေထုထဲတွင် ပျောက်ကွယ်သွားသည်။

ယန်ကျိုး ပိုက်ဆံအိတ်ကိုဖွင့်ကြည့်လိုက်တော့ ငွေအပြည့်ပါနေသည်ကို တွေ့လိုက်ရသည့်အတွက် အလွန်စိတ်လှုပ်ရှားနေလေသည်။ ခဏကြာတော့ သူက ပိုက်ဆံအိတ်ကို သိမ်းထားပြီး ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ကာ....

"ထူးဆန်းတယ်...ဟိုလူငါ့ကို ကောင်းကင်ပေါ် ခေါ်သွားတာ ဘယ်သူမှမသိလိုက်ကြဘူးလား....."

ယန်ကျိုး လျှို့ဝှက်စွာ အံ့သြသွားသော်လည်း ငွေတွေ အစစ်အမှန်ဖြစ်ပြီး ၎င်းကို စဉ်းစားရန် ပျင်းလွန်းလှသည်။

နောက်တစ်နေ့ နေ့လယ်တွင်.....

ယန်ကျိုးက လုံချီ ဘုရားကျောင်း တံခါးရှေ့တွင် မှိုင်းညို့သော အမူအရာဖြင့် ရပ်နေသည်။

“မြို့တော်က လုံချီဘုရားကျောင်း....တကယ်ကြီးလား.... ”

ယန်ကျိုး ရှည်လျားသော ဧည့်သည်လူတန်းကြီးကို ကြည့်ရင်း စကားထစ်သွားသည်။

ငယ်ငယ်ကတည်းက မြို့ကို တစ်ခါမှ မရောက်ဖူးပေမယ့် လုံချီ ဘုရားကျောင်းကိုတော့ ကြားဖူးသည်။

ဤသည်မှာ တကျန်း၏ နံပါတ်တစ် သန့်ရှင်းသောမြေဖြစ်သည်။

ကျန်းချန်ရှန်းက သူ့ကို တောင်ခြေမှာထားခဲ့ပြီး သူ့ဘာသာသူ တက်လာခိုင်းခဲ့သည်။

ယန်ကျိုး သိုင်းတောင်ထွတ်ကြောင့် အံ့အားသင့်သွားပြန်သည်။ လမ်းတစ်လျှောက်တွင် တွေ့သမျှလူတိုင်းကိုသူဘယ်ရောက်နေသလဲဟု မေးခဲ့သော်လည်း သူ့ကို လူထူးဆန်းတစ်ယောက်လိုသာကြည့်နေကြသည်။

ဒါကိုမြင်တော့ သူက ထပ်မမေးရဲတော့ဘဲ တောင်ပေါ်ကို အမြန်တက်သွားခဲ့သည်။ ထို့နောက် “လုံချီဘုရားကျောင်း” ဟူသော စကားလုံးကို မြင််လိုက်ရသည်။

တုံ့လင်းပြည်နယ်မှ ရှီပြည်နယ်သို့ အနည်းဆုံး မိုင် 80,000 အကွာအဝေးရှိသည်။ အချိန်တိုလေးသာ ပျံသန်းခဲ့ရသည်ဟု သူဘာကြောင့်ခံစားရသနည်း။

ထိုအချိန်တွင် အမျိုးသမီးတစ်ဦး လမ်းလျှောက်လာသည်။

ထိုမိန်းကလေးကတော့ ချင်းအာဖြစ်သည်။

ချင်းအာက ယန်ကျိုးကို အကဲခတ်ပြီး....

"ရှင်က ယန်ကျိုးလား?"

ယန်ကျိုးက ထိုအခါမှသာ စိတ်နဲ့ကိုယ်ကပ်နိုင်ပြီး..... "ငါ... ငါ့နာမည်က ယန်ကျိုးပါ.. .."

ကျန်းချန်ရှန်းအကြောင်း ပြောခါနီးတွင် သူ့နာမည်ကို မသိကြောင်း ရုတ်တရက် သိလိုက်ရသည်။

"ကျွန်မ နောက်ကလိုက်ခဲ့ပါ....အခုချိန်ကစပြီးရှင်က လုံချီ ဘုရားကျောင်းရဲ့ တပည့်တစ်ယောက်ဖြစ်နေပြီ... ဒါ့ကြောင့်မို့ ကျွန်မကို စီနီယာလို့ခေါ်ပါ.... ရှင့်ရဲ့ အခြေအနေကို သိထားပြီးပြီ.... အတိတ်က အကျင့်ဆိုးတွေ ထပ်မပေါ်လာပါစေနဲ့.... အကျင့်ဆိုးတွေပေါ်လာတယ်အသံကြားတာနဲ့ ကောင်းကောင်းအပြစ်ပေးခံရမယ်....."

ချင်းအာက ပြောပြီးနောက် လှည့်ကြည့်ကာ ဘုရားကျောင်းထဲသို့ လျှောက်သွားလိုက်သည်။ ယန်ကျိုးက သူမနောက်ကို အလျင်စလို လိုက်လာသည်။

လုံချီတောင်ပေါ်က ခြံဝင်းထဲတွင်.....

ကျန်းချန်ရှန်းက ယန်ကျိုး ဘုရားကျောင်းထဲသို့ ဝင်သွားသည်ကို မြင်သောအခါ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

ယန်ကျိုးက အလွန်ထက်မြက်သည်။ သိုင်းပညာကို မလေ့ကျင့်ထားသော်လည်း အာရုံငါးပါးခံစားမှုက သာမန်လူများထက်သာလွန်သည်။ ထို့ကြောင့် အိုးအတွင်းရှိ အသံများကို ကြားနိုင်ပြီး အံစာတုံး၏အပွင့်အရေအတွက်ကို ဆုံးဖြတ်နိုင်သည်။နိုင်ပွဲဆက်နေသဖြင့် အလောင်းကစားရုံက မလျော်နိုင်တော့ဘဲ ကန်ထုထ်ခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင်၊ တကျန်းသည် သိုင်းပညာလမ်းကြောင်းကို အကောင်အထည်ဖော်နေသော်လည်း တုံ့လင်းပြည်နယ်က ရှီပြည်နယ်နှင့် အလွန်ဝေးကွာသည်။အဲဒီမှာ သိုင်းပညာကို မင်းမျိုးမင်းနွယ်တွေက ထိန်းချုပ်ထားတာမို့ ယန်ကျိုး ငယ်ငယ်လေးကတည်းက သိုင်းပညာကို မလေ့ကျင့်ခဲ့ဖူးပေ။

သူသာ မြို့ထဲမှာနေမယ်ဆိုရင် သူ့ရဲ့ အရည်အချင်းတွေကို အစောကတည်းကသိနိုင်ပေမည်။

ယန်ကျိုး၏ ကြွက်သားနှင့်အရိုးတည်ဆောက်ပုံကို သူ သတိပြုမိသည်။ ကြံ့ခိုင်မှုအရဆို သူသည် ကျန်းဂျန်နှင့်ပင်းအန်းလောက် မသန်မာပေ။ စတွေ့စဉ်က သိပ်မထူးခြားပေမယ့် ပျံသန်းနေစဉ် တမင် အရှိန်လျှော့ပြီး ယန်ကျိုးဿိ ဂရုတစိုက် စောင့်ကြည့်ခဲ့သည်။

ယန်ကျိုးတွင် စစ်မှန်သောချီကို နှိုးဆွပေးနိုင်သော အပ်စိုက်အမှတ် ကိုးခုရှိနေသည်။ ၎င်းတို့ကို ဖွင့်သည်နှင့် ထူးခြားသော သွေးကြောရှစ်ခုပွင့်လာမည်ဖြစ်ပြီး အသွင်ကူးပြောင်းနိုင်မည်မှာ သေချာပါသည်။ ကျန်းချန်ရှန်းအနေဖြင့် ထိုကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

ယန်ကျိုးကို ကောင်းကင်သံသရာစက်ဝန်းပညာရပ်ကို တိုက်ရိုက်လေ့လာခွင့်ပြုရန် ချင်းအာကို ညွှန်ကြားထားပြီးဖြစ်သည်။

လုံချီဘုရားကျောင်းတွင် တပည့်တစ်သောင်းနီးပါးရှိသောကြောင့် ယန်ကျိုး ရောက်ရှိလာသည်ကို မည်သူမျှ အရေးတယူမရှိခဲ့ပေ။

တစ်လကြာသောအခါ... ညဉ့်ဉီးပိုင်း၌....

ကျန်းချန်ရှန်း မျက်လုံးဖွင့်လိုက်ပြီး ခဏအကြာတွင် ဓားနတ်ဘုရားကပါမျက်လုံးပွင့်လာပြီး သိုင်းတောင်ထွတ်ကို ကြည့်လိုက်သည်။

တစ်လမျှသာ လေ့ကျင့်ခဲ့ရသော်လည်း ယန်ကျိုးသည် ကောင်းကင်သံသရာစက်ဝန်းကျင့်စဉ်၏ ပထမအဆင့်ကို ကျွမ်းကျင်နေပြီဖြစ်သည်။ သူသည် သူ၏ အပ်စိုက်မှတ်များကို အောင်မြင်စွာဖွင့်နိုင်ခဲ့ပြီး အသွင်ပြောင်းရန်အတွက်အစစ်အမှန်ချီကို အသုံးပြုခဲ့သည်။ထို့ကြောင့် သိုင်းတောင်ထွတ်ရှိ သိုင်းပညာဆိုင်ရာ ဝိညာဉ်စွမ်းအင်များ လက်ရှိတွင် သူ့ဆီသို့ တဟုန်ထိုး တိုးဝင်နေပြီး သူ့ခန္ဓာကိုယ်ကို ထိန်းညှိပေးနေသည်။

ကံကောင်းထောက်မစွာ၊ ကျန်းချန်ရှန်း က သူ့ကို အခန်းထဲမှာ တစ်ယောက်တည်းနေဖို့ ညွှန်ကြားထားတာကြောင့် တခြားတပည့်တွေကို မသိခဲ့ကြပေ။

ဓားနတ်ဘုရားက ကျန်းချန်ရှန်းကိုကြည့်ပြီး.....

"လုံချီ ဘုရားကျောင်းမှာ ထူးထူးခြားခြား ပါရမီရှင်တစ်ယောက်ရှိပုံရတယ်.... ငါသွားကြည့်လို့ရမလား?"

ကျန်းချန်ရှန်းက ခေါင်းညိတ်သဘောတူလိုက်သည်နှင့်ဓားနတ်ဘုရား တံစက်မြိတ်မှ ချက်ချင်းပျောက်ကွယ်သွားသည်။

ပိုင်ချီက သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး

“ဓားနတ်ဘုရားတောင်မှ သတိထားမိတယ်ဆိုတဲ့ အဲ့ဒီတပည့်က သာမာန်မဖြစ်နိူင်ဘူး.... ဟူးးး လုံချီဘုရားကျောင်းမှာ နောက်ဆုံးတော့ပါရမီရှင်ရှိလာခဲ့ပြီပဲ...ဒါပေမယ့် ကျူကျွယ်နဲ့ယုချင်းယွမ်ကို ယှဉ်နိုင်ပါ့မလား...."

ဒုတိယနှင့် တတိယမြောက် သန့်ရှင်းသောနယ်မြေများတွင် တပြည်လုံးတွင် နာမည်ကျော်ကြားသော ပါရမီရှင်များ ရှိသောလည်း လုံချီ ဘုရားကျောင်းတွင် အဘယ်ကြောင့် မရှိခဲ့သနည်း။ အရင်တုန်းက ဟွမ်းချွမ်က သူတို့ထဲက တစ်ယောက်ဖြစ်ပေမယ့် အသက်ကြီးနေပြီဖြစ်သည်။

ကျန်းချန်ရှန်းက.... "သူက ပိုသန်မာတယ်"

ယန်ကျိုးကိုရှာရန် အမွှေးတိုင် ၁ တိုင် ကုန်ကျသော်လည်း၊ ယန်ကျိုးက အလွန်အားနည်းသောကြောင့်သာ ဖြစ်ပြီး

အရည်အချင်း ချို့တဲ့နေလို့ မဟုတ်ပေ။

အမွှေးတိုင်တန်ဖိုးကို လူတစ်ဦး၏ နယ်ပယ်အလိုက်သာ ခွဲခြားထားသည်။ ဒါဟာ လူတစ်ယောက်ရဲ့ အလုံးစုံ ခွန်အားကို ကိုယ်စားမပြုနိုင်ပေ။

ဓားနတ်ဘုရားတင်မကဘဲ ချင်းအာ၊ဟွမ်းချွမ်နှင့်လင်းရှောင်တို့လည်း ထိတ်လန့်သွားကြသည်။ သူတို့အားလုံး ယန်ကျိုး၏ ခြံဝင်းဆီသို့ ရောက်လာကြသည်။ ဓား​နတ်ဘုရားရောက်လာတာကိုမြင်တော့ သူတို့​သုံး​ယောက်​ ချက်ချင်း​ပဲ ဦး​ညွှတ်​လိုက်ကြသည်။

ကျန်းချန်ရှန်းက ကောင်းကင်မှာ တောက်ပနေတဲ့ လမင်းကိုမော့ ကြည့်ပြီး.....

“နောက်ထပ်ကောင်းမွန်တဲ့ လမင်းတစင်းထွန်းတောက်လာပြီ” ဟု ရေရွတ်လိုက်သည်။

စစ်ကြီးစတင်ပြီးနောက် နှစ်ဝက်အတွင်း သတင်းကောင်းများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ လက်နက်ချဖို့ အစပြုတဲ့ မင်းဆက်တွေတောင် ရှိခဲ့သည်။

ဧကရာဇ်ရွှမ်ထျန်းက အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိ အများအပြားကို စေလွှတ်ခဲ့ပြီး ၎င်း၏ အသစ်ရရှိထားသော နယ်မြေကို ဘုရင်ခံများထံ လွှဲပြောင်းပေးရန် မရည်ရွယ်ခဲ့ပေ။ အမတ်တွေ မကျေမနပ်ဖြစ်ပေမဲ့ မငြင်းဆန်ရဲကြချေ။ လက်ရှိဧကရာဇ်သည် လူသားဧကရာဇ်၏အမွေကိုရရှိထားပြီး သိုင်းပညာအလွန်ကျွမ်းကျင်ကြောင်း လူတိုင်းသိကြသည်။ထို့အပြင် တာအိုဘိုးဘေးဆီကပါအကာအကွယ်ရထားသည့်အတွက် ဧကရာဇ်၏အမိန့်ကို ငြင်းဆိုရန်ပင် မဝံ့ရဲကြပေ။

တကျန်းက နယ်​မြေ အရူးအမူး ချဲ့ထွင်နေချိန်တွင်၊ လုံချီဘုရားကျောင်းရှိ ယန်ကျိုး၏ ဂုဏ်သတင်းမှာလည်း မြင့်တက်လာသည်။

တပည့်များက သူ့ကို ဒုတိယ ကျူကျွယ်ဟုခေါ်ကြသည်။

လုံချီဘုရားကျောင်းတွင်အတော်ကြာအောင်နေခဲ့ပြီးမှ သူတွေ့ခဲ့သော ဝတ်ရုံဖြူနှင့် ချောမောသောလူငယ်လေးက တာအိုဘိုးဘေးဖြစ်နေသည်ကို သိခဲ့ရသည်။

တာအိုဘိုးဘေးကသာ သူ့ကို ချင်းအာ ရဲ့ တပည့်ဖြစ်လာအောင် တိုက်ရိုက်ခွင့်ပြုပေးခဲ့ခြင်းပင်....

ထို့အတွက်ကြောင့် တာအိုဘိုးဘေးဘိုးဘေးကို ကျေးဇူးတင်ပြီး သူ့ကို စိတ်ပျက်အောင် ကြိုးစားရမည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။

တနေ့သ၌....

ချင်းအာ လာရောက်လည်ပတ်ခဲ့ပြီးယန်ကျိုးရဲ့ အခြေအနေအကြောင်း ကျန်းချန်ရှန်းကိုအကြောင်းကြားဖို့ မဟုတ်ပေ။ ယင်းအစား သူမက စာတစ်စောင်ယူလာပြီး......

“ဆရာတော်...ဒီစိန်ခေါ်မှုစာက တစ်မြို့လုံးအနှံ့ပျံ့နှံ့နေပြီ... ထျန်းဟိုင်က နံပါတ်တစ်ပညာရှင် ရဲရွှမ်က ဆရာတော်နဲ့ တိုက်ခိုက်ချင်တယ်လို့ရေးထားတယ်.... နောက်လရဲ့ ပထမဆုံးနေ့ရောက်ရင် သိုင်းတောင်ထွတ်မှာ တိုက်ခိုက်ကြမယ်တဲ့....."

ကျန်းချန်ရှန်း မျက်လုံးဖွင့်ပြီး စာကိုယူကာ တိတ်တဆိတ် ဝမ်းမြောက်နေမိသည်။

ဓားနတ်ဘုရားက မျက်မှောင်ကြုတ်ကာ.....

“ထျန်းဟိုင်ရဲ့ နံပါတ်တစ်ပညာရှင် ဒီကိုရောက်နေပြီလား...."

ပိုင်ချီက..... “ကိစ္စမရှိပါဘူး...လာတဲ့သူတိုင်း ရှုံးလိမ့်မယ်....ဟင်းးးးသူရဲကောင်းသင်္ချိုင်းထဲကို အလောင်းအသစ်တွေရောက်မလာတာ အချိန်အတော်ကြာခဲ့ပြီ.........”

ကျန်းချန်ရှန်းက "ဒီလူက လှည့်ကွက်တွေကို သေချာသိသားပဲ......."

မဆိုးဘူး မဆိုးဘူး! ချီးမွမ်းထိုက်သူပဲ....

ဤအရာက သူအတွက် သန့်ရှင်းသောဂုဏ်သိက္ခာတည်ဆောက်ရန် အခွင့်အရေးပေးနေသည်မဟုတ်ပေလော.......

ဤအရာပြီးသည်နှင့်၊ အမွှေးတိုင်အရေအတွက်တိုးလာနိုင်သည်။

ချင်းအာက ကူကယ်ရာမဲ့စွာနဲ့ .....

“ဒီသတင်းက မြို့တော်မှာတင်ပျံ့နှံ့နေတာ မဟုတ်ဘူးလို့ ကြားထားတယ်.....လျှို့ဝှက်ဆန်းကြယ်တဲ့သိုင်းပညာရှင်တစ်စုက ဒီစာကို ရည်ရွယ်ချက်ရှိရှိ ဖြန့်စေနေတာ...သူတို့ကို ဝတ်ဖြူတော်အစောင့်တွေတောင် ဖမ်းလို့မရဘူး.....,.."

ကျန်းချန်ရှန်းက "သူလာချင်ရင် လာခဲ့ပါစေ......“ရက်အနည်းငယ်ကြာရင် ဟိုကလေးကို သိုင်းစံအိမ်ကို ခေါ်သွားလိုက်.... ကျူကျွယ် သိုင်းစံအိမ်က ထွက်မလာသေးတာကို အခွင့်ကောင်းယူပြီး မောက်မာမှုမရှိအောင် သင်ခန်းစာပေးရမယ်......”

All Chapters