← Chapters

ကောင်းကင်ကို ပိတ်ဆို့ခြင်း..... သန္ဓေပြောင်းသားရဲများ တိုက်ခိုက်ခြင်း.....

Vol. 12 Ch. 171

ကောင်းကင်ကို ပိတ်ဆို့ခြင်း..... သန္ဓေပြောင်းသားရဲများ တိုက်ခိုက်ခြင်း.....

Vol. 12 Ch. 171

"ရဲရွှမ်သာ တာအိုဘိုးဘေးရဲ့လက်အောက်ခံဖြစ်သွားရင်တောင်မှ ငါတို့ လက်ခံရမှာပဲလေ....."

ဘိုးဘေးပိုင်မေက ဘာမှမထူးခြားသောအမူအရာဖြင့် ဖြည်းညှင်းစွာပြောခဲ့ပြီး သူ့အကြည့်တွေက လူတိုင်းကို လွှမ်းခြုံသွားကယ အေးစက်မှုတွေနဲ့ ပြည့်နေခဲ့သည်။

"ငါတို့ရဲ့ ရည်မှန်းချက်မှာ တကျန်းရဲ့ရှီပြည်နယ်ကို တိုက်ခိုက်ဖိူ့မဟုတ်ဘဲ တုံးဟိုင်မင်းဆက် ပြိုလဲမသွားအောင် ပံ့ပိုးပေးဖို့ပဲ.... ဘယ်အချိန်မှာ အကြွင်းမဲ့ တိုက်ခိုက်မှုလုပ်မလဲဆိုတာ ခေါင်းဆောင်ပြန်လာမှ ဆုံးဖြတ်လိမ့်မယ်.....”

သူ့စကားကြောင့် လူတိုင်း၏ တင်းမာသော နှလုံးသား ပြေလျော့သွားခဲ့သည်။

မည်သူကမှ တာအိုဘိုးဘေးနှင့် ရဲရွှမ်တို့ကို ရင်မဆိုင်ချင်ကြပေ။

ချန်းယန်က... “တကျန်းဧကရာဇ် စစ်မြေပြင်ကို သွားနေပြီ....ကျွန်တော်တို့ သူ့ကို သတ်လိုက်သင့်လား.... သူသေရင် တကျန်း ကမောက်ကမ ဖြစ်မှာ သေချာတယ်....စစ်ပွဲကိုတောင် အဆုံးသတ်နိုင်လိမ့်မယ်"

ဘိုးဘေးပိုင်မေက....

"ဒါကမထိုက်တန်ဘူး...တကျန်းဧကရာဇ အန္တရာယ်ကျရောက်တာနဲ့ တာအိုဘိုးဘေး ငြိမ်နေမှာမဟုတ်ဘူး.... မင်းတကျန်းဧကရာဇ်ကို မသတ်နိုင်သလို တကျန်းကို ခိုးဝင်တိုက်ခိုက်လို့လည်းမရဘူးဆိုတာ မမေ့နဲ့....ငါတို့ရဲ့ တာဝန်က သူတို့ကို တားဆီးဖို့ပဲ.....ဘယ်လိုပဲဖြစ်ဖြစ် စစ်ပွဲမှာသေဆုံးနေတဲ့သူတွေက တုံးဟိုင်မင်းဆက်ကပဲလေ..... အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့ရဲ့ အစီအစဉ်ကို မမေ့လိုက်နဲ့....”

သူပြောပြီးတာနဲ့ အားလုံးက “ဟုတ်ကဲ့” ဟု တညီတညွတ်တည်း ကြွေးကြော်ခဲ့ကြသည်။

နွေဦးနဲ့ ဆောင်းဦးရောက်လာပြန်ချေပြီ......

နှစ်ဝက်ကျော်ကြာပြီးနောက် ဆောင်းဦးရာသီသို့ ရောက်လာခဲ့သည်။

ခြံဝင်းထဲမှာ ယန်ကျိုးက ဟွမ်းထျန်းနှင့်ဟေးထျန်းတို့ကို လိုက်ဖမ်းနေပြီး ငှက်တစ်ကောင်လို နံရံကို ကျော်တက်နေသည်။

ရဲရွှမ်က ကျန်းချန်ရှန်း နံဘေးတွင် ထိုင်ကာ သက်ပြင်းချလိုက်သည်။

"တာအိုဘိုးဘေး.... မင်းမွေးတဲ့ ကြောင်နှစ်ကောင်က မလွယ်ဘူး"

ယန်ကျိုးက ရှေးဟောင်းသိုင်းပညာကိုကျွမ်းကျင်သော်လည်း နတ်ဆိုးကြောင်နှစ်ကောင်ကို အမီလိုက်နိုင်ခြင်းမရှိပေ။

ကျန်းချန်ရှန်းက.... "သူတို့က သာမန်ကြောင်တွေမဟုတ်ဘူး"

နတ်ဆိုးစုဆောင်းခြင်းပုလဲ၏ လှည့်ဖြားမှုကို လျစ်လျူရှုနိုင်ခြင်းကြောင့် ဟွမ်းထျန်းနှင့်ဟေးထျန်းတို့၏ သွေးမျိုးဆက်က တမူထူးခြားနေပေလိမ့်မည်။ သို့သော်လည်း ကျန်းချန်ရှန်း သည် ၎င်းတို့ကို မမြင်နိုင်သဖြင့် တွက်ဆရန် အမွှေးတိုင်များကို သုံးစွဲရန် အလွန်ပျင်းရိလွန်းလှသည်။ မည်သို့ပင်ဆိုစေကာမူ ဤကြောင်များက သူနှင့်သက်ဆိုင်နေပြီဖြစ်သည်။

သာမာန်နေ့များတွင် သူသည် ပိုင်လုံ၊ ပိုင်ချီ၊ဟွမ်းထျန်းနှင့်ဟေးထျန်းတို့ကို ဆေးလုံးများ အမြဲတစေ တိုက်ကျွေးခဲ့သည်။ ထို့ကြောင့် ကြောင်နှစ်ကောင်၏ နတ်ဆိုးစွမ်းအားများ တဖြည်းဖြည်း တိုးပွားလာခဲ့သည်။

ယန်ကျိုး အချိန်အတော်ကြာလိုက်ဖမ်းပြီးနောက် နောက်ဆုံးတွင် ဟေးထျန်း၏အမြီးကို ဖမ်းမိလိုက်သဖြင့် ပိုင်ချီက ဒေါသတကြီးဖြင့် ကြောင်နှစ်ကောင်ကို ဆူပူကြိမ်းမောင်းရင်းလေတော့သည်။

“အပုပ်ကောင်လေးတွေ...မျက်နှာပြောင်မနေကြနဲ့... ”

ယန်ကျိုး ရပ်လိုက်ပြီး လက်ထဲက ကြောင်အမွေးတဆုပ်ကို ရှက်ရွံ့စွာ ကြည့်လိုက်သည်။ အခုဆို ကျန်းချန်ရှန်းကိုတောင် မကြည့်ဝံ့တော့ပေ။

ဟေးထျန်း ရပ်တန့်ကာ အော်ဟစ်သော်လည်း ဟွမ်းထျန်းက စိတ်ပျက်စရာကောင်းသည်ဟု ညည်းညူရင်း ပါးရိုက်လိုက်သည်။

ရဲရွှမ်က ကျန်းချန်ရှန်းကို လှည့်ကြည့်လိုက်ပြီး ...." တာအိုဘိုးဘေး ....မင်းဘာလို့ လူနဲ့ နတ်ဆိုးတိရစ္ဆာန်တွေကို အတူတူ ပြုစုပျိုးထောင်နေတာလဲ "

ကျန်းချန်ရှန်းက အပျော်သဘောဆောင်သည့် မြင်ကွင်းကို အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ကြည့်ကာ....

"ဒီကမ္ဘာပေါ်မှာ အဆုံးမရှိတဲ့ အငြင်းပွားမှုများစွာရှိတယ်...လူသားတွေအချင်းချင်းတိုက်ခိုက်ကြတယ်....နတ်ဆိုးနဲ့လူသားတွေတိုက်ခိုက်ကြတယ်....နတ်ဆိုးသားရဲတွေလည်း အချင်းချင်းတိုက်ခိုက်ကြတာပဲ..... ဒီလိုနဲ့ ပဋိပက္ခတွေမပြီးနိုင်မစီးနိုင်ဖြစ်ပွားနေခဲ့တာ......ကျုပ်က လေ့ကျင့်ရတာကို နှစ်သက်ပေမဲ့ လူသားနဲ့နတ်ဆိုးတွေ အတူယှဉ်တွဲနေထိုင်လို့ရမယ့် ကမ္ဘာသစ်တစ်ခုကို ဆောင်ကျဉ်းပေးချင်တယ်....”

ရဲရွှမ် ထိုစကားကိုကြားသောအခါ လေးလေးနက်နက် တွေးတောမိသွားသည်။

ပိုင်ချီကတော့ ကျန်းချန်ရှန်းကို လှည့်ကြည့်လိုက်သည်။သူ့မှာ ဒီလိုမျိုး အတွေးတွေ ရှိနေမည်ဟု သူမ မမျှော်လင့်ထားပေ။

သူမသည် ကျန်းချန်ရှန်းနောက်ကို အချိန်အတော်ကြာ လိုက်ခဲ့သော်ငြား သူ့အကြောင်း ကောင်းစွာ မသိကြောင်း အခုမှသာသဘောပေါက်ခဲ့သည်။ သူ့အစွမ်းသတ္တိကို ဖုံးကွယ်ပြီး ဖြူစင်မှုကို ပြသလိုသည်ဟုသာ ထင်ခဲ့ဖူးသည်။ သို့သော် သူ့လောက် ငြီးငွေ့စရာကောင်းသူ ဤလောကတွင်မရှိနိုင်ပေ။ သူ့မှာ အကြွင်းမဲ့ ခွန်အားတွေ ရှိပေမယ့် တောင်ပေါ်မှာပဲ အမြဲတမ်း နေထိုင်နေသည်။

သူတကယ်ပဲ ရည်မှန်းချက်ကြီးကြီးထားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.....

ကျန်းချန်ရှန်းက... "​ရောက်​​တော့မယ့်​ ကပ်​ဆိုး​တွေအကြောင်း မင်းသိလား...."

ရဲရွှမ်က ခေါင်းခါပြီး “ ဒီကိစ္စကို သိပ်မရှင်းဘူး....အချိန်တော်တော်ကြာကြာ တံခါးပိတ်ကျင့်ကြံနေခဲ့တာ...အပြင်ပြန်ထွက်လာတော့ အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က ဘိုးဘေးဟုန်ယွဲ့သေဆုံးမှုအကြောင်း ကြားခဲ့ရတယ်....”

ကျန်းချန်ရှန်းက နတ်ဆိုးမျိုးနွယ်၏ အမြင့်မြတ်ဆုံးသားရဲနှင့် မြင့်မြတ်သောမင်းဆက်အကြောင်း ရဲရွှမ်ကို ပြောပြခဲ့သည်။ နားထောင်လိုက်သည်နှင့် ရဲရွှမ် ၏အမူအရာသည် လေးနက်လာသည်။

အဆုံးမှာတော့ ကျန်းချန်ရှန်းက ....

"ဒီဘေးဆိုးကြီးက မကြုံစဖူးဖြစ်ပြီး မြင့်မြတ်တဲ့မင်းဆက်ဟာ ငါတို့နဲ့ အလွန်ဝေးကွာတယ်...သူတို့တွေ ဒီအကြောင်းသိတဲ့အချိန် မြင့်မြတ်တဲ့မင်းဆက် ပျောက်ကွယ်သွားနိုင်တယ်...ဒါ့ကြောင့် ဒီတိုက်ကြီးကို ပေါင်းစည်းပြီး ကပ်ဘေးတွေကိုကျော်လွှားနိုင်မယ့် ကံကြမ္မာမင်းဆက်အသစ်တခုတည်ထောင်စေချင်တာ..... မြင့်မြတ်တဲ့မင်းဆက် ပြိုလဲသွားရင်တောင် လူသားမျိုးနွယ်အတွက် သန့်ရှင်းတဲ့နယ်မြေတစ်ခု ကျန်ရှိနေစေချင်တယ်....."

“လူသားမျိုးနွယ်ကိုကာကွယ်ချင်ရင်ညအရင်ဆုံး စည်းလုံးမှုရှိအောင် လုပ်မှဖြစ်မယ်....."

ရဲရွှမ် ခေါင်းညိတ်လိုက်သည်။

မြင့်မြတ်သောမင်းဆက်ကို ဖျက်ဆီးပစ်ပါက လူသားမျိုးနွယ် မည်သို့ရပ်တည်နိုင်တော့မည်နည်း....

ရဲရွှမ်က လူသားတွေကို သိပ်ဂရုမစိုက်ပေမယ့် နှုတ်ခမ်းတွေမရှိတော့တဲ့အခါ သွားတွေ အေးခဲသွားတယ်ဆိုတဲ့ သဘောတရားကို နားလည်ခဲ့သည်။

"ဒါကြောင့် မင်း ယန်ကျိုးကို ပြုစုပျိုးထောင်ဖို့ အလျင်လိုနေတာလား...." ဟု ရဲရွှမ်က မေးလိုက်သည်။

ယန်ကျိုးက စကားစမြည်ပြောရာတွင် သူ့နာမည်ပါလာသဖြင့် စိတ်အားထက်သန်နေခဲ့သည်။

ကျန်းချန်ရှန်းက “မှန်ပါတယ်....ဒါပေမယ့် ဒါက မင်းကိုဒီမှာဆက်နေဖို့တောင်းဆိုရတဲ့ အကြောင်းရင်းတစ်ခုဆိုလဲ ဟုတ်တယ်...... လူသားမျိုးနွယ်ကို ကယ်တင်ဖို့ တဉီးတစ်ယောက်တည်းရဲ့ခွန်အားနဲ့ မစွမ်းဆောင်နိုင်ဘူး.... မင်းအောင်မြင်ခဲ့ရင် နောင်နှစ်ပေါင်းထောင်ချီကြာရင် မင်းဟာ လူသားမျိုးနွယ်ရဲ့ သူရဲကောင်းဖြစ်လာပြီး မင်းနာမည်ကို သမိုင်းမှာ ထာဝရမှတ်တမ်းတင်ထားမှာပါ....."

ထိုစကားကိုကြားသောအခါ ယန်ကျိုး သွေးဆူလာပြီး ရဲရွှမ်တောင် ဒီအကြောင်း ကြိုတွေးကြည့်နေမိသည်။

တာအိုဘိုးဘေး၏ တုနှိုင်းမဲ့ ခွန်အားဖြင့်သာဆို ကမ္ဘာပေါ်ရှိ ကျွမ်းကျင်သူအားလုံးကို စုစည်းနိုင်မည်ဖြစ်သည်။

အရေးကြီးဆုံးကတော့ တာအိုဘိုးဘေးတွေရဲ့ ဆုံးဖြတ်ချက်က လူသားနဲ့ နတ်ဆိုးတွေကို အတူတကွနေထိုင်နေစေဖို့ပင်........

ဒါက ယန်ကျိုး၊ဟွမ်းထျန်း၊ဟေးထျန်းတို့၏အရည်အချင်းကို တူးဖော်ရသလို မလွယ်ကူနိုင်ပေ။

ယန်ကျိုး၏ နောက်ခံအကြောင်းကိုလည်း လေ့လာခဲ့သည်။ သာမာန်မိသားစုမှ ပေါက်ဖွားလာသူတစ်ယောက်ကို အဘယ့်ကြောင့် မြေတောင်မြှောက်ပေးဖို့ရွေးချယ်ခဲ့သနည်း..

သန်းပေါင်းများစွာသော လူများထဲမှ သန့်ရှင်းမြင့်မြတ်သော ခန္ဓာကိုယ်တည်ဆောက်မှုရှိသူကို ရွေးနိုင်သည်ဆိုတော့ တာအိုဘိုးဘေးက တကယ်ပဲ အင်မော်တယ်လား.........

ဟုတ်ပေသည်....တာအိုဘိုးဘေးသာ အင်မော်တယ်မဟုတ်ရင် ယန်ကျိုးကို အဘယ်ကြောင့် အသက်ပြန်သွင်းပေးနိုင်မည်နည်း........

ကြီးမားလှသော ကမ္ဘာကြီးတွင် အရည်အချင်းရှိသည့်တိုင် ထုတ်မပြနိုင်ဘဲ သေဆုံးခဲ့ရသော ပါရမီရှင်တွေ မရေမတွက်နိုင်အောင် ရှိနေပေမည်။

အခု သူတို့သည်အရည်အချင်းကို ထုတ်ပြနိုင်ရုံသာမကဘဲ တာအိုဘိုးဘေးနှင့်အတူ လူသားမျိုးနွယ်အတွက် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည်။

ထိုကဲ့သို့ အင်မော်တယ်တပါးနောက်ကို လိုက်ခြင်းဖြင့်၊ အစွမ်းထက်သော သိုင်းပညာများကို သင်ယူနိုင်ရုံသာမက ဘဝကိုလည်း အဓိပ္ပါယ်ရှိစေနိုင်သည်။

ထိုအတွေးကြောင့် ရဲရွှမ်၏ စိတ်အခြေနေခဲ့ ပြောင်းလဲလာသည်။

ကျန်းချန်ရှန်းကတော့ မျက်လုံးမှိတ်ထားပြီး ဆက်လက်ကျင့်ကြံနေခဲ့သည်။

သူသည် ကမ္ဘာပေါ်ရှိ အရည်အချင်းရှိသူများကို သုံးရက်မှ ငါးရက်တစ်ကြိမ် ရှာဖွေရန် ပြင်ဆင်ထားသည်။

လာမယ့်နှစ်ပေါင်းများစွာအတွင်းမှာ တကျန်းတွင် ပါရမီရှင်တွေ အများအပြား ပေါ်ထွက်လာလိမ့်မယ်ဟု မျှော်လင့်ထားသည်။

သူ့အမြင်အရတော့ နေရာတိုင်းမှာ ပါရမီရှင်တွေရှိနေသည်။ ရှေးဟောင်းနတ်ဘုရားတိုက်ကြီး အားကောင်းရခြင်း အကြောင်းရင်းမှာ ၎င်းတို့၏ သိုင်းလောကသည် ထွန်းကားနေပြီး နဂါးသွေးကြောတိုက်ကြီးထက် ပါရမီရှင်များကို မွေးထုတ်ပေးရန် အရင်းအမြစ် ပိုများသောကြောင့် ဖြစ်သည်။

ကျန်းချန်ရှန်းကတော့ ပါရမီရှင်များကို တိုက်ရိုက်ရှာဖွေတွေ့ရှိနိုင်သည်။

အတိတ်ကဆို သူဒီလောက်အထိ အလုပ်ရှုပ်ခံနေမည်မဟုတ်ပေ။ သို့သော်၊ လူသားမျိုးနွယ် ဒုက္ခကြုံလာသောအခါ တကျန်းကို အားကောင်းစေဖို့လိုနေပေပြီ။

ရဲရွှမ် မတ်တပ်ထရပ်ပြီး ယန်ကျိုးကို ဆက်လက်သင်ကြားပေးရန် ပြင်ဆင်ခဲ့သည်။

ဒီကလေးက ကြောင်နှစ်ကောင်ကိုတောင် မဖမ်းနိုင်ဘူး....တကယ် အရှက်ရစရာပဲ......

ရွှမ်ထျန်းခေတ် ၁၄ နှစ်တွင်၊ တကျန်းနှင့်တုံးဟိုင်မင်းဆက်ကြားရှိ အမျိုးမျိုးသော စစ်မြေပြင်များ တိုက်ခိုက်မှု ရပ်တန့်သွားခဲ့သည်။

အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က တုံးဟိုင်မင်းဆက်၏အင်အားကို တကျန်းနှင့် တန်းတူထားနိုင်သည့် အားကောင်းသည့်အခြေခံအုတ်မြစ်ကို ပြသခဲ့သည်။

လီကျွင်းက ဒီကိစ္စကို ကျန်းချန်ရှန်းဆီ သတင်းပို့ခဲ့သည်။

“အခုအချိန်မှာ တုံးဟိုင်မင်းဆက်ရဲ့ အင်အားက တိုင်းတာလို့ မရဘူး....ဒါ့အပြင် ထိုးစစ်မဆင်ဘဲ ခုခံရုံ ခုခံနေတာဆိုတော့ တခုခုကိုစောင့်နေတဲ့ပုံပဲ....."

ကျန်းချန်ရှန်းအနေဖြင့် တုံးဟိုင် မင်းဆက် စောင့်ဆိုင်းနေသည့်အရာကို သိနေသည်။

“ ဒီကိစ္စကို ဧကရာဇ်ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ပါစေ......"

“မကြာသေးမီက ချန်းလီ ပိုပိုပြီး သြဇာကြီးလာတယ်...တော်ဝင်အာဏာကို ထိပါးလာနိုင်မယ်ထင်လား....”

ကျန်းချန်ရှန်း ပြုံးရုံသာပြုံးလိုက်သည်။

ပိုင်ချီက..... “ဧကရာဇ်က ချန်းလီကို ယုံတယ်လို့ထင်နေတာလား..... ဒါကလည်း စမ်းသပ်မှုတစ်ခုပဲ...တာအိုဘိုးဘေး ရှိနေရက်နဲ့ ချန်းလီ ပြသာနာရှာရဲရင် သေသွားမှာပေါ့......"

လီကျွင်းက ထိုစကားကို အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသည်၊ ထို့ကြောင့် သိုင်းလောကအကြောင်း ဆက်ပြောခဲ့သည်။

တကျန်းက စစ်ပွဲများနှင့် အလုပ်ရှုပ်နေသော်လည်း သိုင်းလောကသည် စိတ်လှုပ်ရှားဖွယ်ကောင်းဆဲဖြစ်ပြီး အဆုံးမရှိ ဩဇာအာဏာရှိသူများလည်း ရှိသေးသည်။

ကျန်းချန်ရှန်းက ထိုအကြောင်းများကို ပုံပြင်တပုဒ်နားထောင်နေသကဲ့သို့ မြိန်ရေရှက်ရေ နားထောင်ခဲ့သည်။

တစ်နာရီလောက်ကြာတော့ လီကျွင်း ပြန်သွားခဲ့သည်။

ကျန်းချန်ရှန်းက ပတ်ဝန်းကျင်ရေပြင်တွင် အပြင်းထန်ဆုံး ကျွမ်းကျင်သူများ၏ အခြေအနေကို ထုံးစံအတိုင်း တွက်ချက်ခဲ့သည်။

အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့ ရောက်ရှိလာသောအခါ၊ တုံးဟိုင် မင်းဆက် ကျဆုံးမည့်နေ့ ရောက်လာလိမ့်မည်။

ထျန်းဟိုင်ရှိ အနားယူနေသောနှလုံးသားတည်းခိုဆောင်တွင်........

စားပွဲထိုးက သမ်းဝေနေပြီး စားပွဲပေါ် မှောက်အိပ်နေသည်။

ရှောင်ပုခူကမလှမ်းမကမ်းတွင် ထိုင်ကာ ပြတင်းပေါက်အပြင်ကို လှမ်းကြည့်ရင်း အတွေးများပြန့်လွှင့်နေသည်။

ထိုအချိန်တွင် ပြတင်းပေါက် အပြင်ဘက် ကောင်းကင်ကြီး ရုတ်တရက် မှောင်သွားသဖြင့် အတွေးများ ရပ်တန့်သွားသည်။ သူထ၍ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ နောက်တစက္ကန့်တွင် မျက်လုံးပြူးပြီး အံ့သြသွားသည့် အကြည့်ကို ထုတ်ဖော်လိုက်သည်။

ဝူ.ဝူ...ဝူ...

ရှောင်ပူခုက စားပွဲထိုးကို တခုခုပြောချင်နေသော်လည်း လျှာဖြတ်ခံထားရသဖြင့် စကားမပြောနိုင်ပေ။

စားပွဲထိုး နိုးလာပြီးနောက်... “ဘာလဲ…”

သူ့စကားမဆုံးခင်မှာ တစ်ခုခုကို အာရုံခံမိသွားပုံရပြီး တည်းခိုခန်းထဲက ချက်ချင်းပြေးထွက်သွားသည်။ လမ်းပေါ်ရှိ အဆောက်အအုံအားလုံးမှ လူများ ပြေးထွက်လာပြီး ကောင်းကင်ကို မျှော်ကြည့်နေကြပြီး သူတို့အားလုံး အံ့အားသင့်နေကြသည်။

စားပွဲထိုးက မ တုန်လှုပ်တဲ့အသံနဲ့ “လော့… ယွီ…”

ကောင်းကင်ယံ၌ နေနှင့် ကျွန်းတခုလုံးတကို ဖုံးလွှမ်းနေသော ဧရာမသတ္တဝါကြီး တစ်ကောင်ကို မြင်လိုက်ရသည်။ ၎င်းသည် ခန္ဓာကိုယ်အနှံ့တွင် စိမ်းပြာရောင်အကြေးခွံများပါရှိသည့် ဧရာမငါးကြီးဖြစ်သည်။ သူ့ခန္ဓာကိုယ်က သေးသွယ်ပုံပေါက်ပေမယ့် တကယ်တော့ အလွန်ကြီးမားပြီး ပေတစ်သောင်းနီးပါး ရှည်လျားပြီး လင်းယုန်ကဲ့သို့ အတောင်ပံတစ်စုံလည်း ပါရှိသည်။

ဤမျှကြီးမားသော သားရဲတစ်ကောင်က လူတိုင်းကို ထိတ်လန့်စေသည်။

ရှောင်ပုခူအနေနှင့် ထိုကဲ့သို့သော သားရဲမျိုးကို ပထမဆုံးအကြိမ်တွေ့ဖူးပြီး သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။

"အဲ့ဒါဘာလဲ?"

“ဘယ်လိုငါးကြီးလဲ....ဘယ်နှနှစ်လောက်ကျင့်ကြံခဲ့တာလဲ....အနှစ်တစ်ထောင် ဒါမှမဟုတ် အနှစ်တစ်သောင်းလား..?"

“အို ဘုရားသခင်...ဒီအဘိုးကြီးက သိုင်းပညာကို နှစ်ရာနဲ့ချီပြီး လေ့ကျင့်ခဲ့တာ.... ဒါပေမယ့် ဒီလိုငါးကြီးကို မြင်ဖူးတာ ဒါပထမဆုံးပဲ”

“အဲဒါက ရှေးဟောင်းသားရဲလော့ယွီ..... ရှေးဟောင်းစာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ်..... ”

“ပျံသန်းနိုင်တဲ့ငါး.....တကယ်ကိုကြောက်စရာပဲ....ဒီကောင်ကြီး ဘယ်သွားနေတာလဲ?"

ကျွန်းပေါ်ရှိလူတိုင်း လော့ယွီ ထွက်သွားသည့်ဘက်ကိုကြည့်ရင်း စိတ်လှုပ်ရှားစွာဆွေးနွေးနေကြသည်။

စားပွဲထိုးက ကောင်းကင်ပေါ် ပျံတက်ပြီး မျှော်ကြည့်လိုက်သည်။ ရုတ်​တရက်​ပင်​ လော့ယွီ၏အထက်​တွင်​ရပ်​​နေသည့်​ လူများကို မြင်လိုက်ရသည်။

လော့ယွီပေါ်မှာ လူတွေရှိနေတယ်......

စားပွဲထိုး ထိတ်လန့်တကြား မြေပြင်ပေါ်သို့ ချက်ချင်း ဆင်းသွားသည်။ ဒီလို ကြီးမားပြီး ထူးခြားဆန်းပြားတဲ့ သားရဲကြီးကို ဘယ်သူက ထိန်းချုပ်နိုင်မလဲ။

အဲဒီ ဦးတည်ချက်က နဂါးသွေးကြောတိုက်ကြီးထဲက တကျန်းမင်းဆက်...

စားပွဲထိုးသည် ကောင်းကင်ပေါ်တွင် လော့ယွီရှိနေသဖြင့် သတင်းပို့ဖို့ မိုင်တစ်ထောင်လင်းယုန်ကို မသုံးဝံ့ပေ။

....

နွေရာသီတွင် လုံချီ တောင်သည် ၎င်းကိုဝန်းရံထားသော မြူများကြောင့် မပူပေ။

ကျန်းချန်ရှန်း လက်ရှိတွင် ဆေးကျိုနေပြီး ပိုင်ချီ သူ့ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။

ဟွမ်းထျန်းနှင့်ဟေးထျန်းတို့ကတော့ ထုံးစံအတိုင်းပြေးလွှားဆော့ကစားနေကြဆဲပင်.....

ထိုအချိန်မှာပင်.....

ကျန်းချန်ရှန်း တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိသဖြင့် အကန့်အသတ်မရှိသောအမြင်အာရုံဖြင့် အဝေးသို့ လှည့်ကြည့်လိုက်သည်။

ခဏကြာတော့ သူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူက ချက်ချင်းပဲ အမွှေးတိုင် တွက်ချက်တဲ့ လုပ်ဆောင်ချက်ကို အသုံးပြုပြီး သက်ပြင်းချလိုက်လေသည်။

“ကြောက်စရာကောင်းလိုက်တာ…တကယ်တော့ ကောင်းကင်နဲ့မြေပြင်ကြားမှာ ဒီလိုထူးဆန်းတဲ့ သားရဲတွေရှိနေတယ်ဆိုတော့ နတ်ဆိုးတွေကို လျှော့တွက်ထားမိပြီပဲ......”

သိပ်မကြာခင်မှာပဲ သူ့မျက်လုံးတွေက မျှော်လင့်ချက်တွေ ပြည့်လာခဲ့လေသည်။

ထို့နောက် ဆေးကျိုဖို့ကိုသာအာရုံစိုက်ခဲ့သည်။

သူသည် တစ်ဖက်လူများရောက်လာမည့်အချိန်ကို စောင့်နေရဆဲဖြစ်သည်။ ထိုကဲ့သို့သောကြီးမားသောသားရဲက တကျန်း ပြည်သူများကို အမြင်ကျယ်စေလိမ့်မည်။

ညအချိန်တွင်....

ရှီပြည်နယ်၏ ကောင်းကင်ယံ၌ ငှက်အများအပြား ရုတ်တရက်ပေါ်လာပြီး ၎င်းတို့အားလုံး မြောက်ဘက်သို့ ပျံသန်းသွားကြသည်။ ထိုကဲ့သို့သောဖြစ်ရပ်သည် သာမန်လူများ၏ ဆွေးနွေးမှုကို ဆွဲဆောင်ခဲ့သည်။

သိုင်းလောကသားများကပင် ကောင်းကင်ကို ယုံကြည်ခဲ့ကြပြီး နက္ခတ်ဗေဒင်ဆိုင်ရာ ဖြစ်စဉ်များကိုပင် လေ့လာတွက်ချက်နေကြသည်။ ဤဖြစ်စဉ်သည် ကျရောက်တော့မည့် ဘေးဆိုးတစ်ခုနှင့် အလွန်ဆင်တူပါသည်။

ရဲရွှမ် ခြံဝင်းထဲသို့ ရုတ်တရက် ပြန်လာပြီး ကျန်းချန်ရှန်းအနားသို့ ရောက်လာသည်။

“အင်အားကြီးတဲ့ ရန်သူတွေရောက်လာပြီ..... သူတို့မှာ ကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေရှိတယ်.....”

All Chapters