← Chapters

ဧကရာဇ်ကိုယ်တိုင်စစ်ချီခြင်း.......

Vol. 12 Ch. 170

ဧကရာဇ်ကိုယ်တိုင်စစ်ချီခြင်း.......

Vol. 12 Ch. 170

“အနာဂတ်မှာ ငါ အဆင့်တက်တဲ့အခါ ဒီ့ထက် ခမ်းနားမယ်လို့မျှော်လင့်တယ်...."

ယန်ကျိုး စိတ်ထဲကနေ ကြွေးကြော်လိုက်သည်။ ကောင်းကင်နှင့်မြေကြီး၏ကံကြမ္မာကို အပြောင်းအလဲဖြစ်စေခြင်းသည် အထွတ်အထိပ်သို့တက်လှမ်းတော့မည်ဟု သိုင်းခံပညာရှင်အားလုံးကို အသိပေးခြင်းမဟုတ်ပေလော.....

တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားစရာဖို့ကောင်းလှပေသည်။

ရဲရွှမ်က တည်တည်ငြိမ်ငြိမ်နဲ့ ....

“တနေ့ကရင် မင်းရဲ့ အဆင့်တက်တဲ့ ဖြစ်စဉ်က ပိုပြီးတော့တောင် ခမ်းနားနေမှာ......"

ယန်ကျိုးရဲ့ အရည်အချင်းကို ရဲရွှမ် အသိဆုံးပင်......

ယန်ကျိုးက.... "ဆရာ...အခုအဆင့်တက်နေတာ ဘယ်နယ်ပယ်လဲ...."

"ရွှေခန္ဓာနယ်ပယ်"

"အော်...."

ယန်ကျိုးသည် ကောင်းကင််နှစ်ခုနယ်ပယ် လက်အောက်တွင်သင်ကြားနေရသောကြောင့် ရွယ်တူတွေထက် အမြင်ပိူကျယ်ပေသည်။

ရဲရွှမ်က..... “ရွှေခန္ဓာနယ်ပယ်က ဒီလောက်ပဲဆိုပေမယ့် အဆင့်တက်နေတဲ့သူက လူသားမဟုတ်တဲ့ နတ်ဆိုးတစ်ကောင်ပဲ.... နဂါးသွေးကြောတိုက်ကြီးတောင် အတော်တိုးတက်လာပြီပဲ... စကြာဝဠာအဆင့် နတ်ဆိုးကိုတောင် အာရုံခံမိနေတယ်......."

ယန်ကျိုးအနေဖြင့် ကျရောက်မည့် ဘေးဆိုးကြီးအကြောင်း တစ်ခါမျှ မကြားဖူးသောကြောင့် ၎င်းအကြောင်းကို သိပ်ပြီး မစဉ်းစားခဲ့ပေ။

ဤသို့ဖြင့် ဆရာတပည့်နှစ်ယောက် အဖော်မဲ့နတ်ဘုရားလမ်းစဉ်ကို ဆက်လက်ကျင့်ကြံခဲ့ကြသည်။

နဂါးသွေးကြောတိုက်ကြီး၏ မြောက်ပိုင်းဒေသ.....တချီ မင်းဆက်တွင်....

တချီသည် နဂါးသွေးကြောတိုက်ကြီးတွင် တကျန်း၏လက်မှလွတ်မြောက်နေသော တခုတည်းသော ကံကြမ္မာမင်းဆက်ဖြစ်သည်။ တကျန်းနှင့် တုံးဟိုင် မင်းဆက်တို့၏တိုက်ပွဲကို တစ်ကမ္ဘာလုံး အာရုံစိုက်နေချိန်တွင် တချီမင်းဆက်က တိတ်ဆိတ်စွာ ကြီးထွားလာခဲ့သည်။

နှစ်ပေါင်းများစွာကြာအောင်၊ တချီ မင်းဆက်တွင် ပါရမီရှင်များစွာ ပေါ်ထွက်လာခဲ့ပြီး ၎င်းတို့၏ သိုင်းလောကကို အမြင့်အသစ်သို့ ပို့ဆောင်ပေးခဲ့သည်။

တချီ နန်းတော်ထဲတွင်......

တချီမင်းဆက်၏ ဧကရာဇ်က ခုံပေါ်တွင် ထိုင်ကာ အဝေးသို့ ငေးမောနေသည်။

ထိုစဉ် မင်းသားပါး လျင်မြန်စွာ ဝင်လာပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။

တချီဧကရာဇ်က မင်းသားငယ်ကို လှည့်ကြည့်ကာ.....

"ဟန်အာ... မင်းရဲ့ သိုင်းပညာစွမ်းရည်က ထူးခြားတယ်.....စစ်တိုက်ဖို့ စစ်တပ်ကို ဦးဆောင်ဖို့ ဆန္ဒရှိလား......"

ဒါကိုကြားတော့ ချီဟန်က မျက်မှောင်ကြုတ်ပြီး....

“ခမည်းတော်က သားတော်ကို စစ်သူကြီးဖြစ်စေချင်တာလား...."

တချီဧကရာဇ်က.....

"ဘာဖြစ်လို့လဲ.... ဧကရာဇ်တွေရဲ့ သက်တမ်းက အနှစ်တစ်ရာထက် မကျော်လွန်နိုင်ဘူး..... စစ်သူကြီးဘဝနဲ့ဆို သိုင်းပညာ လေ့ကျင့်ပြီး သက်တမ်းတိုးနိုင်တယ်....မင်းရဲ့ အရည်အချင်းနဲ့ဆို အနည်းဆုံး နှစ်နှစ်ရာလောက်တော့ အသက်ရှည်နိုင်မှာပါ....."

ချီဟန်က ခေါင်းမာမာနဲ့....

“ဆန္ဒမရှိဘူး....အစက အိမ်ရှေ့စံရာထူးအတွက် ပြိုင်ဆိုင်နိုင်တယ် ဆိုပြီး အခုကျတော့ မင်းသားနှစ်ဘက်ကို မျက်နှာလိုက်နေတာလား..."

တချီဧကရာဇ်က သက်ပြင်းချပြီး.....

“အချိန်က ငါတို့ဘက်မှာ မရှိဘူး။ တိုက်ကြီးတခုလုံးမှာ စစ်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားနေပြီး သမုဒ္ဒရာထဲမှာ နတ်ဆိုးသားရဲတွေရှိနေတယ်.....ဟန်အာ...

အခုချိန်မှာ တချီကို အလောင်းကစားလုပ်လို့မရဘူး..."

ချီဟန် တိတ်ဆိတ်နေတော့ တချီဧကရာဇ်က....

"မင်းကို မှော်စစ်သည် 100,000 ပေးမယ်....အနောက်ဘက်ဒေသက ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကယ်တင်ဖို့ အဲဒီမှာရှိတဲ့ နတ်ဆိုးသားရဲတွေကို အနိုင်ယူပြီး စစ်တပ်ကို ဉီးစီးပါ.....”

ချီဟန် အသက်ပြင်းပြင်းရှူပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

စစ်သူကြီးတံဆိပ်ကို ယူပြီးနောက် လှည့်ထွက်လာခဲ့ပြီး အပြင်ဘက်ရောက်သည့်အခါ စွဲမက်ဖွယ်ကောင်းသော အပြုံးတစ်ခုကို ထုတ်ဖော်ခဲ့သည်။

တကျန်းတွင် တာဝန်ရှိသူများ စိတ်လှုပ်ရှားနေကြသည်။ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးက ဧကရာဇ်ကိုဖျောင်းဖျရန် ကြိုးစားနေကြ၏။

“လူသားဧကရာဇ်ရဲ့ အမွေကိုရခဲ့ပြီး ငါ့ရဲ့ခွန်အားက ပြီးပြည့်စုံတဲ့ နယ်ပယ်ကို ရောက်နေပြီ..... စကြဝဠာနယ်ပယ် ကျွမ်းကျင်သူနဲ့ရင်ဆိုင်ရရင်တောင် ရအောင်ထိန်းထားနိုင်တယ်.....ငါကိုယ်တော် စစ်ပွဲမှာ ပါဝင်မယ်ဆို တကျန်းအတွက် သိုင်းပညာလမ်းကြောင်းသစ်ကို ဖန်တီးနိုင်ပြီး တုံးဟိုင်မင်းဆက်ကို ပိုမိုဖိအားပေးနိုင်မယ်...."

နဂါးဝတ်ရုံကို ၀တ်ဆင်ထားသော ဧကရာဇ်ရွှမ်ထျန်းက အခုဆို သက်တော် 22 နှစ်အရွယ်ရှိနေပြီဖြစ်သည်။

ငယ်ရွယ်သူပီပီ ရဲသွေးရဲမာန်ပြည့်ဝနေသောကြောင့် သူကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ချင်နေသည်။

ချန်းလီက ...."အရှင်မင်းကြီး.... တုံးဟိုင် မင်းဆက်ကို နိုင်ငံရပ်ခြားတပ်ဖွဲ့တွေ ကူညီပံ့ပိုးပေးနေကြတယ်....အရှင်မင်းကြီး ထွက်သွားရင် ဝိုင်းဝန်းတိုက်ခိုက်ကြလိမ့်မယ်....."

ချန်းလီကို တာဝန်ရှိသူမျာားက ထောက်ခံနေကြသည်။ ယခုအချိန်တွင်၊ တကျန်း ၏ခွန်အား တဖြည်းဖြည်း မြင့်တက်လာပြီး ၎င်း၏ကံကြမ္မာသည်လည်း အားကောင်းလာသည်။

ဧကရာဇ်ကို အခုလိုတားနေရသည့်အဓိကအကြောင်းအရင်းမှာ ဧကရာဇ်က အသက်ငယ်လွန်း၍ သားသမီးများလည်း ငယ်သေးသောကြောင့်ဖြစ်သည်။ သူတစ်ခုခုဖြစ်သွားရင် သူ့မျိုးရိုးဆက်က ထီးနန်းဆက်ခံဖို့ ခက်ခဲလိမ့်မည်။

“ ကိုယ်တော် ဆုံးဖြတ်ပြီးပြီ....ဘယ်သူမှ မတားကြနဲ့...... နောက်လအစမှာ စစ်ငည်တစ်သောင်းနဲ့ ရှေ့တန်းကို စစ်ချီမယ်....

ဧကရာဇ်ရွှမ်ထျန်းက သူ့စကားကို မည်သူမျှ ချေပရန် ခွင့်မပြုပေ။

တာဝန်ရှိသူများ အချင်းချင်းကြည့်နေကြသည်။

နံနက်ပိုင်းတရားရုံးအစည်းအဝေးပြီးဆုံးပြီးနောက် ချန်းလီက ကျန်းချန်ရှန်းသို့သွားရောက်ကာ အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြောပြခဲ့သည်။

ကျန်းချန်ရှန်း မအံ့သြခဲ့ပေ။

“သန်မာနေရက်နဲ့ ခွန်အားမသုံးနိုင်တာ လူသားဧကရာဇ်ရဲ့အမွေအနှစ်ကို ဖြုန်းတီးရာကျမနေဘူးလား...."

ချန်းလီက မျက်မှောင်ကြုတ်ပြီး တစ်ခုခု ပြောချင်ပေမယ့် တုံ့ဆိုင်းနေသည်။

"အချိန်တန်ရင် သူ့ကို ဘရိုကိတ်အိတ်တစ်လုံး ပေးမယ်......"

ကျန်းချန်ရှန်း၏ စကားကိုကြားတော့ ချန်းလီ ချက်ချင်းပင် ဝမ်းသာအားရနှင့် သဘောတူလိုက်သည်။

ချန်လီ ထွက်ခွာမသွားမီ သူတို့နှစ်ဦး ခဏတာ ပျော်ရွှင်စရာများ ပြောဆိုဖြစ်ခဲ့ကြသည်။

ပိုင်ချီက..... "ဧကရာဇ်က ချန်းလီကို တမင်သက်သက် သတင်းပို့ခိုင်းတာမလား....."

ကျန်းချန်ရှန်းက..... "မဟုတ်ဘူး၊ ဒါပေမယ့် အရေးမကြီးဘူး။ ဧကရာဇ် အခုလိူ စိတ်ပိုင်းဖြတ်ထားတဲ့အတွက် ဝမ်းသာပါတယ်.....အခုချိန်ကစပြီး တကျန်ရဲ့ဧကရာဇ်က ခေတ်ရေစီးကြောင်းအသစ်တစ်ခုဆီကို ဦးတည်နေပြီ......”

မင်းဆက်တစ်ခုရဲ့ အုပ်စိုးရှင်ဟာ တုနှိုင်းမရတဲ့ ခွန်အားတွေရှိပေသည်။ဒါတွေကို မသုံးဘဲနေလျှင် ဖြုန်းတီးရာကျနေပေမည်။

ထို့အပြင်၊ ဧကရာဇ်ရွှမ်ထျန်း စစ်မြေပြင်သို့သွားလျှင် အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူများ အသည်းအသန် ရောက်လာပေလိမ့်မည်။

ပိုင်ချီက...."ဒီတိုက်ကြီးမှာ အရည်အချင်းအရှိဆုံး ဧကရာဇ် ပေါ်လာတော့မယ်....."

ကျန်းချန်ရှန်း မျက်လုံးမှိတ်ပြီး ပြုံးလိုက်သည်။

ခဏအကြာတော့ ရဲရွှမ် ပြန်ရောက်လာပြီး ခြံထောင့်သို့ လျှောက်သွားကာ တရားထိုင်နေသည ယခုအချိန်တွင် သူ၏နေ့ရက်များက အလွန်ပြည့်စုံနေပါသည်။ ခွန်အားပြန်လည်ရရှိချိန်တွင် ယန်ကျိုးကို သင်ကြားပေးခဲ့သည်။ သူသည် ယခုဆို ထျန်းဟိုင်ကို မေ့သွားခဲ့ပြီး လောလောဆယ် မပြန်ချင်သေးပေ။

ဒီဇင်ဘာလအစတွင် ဧကရာဇ်က စစ်သည်တစ်သောင်းဖြင့် မြို့တော်မှ ထွက်ခွာပြီး မြောက်ဘက်သို့ ဦးတည်ခဲ့သည်။

ရွှမ်ထျန်းတပ်မတော်သည် နှစ်များတစ်လျှောက် အထူးပြင်ဆင်ခဲ့သော တပ်မတော်ဖြစ်ပြီး စစ်သည်တစ်သောင်းသာရှိသော်လည်း ၎င်းတို့အားလုံးက ထိပ်တန်းကျွမ်းကျင်သူများဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ တုံးဟိုင် မင်းဆက်၏စစ်မြေပြင်နှစ်ဖက်လုံးတွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေသည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ အများအပြား တုံးဟိုင်မင်းဆက်ဘက်မှ ပေါ်ထွက်လာပြီး စကြဝဠာနယ်ပယ်နှင့် ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူများလည်း ကင်းမဲ့ခြင်းမရှိပေ။

ဤသည်ကို ကြည့်ခြင်းအားဖြင့်

အကန့်အသတ်မဲ့ ပင်လယ်မဟာမိတ်အဖွဲ့က တုံးဟိုင်မင်းဆက်ကိုထောက်ခံခဲ့သည်ဟု ယူဆနိုင်သည်။

တကျန်း၏ အင်အားသည် မင်းဆက်အမျိုးမျိုးကို အံ့သြမသွားစေဘဲ တုံးဟိုင် မင်းဆက်၏ အင်အားကသာ အံ့သြစရာဖြစ်ခဲ့သည်။

တစ်စုံတစ်ယောက်က ထိုသတင်းကို တမင်တကာ ဖြန့်လိုက်ခြင်းဖြင့် တုံးဟိုင် မင်းဆက်က နိုင်ငံရပ်ခြားတပ်များနှင့် ပူးပေါင်းခဲ့ကြောင်း တစ်ကမ္ဘာလုံးက သိရှိခဲ့ကြသည်။

တကျန်း၏ စည်းလုံးညီညွတ်မှုသည် ဤတိုက်ကြီးအတွင်း အာဏာလွန်ဆွဲပွဲတစ်ခုသာဖြစ်သည်။ ဤတိုက်ကြီးကို ပြည်ပအင်အားစုများကသာ ပေါင်းစည်းခဲ့လျှင် အဓိပ္ပါယ်မှာ လုံးဝကွဲပြားသွားမည်ဖြစ်သည်။

ဧကရာဇ်ရွှမ်ထျန်း စစ်မချီခင် ကျန်းချန်ရှန်းဆီကနေ ဘရိုကိတ်အိတ်တစ်လုံးရရှိခဲ့သည်။ထို့ကြောင့် ရွှမ်ထျန်းကို စိတ်ပူနေစရာမလိုပေ.....

ရွှမ်ထျန်းခေတ်၏ 13 နှစ်၊ နွေဦးနှစ်သစ်တွင်...

ဒါဟာ နွေဦးရာသီသစ်ဖြစ်ပြီး ထူးထူးခြားခြား တိတ်ဆိတ်နေ၏။ဤသည်မှာလည်း နွေဉီးရောက်တိုင်း တက်ကြွနေသူ ရွှမ်ထျန်း မရှိသော​ကြောင့်ပင်....

ပိုင်ချီက ယန်ကျိုးကို ခေါ်လိုက်ဖို့ အကြံပေးသဖြင့် ကျန်းချန်ရှန်းက စဉ်းစားပြီး ခေါင်းညိတ် သဘောတူလိုက်သည်။

ရဲရွှမ်က ယန်ကျိုးကို ချက်ချင်းလိုက်ရှာခဲ့ပြီး ချင်းအာနှင့် မင်ယွဲ့ တို့ကထိုနေရာတွင် အရသာရှိသော ဟင်းပွဲများကို စီစဉ်ပေးခဲ့သည်။

အိုမင်းနေသော မင်ယွဲ့ကိုကြည့်ရင်း ကျန်းချန်ရှန်း စိတ်ခံစားမှုအချို့ ခံစားခဲ့ရသည်။

ယခင်က ပုံရိပ်ယောင်နတ်မျက်စိကို စမ်းသပ်ရန်အတွက် ဝမ်လီနှင့်မင်ယွဲ့တို့ကို အသုံးချခဲ့ဖူးသည်။ သူတို့ကို လျော်ကြေးပေးသည့်အနေဖြင့် သိုင်းပညာကို သင်ပေးခဲ့သည်။ထို့ကြောင့် သူတို့သုံးယောက်ကို ဆရာတပည့်အဖြစ် သတ်မှတ်နိုင်သည်။ နှစ်အတော်ကြာပြီးနောက် ဝမ်လီ ကွယ်လွန်သွားကာ မင်ယွဲ့လည်း ဘဝဆုံးခန်းတိုင်တော့မည်ဖြစ်သည်။

ယန်ကျိုးက ကျန်းချန်ရှန်းကိုတွေ့တော့ ထိတ်လန့်သွားသည်။

ပိုင်ချီနဲ့ စကားစမြည်ပြောဖြစ်ခဲ့ပြီး ဤနတ်ဆိုးဝံပုလွေကို အလွန်စိတ်ဝင်စားခဲ့သည်။

ကျန်းချန်ရှန်းက ဝိုင်ခွက်ကိုဆော့ကစားရင်း....

“အသက်တွေကြီးလာတော့ အတိတ်ကို ပိုပိုပြီး လွမ်းဆွတ်နေတယ်ဆိုတာ သိလာတယ်…”

အတိတ်ကို ပြန်ပြောပြရင်း ချင်းအာနှင့် မင်ယွဲ့က သူ့စကားကို ဂရုတစိုက် နားထောင်ခဲ့သည်။ ချင်းအာက ကျန်းချန်ရှန်း၏ အထီးကျန်မှုကို ခံစားနေရသည်။

တစ်ဖက်တွင်မူ မင်ယွဲ့က အတိတ်ကို လွမ်းဆွတ်နေခဲ့သည်။ သူမအသက်ရှည်မည်မဟုတ်ကြောင်း သိသောကြောင့် အချိန်တိုင်းကို တန်ဖိုးရှိစွာအလေးထားခဲ့သည်။

ရဲရွှမ်ကတော့ တစ်ယောက်တည်း သောက်နေရင်း ကျန်းချန်ရှန်း ၏ စကားများကို နားထောင်ကာ သူငယ်ချင်းဟောင်းများအကြောင်း တွေးတောမေမိတော့သည်။

သူသည် သိုင်းပညာကို ဝါသနာပါသူဖြစ်ပြီး ငယ်ငယ်ကတည်းက သူ့မိဘတွေကို စွန့်ခွာကာ ကမ္ဘာအနှံ့ လှည့်လည်သွားလာခဲ့သည်။ လမ်းခရီးတလျောက် သူတွေ့ခဲ့တဲ့ သူငယ်ချင်းဟောင်းအများစု အချိန်မတန်ခင် သေဆုံးခဲ့ကြသည်။ထို့ကြောင့် စိတ်နှလုံးသားကို သိုင်းပညာအတွက်သာ မြှုပ်နှံထားပြီး ထိုအရာများကို မစဉ်းစားရန် ကြိုးစားခဲ့သည်။

သို့သော် ယနေ့ညတွင် အမှတ်တရများ ပြန်လည်သတိရနေမိသည်။

မင်ယွဲ့က ဝိုင်ခွက်ကို မြှောက်လိုက်ပြီး.....

"ကျွန်မ ဘဝက နေဝင်ချိန်ရောက်နေပြီ...နောက်ထပ် နွေဉီးကိုတောင်မြင်နိုင်မယ်မထင်ဘူး.... ဒီဘဝအတွက် ဆရာတော်ရဲ့ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်......."

ထို့နောက် အရက်ခွက်ကို တကျိုက်တည်းမော့သောက်လိုက်လေသည်။

ထိုညသည် ယခင်ကလို မတက်ကြွသော်လည်း နွေးထွေးမှုကို ခံစားရစေသည်။

အခုအချိန်မှာ သူနဲ့အတူရှင်သန်နေမည့် တစ်စုံတစ်ယောက်ရှိတာက ပိုအဓိပ္ပါယ်ရှိတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။ လူ့လောက၏ များပြားလှသော အရေးကိစ္စများကို တွေ့ကြုံခံစားပြီး ဘဝသံသရာတွင် သူ့မိတ်ဆွေဟောင်းများ သေခြင်းတရားနောက်လိုက်ပါသွားကြချေပြီ...... ဒါဟာလည်း အင်မော်တယ်

တစ်ယောက်ဖြစ်လာရန် ဖြတ်သန်းခဲ့ရသော အသွင်ကူးပြောင်းမှုဖြစ်နိုင်သည်။

တုံးဟိုင်မင်းဆက်၊ အနောက်တောင်နယ်စပ်တွင်......

စွန့်ပစ်မြေစာပုံတွင် မရေမတွက်နိုင်သော အလောင်းများကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ နေဝင်ရီတရောအချိန်၌ မရေမတွက်နိုင်သော စစ်သားများ တိုက်ပွဲဝင်နေကြပြီး အစစ်အမှန်နတ်ဘုရားနယ်ပယ်များ လေထဲတွင် တိုက်ခိုက်နေကြသည်။

ဧကရာဇ်ရွှမ်ထျန်းက အနက်ရောင်နဂါးဝတ်ရုံကို ၀တ်ဆင်ထားပြီး ကောင်းကင်တွင် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူသုံးဦးနှင့် တိုက်ခိုက်နေသည်။ သူ၏ ခွန်အားက စကြဝဠာနယ်ပယ် ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နိုင်သည်။

လက်ဖဝါးရိုက်ချက်တခုဖြင့် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူသုံးဦးကို သွေးအန်ပြီး ပျံသန်းသွားသည်အထိ တိုက်ခိုက်နိုင်ခဲ့သည်။

ဧကရာဇ်ရွှမ်ထျန်းက ဝတ်ရုံလက်စကို ဝှေ့ယမ်းပြီးကာ....

"ဒါက တုံးဟိုင်မင်းဆက်ရဲ့ ရွှေခန္ဓာနယ်ပယ်တွေရဲ့ ခွန်အားကဒီလောက်ပဲလား......."

ဧကရာဇ်၏ ခွန်အားကြီးမားမှုကို မြေပြင်တွင် တိုက်ခိုက်နေသော တကျန်း စစ်သည်များ မြင်သောအခါတွင် ၎င်းတို့၏ စိတ်ဓာတ်များ မြင့်တက်လာသည်။

ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်ပညာရှင်သုံးဦးစလုံး တည်ငြိမ်သွားကြသည်။ အဘိုးအိုတစ်ယောက်က အံကြိတ်ပြီး......

“လူသားဧကရာဇ်ရဲ့ အမွေက အင်မတန်တန်ခိုးကြီးတယ်...…”

ဧကရာဇ်ရွှမ်ထျန်းက သူတို့ကို အထင်အမြင်သေးစွာဖြင့် ကြည့်ကာ စိတ်ခံစားမှုများ လွှမ်းမိုးနေသည်။

ဒါကြောင့်မို့လို့ သိုင်းသမားတွေ တိုက်ခိုက်ရတာကို နှစ်သက်ကြတာလား.......တိုက်ပွဲကသာ သိုင်းပညာကို အဓိပ္ပာယ်ရှိစေတယ်........

ဤတိုက်ပွဲသည် သူပါဝင်ခဲ့သည့် ပထမဆုံးတိုက်ပွဲဖြစ်သည်၊ သို့သော်လည်း တိုက်ခိုက်ရသည်ကို စွဲလန်းနေပြီဖြစ်သည်။

"နောက်ဆုတ်!"

ရွှေသံချပ်ကာဝတ်ထားသည့် အဖိုးအိုက ကျယ်လောင်စွာ အော်လိုက်သည်။ သူ့အသံက စစ်မြေပြင်တစ်ခုလုံး ပျံ့နှံ့သွားသည့် မိုးခြိမ်းသံကဲ့သို့ပင်......

ဧကရာဇ်ရွှမ်ထျန်းက " ဆုတ်ခွာနိုင်မယ်လို့ ထင်နေတာလား..."

သူ့ပခုံးတွေကို လှုပ်ခါလိုက်သည်နှင့်၊ သူ၏ အစစ်အမှန်ချီနှင့် ကံတရားတို့ ပေါင်းစပ်သွားပြီး၊ သူ့ခန္ဓာကိုယ်ကို ဝိုင်းရံကာ ကောင်းကင်သို့ပျံသန်းသွားသော သာမန်မျက်စိဖြင့် မြင်နိုင်သော ရွှေနဂါးတစ်ကောင် ဖြစ်ပေါ်လာသည်။

ကံတရား၏အစစ်အမှန်နဂါး.........

ရွှေနဂါးကြီး ရုတ်တရက် အသွင်ပြောင်းသွားပြီး ဧကရာဇ်ရွှမ်ထျန်းလည်း ပျောက်ကွယ်သွားသည်။ ရွှေနဂါးကြီးသည် ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ဖြင့် မရပ်မနား အရှိန်အဟုန်ဖြင့် ရှေ့သို့ ပျံသန်းလာနေသည်။

တကျန်းဧကရာဇ် စစ်မြေပြင်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ပြီး တုံးဟိုင်မင်းဆက်၏ စစ်သား 100,000 ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် စစ်တပ်ကို မဦးဆောင်မီ ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတစ်ဦးကို ကွပ်မျက်ခဲ့သည်။

ဤတိုက်ပွဲအစီရင်ခံစာက တိုက်ကြီးတစ်ခုလုံးကို ထိတ်လန့်စေခဲ့သည်။

သာမာန်မင်းဆက်များတွင် စစ်တပ်ကိုကိုယ်တိုင်ဦးဆောင်မည့် ဧကရာဇ်တစ်ပါး ရှိကောင်းရှိနိုင်သော်လည်း ၎င်းမှာ စစ်တပ်၏ အကာအကွယ်အောက်တွင် ရှိနေသည်။ ဧကရာဇ်တစ်ပါးအနေဖြင့် ရှေ့တန်းတွင် စစ်တိုက်ရန် ခဲယဉ်းပေလိမ့်မည်။ကံကြမ္မာမင်းဆက်သည် သိုင်းပညာပိုင်းဆိုင်ရာတွင် အထွတ်အထိပ်သို့ ရောက်နေသည့် မင်းဆက်များဖြစ်သည်။ ထိုကဲ့သို့သော မင်းဆက်များတွင် သိုင်းပညာရှင်တို့၏ ခွန်အားက မှန်းဆမရနိုင်အောင် သန်မကြပြီး ဧကရာဇ်မင်းတစ်ပါးအခုလို ကိုယ်တိုင်ကိုယ်ကျ စစ်တိုက်ခြင်းကို တစ်ခါမျှ မကြုံဖူးပေ။

အောင်ပွဲသတင်းများကြောင့် တကျန်းပြည်သူပြည်သားများလည်း ပျော်ရွှင်နေကြသည်။

ထို့အပြင် ဧကရာဇ်ရွှမ်ထျန်း အပေါ် လူအများ၏ အထင်အမြင်များလည်း ပြောင်းလဲလာသည်။

တစ်ခြားဘက်တွင်မူ.......

ကျန်းဂျန်နှင့်ပင်းအန်းတို့သည် အတူလက်တွဲကာ ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူ ၁၀ ဦးကို အနိုင်ယူပြီး ကမ်းရိုးတန်းမြို့များကို စတင်တိုက်ခိုက်ခဲ့သည်။ သူတို့သည် တုံးဟိုင်မင်းဆက်ကို သမုဒ္ဒရာအလယ်မှ ခွဲထုတ်ရန် ဆန္ဒရှိကြပြီး အလယ်တွင် တုံးဟိုင်မင်းဆက်ကို ထောင်ချောက်ဆင်နိုင်ခဲ့ကြသည်။

ကံကြမ္မာမင်းဆက်နှစ်ခု၏တိုက်ပွဲက မကြုံစဖူး အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ စစ်မြေပြင်ပေါင်း ရာနှင့်ချီရှိခဲ့ပြီး တပ်ဖွဲ့ဝင် သန်း 20 ကျော် တပ်စွဲထားသည်။ စစ်ဗိုလ်ချုပ်အများအပြား တကျန်းမှ ပေါ်ထွက်ခဲ့ပြီး တုံးဟိုင် မင်းဆက်မှလည်း ပေါ်ထွက်လာခဲ့သည်။

နဂါးသွေးကြောတိုက်ကြီး၏ အရှေ့ဘက်ရှိ အကန့်အသတ်မရှိသော ပင်လယ်ပြင်တွင် သင်္ဘောများ ရွက်လွှင့်နေပြီး အလယ်ဗဟိုရှိ ကြီးမားသော သင်္ဘောပေါ်တွင် သိုင်းပညာရှငများစွာ ရပ်နေကြသည်။

အတွင်းပိုင်းတွင်......

ဌာနခွဲခေါင်းဆောင် ချန်းယန်က လက်ရှိတိုက်ပွဲအခြေအနေကို သတင်းပို့နေသည်။ အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူများ နှစ်ဖက်စလုံးတွင် ရပ်နေပြီး မြင့်မားသောထိုင်ခုံတွင် ထိုင်နေသူမှာ အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်၏ ပြည်နယ်သခင် ပိုင်မေဖြစ်သည်။

တကျန်းဧကရာဇ် စကြဝဠာနယ်ပယ်တွင် ရှိနေကြောင်းကို ကြားသိရသောအခါ ပညာရှင်အားလုံး ထိုအကြောင်းကို ဆွေးနွေးနေကြသည်။

သူတို့ တကျန်းကို လျှော့တွက်ထားကြောင်း သဘောပေါက်ခဲ့ကြပြီ.....

ဘိုးဘေးပိုင်မေက....

" ဒါဆို တာအိုဘိုးဘေး အပြင် တကျန်းမှာ စကြဝဠာနယ်ပယ်ကျွမ်းကျင်ပညာရှင် နှစ်ဦးနဲ့ ကောင်းကင်နယ်ပယ်ပညာရှင်တဉီးရှိနေပြီပေါ့....."

ချန်းယန်က လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

“ဘုန်းတော်ကြီးကျာရဲက တကျန်းကို ထောက်ပံ့ဖို့ စိတ်ပိုင်းဖြတ်ထားတယ်.... နောက်ပြီး ကျွန်တော် အရမ်းစိတ်ပူနေတဲ့သူလည်း ရှိသေးတယ်”

"ရဲရွှမ် ကျဆုံးသွားပြီလားမသိသေးပေမယ့် ဓားနတ်ဘုရားနဲ့ဝူစုန့်တို့ရဲ့ အရင်ဖြစ်ရပ်တွေကိုကြည့်ရင် တာအိုဘိုးဘေးက သန်မာတဲ့ပညာရှင်တွေကို အမြဲတမ်းသနားညှာတာတတ်တယ်...ဝူစုန့် ထွက်သွားပေမယ့် ရဲရွှမ် မပေါ်သေးဘူး....သူလည်း ဓားနတ်ဘုရားလို တာအိုဘိုးဘေးအတွက် အလုပ်လုပ်ပေးနေမှာကို စိုးရိမ်မိတယ်....."

သူပြောပြီးတာနဲ့ အားလုံးက လန့်သွားကြပြီး ဘိုးဘေးပိုင်မေတောင် မျက်လုံးဖွင့်ကြည့်လိုက်သည်။

ရဲရွှမ်၏ အင်အားကို သံသယဖြစ်စရာ မလိုပေ။ သူသည် တစ်ချိန်က ထျန်းဟိုင်၏ နံပါတ်တစ်ကျွမ်းကျင်သူဖြစ်ခဲ့ပြီး သူ၏အမည်က သမုဒ္ဒရာကို လှုပ်ခါစေခဲ့သည်။ သူသည် ကောင်းကင်နှစ်ခုနယ််သို့ ရောက်ပြီးနောက် သူ၏ခွန်အားက ပို၍ပင် ကြောက်စရာကောင်းနေပေလိမ့်မည်။

All Chapters