သေရာမှ ပြန်ရှင်လာခြင်း....
Vol. 12 Ch. 168
ကျန်းချန်ရှန်းက စိတ်အားထက်သန်နေသော ရဲရွှမ်ကိုကြည့်ကာ စိတ်ခံစားမှုအချို့ ခံစားလိုက်ရသည်။
ရင်းနှီးသော မရင်းနှီးသော မျက်နှာများကိုမြင်နေရပြီး ကမ္ဘာကြီးက အတော် ပြောင်းလဲသွားခဲ့ချေပြီ။ သို့သော်၊ တူညီသောအခန်းကဏ္ဍမှသရုပ်ဆောင်သောလူတစ်ဦးအမြဲရှိလိမ့်မည်၊ အဆုံးမဲ့ရုန်းကန်မှုများအမြဲရှိလိမ့်မည်။
ရဲရွှမ်က ကျန်းချန်ရှန်းကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ကျန်းချန်ရှန်း၏ ခွန်အားကို မမြင်နိုင်သော်လည်း ရုပ်ရည်ကတော့ အတော်နုပျိုသည်။
လူတိုင်းက သူတို့ကို လှမ်းကြည့်နေကြသည်။
ယန်ကျိုးက တပည့်လေးယောက်နောက်မှာ ပုန်းနေပြီး....
"ငါတို့ လောင်းကြေးထပ်ကြမလား...?" ရှုံးတဲ့သူက အနိုင်ရတဲ့သူသုံးယောက်ရဲ့အ၀တ်တွေကို ခြောက်လလျှော်ပေးရမယ်....ဘယ်လိုလဲ....”
တပည့်လေးယောက် သူ့ကို လှည့်ကြည့်လိုက်ပြီး သူတို့ထဲက တစ်ယောက်က.... “မင်း ဘယ်လိုလောင်းချင်လဲ” လ
" တာအိုဘိုးဘေး အနိုင်ရမှာသေချာနေတာဆိုတော့ ဘယ်သူနိူင်မလဲ လောင်းဖို့မလိုဘူး.... ဒီတော့ တဖက်လူ ဘယ်လောက်ကြာကြာတောင့်ခံ
နိုင်မလဲဆိုတာ လောင်းကြရအောင်...”
ယန်ကျိုးက ချင်းအာကိုကြည့်ရင်း တိုးတိုးလေးပြောပြီး သူမကြားသွားမှာကို စိုးရိမ်နေသည်။
"ကောင်းပြီ! ငါ ဆယ်စက္ကန့်လို့လောင်းမယ်....."
“ဆယ်စက္ကန့်ကအရမ်း အရမ်းမြန်တယ်..... နောက်ဆုံးအကြိမ်တိုက်ခိုက်တုန်းက အဲ့ထက်ပိုကြာတယ်....”
"ငါက စက္ကန့်ငါးဆယ် လောင်းမယ်!"
သူ့အပေါင်းအဖော်လေးယောက် ငြင်းခုန်နေသည့်အခါ ယန်ကျိုးက....
“ဒါဆို ကျွန်တော် စက္ကန့်သုံးဆယ် လောင်းမယ်.....”
ယခင်က ရဲရွှမ်ကိုတွေ့သောအခါ တာအို ဘိုးဘေးအတွက် စိုးရိမ်နေသေးသည်။ သို့သော် သူ၏ အာရုံစိုက်မှုက အလောင်းအစားအပေါ်တွင်သာ ရှိနေသည်။
တစ်ချိန်တည်းမှာပင်....
ကျန်းချန်ရှန်းနှင့် ရဲရွှမ်တို့ လေထဲသို့ တက်လာပြီး အမြင့်သို့ ပျံသန်းသွားကြသည်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ်အကဲခတ်နေကြသည်။ ရဲရွှမ်က အပိုစကားတွေမဆိုတော့ဘဲ စွမ်းအင်များကိုသယ တိုက်ရိုက် လည်ပတ်နေတော့သည်။
ဝုန်းးးးးး
ရဲရွှမ်၏အော်ရာ တဟုန်ထိုး တက်လာပြီး သူ၏ အစစ်အမှန်ချီများက အဖြူရောင် မီးတောက်များကဲ့သို့ သူ့ခန္ဓာကိုယ် အနှံ့ လှည့်ပတ်ကာ ကောင်းကင်ပေါ်က တိမ်တိုက်များကို ပြန့်ကျဲစေခဲ့သည်။
တောင်ခြေရင်းက ပရိသတ်အားလုံး တိုက်ပွဲကို စောင့်မျှော်နေကြသည်ယ
တာအိုဘိုးဘေး၏ လှုပ်ရှားမှုကို လူအများစုက မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပေမယ့် အချိန်တိုင်းစိတ်လှုပ်ရှားရစမြဲပင်... ထို့အပြင်၊ သူသည် တကျန်းသိုင်းလောက၏ အသန်မာဆုံး စွမ်းအားကို ကိုယ်စားပြုသည်။
ရဲရွှမ်က ကျန်းချန်ရှန်းဆီသို့ ရုတ်တရက် ပြေးသွားသည်။
ဒိုင်း!
သူ့ညာဖက်ခြေထောက်ဖြင့် ကျန်းချန်ရှန်း ရဲ့လက်မောင်းကို ဖြတ်ကန်လိုက်သည်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ညာဖက်ခြေထောက်က အကာအကွယ်တစ်ခုကို ထိမိသွားသလိုသာခံစားလိုက်ရသည်။
"တာအိုဘိုးဘေးက မျှော်လင့်ထားသလိုပဲ!"
သူ့အတွေးတွေက လျှပ်စီးလက်သလိုမြန်ဆန်လွန်းလှသည သူတွေးနေတုန်းမှာ သူ့ခန္ဓာကိုယ်ဟာပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ ပေါက်ကွဲနေပြီ။ ထောင်နှင့်ချီသော ကန်ချက်များနှင့် လက်သီးအရိပ်များ ကျန်းချန်ရှန်းပေါ်သို့ မုန်တိုင်းကဲ့သို့ ကျရောက်လာသည်။
သူမည်ကဲ့သို့ တိုက်ခိုက်နေပါစေ ကျန်းချန်ရှန်း၏ဝိညာဉ်အကာအကွယ်ကို မဖြတ်ကျော်နိုင်ပေ။
"သူက အခုမှ အဆင့်တက်ခဲ့ပေမယ့်သူ့ရဲ့ ခွန်အားက ဝူစုန့် ထက်မနိမ့်ဘူး..."
ကျန်းချန်ရှန်းက စိတ်ထဲတွင် ချီးကျူးလိုက်သည်။ ထျန်းဟိုင်၏ နံပါတ်တစ် ကျွမ်းကျင်သူက မျှော်မှန်းထားသည့်အတိုင်းပင်......
ရဲရွှမ် ရုတ်တရက် ပျောက်ကွယ်သွားပြီး ကျန်းချန်ရှန်းရဲ့ တုံ့ပြန်မှုကို ကြည့်လိုက်သည်။ ပြင်းထန်သောလေပြင်းတသုတ် ကောင်းကင်မှဆင်းသက်လာကာ သူ့ဝတ်ရုံများ လွင့်ပျံလာသည်။သိုင်းတောင်ထွတ်ပေါ်ရှိ တပည့်များ ၎င်းတို့အပေါ် ကြီးမားသော ဖိအားများ ကျဆင်းလာသည်ဟု ခံစားခဲ့ရပြီး ယန်ကျိုးအပါအဝင် နယ်ပယ်နိမ့်သူများ ဒူးထောက်ကျကုန်သည်။
တိုက်ပွဲကို လူတိုင်း ထိတ်လန့်စွာ ကြည့်နေကြသည်။ ယန်ကျိုးခင်မျာ လောင်းကစားအကြောင်းကိုလည်း မေ့သွားခဲ့သည်။
အားလုံးက မျက်လုံးပြူးပြီး အံသြသွားကြသည်။
စစ်မှန်သောချီဖြင့် ပေါင်းစပ်ထားသော ရှေးဟောင်းကျောက်ပြားတစ်ချပ် ကောင်းကင်မှ ဆင်းသက်လာသည်။ ဤကျောက်ပြား၏ အရွယ်အစားက မှန်းဆမရနိုင်ပေ။ အောက်ခြေတစ်ခုတည်းကတင် ပေတစ်ထောင်ရှည်ပြီး ပေသုံးရာကျယ်ဝန်းသည်။ ကျောက်ပြားကြီးက ကြည်လင်တောက်ပနေပြီး မျက်နှာပြင်ပေါ်တွင် ထူးဆန်းသောပုံစံများစွာကို ထွင်းထုထားပြီး အဆုံးမရှိသော အော်ရာကို ထုတ်လွှတ်နေသည်။ဤသည်မှာ အကြွင်းမဲ့ ကြီးစိုးသော စွမ်းအားဖြင့် ဧရာမတောင်ကြီးတလုံး ဖိနှိပ်နေသကဲ့သို့ပင်။
ဝုန်းးးးးး
ခမ်းနားထည်ဝါသော ကျောက်ပြားကြီး လေထဲတွင် ချက်ချင်းရပ်တန့်သွားကာ ကျန်းချန်ရှန်းက ၎င်းကို လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ ပိတ်ဆို့လိုက်သည်။
ရဲရွှမ်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ အံကြိတ်ကာ ကျောက်ပြားကြီးကို ကွဲကြေစေခဲ့ပြီး ကျန်းချန်ရှန်းအပေါ်ကို ဖြာကျလာသော မရေမတွက်နိုင်သော အစစ်အမှန်ချီ ဓါးများအဖြစ်သို့ ပြောင်းလဲသွားသည်။
ကျန်းချန်ရှန်းက ညာလက်ကို မြှောက်လိုက်ပြီး လက်ညိုးနှင့် လက်ခလယ်ကို ဆန့်ထုတ်လိုက်သည်။ သူသည်လက်ချောင်းများကို ပူးလိုက်ကာ ဝိညာဉ်စွမ်းအင်များ အလွန်လျင်မြန်သောအရှိန်ဖြင့် ကောင်းကင်သို့တက်သွားသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် ကမ္ဘာတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေသော လှိုင်းကြီးတစ်ခုအဖြစ် မရေမတွက်နိုင်သော အစစ်အမှန်ချီဓါးသွားများကို လွင့်စင်စေခဲ့သည်။
ရဲရွှမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ အလင်းတန်းက သူ့ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်ကာ သူ့ကိုယ်တွင်းရှိ စစ်မှန်သောချီဓာတ်ကို ကမောက်ကမဖြစ်စေကာ ကောင်းကင်ပေါ်မှ သွေးမိုးများ စီးကျလာသည်။
“ဒါ..... ဘယ်လိုဖြစ်နိုင်မှာလဲ..…”
ရဲရွှမ်၏ ခန္ဓာကိုယ် အထိန်အကွပ်မရှိကျဆင်းလာပြီး သူသည် ကျန်းချန်ရှန်းကို စိုက်ကြည့်ရင်း မယုံကြည်နိုင်လောက်သော အမူအရာကို ထုတ်ဖော်လိုက်သည်။
ကျန်းချန်ရှန်း၏ ဂရုမစိုက်သောအမူအရာကိုမြင်သောအခါ သူတို့နှစ်ဦး ပေထောင်နှင့်ချီအကွာအဝေးတွင်ရှိနေချေပြီ
ထိုအချိန်တွင် သူ၏မာနတရားများ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။
မကြုံစဖူး ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများ သူ့နှလုံးသားထဲသို့ တိုးဝင်လာသည်။
ဒီတစ်ကြိမ်က တခြားတိုက်ပွဲတွေနဲ့ မတူဘဲ သူတကယ်သေသွားနိုင်သည်ဟုပင် ခံစားနေရသည်။
သူ့ခန္ဓာကိုယ် ပြုတ်ကျလာပြီး ကောင်းကင်မှာ ပြည့်နေတဲ့ အစစ်အမှန်ချီဓားများ မီးခိုးတွေ ဖြစ်သွားပြီး ပျောက်သွားလေ၏။
တိုက်ပွဲ ပြီးသွားချေပြီ.......
ကျန်းချန်ရှန်း တဖက်လှည့်ပြီး မြူခိုးတွေထဲ တိုးဝင်ကာ ရဲရွှမ်နဲ့အတူ လုံချီတောင်ဆီ ပျံသန်းသွားခဲ့သည်။
သိုင်းတောင်ထွတ်ပေါ်တွင် တိတ်ဆိတ်နေသည်။
သို့သော်လည်း တောင်ခြေရင်းတွင် ပျော်ရွှင်စွာအော်ဟစ်သံများ ထွက်ပေါ်လာသည်။
တာအိုဘိုးဘေး အောင်ပွဲခံခဲ့ပြန်ပြီ......
တိုက်ပွဲ၏ အခြေအနေကို အတိအကျ မမြင်ရသော်လည်း ရဲရွှမ် ဖန်တီးထားသော ကျောက်ပြားကြီးက သူတို့ကို မျက်စိကျစေခဲ့သည်။ ဒီတခေါက် သူတို့ ခရီးစဉ်က အလကား မဟုတ်ခဲ့ပေ။
ကြည့်ရှုနေသည့် သိုင်းပညာရှင်အားလုံးက ရဲရွှမ်၏သန်မာမှုကို ကြည့်ပြီး သက်ပြင်းချကြသည်။ ဤကဲ့သို့ အဆုံးစွန်သော နည်းပညာကို သူတို့ တစ်ခါမျှ မကြားဖူး မမြင်ဖူးပေ။
ယခုမှစ၍ 'ရဲရွှမ်' ဟူသောအမည်ကို သူတို့ ထာဝရ အမှတ်ရနေပေလိမ့်မည်။ ယန်ကျိုး သတိပြန်ဝင်လာပြီး... “ဘယ်လောက်ကြာလဲ” ဟု ရုတ်တရက် မေးလိုက်သည်။
ဘေးနားက တပည့်တစ်ယောက်က.... “ မသိဘူး....ငါလည်း အရမ်းအံ့အားသင့်နေခဲ့တာ.... ဆယ်စက္ကန့်လောက်တော့ကြာမှာပေါ့... "
“ဟာကွာ....ငါက စက္ကန့်ငါးဆယ်အတွင်းလို့ထင်နေတာ......"
"စက္ကန့်ငါးဆယ် မင်း ပြောရဲတယ်နော်.....!"
ယန်ကျိုးက ငြင်းခုံချင်သော်လည်း ငြီးငွေ့ဖွယ်ကောင်းသည်ဟု ခံစားမိသည်။
ရဲရွှမ်၏ ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းဆောင်မှုကို ယခုအထိ မမေ့နိုင်ပေ။ သူသည် သိုင်းပညာကို လျှော့တွက်ထားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
သို့သော် ရဲရွှမ်ကို လွယ်လွယ်ကူကူ အနိုင်ယူခဲ့သော တာအိုဘိုးဘေး မည်မျှ အင်အားကြီးမားသနည်း။
ခြံဝင်းထဲတွင် .....
ရဲရွှမ် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထိခိုက်မှုကြောင့် ချောင်းဆိုးရင်း သွေးများအန်ထွက်လာသည်။
လက်ချောင်းလေးတစ်ချောင်းက သူ့ရဲ့ခွန်အားကို ဘယ်လိုနည်းနဲ့ ချေဖျက်နိုင်မလဲ.........
သူက ခေါင်းကို ခက်ခက်ခဲခဲ လှည့်လိုက်ပြီး ကျန်းချန်ရှန်းကို စကားပြောဖို့ ရည်ရွယ်ချက်နဲ့ ကြည့်လိုက်သည်။
သူ့ကို ဒီလိုပုံစံနဲ့မြင်တော့ ပိုင်ချီက ....
“မမေးနဲ့...အဲ့ဒီ့လှုပ်ရှားမှုကို ချန်းမိသားစုရဲ့ ချီလက်ချောင်းသိုင်းလို့ခေါ်တယ်...."
ချန်းမိသားစု ? ဘယ်က ချန်းမိသားစုလဲ???
ဓားနတ်ဘုရား မြေပြင်ပေါ်သို့ ဆင်းသက်၍ သက်ပြင်းချလိုက်သည်။
“ဒီလူရဲ့ သိုင်းပညာက တကယ်ကို အစွမ်းထက်တယ်....သူက ဝူစုန့်ထက်တောင် ပိုသန်မာတယ်လို့ ခံစားရတယ်.....”
ကျန်းချန်ရှန်းက မြေဝိညာဉ်သစ်ပင်အောက်မှာထိုင်ပြီး .....
“သူတို့က အတူတူပါပဲ...သူ့ရဲ့အစစ်အမှန်ချီ ကြမ်းတမ်းမှုက ဝူစုန့်ထက် သာလွန်တယ်...ဒါပေမယ့် သူ့ရဲ့ သိုင်းပညာနည်းစနစ်က ထင်သလောက် မရိုးရှင်းဘူး...ခုနက ကျောက်စာချပ်ကြီးက သိုင်းပညာရှင်တွေရဲ့ အစစ်အမှန်ချီကို ဖိနှိပ်နိုင်တယ်......ဖိနှိပ်ထားနိုင်ရုံတင်မကသေးဘူး....... တစ်ဖက်လူ ဒဏ်ရာရသွားရုံသာမကဘဲ ဘယ်နည်းစနစ်ကိုမှမသုံးနိုင်အောင် တားမြစ်ထားန်ိုင်တယ်... ဒါဟာ သိပ်ကို အထင်ကြီးစရာကောင်းတယ်....”
ဓားနတ်ဘုရား ထိုစကားကိုကြားသောအခါ စိတ်ထဲကနေ သက်ပြင်းချလိုက်၏။ ကမ္ဘာကြီးက ကြီးကျယ်ခမ်းနားလွန်းတာကြောင့် ထူးဆန်းတဲ့အရာတွေ ဖြစ်ပျက်လာနိုင်စမြဲပင်...သို့သော် တာအို ဘိုးဘေးက ဤကဲ့သို့သော နည်းစနစ်ကို လက်တစ်ဖက်တည်းဖြင့် မည်သို့တားဆီးန်ိုင်ခဲ့သနည်း......
သူတို့ရဲ့ ခွန်အား ကွာဟမှုကြောင့်များလား....
ရဲရွှမ်၏ မျက်နှာမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး မတ်တပ်မရပ်နိုင်ရှာတော့ပေ။ သူက ဝမ်းနည်းစွာ ပြုံးလိုက်ပြီး.....
“ကျုပ်ရဲ့ အသန်မာဆုံးနည်းစနစ်ကို လွယ်လွယ်နဲ့ အနိုင်ယူနိုင်မယ်လို့ မမျှော်လင့်ထားဘူး... တာအိုဘိုးဘေး... မင်းတကယ်ပဲ ကောင်းကင်နယ်ပယ်ဟုတ်ရဲ့လား....."
ကျန်းချန်ရှန်းက အေးဆေးစွာဖြင့်....
"မဟုတ်ဘူး"
ရဲရွှမ် ထိုစကားကိုကြားသောအခါ ချက်ချင်းသဘောပေါက်သွားသည်။ အကယ်၍ တဖက်လူက သူ့ထက် နယ်ပယ်မြင့်နေလျှင် ရှုံးနိမ့်မှုကို လက်ခံနိုင်ပေသည်။
သူက မျက်လုံးတွေကိုမှိတ်ပြီး ....
“ကျုပ် တချက်တည်းနဲ့ ရှုံးသွားပေမယ့် ကျေနပ်ပါတယ်....ဒါက မျှော်လင့်ထားတဲ့ အဆုံးသတ်ပါပဲလေ...…”
ပိုင်ချီက စိတ်လှုပ်ရှားစွာနဲ့ .....
"ဆရာတော်.... သူ့ကို သူရဲကောင်းသင်္ချိုင်းမှာ သင်္ဂြိုဟ်မှာလား....."
ကျန်းချန်ရှန်းက “သူရဲကောင်းသင်္ချိုင်းက သေချင်သူတွေအတွက်ပါ..... ဒီလိုအရည်အချင်းမျိုးနဲ့ သေသွားရင် နှမြောစရာကောင်းတယ်... ”
သူသည် ရဲရွှမ်၏အသက်ကို ချမ်းသာပေးရန် ဆုံးဖြတ်ခဲ့ပြီး အနာဂတ်တွင် ရှင်သန်ခြင်းဆုလာဘ်များရရှိရန် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင်၊ ဘေးဥပဒ်တစ်ခုကျရောက်တော့မည်ဖြစ်ကာ တကျန်းအတွက် ခွန်အားပိုမိုစုဆောင်းရန်လိုအပ်သည်။
ကျန်းချန်ရှန်းက "မင်းအသက်ရှင်ချင်လား"
ရဲရွှမ် တုန်လှုပ်သွားသော်လည်း ချက်ချင်းပြန်မဖြေခဲ့ပေ။
ကျန်းချန်ရှန်းက "ဒါဆိုရင် မင်းကို သေခွင့်ပေးမယ်....."
ဒါကိုကြားတော့ ရဲရွှမ် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး.... "ခဏနေပါဉီး....!"
ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်နေသည်။
ဓားနတ်ဘုရားလည်း တိတ်ဆိတ်နေပြီး ပိုင်ချီကတော့ အပြုံးများဖြင့် ပြည့်နေသည်။
ရဲရွှမ်က အံကြိတ်ပြီး.... “ကျုပ်....အသက်ရှင်ချင်တယ်…”
သူပြောပြီးပြီးချင်းမှာပဲ ဆေးပုလင်း တစ်ပုလင်း သူ့ရှေ့ကိုရောက်လာပြီး ပုလင်းကို ထိမှန်တဲ့အသံက ထူးထူးခြားခြား ကျယ်လောင်နေသည်။
မြို့တော်အပြင်ဘက် မိုင်ဒါဇင်ပေါင်းများစွာအကွာက တောင်ထွတ်တစ်ခုပေါ်မှာ သိုင်းပညာရှင်တစ်စုက အဝေးကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေကြသည်။
တိုက်ပွဲ၏ခြေရာများ ကောင်းကင်ပေါ်တွင် ကျန်နေပြီး တိမ်ပင်လယ်ကြီးလည်း ရှိအပိုင်းပိုင်း ပြန့်ကျဲနေဆဲပင်....
သူတို့ထဲက တစ်ယောက်က..... “ကောင်းကင်သုံးခုနယ်ပယ် ကျွမ်းကျင်သူလား” ဟု ဖြည်းညှင်းစွာ မေးလိုက်သော်လည်း ပြန်ဖြေသူမရှိခဲ့ပေ။
ခဏကြာတော့ သိုင်းပညာရှင်တစ်ယောက်က .... "ကောင်းကင်သုံးခုနယ်ပယ် ကျွမ်းကျင်သူကို ဘယ်သူမြင်ဖူးလို့လဲ......"
ဟုတ်ပေသည်...ကောင်းကင်သုံးခုနယ်ပယ်ကျွမ်းကျင်သူတစ်ဦး မည်မျှ အစွမ်းထက်မည်ကို မှန်းဆ၍မရနိုင်အေ။
သူတို့သိထားသလောက်ဆို ကောင်းကင်နှစ်ခုနယ်ပယ်အထက်တွင် ကောင်းကင်သုံးခုနယ်ပယ်ရှိပြီး မည်မျှ တန်ခိုးကြီးသည်ကို သူတို့ အမှန်တကယ် မသိခဲ့ပေ။
"သွားကြရအောင်... ရဲရွှမ် မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားတဲ့အတွက် ငါတို့ အစီအစဉ်တွေကို ရွှေ့ဆိုင်းရတော့မယ်..."
ထိပ်တန်းသိုင်းပညာရှင်က အသက်ပြင်းပြင်းရှူပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည်။ တခြားသူတွေက ကန့်ကွက်ခြင်းမရှိခဲ့ပေ။
.............
[ရွှမ်ထျန်းခေါတ်၏ ၁၁ နှစ်တွင် ထျန်းဟိုင်၏နံပါတ်တစ်ကျွမ်းကျင်သူ ရဲရွှမ်က သင့်ကိုစိန်ခေါ်ခဲ့သည်။ သင်သည် သူ၏စိန်ခေါ်မှုကို အောင်မြင်စွာ ကျော်ဖြတ်ပြီး ဘေးဆိုးကြီးမှ လွတ်မြောက်ခဲ့သည်။ သင်သည် ရှင်သန်ခြင်းဆုလာဘ်အဖြစ် နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သော ပြန်လည်ရှင်သန်ခြင်းစွမ်းအားကိုရရရှိခဲ့သည်။]
ဤအကြောင်းကြားချက်ကိုကြည့်ရင်း ကျန်းချန်ရှန်း တုန်လှုပ်သွားခဲ့သည်။
သူသည် အသစ်တွေ့ရှိထားသော နတ်ဘုရားစွမ်းရည်ကို ချက်ချင်းပင် အမွေဆက်ခံခဲ့သည်။ သူလုပ်ဆောင်စရာများစွာရှိသဖြင့် ရဲရွှမ် သူ့ကို တိုက်ခိုက်ရန်အခွင့်အရေးယူမည်ကို မစိုးရိမ်ခဲ့ပေ။ ထို့အပြင် ရဲရွှမ်က သူ့ကို နာကျင်အောင် လုပ်နိုင်စွမ်းမရှိပေ။
အမည်နာမအတိုင်း ပြန်လည်ရှင်သန်ခြင်းစွမ်းအား လူသေများကို အသက်ပြန်ရှင်စေနိုင်သည်။ သို့သော် ၎င်းနှင့်ဆက်စပ်နေသော အခြေအနေအချို့ရှိခဲ့သည်။ ဆိုလိုသည်မှာ၊ သေဆုံးသူသည် သဘာဝအတိုင်းသေဆုံးသွားခြင်းဖြစ်ရမည့်အပြင် ၎င်းတို့၏ဝိညာဉ် ခန္ဓာကိုယ်မှ မထွက်ခွာသေးလျှင် အသက်ပြန်ရှင်နိုင်ပေမည်။ အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိသော်လည်း သက်တမ်း ကုန်ဆုံးသွားပါက ဤစွမ်းအားဖြင့် သူတို့ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။
သေခြင်းရှင်ခြင်းသည် ကံကြမ္မာအလိုကျဖြစ်သဖြင့် နတ်ဘုရားများပင် သူတို့ကို မကယ်တင်နိုင်မည်မဟုတ်ပေ။
တစ်နည်းဆိုရသော် သူ့ပတ်ဝန်းကျင်မှလူများ အသတ်ခံရပါက အချိန်မီနေသ၍ တစ်ကြိမ်ထက်မက ကယ်တင်နိုင်မည်ဖြစ်သည်။
ဤသည်မှာ အမွှေးတိုင်များရရှိရန် နည်းလမ်းကောင်းတစ်ခုလည်းဖြစ်သည်။
ကျန်းချန်ရှန်း မျက်လုံးဖွင့်ပြီး ရဲရွှမ်ကို ညင်သာသောအကြည့်ဖြင့် ကြည့်လိုက်သည်။
သူ့မျက်လုံးများတွင် ရဲရွှမ်ကို စကားလုံးနှစ်လုံးအဖြစ်သာမြင်နေမိသည်။
ရှင်သန်ခြင်းဆုလာဘ်တွေ.........
တကယ်ဆို ရဲရွှမ်ကို ကောင်းမွန်စွာ လေ့ကျင့်ပေးသင့်ပြီး သူ့ထံမှ ရှင်သန်ခြင်း ဆုလာဘ်များကို ပုံမှန်ရယူသင့်သည်ဟု ကျန်းချန်ရှန်း ဝမ်းသာအားရဖြင့် တွေးလိုက်မိသည်။
................
ညမိုးချုပ်သောအခါ၊ ရဲရွှမ် တရားထိုင်နိုင်နေပြီဖြစ်ပြီး သူ၏ဒဏ်ရာများကို ကုသရန် သူ၏ အစစ်အမှန်ချီကို စတင်ဖြန့်ကျက်လိုက်သည်။
တကယ်တော့ ဒီခြံဝင်းထဲမှာ ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူတယောက်ရှိသေးသည်။
သိုင်းပညာကို ဝါသနာပါသူတစ်ယောက်အနေနဲ့ ရှုံးနိမ့်မှုရဲ့ အရှက်ရမှုကို မေ့သွားခဲ့ပြီး ယခုဆိုလျှင် တာအိုဘိုးဘေး ထံမှ ပိုမိုပြင်းထန်သော သိုင်းပညာများကို သင်ယူနိုင်မလားဟုပင်တွေးနေမိသည်။
ရွှမ်ထျန်းခေတ်၏ ၁၂ နှစ်တွင်....
ချင်းအာက ယန်ကျိုးကို လုံချီတောင်ပေါ်သို့ခေါ်လာခဲ့သော်လည်းကျန်းချန်ရှန်း ၏ ခြံဝင်းထဲသို့ မဝင်ခဲ့ကြပေ။ ထိုအစား သူတို့သည် မြေနေရာလွတ်တစ်ခုဆီသို့ ရောက်လာကြသည်။
ယန်ကျိုးက တာအိုဘိုးဘေးကို တွေ့ရမည် ထင်ထားတာကြောင့် အရမ်းစိတ်လှုပ်ရှားနေခဲ့သည သို့သော် တာအိုဘိုးဘေးအစား အခြားတစ်ယောက်ကိုသာ မြင်လိုက်ရသည်။
ရဲရွှမ်!
ယန်ကျိုး မျက်လုံးပြူးသွားပြီး....
“ခင်ဗျား မသေသေးဘူးလား”
ရဲရွှမ်က “ သူလား” ဟု မေးသောအခါ ချင်းအာက ခေါင်းညိတ်ပြီး....
"ဟုတ်တယ်.... သူပဲ......"
ထိုသို့ပြောပြီးသည်နှင့် ချင်းအာ လှည့်ထွက်သွားပြီး ယန်ကျိုးကတော့ အူလည်ည်အမူအရာနှင့် ကျန်ရစ်ခဲ့လေသည်။