← Chapters

မထိတ်လန့်ပါနဲ့....ငါ ကောင်းကင်လေးခုနယ်ပယ်ကို တက်လှမ်းန်ိုင်ပြီ.....

Vol. 12 Ch. 172

မထိတ်လန့်ပါနဲ့....ငါ ကောင်းကင်လေးခုနယ်ပယ်ကို တက်လှမ်းန်ိုင်ပြီ.....

Vol. 12 Ch. 172

"ဟုတ်တယ်.... ငါသူတို့ကို သတိထားမိတယ်......"

ကျန်းချန်ရှန်းက မျက်လုံးမဖွင့်ဘဲ သူ့လေသံက တည်ငြိမ်သက်နေသည်။ ရဲရွှမ် က စိတ်လှုပ်ရှားစွာနဲ့.....

“သူတို့ကို တိုက်ခိုက်ကြမလား ”

ကျွမ်းကျင်သူတစ်ဦးနှင့်တွေ့သောအခါ သူ၏ပထမဆုံးတုံ့ပြန်မှုက တိုက်ခိုက်ရန်ဖြစ်သည်။

ကျန်းချန်ရှန်းက "ခဏစောင့်ပါ"

"ဘာကြောင့်လဲ?"

"သူတို့ရောက်လာတာကို စောင့်ပါ''

ရဲရွှမ် နားမလည်နိုင်သော်လည်း သူ့ကိုယ်သူ ထိန်းထားနိုင်ခဲ့သည်။

ပိုင်ချီက ဟွမ်းထျန်းနှင့်ဟေးထျန်းကို စိုက်ကြည့်နေသည်။ ဒီကလေးနှစ်ကောင်က ထူးထူးခြားခြား ငြိမ်နေကြပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေကာ တူညီသော ဦးတည်ရာကို ကြည့်နေကြသည်။

တစ်စုံတစ်ခု မှားယွင်းနေပြီ.....

နောက်နှစ်ရက်အကြာတွင်

ချန်းလီသည် မိုင်တစ်ထောင်လင်းယုန်ထံမှ မက်ဆေ့ချ်ကို လက်ခံရရှိပြီး လော့ယွီ ရောက်ရှိလာခြင်းကို သိရှိခဲ့သည်။

စာကိုဖတ်ပြီးနောက် သူ၏ပထမဆုံးတုံ့ပြန်မှုက သတင်းမှားနေသည်ဟု ထင်ခဲ့ခြင်းပင်...

“ဒီလောက်ကြီးတဲ့ငါးကြီး ဘယ်လိုရှိနိုင်မှာလဲ.... မင်း ဘာတွေစိတ်ကူးယဉ်နေတာလဲ....."

ချန်းလီ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူသည် လျှို့ဝှက်စာတစ်စောင်ကိုယူ၍ လုံချီ တောင်သို့ အပြေးအလွှားရောက်ခဲ့လာသည်။

ဧကရာဇ်က စစ်တပ်ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ထားသောကြောင့် ၎င်းတို့သည် အမည်မသိနှအင်အားကြီးမားသော ရန်သူကို ရင်ဆိုင်ရာတွင် တာအိုဘိုးဘွားကိုသာ အားကိုးရပေမည်။

ကျန်းချန်ရှန်းကလည်း သူ့ကို မထိတ်လန့်ဘဲ စောင့်နေဖို့သာ ပြောခဲ့သည်။

သူတို့ကို စောင့်ဆိုင်းစေလိုရခြင်း အကြောင်းရင်းမှာ ပထမအချက်မှာ အမွှေးတိုင်အရေအတွက် များများရစေဖို့ဖြစ်ပြီး ဒုတိယအချက်မှာ တကျန်းပြည်သူများကို အသိပညာ ကျယ်ပြန့်စေရန် ဖြစ်သည်။ ဤမျှကြီးမားသော သန္ဓေပြောင်းသားရဲတစ်ကောင်ကို မြင်ပြီးမှသာ ဤတိုက်ကြီးရှိ သိုင်းပညာရှင်များ သိုင်းပညာကို လေ့ကျင့်ရန် ပိုကြိုးစားလာမည်ဖြစ်သည်။

သို့သော်လည်း တဖက်ရန်သူက သာမန်လူတွေကို တိုက်ခိုက်မယ်ဆိုရင် ကျန်းချန်ရှန်း စောင့်နေမည်မဟုတ်ပေ။

တကျန်း ရင်ဆိုင်နေရသော အင်အားကြီးမားသော ရန်သူများနှင့် နှိုင်းယှဉ်ပါ ရောက်လာမည့် ရန်သူများက အလွန်အားနည်းနေသေးသည်။

တကျန်း၏ယွီပြည်နယ်တွင်....

ကမ်းရိုးတန်းကျေးရွာများမှ ပြည်သူများ ၎င်းတို့ဆီသို့ ပျံသန်းနေသော သားရဲကြီးတစ်ကောင်ကို တွေ့လိုက်ရသောအခါ အံ့ဩသွားကြသည်။

ပေတစ်ထောင်ရှည်လျားတဲ့ ငါးတစ်ကောင်ကို သာမန်လူတွေမြင်ရသည့်အခါ ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိနိူင်မလဲ.......

လော့ယွီသည် တောင်များပေါ်တွင် ပျံသန်း၍ ရှေ့သို့ ရွေ့လျားနေသည်။ အတောင်များကို ခတ်လိုက်သောအခါ၊ တိမ်ပင်လယ်ကိုပင် ပြန့်ကျဲစေသည်။

လူအများအပြား လော့ယွီ ၏ခေါင်းထက်တွင်ရပ်နေပြီး ခေါင်းဆောင်သည် သန်မာသော ကိုယ်လုံးကိုယ်ပေါက်ရှိသော အနက်ရောင် ၀တ်ထားသော အမျိုးသားဖြစ်သည်။ သူ၏ရှည်လျားသောဆံပင်များကို ကျောက်စိမ်းသရဖူဖြင်ထုံးဖွဲ့ထားကယ သူ့မျက်နှာထားက အေးစက်နေသည်။ လက်ဆွဲတော်ဓားကို လက်နှစ်ဘက်နဲ့ကိုင်ပြီး ရှေ့ကို လှမ်းကြည့်နေလေ၏။ လေပြင်းများကြောင့် သူ့နဖူးပေါ်က ဆံပင်တွေကို လွှင့်နေပေမယ့် စူးရှတဲ့ မျက်လုံးတွေကို မထိခိုက်စေနိုင်ခဲ့ပေ။

အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့ခေါင်းဆောင်...တဝူကုန်း

(TN/တဝူကုန်း.....Respected Great Martial)

အကန့်သတ်မဲ့ပင်လယ်မဟာမိတ် ၏ခေါင်းဆောင်တိုင်းကို ထိုဘွဲ့အမည်ဖြင့် သယခေါ်ဝေါ်ကြပြီး ဤအစဉ်အလာကို မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းခဲ့ကြသည်။

သူ့နောက်မှာ ရပ်နေတဲ့ လူသုံးယောက်မှာလည်း ထူးထူးခြားခြား အော်ရာတွေ ရှိကြသည်။ ၎င်းတို့အားလုံးသည် ကောင်းကင်သုံးခုနယ်ပယ် သိုင်းပညာရှင်များဖြစ်ပြီး အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့မှ မဟုတ်ပေ။

၎င်းတို့နောက်တွင် အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့မှ ထိပ်တန်းအရာရှိများ ရှိနေကြပြဖိး သူတို့အထဲမှာ အားအနည်းဆုံးကတောင် အစစ်အမှန်နတ်ဘုရားနယ်ပယ်တွင်ရှိနေကြသည်။ သူတို့ရဲ့ အရေအတွက်ကတော့ တစ်ထောင်နီးပါးရှိပေမည်။

"ဒါက တကျန်းလား... ဒီမှာကံကောင်းခြင်းတွေကြွယ်ဝသားပဲ....”

“ဟုတ်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း 300 လောက်က ကျုပ်ဒီကိုလာခဲ့ဖူးတယ်..အဲ့တုန်းက ရောက်ခဲ့တဲ့မင်းဆက်ကို ချူမင်းဆက်လို့ခေါ်တယ်ထင်တယ်...အဲ့တုန်းကဆို ကံကြမ္မာမင်းဆက်တစ်ခုပေါ်ထွက်လာဖို့တောင်မလွယ်ကူခဲ့ဘူး...."

"နဂါးသွေးကြောတိုက်ကြီးက တကယ်ပြောင်းလဲသွားပုံရတယ်......."

"တဝူကုန်း.... တာအိုဘိုးဘေးက တကယ်ပဲ ကောင်းကင်သုံးခုနယ်ပယ်လား....."

ကောင်းကင်သုံးခုနယ်ပယ် သိုင်းပညာရှင် သုံးဦး ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြပြီး စိတ်ပူပန်ခြင်းမရှိကြပေ။

ကောင်းကင်သုံးခုနယ်ပယ် ကျွမ်းကျင်သူများစွာ ရှိနေမှတော် သူတို့ ဘယ်လို ရှုံးနိုင်မှာလဲ......

တဝူကုန်းက ရှေ့ကိုကြည့်ကာ တည်ငြိမ်စွာဖြင့်... "တာအိုဘိုးဘေးက အနည်းဆုံး ကောင်းကင်သုံးခုနယ်ပယ် ဒါမှမဟုတ် ကောင်းကင်လေးခုနယ်ပယ်ရောက်နေလောက်ပြီ......."

ထိုစကားကြောင့် သုံးယောက်စလုံး ကြောက်လန့်သွားကြလေသည်။

အဘိုးကြီးတစ်ယောက်က တုန်တုန်ယင်ယင်နဲ့ အံကြိတ်ကာ....

“ကောင်းကင်လေးခုနယ်ပယ်? မင်းနောက်နေတာလား....?"

ကျန်တဲ့နှစ်ယောက်ကလည်း ငြိမ်မနေတော့ပေ။ သူတို့သည် သမုဒ္ဒရာထဲတွင် လှည့်လည်သွားလာခဲ့ကြသောကြောင့် ကောင်းကင်လေးခုနယ်ပယ်ကို ကြားသိခဲ့ဖူးသည်။ နယ်ပယ်မြင့်လေ၊ နယ်ပယ်တစ်ခုစီကြား ကွာဟချက်ကြီးလေဖြစ်သည်။ သူတို့ သုံးယောက်စလုံးပေါင်း၍ ကောင်းကင်လေးခုနယ်ပယ် ပညာရှင်တစ်ယောက်ကို ဖြုတ်ချနိုင်မည်မဟုတ်ပေ။

မျှော်လင့်ချက်မဲ့သွားပြီလို့တောင် ပြောလို့ရပေသည်။

“ကျုပ်ပြိုင်ဘက်ကို လျှော့တွက်မိခဲ့တယ်...စိတ်မပူပါနဲ့...ကျူပ် ကောင်းကင်လေးခုနယ်ပယ်ကိုရောက်နေပါပြီ..."

ကောင်းကင်လေးခုနယ်ပယ်....

သူတို့ သုံးယောက် ထိတ်လန့်ကာ မယုံနိုင်စွာဖြင့် တဝူကုန်းကို ကြည့်နေလေသည်။

ကောင်းကင်သုံးခနယ်ပယ်သို့ရောက်ရှိခဲ့သော သိုင်းပညာရှင်အားလုံး ကောင်းကင်လေးခုနယ်ပယ်သို့ ရောက်ရှိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အများစုက အဆင့်တက်ဖို့ မျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့ကြသည်။ မထင်မှတ်ပဲ တဝူကုန်းက ပိုမိုမြင့်မားသောနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ....

ဤအတိုင်းသာဆို ခေတ်ရေစီးကြောင်းပြောင်းလဲတော့မည်။

သုံးယောက်သား ထိုသို့ တပြိုင်နက်တည်း တွေးလိုက်မိသည်။ ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူလေးယောက်ရှိသည့် အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့မည်မျှအင်အားကြီးမားသနည်း။

အဆုံးမဲ့အရင်းအမြစ်များနှင့် အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်၏ ကြီးမားသောချိတ်ဆက်မှုများနှင့်အတူ၊ ၎င်းသည် အမှန်တကယ်ကြီးမားသောအင်အားတစ်ခုဖြစ်သည်။

တဝူကုန်းက စကားမပြောတော့ဘဲ အဝေးကို တိတ်တဆိတ် ကြည့်နေလေသည်။

ကျန်းချန်ရှန်း၏ အော်ရာကို နားမလည်နိုင်ပေ။ သူသည် ကောင်းကင်နှစ်ခုနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ အရိပ်အယောင်ကိုသာ ခံစားနိုင်သည်။

..........................

တုံးဟိုင်မင်းဆက်တွင် သင်္ဘောအမြောက်အမြားက မြောက်ဘက်ကမ်းရိုးတန်းအနီးတွင် စုရုံးခဲ့ကြသည်။

ခိုဖြူတစ်ကောင်သည် ကြီးမားသော သင်္ဘောထဲသို့ ဆင်းသက်ကာ

ဘိုးဘေးပိုင်မေ ၏လက်ထဲသို့ အမြန်ဆင်းသက်လာသည်။ ဘိုးဘေးပိုင်မေက လျှို့ဝှက်စာတစ်စောင်ကိုဖွင့်ကာ သက်ပြင်းတစ်ချက်ချကာ တစ်ချက်ကြည့်လိုက်သည်။

"နောက်ဆုံးတော့ တိုက်ခိုက်ဖို့အချိန်ကျပြီ...."

ဘိုးဘေးပိုင်မေက ထိုသို့ရေရွတ်ပြီး မတ်တပ်ထရပ်ကာ အမိန့်ပေးဖို့ ပြင်ဆင်ရင်း ခန်းမထဲသို့ ထွက်လာခဲ့သည်။

သူသာမကဘဲ စာပို့ခိုများသည် အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့၏ အခြေစိုက်စခန်းသို့လည်း စစ်မြေပြင်အမျိုးမျိုး၏နောက်ကွယ်မှ သတင်းစကားများ ပေးပို့ခဲ့သည်။

အချိန်အကြာကြီးစောင့်ဆိုင်းပြီးနောက် တိုက်ပွဲဝင်ဖို့ အမိန့်စာ ရောက်လာခဲ့ပြီ.......

မိုင်ပေါင်းရာနှင့်ချီ၍ ရှည်လျားသော စစ်မြေပြင် ဒါဇင်ပေါင်းများစွာမှ စစ်ခရာသံများ ထွက်ပေါ်လာသည်။

တုံးဟိုင်မင်းဆက်က အမိန့်ကို ခံယူပြီး စစ်တပ်တစ်ခုလုံး စစ်ပွဲစတင်ဖို့ တာဆူနေချေပြီ.......

တကျန်း၏ စစ်စခန်းတွင်....

ဧကရာဇ်ရွှမ်ထျန်းသည် အဝေးမှ စစ်ခရာသံကို ရုတ်တရက် ကြားလိုက်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။

ဘေးနားက စစ်သားက....

" တုံးဟိုင်မင်းဆက်က လိပ်လို ပုန်းအောင်းနေပြီးကာမှ အခုလို ထိုးစစ်ဆင်တော့မယ်ဆိုတော့ ဒါက ထောင်ချောက်များလား"

ဗျူဟာမှူးက....

" သူတို့စောင့်နေတဲ့ စစ်ကူတွေ ရောက်လာပြီလား"

အားလုံးက ဧကရာဇ် ရွှမ်ထျန်းကို ကြည့်လိုက်ကြသည်။

ဧကရာဇ်ရွှမ်ထျန်းက ရက်စက်စွာပြုံးလိုက်ပြီး..... " ပေါ်တင်တိုက်ခိုက်ရဲတာ ကောင်းတာပေါ့....ဒါပေမယ့် တကျန်းကို သတ်ချင်ရင် ဒင်းတို့ ပျက်စီးကိန်းဆိုက်သွားစေရမယ်......"

သူသည် ယုံကြည်မှုအပြည့်နှင့်မိန့်ကြားချက်ကြောင့် စစ်သားများ သက်သာရာရသွားသည်။

အားလုံးက ဧကရာဇ် ရွှမ်ထျန်းရဲ့ ယုံကြည်မှုကို နားလည်ကြပေသည်။

တာအိုဘိုးဘေးရှိနေသ၍ တကျန်း ပရမ်းပတာဖြစ်မည်မဟုတ်ပေ......

"စစ်ပွဲအတွက်ပြင်ဆင်ကြ! ဒီနေ့ တုံးဟိုင် ရဲ့ ရဲစွမ်းသတ္တိကို ငါဖျက်ဆီးပစ်မယ်!”

ဧကရာဇ် ရွှမ်ထျန်း မတ်တပ်ထရပ်ပြီး အားမာန်အပြည့်ဖြင့် အမိန့်ပေးလိုက်သည်။

....................

လုံချီ တောင်ပေါ်က ခြံဝင်းထဲတွင်......

ယန်ကျိုးနှင့်ရဲရွှမ်တို့ လေ့ကျင့်နေရင်းကနေ ကျန်းချန်ရှန်းကို ကြည့်လိုက်သည်။

ကျန်းချန်ရှန်းသည် လက်ရှိတွင် အပျင်းပြေအညောင်းဆန့်နေပြီး ဤလှုပ်ရှားမှုက ရိုးရှင်းသော်လည်း ယန်ကျိုး နှင့် ရဲရွှမ်တို့က ၎င်းကို အလေးအနက်ထား စောင့်ကြည့်နေကြသည်။

ရဲရွှမ်အလွန်စိတ်လှုပ်ရှားသွားပြီး.....

"စီနီယာ လှုပ်ရှားတော့မလို့လား..."ဟု မေးလိုက်သည်။

တဝူကုန်းနှင့် လော့ယွီတို့ ရှီပြည်နယ်နှင့် နီးလေလေ၊ သူ ပိုစိတ်လှုပ်ရှားလေပင်.... ထိုအော်ရာသည် အလွန်အစွမ်းထက်ပြီး အသက်ရှူကျပ်သွားစေသည်။ ဒီလိုဖိအားမျိုးကို သူ အင်မတန်နှစ်သက်သည်။

ထိုသို့သော ဖိအားများကို ရင်ဆိုင်ရုံဖြင့် ကံကောင်းလျှင် အဆင့်တက်နိုင်သည်။

"သွားကြမယ်....."

ရဲရွှမ်သည် မြှားတစ်စင်းကဲ့သို့ အရှိန်ပြင်းစွာဖြင့် မြူခိုးထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ပိုင်ချီက.... "ရဲရွှမ် သူတို့ကို အနိုင်ယူနိုင်ပါ့မလား..."

“သူ မလုပ်နိုင်ဘူး.....”

ဟာသပဲ..... အကန့်သတ်မဲ့ပင်လယ်မဟာမိတ်ခေါင်းဆောင်က အဆင့်တက်ခဲ့ပြီး ၎င်း၏တန်ဖိုးမှာ အမွှေးတိုင်ပေါင်း 2.3 သန်းအထိ မြင့်တက်လာခဲ့သည်။ ရဲရွှမ်က သူတို့ကို အနိုင်ယူနိုင်မယ်တဲ့လား....ထို့အပြင် မဟာမိတ်ခေါင်းဆောင်တစ်ယောက်တည်းသာမကဘဲ ကောင်းကင်သုံးခုနယ်ပယ် ပညာရှင်သုံးယောက်လည်း ရှိနေသေးသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော ဧရာမသားရဲတစ်ကောင်တည်းမှာ အမွှေးတိုင်အရေအတွက် 800,000 တန်ကြေးရှိပြီး ၎င်း၏ ကြံ့ခိုင်မှုမှာ ၎င်း၏ ကြီးမားသောခန္ဓာကိုယ်ထက် ကြောက်စရာကောင်းသည်။ တကယ်တော့ အမွှေးတိုင်အရေအတွက် 800,000 ဟာ ကြောက်စရာကောင်းတဲ့ ပမာဏပင်.......

"ဟမ်? တာအိုဘိုးဘေး...ဘာလို့ ကျွန်တော့်ဆရာကို မကူညီတာလဲ..."

ယန်ကျိုးက ရဲရွှမ် သေမည်ကို စိုးရိမ်သဖြင့် မေးလိုက်သည်။

ပိုင်ချီက ဒေါသတကြီးနဲ့ .....

“ဟေးးး ကောင်စုတ်လေး...ဆရာသခင် မစော်ကားနဲ့....."

ယန်ကျိုးက.... “ကျွန်တော့် စိတ်ထဲမှာ တာအိုဘိုးဘေးက အရေးကြီးဆုံးပါ.... ဒါပေမယ့် အနည်းဆုံးတော့ ဆရာရဲရွှမ်က ကျွန်တော့်ကို သိုင်းပညာကို သင်ပေးတယ်....သူ့ကို ဒီအတိုင်းမသေစေချင်ဘူး"

ကျန်းချန်ရှန်းက.... “ဘာမှမဖြစ်ပါဘူး.... ငါသွားကြည့်လိုက်မယ်....,"

ရန်သူက ရှီပြည်နယ်ကို ရောက်လာတော့မယ်.........

ပေတစ်ထောင်ရှည်လျားသော လော့ယွီ သည် တကျန်း၏မရေမတွက်နိုင်သောပြည်သူများကို ထိတ်လန့်စေခဲ့သော်လည်း အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က လူများကိုဒုက္ခမပေးခဲ့ပေ။ သူတို့မှာ ပန်းတိုင်တစ်ခုပဲရှိတော့ အဲဒါကတော့ ကျန်းချန်ရှန်းပင်......

သူတို့အတွက်ကတော့ သာမန်လူတွေကို သတ်ပစ်ဖို့မလိုပေ...တာအိုဘိုးဘေး ရှုံးနိမ့်သွားလျှင် နဂါးသွေးကြောတိုက်ကြီးတစ်ခုလုံး အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေမည်ဖြစ်သည်။

လော့ယွီ အမြင့်သို့ တက်လာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် တဟုန်ထိုး တုန်ခါနေသော ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။

တောရွာမှ ပြည်သူများကတော့ လော့ယွီကို ဒဏ္ဍာရီလာ သားရဲတစ်ကောင်ဟု ထင်မှတ်ကာ ဒူးထောက်ရှီခိုးနေကြသည်။

တဝူကုန်း​က မျက်လုံးမှိတ်ထားရင်းကနေ.... “လာနေပြီ”

ကောင်းကင်သုံးခုနယ်ပယ် ကျွမ်းကျင်ပညာရှင် သုံးဦး ချက်ချင်းပင် တိုက်ပွဲဝင်ရန် အဆင့်ပြင်လိုက်ကြသည်။

လေခွင်းသံနှင့်အတူ အလွန်လျင်မြန်သော အရှိန်ဖြင့် ဖြတ်ကျော်လာသော အဖြူရောင်အလင်းတန်းတစ်ခုသည် လျှပ်စီးလက်သလို ကောင်းကင်ကို ဖြတ်ကျော်သွားသည်။

ဝုန်းးးးးးးး

တဝူကုန်းက သူ့လက်ကို မြှောက်လိုက်ပြီး ရဲရွှမ်၏ လက်သီးကို အလွယ်တကူ ဖမ်းဆုပ်လိုက်သည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီး ရဲရွှမ်က သူ့မျက်နှာပေါ်တွင် မာနကြီးသော အပြုံးတခုချိတ်ဆွဲထားသည်။ သူ့မျက်လုံးများထဲတွင်တောင်လောင်နေသော တိုက်ပွဲဝင်စိတ်ဓာတ်က မြင်သာထင်သာရှိလုနီးပါးပင်။

ရဲရွှမ် ရုတ်တရက် သူ့ခြေထောက်ကို လှုပ်လိုက်သည်။ အဖော်မဲ့နတ်ဘုရားလမ်းစဉ် ကို အသက်သွင်းခြင်းဖြင့် သူ၏ ကြွက်သားများ၊ အရိုးများတွင် အဆုံးမရှိ စွမ်းအားများပါရှိသော စစ်မှန်သောချီများဖြင့် ပြည့်နှက်နေပါသည်။

ဝုန်းးးးးး

တဝူကုန်းကို မတိုက်ခိုက်မီတွင်၊ သူ့နောက်ကွယ်မှ ကောင်းကင်သုံးခုနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက ရှေ့သို့ ပြေးလာပြီး ရဲရွှမ်ရဲ့ ဝမ်းဗိုက်ကို ကန်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ရဲရွှမ်ဟာ အဝေးက မြင့်မားတဲ့တောင်တန်းကြီးတစ်ခုနှင့် ဝင်တိုက်မိပြီး တောင်ကို လှုပ်ခါစေခဲ့သည်။

ဖုန်မှုန့်တွေကြားကနေ ရဲရွှမ်ပြန်ထွက်လာပြီး သူ့ဝမ်းဗိုက်ကို ပွတ်သပ်ရင်း....“နာတယ်” ဟု ကျိန်ဆဲလိုက်သည်။

"ရဲရွှမ်? သူဘာလို့ဒီမှာရှိနေတာလဲ?"

အကန့်သတ်မဲ့ပင်လယ်မဟာမိတ်မှ ရွှေခန္ဓာနယ်ပယ် သိုင်းပညာရှင်တစ်ဦးက အံ့သြစွာမေးလိုက်သည်။ အခြားသော သိုင်းပညာရှင်များကလည်း ထိုအကြောင်း စတင် ဆွေးနွေးနေကြသည်။ဤသည်ကိုကြည့်ချင်းအားဖြင့် ရဲရွှမ် ဘယ်လောက်နာမည်ကြီးတယ်ဆိုတာ သိနိုင်သည်။

"သူက တာအိုဘိုးဘေးမဟုတ်​ဘူးဆိုတော့ သူ့ကိုသတ်​မယ်​!"

ကောင်းကင်သုံးခုနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက ရက်စက်သောအပြုံးကို ထုတ်ဖော်ပြသခဲ့သည်။ သူသည် ထွားကျိုင်းသော ကိုယ်လုံးကိုယ်ပေါက်ရှိပြီး အတွင်းဘက်တွင် သံချပ်ကာ ချပ်ဝတ်ပါရှိသော မီးခိုးရောင်၀တ်စုံကို ၀တ်ထားသည်။ သူ့အငွေ့အသက်က အလွန်ကြောက်စရာကောင်းလှသည်။

ထိုသူက တဝူကုန်း၏ အမိန့်ကို စောင့်မနေဘဲ ရဲရွှမ်ဆီသို့ ရုတ်တရက် ပြေးသွားခဲ့သည်။

ရဲရွှမ်က ဒေါသတကြီးအော်လိုက်ပြီး သူ့ရဲ့အစစ်အမှန်ချီတွေ သက်တံလို အရှိန်နဲ့ ပေါက်ကွဲသွားသည်။ သူ ဖောက်ထုတ်လိုက်သည်နှင့် ၎င်း၏အစစ်အမှန်ချီသည် အမြင့်ပေတစ်ထောင်ရှိသော ကျောက်စာချပ်တစ်ခုထဲသို့စီးဝင်သွားပြီး မီးခိုးရောင်ဝတ် ကျွမ်းကျင်သူနှင့် တိုက်မိသွားခဲ့သည်။

ဝုန်းးးးးး

မီးခိုးရောင်၀တ် ကျွမ်းကျင်သူ ရပ်တန့်သွားပြီး သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားကာထိတ်လန့်တကြားဖြင့်....

"ငါ့ရဲ့ အစစ်အမှန်ချီတွေ ဘာလို့ ငြိမ်သက်နေတာလဲ.. ...."

ရဲရွှမ်က မြှားတစ်စင်းကဲ့သို့ ​ပျံသန်းလာပြီး အဖော်မဲ့နတ်ဘုရားကျောက်စာချပ်ဖြင့် မီးခိုးရောင်၀တ် ပညာရှင်ကို ဖိနှိပ်ခဲ့သည်။ ပူပြင်းသော အစစ်အမှန်ချီပေါက်ကွဲသံကြောင့် ရဲရွှမ် ညစ်ကျယ်ကျယ်ပြုံးလိုက်လေသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ မီးခိုးရောင်ဝတ် အဘိုးအို လွင့်စင်သွားပြီး အရှိန်ထိန်း၍ လော့ယွီ၏ခေါင်းပေါ်သို့ ဆင်းသက်ခဲ့သည်။

မီးခိုးရောင်၀တ် အဘိုးအိုသည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး အောက်သို့ ငုံ့ကြည့်လိုက်တော့ အပူရှိန်ကြောင့် သူ၏ သံကြိုးချပ်ဝတ် ပျက်စီးနေသည်ကိုမြင်လိုက်ရသည်။

သူ့အမူအရာ သိသိသာသာ ပြောင်းသွားခဲ့သည်။ ကောင်းကင်နှစ်ခုနယ်ပယ်ကြောင့် သူဒဏ်ရာ ရခဲ့တာလား...တကယ်ကို အရှက်ဗြန်းဗြန်းကွဲပြီပဲ.......

တဝူကုန်း နောက်ကွယ်ရှိ အခြားကျွမ်းကျင်သူနှစ်ဦးလည်း ရဲရွှမ်ကိုကြည့်ရင်း ထိတ်လန့်သွားကြသည်။

"ရှေးဟောင်းသိုင်းပညာနည်းစနစ်?"

"ဟုတ်တယ်...သူ့ရဲ့ အကန့်အသတ်မရှိတဲ့ အစစ်အမှန်ချီတွေက ရှေးဟောင်းသိုင်စပညာကြောင့်ပဲ.... ”

နှစ်ယောက်စလုံး တဝူကုန်းကို ကြည့်နေကြသည်။

သူတို့ဒီကိုလာဖို့ ဆန္ဒရှိရတဲ့ အကြောင်းရင်းကတော့ တဝူကုန်းင ရှေးကျတဲ့ သိုင်းကျမ်းများကိုမှတ်တမ်းတင်ထားတဲ့ ရှေးဟောင်းသိုင်းကျောက်စာ ပေးမည်ဟု ကမ်းလှမ်းထားသောကြောင့်ပင်.......

တဝူကုန်း ရုတ်တရက် မျက်လုံးမှိတ်ကာ တနေရာသို့ စူးစိုက်ကြည့်လိုက်သည်။ မိုးကုပ်စက်ဝိုင်းကနေ ပျံသန်းလာနေသူတစ်ယောက်ကို သူမြင်လိုက်ရသည်။

ကျန်းချန်ရှန်း...........

သူသည် တိမ်တိုက်တစ်ခုပေါ် ရောက်နေပြီး သူ၏အဖြူရောင်အဝတ်အစားနှင့် အနက်ရောင်ဆံပင်များ လေနှင့်အတူလွင့်ပျံနေကာ သေမျိုးကမ္ဘာသို့ဆင်းသက်လာသော နတ်ဘုရားတပါးနှင့်ပင်တူနေသည်။

ကျန်းချန်ရှန်းက ရဲရွှမ်နှင့် မီးခိုးရောင်ဝတ်အဘိုးအိုတို့၏ တိုက်ပွဲကို​ ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ အဲဒီအစားအရှိန်လျှော့ပြီး သူတို့ရဲ့ တိုက်ပွဲကို ကြည့်နေခဲ့သည်။

နှစ်ယောက်သား ကောင်းကင်သို့ ခုန်တက်လိုက် မြေကြီးထဲသို့ ထိုးကျသွားလိုက်နှင့် သူတို့ရဲ့ အရှိန်က အရမ်းမြန်တာကြောင့် သာမန်လူတွေမျက်စိနဲ့ လိုက်မှီဖို့ ခက်လှသည်။ အရူးအမူး တိုက်ခိုက်ရင်း သူတို့ရဲ့ အရိပ်တွေ ရောယှက်နေကြကာ ဘတပြန် ကျားတပြန် တိုက်ခိုက်နေသဖြင့် အနီးအနားရှိ သစ်တောများ တောင်တန်းများပင် ထောင်းထောင်းကြေနေပြီ.....

"မင်းက တာအိုဘိုးဘေးလား"

တဝူကုန်းက ကျန်းချန်ရှန်းကို စိုက်ကြည့်ကာ အေးစက်သောလေသံဖြင့် မေးလိုက်သည်။

All Chapters