← Chapters

သိုင်းပညာကို ဘယ်နှစ်နှစ်လောက် လေ့ကျင့်ခဲ့လဲ.....သိုင်းတောင်ထွတ်မှ အဆုံးအဖြတ်တိုက်ပွဲ .......

Vol. 12 Ch. 167

သိုင်းပညာကို ဘယ်နှစ်နှစ်လောက် လေ့ကျင့်ခဲ့လဲ.....သိုင်းတောင်ထွတ်မှ အဆုံးအဖြတ်တိုက်ပွဲ .......

Vol. 12 Ch. 167

"ကောင်းပြီ၊ ဒီကလေးက မကြာသေးခင်က အတော်မာနကြီးတာတော့ အမှန်ပဲ"

ချင်းအာက ခေါင်းညိတ်လိုက်သည်။ သူမက ယန်ကျိုးကို အမြဲတမ်း ဘက်လိုက်ခဲ့သည်။ ဤကလေး၏ သိုင်းပညာစွမ်းရည်သည် သန်မာသော်လည်း အခြားတပည့်များနှင့် လောင်းကစားပြုခြင်းကို အမြဲနှစ်သက်သည်။ဤအရာက လုံချီဘုရားကျောင်း၏ ယဉ်ကျေးမှုကို အမှန်တကယ် ထိခိုက်စေခဲ့သည်။ အကြိမ်အနည်းငယ် အရိုက်ခံရပြီးနောက်၊ ယန်ကျိုးက နောက်တစ်ကြိမ် ထပ်မလုပ်တော့ဘူးလို့ ကတိပေးခဲ့​သော်လည်း ကတိမတည်ခဲ့ပေ။

ယန်ကျိုးသည် လောင်းကစားဝါသနာပါတာကလွဲလို့ တခြားအကျင့်ဆိုးတွေ မရှိပေ။ သူသည် အမျိုးသမီးတပည့်များအပေါ်တွင်လည်း တလေးတစားဆက်ဆံတတ်ပြီး အမျိုးသားများက အလောင်းအစားပြုလုပ်ရန် အလွယ်ကူဆုံးဖြစ်သောကြောင့် ယောက်ျားတပည့်များနှင့် လောင်းကြေးထပ်ရသည်ကို နှစ်သက်သည်ဟုပင် ဆိုနိုင်ပါသည်။

ချင်းအာ ထွက်သွားပြီးနောက်၊ ကျန်းချန်ရှန်းက ရဲရွှမ်၏ အင်အားကို တွက်ချက်ကြည့်ရာ အမွှေးတိုင်အရေအတွက် 600,000 ရှိသည်ဟု သိရှိခဲ့ရသည်။ မကြာသေးမီက သူ၏ ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာပုံရသည်။

သို့သော် အမွှေးတိုင် 600,000 ကမလုံလောက်နိုင်ပေ။

ကျန်းချန်ရှန်းက နောက်လတွင်ရောက်လာမည့် အဆုံးအဖြတ်တိုက်ပွဲကို စောင့်မျှော်နေတော့သည်။

ပိုင်ချီနှင့်ဓားနတ်ဘုရားက ယန်ကျိုး အကြောင်း ပြောဆိုနေပြီး ဓားနတ်ဘုရားက ယန်ကျိုးယန်ကျိုး ၏စွမ်းရည်သည် ကျန်းဂျန်ထက် မနိမ့်ကြောင်း ချီးကျုးခဲ့သည်။

ယန်ကျိုး၏ ခန္ဓာကိုယ်တည်ဆောက်ပုံက ထင်သလောက်မရိုးရှင်းနိုင်ပေ။

.............

စစ်မှန်သော သိုင်းစံအိမ်သည် မြို့တော်၏ နန်းတော်အနီးတွင် တည်ရှိသည်။သိုင်းစံအိမ်တွင် စုစုပေါင်း အထပ်ကိုးထပ်ရှိပြီး အထပ်တစ်ခုစီ၏ စင်္ကြံများကို အဖြူတော် အစောင့်များက စောင့်ကြပ်နေသည်။ အနီးနားက လမ်းတွေမှာ အစောင့်တပ်သားတွေလည်း ကင်းလှည့်နေကြသည်။

သိုင်းပညာရှင်များ တယောက်ပြီးတယောက် သိုင်းစံအိမ်သို့ လာနေကြပြီး အထဲကို ၀င်ချင်သူတွေ အားလုံးဟာ သိုင်းပညာမှာ အောင်မြင်မှုတွေ ဒါမှမဟုတ် သန့်ရှင်းသောနယ်မြေ သုံးခုက ရွေးကောက်တင်မြှောက်ထားတဲ့ လူတွေသာဖြစ်ကြသည်။

ချင်းအာက ယန်ကျိုးကို သိုင်းစံအိမ်တံခါးဝဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ဒီခရီးစဉ်အတွက် ယန်ကျိုး အရမ်းစိတ်လှုပ်ရှားနေခဲ့၏။ မြို့တော်က သူ့မွေးရပ်မြေထက် အများကြီး ပိုချမ်းသာကြွယ်ဝပြီး သိုင်းစံအိမ်သို့ရောက်ဖူးရန်အိမ်မက်တောင်မမက်ဖူးပေ။

“ဒီတိုကင်ကိုယူပြီး အထဲဝင်လိုက်..... နေချင်သလောက်နေလို့ရတယ်....အပြင်ပြန်ထွက်လာရင် မြို့ထဲမှာ လှည့်ပတ်သွားလာမနေနဲ့..... မင်းလောင်းကစားရုံကိုသွားတယ်လို့အသံကြားရင် မင်းလက်တွေကို ခုတ်ဖြတ်ပစ်မယ်"

ယန်ကျိုးက ရယ်မောပြီး.....

“စိတ်မပူပါနဲ့....ကျွန်တော် တကယ်လောင်းကစားမလုပ်တော့ပါဘူး... ဒါ့ပြင် တာအိုဘိုးဘေးနဲ့ထျန်းဟိုင်ရဲ့ နံပါတ်တစ် ကျွမ်းကျင်သူတို့ရဲ့ အဆုံးအဖြတ်တိုက်ပွဲကို ကြည့်ရဉီးမယ်....အတွင်းအား သိုင်းပညာ နည်းစနစ်အားလုံးကို တတ်နိုင်သမျှ ပြီးအောင် သင်ယူပါ့မယ်....."

ဘေးနားကဖြတ်သွားသော သိုင်းပညာရှင်အချို့က သူ့စကားကြားသောအခါ မထီမဲ့မြင်ပြုကာ ကြည့်နေကြ၏။

သိုင်းစံအိမ်က သိုင်းပညာဆိုင်ရာ နည်းစနစ်အားလုံးကို လေ့လာမလို့....ဟာသပဲ!

မှာစရာရှိတာမှာပြီးသည်နှင့် ချင်းအာ လှည့်ထွက်သွားပြီး ယန်ကျိုးက သိုင်းစံအိမ်ထဲသို့ အမြန်ဝင်ခဲ့သည်။

သုံးရက်အတွင်း သူသည် သိုင်းပညာရှင်များစွာ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ သူ့စာဖတ်နှုန်းက အရမ်းမြန်သည ဧကရာဇ် ကိုယ်တိုင်ကိုယ်ကျ အပ်နှင်းထားသည့် အမှတ်အသားကို အားကိုး၍ မဏ္ဍပ်၏ ပထမထပ်နှစ်ထပ်ကို လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။ ပထမတော့ လူတချို့က သူ့ကို ဟန်ဆောင်တယ်လို့ ထင်ခဲ့ကြသည်။ သက်သေပြသည့် အနေဖြင့် သူသည် သိုင်းစံအိမ်၏ဧည့်ခန်းတွင် သိုင်းပညာ ၁၀ မျိုးကို ပြသခဲ့ပြီး ကြည့်ရှုသူများကို ထိတ်လန့်စေခဲ့သည်။

တော်ဝင်စာကြည့်ဆောင်၌......

အစောင့်တပ်သား၏ အစီရင်ခံစာကို နားထောင်ရင်း ဧကရာဇ်ရွှမ်ထျန်း ပို၍ စိတ်ဝင်စားလာသည်။

"ယန်ကျိုး???လုံချီ ဘုရားကျောင်းရဲ့ တပည့်... နောက်ဆုံးတော့ မင်းဒီကို ရောက်နေပြီပေါ့....."

သိုင်းလောကကဲ့သို့ပင် ဧကရာဇ်ရွှမ်ထျန်းကလည်း ယန်ကျိုး ထွန်းတောက်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။

လုံချီဘုရားကျောင်းက ဘယ်လိုမျိုး ပါရမီရှင်မျိုး မွေးဖွားလာမလဲဆိုတာ စောင့်ကြည့်ရမယ်..... တာအိုဘိုးဘေးက သူ့ကို ကြီးကြပ်ပေးနေတာမျို့ ဖူယွဲ့မိသားစုနဲ့ နဂါးအစစ်အမှန်ဘုရားကျောင်းတို့ထက် အားနည်းမှာမဟုတ်ဘူး.....နောက်ဆုံးတော့ ပျိုးပင်ကောင်းကောင်းတစ်ပင်ရှိလာခဲ့ပြီပဲ.....

ဧကရာဇ်ရွှမ်ထျန်းက....

"ယန်ကျိုးရဲ့နောက်ကြောင်းရာဇဝင်ကို စုံစမ်းလိုက်....."

“ဟုတ်ကဲ့!”

အစောင့်တပ်သား ချက်ချင်း ပြန်ထွက်သွားလေသည်။

ယန်ကျိုးက တာအိုဘိုးဘေး၏တိုက်ရိုက်တပည့်မဟုတ်သည့်အတွက် သတိထားရမည်ဖြစ်သည်။

တစ်လခွဲကြာသောအခါ.......

သိုင်းစံအိမ်၏ သတ္တမထပ်တွင်.......

ယန်ကျိုးက အပေါ်ထပ်သို့ လျှောက်လာရင်း သမ်းဝေလိုက်သည်။

ဒီထပ်က ခြောက်ထပ်ထက် ပိုတိတ်ဆိတ်နေသည်။ သူ လှမ်းတက်လိုက်သည်နှင့် ကြမ်းပြင်အလယ်တွင် ထိုင်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ရှေ့မှာ သိုင်းပညာစာအုပ် ၁၀ အုပ် ချထားသည်ကိုပါမြင်လိုက်ရသည်။

ထိုသူကတော့ ကျူကျွယ်ပင်ဖြစ်သည်။

ယန်ကျိုး ရုတ်တရက် တုန်လှုပ်သွားသည်။

ကျူကျွယ်က ယန်ကျိုး ရောက်ရှိလာသည်ကို သတိပြုမိသော်လည်း စိတ်ထဲမထားမိပေ။ အရင်က သူ့ကိုလာတွေ့တဲ့လူတွေရှိဖူးတာကြောင့် အထူးတလည် အာရုံစိုက်မနေတော့ပေ။

“အတွင်းအားကျင့်စဉ်ဆယ်ခု? သခင်လေး မင်းရူးသွပ်သွားမှာ မကြောက်ဘူးလား”

ယန်ကျိုး က မထိန်းနိုင်ဘဲ တိုးညှင်းသော အသံဖြင့် အော်လိုက်သည်။

ကျူကျွယ်ကတော့ သူ့ကို လျစ်လျူရှုထားဆဲပင်......

ယန်ကျိုး မျက်လုံးများပြူးကျယ်ကာ .....

“ဒီအတွင်းအားကျင့်စဉ်ဆယ်ခုက ဆက်စပ်နေပြီး တစ်ခုနဲ့တစ်ခု ဖြည့်ဆည်းပေးနိုင်တယ်...ပေါင်းစည်းလိုက်ရင် ပြီးပြည့်စုံတဲ့ ကျင့်စဉ်တစ်ခု ဖန်တီးနိုင်မှာပါ”

ကျူကျွယ် ထိုစကားကိုကြားသောအခါ သူ့ကိုလှည့်ကြည့်ကာ မေးလိုက်သည်။

"ဒီအတွင်းအားကျင့်စဉ်တွေရဲ့ နောက်ကွယ်က နက်နဲမှုတွေကို မင်းနားလည်လို့လား....."

ယန်ကျိုးက သူ့ဘေးနားတွင် ဝင်ထိုင်လိုက်သည်။ သူက ပတ်ပတ်လည်ကို ကြည့်ပြီး.....

“မင်းရဲ့အကြံက တော်တော်ကောင်းပါတယ်...ကံဆိုးတာက ဒီကျင့်စဉ်က အရမ်းအားနည်းနေသေးတယ်.... မင်း အပြစ်အနာအဆာကင်းတဲ့ အတွင်းအားကျင့်စဉ်ကို ဖန်တီးနိုင်ရင်တောင် သူ့ရဲ့ စွမ်းပကားက လုံလောက်မှာမဟုတ်ဘူး...."

ကျူကျွယ်က မျက်မှောင်ကြုတ်ပြီး ....

"မင်း ဘယ်သူလဲ......ဘယ်ဂိုဏ်းကလဲ"

ယန်ကျိုးက ပြုံးလိုက်ကာ....

"ကျုပ်နာမည်က ယန်ကျိုး .... လုံချီဘုရားကျောင်းက တပည့်တစ်ယောက်ပါ......."

လုံချီ ဘုရားကျောင်း.........

ကျူကျွယ် မျက်လုံးများကို မှိတ်ထားလိုက်ပြီး ချက်ချင်းပင် သက်တောင့်သက်သာ ခံစားလိုက်ရသည်။

လုံချီဘုရားကျောင်းက တကျန်းတွင် နံပါတ်တစ် သန့်ရှင်းသောနယ်မြေဖြစ်သောကြောင့် သူ့ထက်ဉာဏ်ရည်မြင့်မားသော ပါရမီရှင်တစ်ဦးပေါ်လာခြင်းက လျော်ကန်ပေသည်။

ယန်ကျိုး မတ်တပ်ထရပ်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်တော့ ကျူကျွယ်က.....

"ငါဖန်တီးချင်တဲ့ အတွင်းအားကျင့်စဉ်ကို မင်းတကယ်စိတ်မဝင်စားဘူးလား?"

ယန်ကျိုးက သူ့လက်ကို ဝှေ့ယမ်းပြီး.......

"မဆိုးပါဘူး၊ ဒါပေမယ့် ကိုယ်ပိုင်သိုင်းပညာကို စောစီးစွာ ဖန်တီးဖို့ လိုမယ် မထင်ဘူး.... ဘာအကျိုးရှိမှာလဲ.....ပိုမိုမြင့်မတဲ့နယ်ပယ်ရောက်ရင် ဒါတွေကရေရှည်အသုံးဝင်မှာမဟုတ်ဘူး....."

ကျူကျွယ် လေးနက်သော အတွေးထဲသို့ ရောက်သွားပြီး အဓိပ္ပါယ်ရှိကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

ယခု သူ အံ့အားသင့်နေသည့်အရာသည် မြင့်မားသောနယ်ပယ်သို့ရောက်သောအခါတွင် ပြဿနာမဟုတ်သည်မှာ သေချာပါသည်။

ထို့အပြင် သူ၏နယ်ပယ် တိုးတက်လာသည်နှင့်အမျှ သူနှင့်ထိတွေ့မည့် ကျင့်စဉ်များ ပိုမိုအားကောင်းလာမည်မှာ သေချာပါသည်။

ဒါကိုတွေးရင်း ယန်ကျိုးကို သဘောကျတဲ့အရိပ်အယောင်ကို ရုတ်တရက် ခံစားလိုက်သည်။

ဤလူ၏ သိုင်းပညာအခြေခံက အလွန်ခိုင်မာသည်။

ထို့အပြင် သူသည် ငယ်ရွယ်နုပျိုနေသေးသည်။ သိုင်းပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သော ကျွမ်းကျင်သူများဖြစ်နေမလား......

တာအိုဘိုးဘေးနှင့် လုံချီဘုရားကျောင်း၏ ၏အကြီးဆုံးတပည့်သည် ငယ်ရွယ်နုပျိုသောရုပ်ရည်ကို ထိန်းသိမ်းထားနိုင်သည်ကို သူသိသည်။

ကျူကျွယ် ချက်ချင်းထရပ်ပြီး ယန်ကျိုး နောက်သို့လိုက်သွားခဲ့သည်။

ယန်ကျိုးက သူနဲ့အတူတူပဲဆိုတာ သူသဘောပေါက်သွားခဲ့လေပြီ။ သူသည် သာမန် သိုင်းပညာရပ်များကို တစ်ချက်ချင်း နားလည်နိုင်သည်။

ယန်ကျိုး ၏ အားနည်းသော စွမ်းအားက ဖုံးကွယ်ထားခြင်းဖြစ်ပေလိမ့်မည်။

မျက်စိတစ်မှိတ်အတွင်း....နောက်လရဲ့ ပထမနေ့သို့ရောက်လာခဲ့ပြီ.......

နံနက်စောစော နေရောင်ခြည်နွေးနွေး ပြတင်းပေါက်မှ ဖြာကျလာသည်။

ယန်ကျိုး မတ်တပ်ရပ်ပြီး အကျောဆန့်ကာ.....

"အစ်ကိုကျွယ်... ဆက်လေ့လာပါ... ကျွန်​​တော်​ ခဏ​လောက်​ အပြင်ထွက်လိုက်ဉီးမယ်....."

ကျူကျွယ်က သူ့ကိုမော့ကြည့်ပြီး “ဘယ်သွားမလို့လဲ”

ယန်ကျိုးက သူ့ကို တအံ့တသြကြည့်ကာ “ထျန်းဟိုင်ရဲ့ နံပါတ်တစ် ကျွမ်းကျင်သူက လုံချီဘုရားကျောင်းရဲ့ တာအိုဘိုးဘေးကို ဒီနေ့သိုင်းတောင်ထွတ်မှာ စိန်ခေါ်ထားတယ်...အစ်ကို မသိဘူးလား?"

ကျူကျွယ်က ခေါင်းယမ်းလိုက်သည်။ သူသည် သိုင်းစံအိမ်တွင် လပေါင်းများစွာ နေထိုင်ခဲ့ပြီး ကမ္ဘာကြီးကို လုံးဝလျစ်လျူရှုခဲ့သည်။

"ကြည့်စရာလိုသေးလို့လား... တာအိုဘိုးဘေးဘိုးဘေး သေချာပေါက်နိုင်လိမ့်မယ်"

ကျူကျွယ်က ရယ်မောကာမှတ်ချက်ချလိုက်သည်။ တာအိုဘိုးဘေးရဲ့ တိုက်ပွဲတွေကို သူမြင်ဖူးပြီးသားမို့ ပြေးကြည့်နေစရာမလိုပေ။

ယန်ကျိုးက... “သိပါတယ်၊ ဒါပေမယ် တာအိုဘိုးဘေးတိုက်ခိုက်တာကို တစ်ခါမှ မတွေ့ဖူးသေးဘူး......”

" ဘယ်လိုဖြစ်နိုင်မှာလဲ? မင်း မေ့သွားပြီလား? အရင်ဆောင်းရာသီမှာ တာအိုဘိုးဘေးကို စိန်ခေါ်တဲ့ အစွမ်းထက် သိုင်းပညာတွေရှိခဲ့တယ်လေ.... သူတို့ဟာ စကြဝဠာနယ်ပယ်ထက် သာလွန်တဲ့ ကျွမ်းကျင်သူတွေ .......”

"အဲဒီတုန်းက ကျွန်တော် လုံချီ ဘုရားကျောင်းကို မရောက်သေးဘူး..... "

"ဘာ!!! မင်းဘာပြောလိုက်တယ်....?"

ကျူကျွယ် မတ်တပ်ထရပ်ပြီး ယန်ကျိုးကို မယုံနိုင်စွာ စိုက်ကြည့်နေသည်။

ယန်ကျိုး ထိတ်လန့်သွားပြီး မျက်မှောင်ကြုတ်ကာ....

"ဘာဖြစ်လို့လဲ......"

ကျူကျွယ်က သူ့ကို စိုက်ကြည့်ကာ.....

"မင်း လုံချီ ဘုရားကျောင်းကိုရောက်တာ ခြောက်လပဲ ရှိသေးတယ်လို့ ပြောနေတာလား......"

ယန်ကျိုးက အရှက်ပြေချောင်းဟန့်လိုက်ပြီး.... "အတိအကျပြောရမယ်ဆိုရင် ခြောက်လတောင် မပြည့်သေးပါဘူး"

ကျူကျွယ် တုန်လှုပ်သွားပြီး အံကြိတ်ကာ.....

“သိုင်းပညာကို ဘယ်နှစ်နှစ်လောက် လေ့ကျင့်ခဲ့တာလဲ....”

"ပြောပြီးပြီလေဗျာ....ခြောက်လတောင်မပြည့်သေးပါဘူးဆို "

“မင်း… "

ကျူကျွယ် စူးစူးရှရှစိုက်ကြည့်နေသဖြင့် ယန်ကျိုး ဆံပင်မွှေးတွေပါထောင်ကုန်သည်။သူသည် သိုင်းပညာ၌ စွမ်းရည်ကို မြှင့်တင်ထားသော်လည်း ခွန်အားအရာ၌ အလွန်ပြင်းထန်ခြင်းမရှိပေ။ သူက ချက်ချင်းပဲ......

“နောက်မှဆက်ပြောမယ်....ကျွန်တော် အလျင်လိုနေလို့ သွားတော့မယ်နော်....!"

သူ လှည့်ပြီး အမြန် ပြေးထွက်သွားသည်။ သူသည် ယခုမှသင်ယူခဲ့သော သာလွန်ကောင်းမွန်သည့် ကိုယ်ဖော့သိုင်းပညာကို သုံး၍ လှေကားမှ ခုန်ဆင်းသွားခဲ့သည်။

ကျူကျွယ် ဒေါသအရမ်းထွက်နေသည်။ဒါဟာ ယန်ကျိုးကို ဒေါသထွက်ခြင်းမဟုတ်ခဲ့ပေ။

တကျန်းတွင် နံပါတ်တစ် ပါရမီရှင်အဖြစ် သူ့ကိုယ်သူ ဂုဏ်ယူမိသော်လည်း ခြောက်လသာလေ့ကျင့်သင်ကြားခဲ့သော ကလေးတစ်ယောက်က သူ့ထက်သာနေလိမ့်မည်ဟု မမျှော်လင့်ထားပေ။

သူ့မာနတွေ ပျက်စီးသွားပြီး သူ့ဘဝကို သံသယဝင်လာမိပြီ.......

ပါရမီရှင်ဟုတ်ရဲ့လား.....?

....................

သိုင်းတောင်ထွတ် တောင်ခြေရင်းမှာ သိုင်းပညာရှင်အမြောက်အမြား စုရုံးနေကြပြီး အနီးနားတွင် တည်းခိုခန်း အများအပြား ဆောက်ထားသည်။ အဆင့်မြင့်အရာရှိများ၊ မှူးမတ်များ၊ ကုန်သည်များ၊ စာပေပညါရှင်များ အားလုံးအပြင် ပြည်တွင်းပြည်ပ နံပါတ်တစ်ပုဂ္ဂိုလ်များကြား အဆုံးအဖြတ်တိုက်ပွဲကို မျက်မြင်တွေ့ရန် အပြေးအလွှား သွားခဲ့ကြသည်။

ဤအဆုံးအဖြတ်တိုက်ပွဲသည် မြင့်မားသေယ ကောင်းကင်တွင်ကျင်းပမည်ဖြစ်ပြီး မြေပြင်ကို ထိခိုက်မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့ သက်တောင့်သက်သာရှိပြီး ရဲရင့်စွာ လာရောက်ကြည့်ရှုနိုင်ကြသည်။

ဓားနတ်ဘုရား တာအိုဘိုးဘေးကို စိန်ခေါ်တုန်းက ဓားမိုးရွာခဲ့သည့်တိုင် တာအိုဘိုးဘေးက ဘယ်သူမှ မထိခိုက်အောင်ကာကွယ်ပေးခဲ့သည်။ ထို့ကြောင့် တကျန်းပြည်သူပြည်သားများက တာအိုဘိုးဘေးကို အလွန်ယုံကြည်ကြသည်။ ထျန်းဟိုင် ၏ နံပါတ်တစ် ကျွမ်းကျင်သူကို တာအိုဘိုးဘေး မည်ကဲ့သို့ အနိုင်ယူမည်ကို အားလုံးက သိချင်နေကြသည်။

အများစုက ထျန်းဟိုင် ဘယ်မှာရှိမှန်းတောင် မသိကြရှာပေ။ သူတို့က ရဲရွှမ်ကို သမုဒ္ဒရာရဲ့ အသန်မာဆုံး ပညာရှင်လို့တောင် အထင်မှားနေကြသည်။

ယန်ကျိုး မြောက်ပိုင်းတံခါးများမှ ထွက်လာပြီး လူအုပ်ကြားထဲ ပြေးဝင်သွားခဲ့သည်။ ထိုကဲ့သို့ သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းက သူ့ကိုသွေးဆူစေသည်။

“ဒါက မြို့တော်ရဲ့ သိုင်းပြိုင်ပွဲတစ်ခုလား......လူတွေအများကြီးပဲ.... ​​"

ယန်ကျိုး စိတ်ထဲကနေ ထိုသို့ တွေးနေမိသည်။ သူသည် တောင်ခြေသို့ လျှောက်သွားကာ တောင်ပေါ်သို့ အမြန်မတက်မီ အစောင့်တပည့်အား သက်သေခံကတ်ပြားကို ထုတ်ပြခဲ့သည်။

တောင်ထိပ်တွင်၊ ချင်းအာနှင့် သူ့တပည့်များက အလွန်သတိရှိစွာစောင့်ကြပ်နေကြသည်။

သူတို့သည် တောင်ထိပ်တွင်ရှိ၍ မြို့တော်နှင့် အနီးနားရှိ လူအုပ်ကြီးကို ငုံ့ကြည့်နိုင်သည်။ သို့သော် သူတို့ ရဲရွှမ်ကို မမြင်ရသေးပေ။

ယန်ကျိုး တောင်ပေါ်သို့ တက်နိုင်သမျှ မြန်မြန် ပြေးတက်ခဲ့သည်။

တောင်ထိပ်သို့ရောက်သောအခါ မောပန်းနေပြီး ဘေးဘယ်ညာ ကြည့်လိုက်တော့ တာအိုဘိုးဘေးနဲ့ ရဲရွှမ် ပေါ်မလာသေးတာကို တွေ့လိုက်ရတော့ ချက်ချင်း စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။

ဝူးးးးးးးးးး

လေပြင်းရုတ်တရက် တိုက်ခတ်လာပြီး တောင်ထိပ်ပေါ်ရှိ လုံချီ ဘုရားကျောင်းမှတပည့်များ အပြင်းထန်ဆုံး ခံစားခဲ့ရသည်။ တယောက်ပြီး တယောက် လှည့်ပတ်ကာ ပတ်ဝန်းကျင်ကို ကြည့်ကြသည်။

မရေမတွက်နိုင်သော သစ်ရွက်ခြောက်များနှင့် မြေဆီလွှာများရောနှောကာ တောင်ဘက်ရှိ တောတောင်စွန်းမှ လွင့်ပျံလာခြင်းဖြစ်ပြီး မြို့တော်ကို ကျော်ဖြတ်ပျံသန်းသွားတဲ့ နဂါးကြီးတစ်ကောင်လိုပင်......

ဝုန်းးးးးး

သစ်ရွက်များနှင့် ဖုန်မှုန့်များ ပြန့်ကျဲသွားပြီး မာနကြီးသော ရုပ်သွင် ပေါ်လာသည်။

ရဲရွှမ်.........

သူသည် လေထဲတွင် လွင့်ပျံနေသော အပြာရောင်နှင့်အဖြူရောင်ရောစပ်ထားသော ဘရိုကိတ် ၀တ်စုံကို ၀တ်ဆင်ကာ ကောင်းကင်ပေါ်တွင် ရပ်တန့်နေသည်မှာ နတ်ဘုရားတစ်ပါးကဲ့သို့ပင်.....

သူပေါ်လာသည့်အခိုက်တွင် ချင်းအာအပါအဝင် လုံချီ ဘုရားကျောင်း၏ တပည့်များကို ထိတ်လန့်စေခဲ့သည်။

ယန်ကျိုးလည်း ရဲရွှမ်ကို မော့ကြည့်ပြီး တိတ်တဆိတ် ထိတ်လန့်သွားသည်။

တာအိုဘိုးဘေးသည် နားမလည်နိုင်​အောင်အစွမ်းထက်သော်လည်း ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်မရှိပေ။

တာအိုဘိုးဘေး တကယ်ပဲ နိုင်ပါ့မလား.....

ရဲရွှမ်က "တာအိုဘိုးဘွား.... မင်းဘာလို့ ရောက်မလာသေးတာလဲ.... ဒီနေ့တိုက်ပွဲက မင်းကိုသေချာပေါက်စိတ်ကျေနပ်စေမှာပါ..... !"

သူ၏အသံသည် ကောင်းကင်ယံ၌ ပဲ့တင်ထပ်ကာ တောင်ခြေရင်းရှိ မြို့သူမြို့သားတိုင်း ကြားနိုင်ခဲ့သည်။

အဆုံးအဖြတ်တိုက်ပွဲ ရောက်ရှိလာချေပြီ........

မြို့တော်တွင် တိုက်ပွဲကိုကြည့်ရှုရန် တံစက်မြိတ်များနှင့် မြို့ရိုးများပေါ်သို့ ခုန်တက်သွားသော သိုင်းပညာရှင်များစွာ ရှိခဲ့သည်။

ရဲရွှမ်ကတော့ မြူခိုးများဝန်းရံထားသည့် လုံချီ တောင်ကို စိုက်ကြည့်နေပြီး သူ့မျက်လုံးထဲတွင် တိုက်ပွဲဝင်နေသော စိတ်ဓာတ်များ ခိုင်မာနေလေ၏ဖ။

ရုတ်​တရက်​ပင်​ မြူခိုးထဲမှ လူတစ်ယောက် ​ပြေးထွက်​လာပြီး တိမ်​​ပေါ်တက်​သွားသည်​။

ကျန်းချန်ရှန်း........

ယန်ကျိုး သူ့ကိုမြင်သောအခါ ထိန်းချုပ်မရအောင် စိတ်လှုပ်ရှားသွားသည်။

သူပဲ!

သူ့ကို လုံချီ ဘုရားကျောင်းသို့ ခေါ်ဆောင်လာသူက တာအိုဘိုးဘေးဖြစ်သည်ကို အရင်ကတည်းက ခန့်မှန်းထားသော်လည်း သူ၏ရုပ်သွင်အစစ်အမှန်ကို ကိုယ်တိုင် မြင်တွေ့ရတော့လဲ စိတ်လှုပ်ရှားနေဆဲပင်......

"တာအိုဘိုးဘေး... ခင်ဗျား အနိုင်ရမှဖြစ်မယ်......!"

ယန်ကျိုး စိတ်ထဲကနေ ကြွေးကြော်ရင်း သွေးပွက်ပွက်ဆူလာချေပြီ.....

All Chapters