← Chapters

အင်အားခြောက်သန်း...အဖော်မဲ့ နတ်ဘုရားစွမ်းရည်.....

Vol. 12 Ch. 169

အင်အားခြောက်သန်း...အဖော်မဲ့ နတ်ဘုရားစွမ်းရည်.....

Vol. 12 Ch. 169

“ဒီနေ့ကစပြီး ငါ မင်းကို သိုင်းပညာ သင်ပေးမယ်.... တာအိုဘိုးဘေးက မင်းအတွက် ဖြေလျှော့ပေးခဲ့ပေမယ့် ငါမင်းကို ခပ်ပေါ့ပေါ့နေခွင့်ပေးမှာမဟုတ်ဘူး....အခုချိန်ကစပြီး မင်းအတွက် နာကျင်စရာသိုင်းပညာခရီးလမ်းစတင်ပြီ...... အဆင်သင့်ဖြစ်ပြီလား?"

ရဲရွှမ်က ယန်ကျိုးကို စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

တာအိုဘိုးဘေးက ဒီကလေးဟာ ဤတိုက်ကြီးရဲ့ နံပါတ်တစ် အရည်အချင်းရှိသူလို့ ပြောခဲ့ပေမယ့် လောလောဆယ်မှာတော့ ထူးထူးခြားခြား ဘာမှ မတွေ့ရသေးပေ။

"မင်းရဲ့သိုင်းပညာတွေအကုန်လုံး သူ့ကိုသင်ပေးမယ်ဆို....ငါ မင်းကို လမ်းပြပေးမယ်......မင်းသူ့ကို ပညာရှင်တစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ရင် မင်းလည်း စစ်မှန်တဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာမှာပါ.....ဒါက မင်းတစ်ယောက်တည်း သန်မာလာရုံတင်မကဘဲ မင်းရဲ့တပည့်တွေလည်း အားကောင်းလာလိမ့်မယ်....”

တာအိုဘိုးဘေးရဲ့ စကားတွေ သူ့နားထဲမှာကြားယောင်နေဆဲပင်... ရဲရွှမ်ရဲ့ နှလုံးသားထဲမှာ တိုက်ပွဲဝင်စိတ်ဓာတ်တွေ တဟုန်းဟုန်း တောက်လောင်နေသည်။

သူသည် ချန်းမိသားစု၏ ချီလက်ချောင်းသိုင်းပညာကို သင်ယူရမည်ဖြစ်သည်။

ယန်ကျိုးက သူ့စကားကြောင့် ထိတ်လန့်သွားပြီး.....

"ခင်..ခင်ဗျား ကျွန်တော့်ကို ရိုက်မလို့လား...."

ရဲရွှမ်က.. "အပိုတွေပြောမနေနဲ့..တိုက်ကြမယ်.....!"

အကြောင်းတစ်ခုခုကြောင့် သူသည် ဤကလေးကြောင့် မကျေမနပ်ဖြစ်နေမိသည်။

ခြံဝင်းထဲတွင်.....

ဓားနတ်ဘုရားက ....“ရဲရွှမ် .ယန်ကျိုး ကို သတ်လိုက်မိမယ်ထင်တယ်...."

သူက ယန်ကျိုးကို သဘောကျသည့်အတွက် ပါရမီရှင်တစ်ယောက် အရိုက်ခံပြီးသေဆုံးရမည်ကိုမမြင်ချင်ပေ။

ကျန်းချန်ရှန်းက " ရဲရွှမ်က အဲ့လောက်ထိ ရိုင်းစိုင်းတဲ့သူ မဟုတ်ဘူး"

ထို့အပြင် ယန်ကျိုး သေဆုံးသွားလျှင်တောင် ကယ်တင်နိုင်သေးသည်။

ဓားနတ်ဘုရား ထိုစကားကိုကြားသောအခါ သက်ပြင်းချလိုက်သည်။

ပိုင်ချီက သမ်းဝေပြီး ဟွမ်းထျန်းနှင့်ဟေးထျန်းကို တချက်ကြည့်လိုက်သည်။ ယန်ကျိုးနှင့်လက်ရည်ယှဉ်ခိုင်ဖို့ ဒီကောင်လေးနှစ်ကောင် အမြန်ဆုံး ကြီးပြင်းလာဖို့ မျှော်လင့်နေမိသည်။

ဤကြောင်နှစ်ကောင်သည် နတ်ဆိုးကျင့်ကြံရေးလမ်းကြောင်းပေါ် စတင်ရောက်ရှိနေပြီဖြစ်သော်လည်း အစောပိုင်းအဆင့်တွင် နတ်ဆိုးတွေအတွက် ကျင့်ကြံရေး အလွန်နှေးကွေးပြီး အချိန်လိုအပ်သည်။ ဒါကလည်း နတ်ဆိုးတွေရဲ့ သက်တမ်းဟာ လူသားတွေထက် ပိုရှည်တကြောင့်ပင်.... ဘုရားသခင်က သတ္တဝါတွေအပေါ် တရားမျှတသည်ဟုဆိုနိုင်ပေသည်။

လူသားများတွင် နတ်ဆိုးများထက် သာလွန်သော အရည်အချင်းများ ရှိသော်လည်း ၎င်းတို့၏ သက်တမ်းမှာ နတ်ဆိုးတိရစ္ဆာန်များထက် တိုတောင်းပေသည်။

အမွှေးတိုင် တတိုင်စာခန့်အကြာတွင်......

ကျန်းချန်ရှန်း ရုတ်​တရက်​ မျက်​လုံးဖွင့်​လိုက်​ပြီး နေရာမှ ​ပျောက်​ကွယ်သွားသည်။

ဓားနတ်ဘုရားနှင့်ပိုင်ချီတို့ တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး သူ့နောက်မှ ချက်ချင်း လိုက်သွားခဲ့သည်။

တစ်ဖက်တွင်၊ ရဲရွှမ်က ယန်ကျိုး ရှေ့မှာ ထိုင်နေပြီ သူ့ကို ကုသရန် သူ၏ အစစ်အမှန်ချီကို ပို့လွှတ်ပေးနေသည်။ သူ့မျက်နှာပေါ်တွင် အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းနေပြီး လက်များ တုန်ရီနေသည်။

" မဖြစ်နိုင်ဘူး...…"

ရဲရွှမ် ကြောက်လန့်နေ၏။

ဒီအချိန်မှာ ကျန်းချန်ရှန်း သူ့ရှေ့မှာ ရုတ်တရက်ပေါ်လာပြီး ညာလက်ကို မြှောက်လိုက်ကာ ယန်ကျိုးကို ချိန်ရွယ်လိုက်သည်။ သူသည် ပြန်လည်ရှင်သန်ခြင်းစွမ်းရည်ကိုသုံး၍ သူ၏ ဝိညာဉ်စွမ်းအင်များ ယန်ကျိုး ပေါ်တွင် ဖြန့်ကျက်နေသော စိမ်းပြာရောင်အလင်းအဖြစ် ပြောင်းလဲသွားသည်။

ရဲရွှမ် ရှက်ရွံ့စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် ယန်ကျိုး ချောင်းဆိုးနေရင်း သတိပြန်လည်လာသဖြင့် ရဲရွှမ် မျက်လုံးပြူးသွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ… သူသေနေပြီမဟုတ်လား…”

ရဲရွှမ် ထိတ်လန့်စွာ တွေးလိုက်သည်။

ယန်ကျိုး မျက်လုံးဖွင့်ကြည့်လိုက်တော့ ရဲရွှမ်ကိုတွေ့လိုက်ရသဖြင့် ကြောက်လန့်တကြား နောက်ဆုတ်လိုက်လေသည်။

" တာအိုဘိုးဘေး! သူ ကျွန်တော့်ကို

သတ်ချင်နေတာ! သူနဲ့ မလေ့ကျင့်ချင်တော့ဘူး!”

ယန်ကျိုး ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။

ကျန်းချန်ရှန်းက ပြုံးပြီး.... "ဒါပေမယ့် မင်းမသေသေးဘူးလေ...."

သူက ရဲရွှမ်ကို အဓိပ္ပါယ်ရှိတဲ့ အကြည့်တစ်ချက်ဖြင့်ကြည့်လိုက်သည်။

“ပြောစကားနားထောင်.... ဒီလိုအခွင့်အရေးကို လက်မလွှတ်နဲ့....”

ကျန်းချန်ရှန်းက ထိုစကားကို ပြောပြီးနောက် ထွက်ခွာသွားပြီး ရဲရွှမ်ကို အတွေးများစွာဖြင့်ထားရစ်ခဲ့သည်။

ရဲရွှမ် ယခုအချိန်တွင် ယန်ကျိုးကို မတော်တဆ သတ်မိခဲ့ကြောင်း သေချာသည်။ ဒီအမှားအတွက် အဓိကအကြောင်းအရင်းကတော့ သူ့ဒဏ်ရာတွေ ပြန်ကောင်းမလာသေးတာကြောင့် ခွန်အားမထိန်းနိုင်ခဲ့ပေ။ ရလဒ်အနေနဲ့ ယန်ကျိုး ကို မတော်တဆ သတ်ပစ်လိုက်မိသည်။

ထိုအချိန်တွင်၊ တာအိုဘိုးဘေး၏ ထူးထူးခြားခြား စွမ်းရည်များကို လေးစားခြင်းမှလွဲ၍ ရဲရွှမ်၏စိတ်ထဲတွင် မကြုံစဖူး စိတ်သက်သာရာရမှုများဖြင့် ပြည့်နှက်နေသည်။

သူသည် သူ့ဘဝတွင် မရေမတွက်နိုင်သော ရန်သူများကို သတ်ခဲ့ဖူးသော်လည်၏ တစ်စုံတစ်ဦးအား သိုင်းပညာကို သင်ကြားပေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ယန်ကျိုးက သူ့တပည့်ဖြစ်နေပြီဖြစ်သောကြောင့် သူ့တပည့်ကို မတော်တဆ သတ်ပစ်ခဲ့မိသည်...

ထိုအကြောင်းကို ပိုတွေးလေလေ စိတ်ပျက်အားငယ်လေလေပင်.....

ယန်ကျိုးက ....

"လူကြီးမင်း ခဏအနားယူလို့ ရမလား... တကိုယ်လုံး နာကျင်နေပြီ....."

သူ၏ ရောင်ရမ်းနေသော မျက်နှာကို ကြည့်လိုက်တော့ ရဲရွှမ် စိတ်ပျော့သွားကာ အစွမ်းကုန် ကြိုးစားပြီး ပြုံးလိုက်သည်။

“မင်း အနားယူသင့်တယ်”

သူ့အပြုံးက ငိုတာထက် ပိုရုပ်ဆိုးသဖြင့် ယန်ကျိုး တုန်လှုပ်ခြောက်ခြားသွားသည်။

"ထားလိုက်ပါတော့...ဆက်လေ့ကျင့်ပါ့မယ်...... "

တစ်ခြားဘက်တွင်မူ.....

ပိုင်ချီနှင့် ဓားနတ်ဘုရားတို့ ကျန်းချန်ရှန်းနှင့်အတူ ခြံဝင်းထဲပြန်လာခဲ့ကြသည်ယ

ဓားနတ်ဘုရားက "ရဲရွှမ်က အရင်က တပည့်တစ်ယောက်ကို သင်ပေးဖူးသလား"

ကျန်းချန်ရှန်းက “ဒါ ပထမဆုံးအကြိမ်ပဲ.... သူ့ရဲ့စွမ်းဆောင်ရည်ကို ကြည့်ရအောင်......."

အတိအကျဆိုရသော် သူ့တွင် ပြန်လည်ရှင်သန်ခြင်းစွမ်းရည် ရှိသောကြောင့် ရဲရွှမ်ကို ကြိုးစားခွင့်ပြုခဲ့သည်။ ဒါပေမယ့် နောက်တစ်ကြိမ်ရှိရင် သူ ရဲရွှမ်ကို လွှတ်ပေးမည်မဟုတ်ပေ။

ယန်ကျိုးအတွက်တော့ တကယ်ကို စိတ်မကောင်းဖြစ်မိသည်။ သို့သော်လည်း နောင်တွင် ဘေးဆိုးကြီးတစ်ခု ကျရောက်တော့မည်။ သေခြင်းရှင်ခြင်းကို တတ်နိုင်သမျှအမြန်ဆုံးတွေ့ကြုံခံစားခြင်းက သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကို ပြောင်းလဲစေနိုင်မည်ဖြစ်သည်။

နောက်နေ့ နေ့လည်တွင်...

ယန်ကျိုး ထပ်မံလေ့ကျင့်ရန်လုံချီ တောင်သို့ရောက်လာသည်။ ရဲရွှမ်က သူ့ဒဏ်ရာကြောင့် နောက်တစ်ကြိမ်သေမည်ကို စိုးရိမ်သောကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ ယန်ကျိုး ရောက်လာမှ စိတ်အေးလက်အေး ဖြစ်သွားသည်။

ဟမ်?

ရဲရွှမ် အံ့သြသွားသည်။

“သူ့ရဲ့ အစစ်အမှန်ချီတွေက…”

ရဲရွှမ်၏ နှလုံးသားသည် ကမောက်ကမ ဖြစ်နေသည်။ တစ်ညတည်းမှာပင် ယန်ကျိုး၏ အစစ်အမှန်ချီ နှစ်ဆတိုးလာသည်။

ဖြစ်နိုင်ပါ့မလား…

ရဲရွှမ် တစ်ခုခုကို တွေးပြီး သူ့လက်ကို အလျင်စလို ဝှေ့ယမ်းလိုက်သည်။ နောက်အခိုက်အတန့်မှာတော့ ယန်ကျိုးက ရင်တထိတ်ထိတ်နဲ့ သူ့ဆီ အမြန်ပြေးလာနေသည

ဒီကလေးက ဖြူစင်လွန်းတယ်.... သူ့အမြင်အရတော့ အားနည်းလွန်းတာကြောင့် သူ့ကို ကောင်းကောင်းလေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်သည်။

သူသည် တာအို ဘိုးဘေးကိုမလိုက်မီနိုင်သော်လည်း ရဲရွှမ်လို အားကောင်းသည့် သိုင်းပညာရှင် ဖြစ်လာသင့်သည်။

ရဲရွှမ်က ယန်ကျိုး၏ ပုခုံးများကို ဖမ်းကိုင်လိုက်ပြီး သူ့ကို ဂရုတစိုက် ကြည့်လိုက်သည်။ သူ့ကို ပိုကြည့်လေ ပိုအံ့သြလေပင်.....

"... လုံးဝ အမှားအယွင်းမရှိဘူး... ဒါက သိုင်းလောကရဲ့ ဒဏ္ဍာရီလာ သန့်ရှင်းမြင့်မြတ်တဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံပဲ..."

ရဲရွှမ် ရှားပါးရတနာကို ကြည့်ရှုနေသကဲ့သို့ ယန်ကျိုးကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

ယန်ကျိုးက သူ့အကြည့်ကြောင့် ထိတ်လန့်သွားပြီး ရင်ထိတ်နေသည်။ ယောက်ျားချင်းစိတ်ဝင်စားသူတွေအကြောင်း အလောင်းကစားရုံက သူ့အစ်ကိုတွေပြောတာကြားဖူးသည်။

ရဲရွှမ် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့လက်ကိုလွှတ်လိုက်ပြီး ယန်ကျိုးကို မျှော်လငိ့တကြီးစိုက်ကြည့်ကာ....

“ဒီနေ့ကစပြီး မင်းကို ရှေးကျတဲ့ သိုင်းပညာအချို့ တိုက်ရိုက်သင်ပေးမယ်.. မင်းနာမည် မကြာခင် တိုက်ကြီးတစ်ခုလုံးမှာ ကျော်ကြားနေမှာ သေချာတယ်...... မဟုတ်ဘူး၊ မင်းက တစ်ကမ္ဘာလုံးကို တုန်လှုပ်စေလိမ့်မယ်!"

ယန်ကျိုး သူ့စကားကြောင့် သွေးပွက်ပွက်ဆူလာချေပြီ....

...............

ဇွန်လအစတွင် ဧကရာဇ်က အမိန့်တစ်ခုထုတ်ပြန်ခဲ့သည်။

ထိုအမိန့်ကြောင့် စုန့်လီသည် သမုဒ္ဒရာစစ်ကြောင်း၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူ စစ်ချီခဲ့ကယ ကျန်းဂျန်နှင့် ပင်းအန်းတို့ သူ့နောက်မှလိုက်ခဲ့ကြပြီး ကြီးမားသောသင်္ဘောအစင်းတစ်ရာကျော် သမုဒ္ဒရာထဲသို့ ရွက်လွှင့်သွားကြသည်။

စစ်ပွဲစတင်ခဲ့သည်မှာ တစ်နှစ်သာရှိသေးသော်လည်း တကျန်း မင်းဆက်များကို သိမ်းပိုက်ထားပြီး ၎င်း၏နယ်မြေကို တိုးချဲ့ခဲ့သည်။ တိုက်ကြီးတစ်ခုလုံး၏တောင်ဘက်ပိုင်းကို တကျန်းက သိမ်းပိုက်ခဲ့သည်။

အာဏာထိန်းသိမ်းရန် အရပ်ဘက်နှင့် စစ်ဘက်အရာရှိ အများအပြားကို နယ်မြေသစ်များသို့ စေလွှတ်ခဲ့သည်။

ရှုထျန်းကျီက ကောင်းကင်ဗျူဟာ တပ်ဖွဲ့ဝင် 500,000 ကို ဉီးစီး၍ မြောက်ပိုင်း ဒေသဆီသို့စစ်ချီခဲ့ပြီး ၎င်း၏ နောက်ပစ်မှတ်မှာ တုံးဟိုင်မင်းဆက်ဖြစ်သည်။

စက်တင်ဘာလတွင်....

ကောင်းကင်ဗျူဟာစစ်တပ် တုံးဟိုင် မင်းဆက်၏ နယ်နိမိတ်တွင် စုရုံးနေပြီဖြစ်သည်။ သို့သော် စစ်ပွဲမစတင်မီတွင်၊ ဧကရာဇ်ရွှမ်ထျန်းက တုံးဟိုင် မင်းဆက်၏ဧကရာဇ်အား စည်းရုံးရန် သံတမန်များစေလွှတ်ခဲ့ပြီး ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို ထုတ်ပြောခဲ့သည်။

သို့သော် တုံးဟိုင်မင်းဆက်၏ဧကရာဇ်က သူ့ကိုမယုံဘဲ သံတမန်များကိုပင် အလျှော့မပေးဘဲ ငြင်းပယ်ခဲ့သည်။

ဧကရာဇ်ရွှမ်ထျန်းသည် တုံးဟိုင် မင်းဆက်၏ မှီခိုအားထားမှုကို နားမလည်သော်လည်း ကြောက်ရွံ့ခြင်းမရှိပေ။ ကောင်းကင်ဗျူဟာတပ်တွင် ယခုအခါ အစစ်အမှန်နတ်ဘုရားနယ်ပယ် ဆယ့်လေးယောက်ကို ဗိုလ်ချုပ်များအဖြစ် ခန့်အပ်ထားသောကြောင့် ၎င်းတို့သည် တုံးဟိုင်မင်းဆက်ကို မကြောက်ခဲ့ကြပေ။

မိုင်တစ်ထောင်လင်းယုန်များက ရက်အနည်းငယ်အကြာတွင် တော်ဝင်အမိန့်ကို ရှေ့တန်းသို့ ပေးပို့ခဲ့သည်။

စစ်ပွဲစတင်ချေပြီ......

တစ်ချိန်တည်းမှာပင်၊ ကျန်းဂျန်နှင့်ပင်းအန်းတို့က သမုဒ္ဒရာကိုဖြတ်၍ တုံးဟိုင် မင်းဆက်၏ ကမ်းရိုးတန်းဒေသကို လှည့်ပတ်ကာ နှစ်ဖက်ညှပ်၍ တိုက်ခိုက်ခဲ့ကြသည်။

တုံးဟိုင်မင်းဆက်က ကမ်းရိုးတန်းဒေသကို စောင့်ကြပ်နေခဲ့တာ ကြာပါပြီ.... တကယ်တော့ ကမ်းရိုးတန်းကို စောင့်ကြပ်နေတဲ့ ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ရှိနေခဲ့သည်။

ခြံဝင်းထဲတွင်.....

ဧကရာဇ်ရွှမ်ထျန်းက လတ်တလော စစ်ရေးအခြေနေအကြောင်း ကျန်းချန်ရှန်း ကို ပြောပြနေသည်။ တုံးဟိုင်မင်းဆက်ကို နိုင်ငံခြားတပ်များ၏ ပံ့ပိုးမှုမရအောင် ဟန့်တားရန်နှင့် စကြဝဠာနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦး တိုက်ခိုက်ခံရပါက ကောင်းကင်ဗျူဟာတပ်ကို ထောက်ပံ့ရန် ဘုန်းတော်ကြီးကျာရဲကို ကိုယ်တိုင်ကိုယ်ကျ စစ်မြေပြင်သို့ စေလွှတ်ခဲ့သည်။ သို့သော်၊ ကျန်းဂျန်နှင့် ပင်းအန်းတို့ရှိနေသည့် စစ်မြေပြင်သည် သမုဒ္ဒရာနှင့် ပိုနီးကပ်သောကြောင့် ပို၍ပင် အန္တရာယ်ရှိသည်။

ကျန်းချန်ရှန်းက တုံးဟိုင်မင်းဆက်ကို ဖြုတ်ချရန် အချိန်တန်ပြီဟု ခံစားမိသဖြင့် ဓား​နတ်ဘု​ရား​ကို​ကြည့်​ကာ....

“သွား​ကြည့်လိုက်... တုံးဟိုင်မှာ စကြဝ​ဌာနယ််ပယ်ကျွမ်းကျင်သူမရှိရင် မလှုပ်ရှားနဲ့.... ရှိခဲ့ရင် စကြဝဠာနယ်ပယ်တွေကိုပဲရှင်းခဲ့....."

ဓားနတ်ဘုရားက သူ့ကို သခင်အဖြစ် အသိအမှတ်ပြုခဲ့တာ ကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူက ချက်ချင်းပင် မေးခွန်းမထုတ်ဘဲ ခေါင်းညိတ်ကာ တံစက်မြိတ်မှ ပျောက်ကွယ်သွားခဲ့သည်။

ဧကရာဇ်ရွှမ်ထျန်း အလွန်ဝမ်းသာသွားသည်။ သူအချိန်အတော်ကြာအောင် မျှော်ကြည့်ခဲ့သော ဓားနတ်ဘုရားက နောက်ဆုံးတွင် တကျန်းအတွက် အမှုတော်ထမ်းရွက်နေပြီ....ဓားနတ်ဘုရားက တာအိုဘိုးဘေး၏ အမိန့်ကို နားထောင်နေပေမယ့် ရလဒ်ကတော့ အတူတူပါပင်.....

"ယန်ကျိုးရဲ့ နောက်ခံက ဘာလဲ.... အခုလေးတင် လူတစ်ယောက်နဲ့ သိုင်းပညာ လေ့ကျင့်နေတာ တွေ့တယ်.....အဲဒီလူက ရဲရွှမ် လား...?"

ဧကရာဇ်ရွှမ်ထျန်းက စိတ်ဝင်တစား မေးလိုက်သည်။

ရဲရွှမ် အသက်ရှင်နေသေးတာကိုမြင်တော့ ဧကရာဇ်ရွှမ်ထျန်း အရမ်းစိတ်လှုပ်ရှားနေပေမယ့် သူ့ကိုယ်သူ ကောင်းကောင်းထိန်းထားနိုင်ခဲ့သည်။

ကျန်းချန်ရှန်းက .....

“ယန်ကျိုးက တုံ့လင်းပြည်နယ်မှာ တွေ့ခဲ့ရတဲ့ ပါရမီရှင်တစ်ယောက်ပါ.... သူ့အစ်ကိုက လက်ရှိမှာ တော်ဝင်စာမေးပွဲ ဖြေဆိုနေပြီး လာမည့်နှစ်မှာ နန်းတွင်းစာမေးပွဲဝင်ဖြေမယ်ထင်တယ်....အတိုချုံးပြောရရင် ယန်ကျိုးက တကျန်းပြည်သား စစ်စစ်ပဲ...."

ဧကရာဇ်ရွှမ်ထျန်းက “တာအိုဘိုးဘေးက တကယ်ကို အံ့သြစရာကောင်းတယ်...ဒီတောင်ပေါ်မှာနေရုံနဲ့ တိုက်ကြီးတစ်ခုလုံးကို မြင်နိုင်တယ်.....”

ကျန်းချန်ရှန်းက သူ့အား မျက်လုံးပြူးကြည့်ပြီး....

" ထွက်သွားစမ်း ကောင်စုတ်လေး...ငါလေ့ကျင့်နေတာကို လာမနှောက်ယှက်နဲ့...."

“ကောင်းပြီ!”

ကျန်းချန်ရှန်း၏ အပြစ်တင်ခြင်းကို ခံရပြီးနောက်၊ ဧကရာဇ် ရွှမ်ထျန်း စိတ်မဆိုးရုံသာမကဘဲ၊ ပို၍ပင် ပျော်ရွှင်ခဲ့သည်။

သူ မထွက်သွားခင်မှာ သူက ပိုင်ချီ ရန်စခဲ့သေးသည်။

သူထွက်သွားပြီးနောက် ပိုင်ချီက သက်ပြင်းချလိုက်ပြီး.....

"ဧကရာဇ်တိုင်ကျုံးတောင်မှ သူ့လောက်ကံကောင်းတာမဟုတ်ဘူး.. ကောင်းကင်နယ်ပယ်နဲ့စကြဝ​ဌာနယ််ပယ် ကျွမ်းကျင်သူတွေတောင် သူ့အတွက် တိုက်ပွဲဝင်နေကြတယ်.... ဒီလိုနောက်ခံမျိုးနဲ့ဆို ဝက်တစ်ကောင်တောင် တိုက်ကြီးကို ပေါင်းစည်းနိုင်လိမ့်မယ်....”

ကျန်းချန်ရှန်းက .... “အဲ့လောက်မလွယ်ဘူး..... တခါတရံမှာ စစ်တိုက်ရတာထက် တိုင်းပြည်ကို ကာကွယ်ဖို့က ပိုခက်တယ်..... သူ့ရဲ့ အုပ်ချုပ်မှုစွမ်းရည်က ဇီယုထက် မနိမ့်ဘူး....."

ကျန်းချန်ရှန်း စိတ်ထဲကနေ အမွှေးတိုင် တွက်ချက်တဲ့ စနစ်ကို အသုံးပြုခဲ့သည်။

“တုံးဟိုင်မင်းဆက်ကို ထောက်ပံ့တဲ့ တပ်ဖွဲ့တွေ ဘယ်လောက် အစွမ်းထက်လဲ.....”

[အမွှေးတိုင်အရေအတွက် ၆.၂ သန်း လိုအပ်သည်... ဆက်လုပ်လိုပါသလား။]

မလုပ်ဘူး!

"အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့ က ဘယ်လောက်တောင် အစွမ်းထက်လဲ..."

[အမွှေးတိုင်အရေအတွက် 6.17 သန်း လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]

မလုပ်ဘူး!

သမုဒ္ဒရာ၏အုပ်စိုးသူသည် မျှော်လင့်ထားသည့်အတိုင်းပင်.... အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့သည် သိုင်းဧကရာဇ်ကျွန်း၏ ဆယ်ပုံတစ်ပုံခန့်အင်အားရှိသည်။

အကန့်သတ်မဲ့ပင်လယ်မဟာမိတ်က ဘာကြောင့် နတ်ဆိုးပုလဲကို လိုချင်တာလဲ ဆိုတာ မသိရသေးပေ။

နတ်ဆိုးသားရဲကပ်ဘေး မရောက်လာခင်မှာ သူ တတ်နိုင်သမျှ သန်မာဖို့ လိုတယ်......

တစ်ခြားဘက်တွင်မူ......

ရဲရွှမ်နဲ့ ယန်ကျိုးတို့ ဘေးချင်းယှဉ်ထိုင်ပြီး သူတို့ရဲ့အစစ်အမှန်ချီရို တူညီတဲ့ ကိုယ်ဟန်အနေအထားနဲ့ ဖြန့်ကျက်နေသည်။

ကိုးလကြာပြီးသည်နှင့် သူတို့၏ဆက်ဆံရေးတိုးတက်လာသည်။ ယခု သူတို့သည် တကယ့်ကို ဆရာနှင့်တပည့်ပိီသလာသည်။

သေမလိုဖြစ်ခဲ့ပြီးနောက်ပိုင်း ရဲရွှမ်က မတူညီသောလူတစ်ယောက်ဖြစ်လာကြောင်း သိလိုက်ရသည်။ ယခုအချိန်တွင် သူ့အပေါ် ထူးထူးခြားခြား ညှင်သာစွာပြောဆိုဆက်ဆံပေးသည်။ ပြောင်းလဲသွားတာကို နားမလည်ပေမယ့် သဘောကျမိသည်။

ရဲရွှမ်၏ လမ်းညွှန်မှုအောက်တွင် ယန်ကျိုးအနေဖြင့် ရှေးကျသော သိုင်းပညာနည်းစနစ်၏ အခြေခံများကို နားလည်ထားပြီးဖြစ်သည်။

ရဲရွှမ်အနေဖြင့် အဖော်မဲ့နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံစဉ်ကအခြေခံပိုင်နိုင်ရန် နှစ်ပေါင်းများစွာကြာခဲ့ပြီး ၎င်းကိုကျွမ်းကျင်ရန် နှစ်တစ်ရာကျော်ကြာခဲ့သည်။

ယန်ကျိုးနဲ့ ယှဉ်လိုက်ရင် သူ့အရည်အချင်းက သာမာန်ဖြစ်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

သေသေချာချာတွေးကြည့်တော့ အဓိပ္ပါယ်ရှိပေသည်။သူသည် ထူးထူးခြားခြား နားလည်နိုင်စွမ်းရှိရုံမျှသာဖြစ်ပြီး ယနေ့သူရှိရာသို့ ရောက်ရန် ကံကောင်းသောအခွင့်အရေးများကို မှီခိုအားထားခဲ့သည်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်က ယန်ကျိုးလောက် မထူးချွန်ပေ။

ယန်ကျိုးတွင် သန့်ရှင်းမြင့်မြတ်သော ခန္ဓာကိုယ်တည်ဆောက်ပုံရှိ၍ စိတ်ကူးမယဉ်နိုင်သော အလားအလာရှိသည်ဟု ဆိုကြသည်။

ထိုအချိန်တွင် နှစ်ယောက်စလုံး မျက်လုံးဖွင့်ကာ ကောင်းကင်ပေါ် မော့ကြည့်လိုက်ကြသည်။ သူတို့ရဲ့ အကြည့်တွေ မြူခိုးတွေကြားထဲ ထိုးဖောက်ဝင်ရောက်ပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ ကံကြမ္မာရဲ့ အပြောင်းအလဲကို ခံစားလိုက်ရသည်။

ဤသည်မှာ ယန်ကျိုးအတွက်တော့ ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာပြောင်းလဲမှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းဖြစ်သည်။

“ဆရာကြီး၊ ဒီဖြစ်စဉ်က ဘာကြောင့် ဖြစ်ရတာလဲ...."

ရဲရွှမ်က မော့ကြည့်လိုက်ပြီး.....

"တစ်ယောက်ယောက် အဆင့်တက်နေပြီ......"

All Chapters