တုနှိုင်းမဲ့ယန်အလင်းတန်း.... တိမ်ကောင်းကင်နတ်ဘုရားသစ်ပင်.....
Vol. 12 Ch. 174
အဝါရောင်သဲတွေများ ကောင်းကင်တွင် ပြည့်နှက်နေပြီး ကံကြမ္မာနဂါးကြီးဝိုင်းရံထားသည့် ဧကရာဇ်ရွှမ်ထျန်းက အံကြိတ်ပြီး ရှေ့ကို လှမ်းကြည့်နေသည်။
စစ်မြေပြင်အထက်တွင် စစ်နတ်ဘုရားနှင့်တူသော လူတစ်ယောက်ရှိနေပြီး ထိုလူသည် ကောင်းကင်တွင် ဂုဏ်ယူစွာရပ်တန့်နေကာ သူ၏ အစစ်အမှန်ချီ သည် လေဆင်နှာမောင်းကဲ့သို့ သူ့ခန္ဓာကိုယ်ကို လှည့်ပတ်နေသည်။ သူ၏ စိမ်းပြာရောင် ၀တ်ရုံ တဖျပ်ဖျပ်လွင့်နေသဖြင့် သူ့ကို အလွန်အစွမ်းထက်ပုံပေါက်စေသည်။
"တကျန်းရဲ့ အစစ်အမှန်နဂါး..... လူသားဧကရာဇ်ရဲ့ အမွေကို ရယူခဲ့တာတောင် ဒီလောက်ပဲလား...."
စိမ်းပြာရောင်ဝတ်ထားသော အမျိုးသားက ဧကရာဇ်ရွှမ်ထျန်း ကို ငုံ့ကြည့်ကာ မထီမဲ့မြင်ပြု၍ မေးလိုက်သည်။ မြေပြင်တွင် စစ်တပ်နှစ်ခုတိုက်ပွဲဖြစ်နေပြီဖြစ်ပြီး ကောင်းကင်တွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်များ ရှိနေသေးသည်။
ဧကရာဇ်ရွှမ်ထျန်း၏အမူအရာ အနည်းငယ် ညှိုးငယ်သွားသည်။ သူတို့ နှစ်ယောက် တိုက်ခိုက်ခဲ့ကြပြီး သိုင်းပညာများ မည်မျှပင် သုံးသည်ဖြစ်စေ တစ်ဖက်ကို မထိခိုက်စေနိုင်ပေ။
သူ ပထမဆုံး စစ်ထွက်တုန်းကတော့ စိတ်ဓာတ်ပြင်းထန်ပြီး သူ့ရဲ့ သိုင်းပညာအစွမ်းထက်တယ်လို့ ထင်ခဲ့မိသည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ၊ တုံးဟိုင်မင်းဆက်တွင် သူ့ကို ဆန့်ကျင်နိုင်သော ကျွမ်းကျင်သူများ အမြဲရှိနေမည်ဖြစ်ကြောင်း သဘောပေါက်ခဲ့ပြီး သူ၏စစ်တပ်ကို ချီတက်ခြင်းမပြုရန် တားဆီးခဲ့သည်။
ဧကရာဇ်ရွှမ်ထျန်း အသက်ပြင်းပြင်းရှူပြီး စကားပြောတော့မည့်အချိန်တွင် ပြင်းထန်သော အလင်းတန်းတစ်ခု ကောင်းကင်မှ အလွန်လျင်မြန်သော အရှိန်ဖြင့် ဆင်းသက်လာသည်။ စကြဝဠာနယ်ပယ် ကျွမ်းကျင်သူတွေတောင် တုံ့ပြန်ဖို့ အချိန်မရှိလောက်အောင် မြန်ဆန်လွန်းလှသည်။
ဝုန်း
စိမ်းပြာရောင်ဝတ်ထားသော အမျိုးသား အစိတ်စိတ်အမွှာမွှာကွဲသွားပြီး မီးခိုးဖြစ်သွားသည်။ သူသည် ထိုပြင်းထန်သော အလင်းရောင်ထဲတွင် မီးခိုးမြူများကဲ့သို့ ပေါက်ကွဲသွားသည်။ သို့သော်လည်း ပေါက်ကွဲမှုမှ ထွက်လာသော လေပြင်းများကြောင့် ဧကရာဇ်ရွှမ်ထျန်း နှင့် အနီးနားရှိ အစစ်အမှန်နတ်ဘုရားနယ်ပယ်များ လွင့်စင်ကုန်သည်။
ကမ်းရိုးတန်းစစ်မြေပြင်တွင်......
ကျန်းဂျန်သည် ၎င်း၏ သုံးခွချွန်လှံကို ကိုင်ဆောင်ကာ ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူငါးဦးကို တိုက်ခိုက်ခဲ့သည်။ ဒီလိုအခြေအနေမျိုးမှာတောင် ကျန်းဂျန် အသာစီးရနေဆဲပဂင်......
ပင်းအန်းက လက်ထဲတွင် တူနှစ်လက်ကိုင်ဆောင်ထားပြီး ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူငါးဦးကို အလားတူချုပ်နှောင်ထားသည်။ သူ၏ တူနှစ်လက်က လေနှင့်တူပြီး သူ၏အော်ရာက ကြောက်မက်ဖွယ်ကောင်းသည်။
သူတို့၏ ဦးခေါင်းထက်တွင် မရေမတွက်နိုင်သော ဓားအရိပ်များဝိုင်းရံထားသူတစ်ယောက်ရှိနေသည်။ ထိုလူသည် စိမ်းပြာရောင် ၀တ်စုံရှည်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမတွင် လှပသောမျက်နှာနှင့်အဖြူရောင်ဆံပင်များရှိပြီး ၎င်းမှာ လူသားအသွင်ခံယူထားသော နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သူမသံကြာပွတ်ကိုကိုင်ကာ ဓားနတ်ဘုရားဆီသို့ ပြေးသွားရင် လမ်းတစ်လျှောက်တွင် ဓားအရိပ်များကို လျင်မြန်စွာ ဖြန့်ခွဲလိုက်သည်။
ဓားနတ်ဘုရား၏အမူအရာ လေးနက်နေသည်။ တဖက်လူက ကောင်းကင်နယ်ပယ်တွင်ရှိသော်လည်း သူမ၏ခွန်အားက သူ့ထက်သာလွန်သည်။ သူမ သူ့ထက်စောပြီး ကောင်းကင်နယ်ပယ်သို့ တက်လှမ်းခဲ့သည်မှာ ထင်ရှားသည်။
သူ့ပြိုင်ဘက်က သန်မာပေမယ့် ထိတ်လန့်မနေဘဲ အရမ်းစိတ်လှုပ်ရှားနေမိသည်။
ဓားနတ်ဘုရားက ညာလက်ကို မြှောက်လိုက်ပြီး သူ့နောက်ကျောက ဓားအိတ်ကို ဖွင့်လိုက်သည်။သူတိုက်ခိုက်ခါနီးတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းတစ်ခု သူ့ခေါင်းပေါ်မှဖြတ်ကျော်ကာ ကောင်းကင်ယံမှဓားရိပ်များကို အရှိန်အဟုန်ပြင်းပြင်းဖြင့် လွင့်စင်စေ၍ ဆံပင်ဖြူအမျိုးသမီးကို နစ်မြှုပ်သွားခဲ့သည်။ ဆံပင်ဖြူအမျိုးသမီးကို အလင်းတန်းများ ထိမှန်သည်နှင့် ပေါက်ကွဲသွားပြီး ဓားနတ်ဘုရားတောင် မျက်စိမှိတ်ထားရသည်။
“သူ လှုပ်ရှားလိုက်တာလား......… ငါ တော်တော်ညံ့နေလို့လား…”
ဓားနတ်ဘုရား ရှက်ရွံ့ပြီး အလွန်နောင်တရနေပါသည်။ စောစောက သိခဲ့လျှင် ဤမျှလောက် နှောင့်နှေးမည် မဟုတ်သလို သူ့ပြိုင်ဘက်ကို အမြန် အနိုင်ယူခဲ့ပါလိမ့်မည်။
တာအိုဘိုးဘေး သူ့ကို မကျေနပ်လို့ ကိုယ်တိုင်လှုပ်ရှားခဲ့တာလား...
ကျန်းဂျန်နှင့် ပင်းအန်းတို့ ဤမြင်ကွင်းကိုမြင်လိုက်သောအခါ အအံ့သြသွားကြပြီး သူတို့၏ တိုက်ခိုက်ရေးစိတ်ဓာတ်များ ပို၍ပင် အားကောင်းလာခဲ့သည်။
"တုံးဟိုင်ရဲ့ လူယုတ်မာလေးတွေ.... မင်းတို့သေလိုက်ကြတော့....!"
ကျန်းဂျန်က သုံးချွန်လှံကို ဝှေ့ယမ်းကာ ရယ်မောလိုက်သည်။ ကီလိုဂရမ်တစ်သန်းအလေးချိန်ရှိသော နတ်လက်နက်တစ်ခုက သူ၏လက်ထဲတွင်ရှိသော ငှက်မွှေးကဲ့သို့ ပေါ့ပါးနေသည်။
တစ်ဖက်တွင်၊ ကျန်းချန်ရှန်းက လော့ယွီ ဆီသို့ လျှောက်သွားပြီး ကယ်တင်ရန် ပြန်လည်ရှင်သန်ခြင်းစွမ်းရည်ကို အသုံးပြုခဲ့သည်။
အစောပိုင်းက၊ သူသည် ဤနတ်ဆိုးသားရဲကို ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားမည် စိုးရိမ်သဖြင့် တိုက်ခိုက်ရာတွင် ခွန်အားထိန်းထားခဲ့ရသည်။
ကျန်းချန်ရှန်းကတော့ ဤမျှကြီးမားသော နတ်ဆိုးသားရဲကြီးကို သတ်လိုက်ရခြင်းက နှမြောစရာကောင်းသည်ဟုသာ ခံစားမိသည်။
လော့ယွီ၏ခန္ဓာကိုယ်က အလွန်ကြီးမားပြီး တပ်ဖွဲ့များကို ပို့ဆောင်ရာတွင်အတော် အသုံးဝင်နိုင်သည်။
သို့ပေသော်ငြား လော့ယွီကို တကျန်းဆီ မလွှဲပေးချင်ပေ။ တကျန်းက ၎င်းကို မထိန်းချုပ်နိုင်တော့မှာကို စိုးရိမ်တာကြောင့် ၎င်းကို တာအို ကမ္ဘာထဲသို့ ပစ်ချကာ ပိုင်လုံအတွက် အဖော်ရစေခဲ့သည်။
ရဲရွှမ်က ပခုံးပေါ်၌ အလောင်းလေးလောင်းထမ်း၍ လမ်းလျှောက်နေစဉ် လျှမြောက်အရပ်မှ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကို အာရုံခံမိလိုက်သည်။
တာအိုဘိုးဘေး ပစ်ခဲ့တဲ့မြှားတွေကြောင့်များလား.....
တကျန်း လောလောဆယ် စစ်ဖြစ်နေကြောင်းကိုလည်း သူသိသည်။
"ဒီနေရာကနေ တုံးဟိုင်မင်းဆက်အထိ တိုက်ခိုက်နိုင်တယ်ဆိုတော့.... ဒီသိုင်းပညာရဲ့အဆင့်က....."
ရဲရွှမ် ကျန်းချန်ရှန်းကို အလွန်သဘောကျနေပြီ.... ယခုမှစ၍ တာအိုဘိုးဘေးနောက်သို့ လိုက်ရန် သူ့စိတ်ထဲတွင် ကြံစည်ထားပြီးဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထျန်းဟိုင်တွင် တာအိုဘိုးဘေးလို အစွမ်းထက်သူမရှိပေ။
တာအိုဘိုးဘေးသာရှိနေလျှင် တကျန်း သည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ထျန်းဟိုင်ကို သိမ်းပိုက်တော့မည်ဖြစ်သည်။
သူသည် လော့ယွီကို အနီးကပ်မြင်လိုက်ရသောအခါ ပို၍ပင် တုန်လှုပ်သွားသည်။
သမုဒ္ဒရာထဲတွင် ဤမျှကြီးမားသော နတ်ဆိုးသားရဲတစ်ကောင်ကို သူအရင်က တွေ့ဖူးသော်လည်း အဝေးကနေသာမြင်ဖူးခြင်းဖြစ်သည်။ထိုအချိန်၌ သူသည် ဤကဲ့သို့သော နတ်ဆိုးတစ်ကောင်ကို နှိမ်နင်းရန် စိတ်ကူးယဉ်ခဲ့သော်လည်း အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က ထိုသို့လုပ်ဆောင်နိုင်မည်ဟု ထင်မထားခဲ့ပေ။
ခဏအကြာတွင်၊ လော့ယွီ တုန်ခါလာပြီး အသက်ဓာတ်ပြည့်ဖြိုးကာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။
ကျန်းချန်ရှန်းက....
"ရဲရွှမ်...မင်း မျက်လုံး ခဏမှိတ်ထား...."
ရဲရွှမ် ချက်ချင်းပင် မျက်လုံးမှိတ်လိုက်သည်။
ကျန်းချန်ရှန်းက မဟာတာအိုမျက်လုံးကို ဖွင့်ကာ ကြီးမားသော လော့ယွီကို တာအို ကမ္ဘာထဲသို့ စုပ်ယူလိုက်ပြီး ကြီးမားသော တွင်းကြီးသာ ကျန်ရစ်ခဲ့သည်။
သူက လှည့်ပြီး ရဲရွှမ် ပုခုံးကို ပုတ်လိုက်ကာ....
“သွားကြမယ်.... ဒီအလောင်းတွေကို နန်းတော်အဝင်ဝမှာ ပစ်ချပြီး ချန်လီကို သိမ်းထားခိုင်းလိုက်...."
ပြောပြီးတာနဲ့ ကျန်းချန်ရှန်း ဖျတ်ကနဲ ပျောက်သွားလေသည်။
ရဲရွှမ် မျက်လုံးဖွင့်ကြည့်လိုက်တော့ လော့ယွီ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ စူးစမ်းချင်သော်လည်း မဝံ့ရဲခဲ့ပေ။
အားလုံးပြေလည်သွားတော့ မြို့တော်ကို လှည့်ပြန်ခဲ့လေသည်။
တစ်ခြားဘက်တွင်မူ....
ကျန်းချန်ရှန်း ခြံဝင်းထဲသို့ ပြန်ရောက်လာသည်။
ယန်ကျိုး သူပေါ်လာတာကိုမြင်တော့.....
"ဆရာတော်.....ခရမ်းရောင်အလင်းတန်းတွေက ဆရာတော်ကြောင့်လား....."
သူအရမ်းစိတ်လှုပ်ရှားနေသည်။ဇီဝေ့အကျဉ်းထောင်ပညာရပ်က တကယ်ကို အံ့မခန်းပင်... ရှီပြည်နယ်အစွန်းမှာ ပေါ်လာတာတောင် ချောက်ကမ်းပါးကနေ မြင်နေရသည်။
ကျန်းချန်ရှန်း ခေါင်းညိတ်ပြီး သူ့အခန်းဆီသို့ လျှောက်သွားခဲ့သည်။
စကားတစ်ခွန်းမှ မပြောဘဲ သူ့အခန်းထဲကို ပြန်သွားတာကို မြင်တော့ ယန်ကျိုး က ပိုင်ချီကို ကြည့်ပြီး ..." တာအိုဘိုးဘေး ဒဏ်ရာရလာလို့လား " ဟု စိုးရိမ်တကြီး မေးလိုက်သည်။
ပိုင်ချီက မျက်လုံးပြူးပြီး "တိုက်ပွဲ မြန်မြန်ပြီးသွားတာတောင် သူ ဒဏ်ရာရမယ်လို့ ထင်နေတာလား... "
ခဏအကြာတွင်.....
ရဲရွှမ် ပြန်ရောက်သောအခါ ယန်ကျိုး သူ့အတွက် စိတ်ပူကြောင်းထုတ်ပြောခဲ့သည်။
ရဲရွှမ်က ကူကယ်ရာမဲ့စွာဖြင့်....
“ငါ ဒဏ်ရာအနည်းငယ် ရခဲ့ပေမယ့် ကြီးကြီးမားမားတော့ မဟုတ်ဘူး...ဒီ့အတွက် တာအိုဘိုးဘေးကို ကျေးဇူးတင်ရမယ်....ကောင်းကင်လေးခုနယ်ပယ်တစ်ယောက်...ကောင်းကင်သုံးခုနယ်ပယ် သုံးယောက်နဲ့ အခြားပညာရှင်ပေါင်းများစွာ ရိုက်ချက်တချက်တည်းနဲ့ သေကုန်ကြပြီ....."
ယန်ကျိုး ထိတ်လန့်သွားပြီး ပိုင်ချီလည်း ထိုနည်း၎င်းပင်....
ယခင်ကဆို ပိုင်ချီ နှင့်ဓားနတ်ဘုရားတို့က ကျန်းချန်ရှန်းကို ကောင်းကင်လေးခုနယ်ပယ်တွင် ရှိနေသည်ဟု ခန့်မှန်းခဲ့သည်။ ဒါပေမယ့် သူတို့ရဲ့ မှန်းဆချက် လုံးဝကို မှားနေခဲ့ပြီ......
"သူက ဘယ်လောက်သန်မာတယ်ဆိုတာ အမြဲ လျှို့ဝှက်ထားတယ်..."
ပိုင်ချီ ထိုသို့တွေးနေရင်း ကျန်းချန်ရှန်း အပေါ်မှာ သူမရဲ့ ကြည်ညိုလေးစားမှုတွေ တဟုန်ထိုးမြင့်တက်လာသည်။
ယန်ကျိုးက တိုက်ပွဲ၏အသေးစိတ်အချက်အလက်များကို စတင်မေးမြန်းခဲ့သော်လည်း ရဲရွှမ်က ခေါင်းယမ်းကာ နောက်ထပ်ရှင်းပြရန် ငြင်းဆိုခဲ့သည်။
“မမေးနဲ့တော့... မင်းရဲ့နယ်ပယ်နဲ့ မထိတွေ့နိုင်တဲ့အရာတွေရှိတယ်......"
ယန်ကျိုးက ဒီစကားကို အဓိပ္ပါယ်ရှိတယ်လို့ ခံစားရသည့်အတွက် ထပ်မမေးတော့ပေ။
ပိုင်ချီက ရဲရွှမ်ကို အံ့သြစွာ ကြည့်လိုက်သည်။ အကြောင်းတစ်ခုခုကြောင့် ကျန်းချန်ရှန်းနှင့်ရဲရွှမ်တို့စရိုက်တူလာသည်ဟု ခံစားနေရသည်။
တခဏလေး တောင်အောက်ဆင်းပြီးနောက် ရမ်းကားတတ်တဲ့ ရဲရွှမ် ဘာကြောင့် ပြောင်းလဲသွားတာလဲ.......
အခန်းအတွင်းတွင် ကျန်းချန်ရှန်း ကုတင်ပေါ်တွင် ထိုင်ကာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့သည်။
ဒီတခါ ရမယ့်ဆုလာဘ်က ကြီးမားသင့်တယ်.......
ကျန်းချန်ရှန်း စိတ်ထဲတွင် အဆုံးမရှိသော မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။
ခဏအကြာတွင်........
တခဏအကြာ သူ့မျက်လုံးရှေ့တွင် အကြောင်းကြားစာများ ဆက်တိုက်ပေါ်လာသည်။
[ရွှမ်ထျန်းခေါတ်၏ 14 နှစ်တွင်..... အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့၏ခေါင်းဆောင် တဝူကုန်းနှင့် ကောင်းကင်သုံးခုနယ်ပယ် ပညာရှင် သုံးယောက်အပြင် အခြားသော ပညာရှင်များက သင့်ကို စုပေါင်းတိုက်ခိုက်ခဲ့ကြသည်။ သင်သည် သူတို့၏ ဝိုင်းရံတိုက်ခိုက်မှုမှ အောင်မြင်စွာ လွတ်မြောက်ခဲ့သဖြင့် ရှင်သန်ခြင်းဆုလာဘ်အဖြစ် မှော်ရတနာတခုဖြစ်သော တုနှိုင်းမဲ့ယန်အလင်းတန်းကို ရရှိထားသည်။]
[ရွှမ်ထျန်းခေတ်၏ 14 နှစ်တွင်၊ အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က သင့်ကို မောင်းထုတ်ရန် သို့မဟုတ် သတ်ပစ်ရန်၊ နတ်ဆိုးပုလဲကိုရယူရန်နှင့် နှင့် နဂါးသွေးကြောများကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခဲ့သည်။ သို့သော် သင်သည် အချိန်မီလုပ်ဆောင်ခဲ့ပြီး ဘေးဆိုးမှ အောင်မြင်စွာ လွတ်မြောက်ခဲ့သည်။ သင်သည် ရှင်သန်ခြင်းဆုလာဘ်အဖြစ် ရွှေရောင်ကျောက်စိမ်းသစ်ရွက် သုံးရွက် ]
[ရွှမ်ထျန်းခေတ်၏ 14 နှစ်တွင်၊ အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က သင့်ကို မောင်းထုတ်ရန် သို့မဟုတ် သတ်ပစ်ရန်၊ နတ်ဆိုးပုလဲကိုရယူရန်နှင့် နှင့် နဂါးသွေးကြောများကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခဲ့သည်။ သို့သော် သင်သည် အချိန်မီလုပ်ဆောင်ခဲ့ပြီး ဘေးဆိုးမှ အောင်မြင်စွာ လွတ်မြောက်ခဲ့သည်။ သင်သည် ရှင်သန်ခြင်းဆုလာဘ်အဖြစ် တိမ်ကောင်းကင်သစ်ပင် ရရှိထားသည်]
အကြောင်းကြားစာ ခြောက်ခုရှိပြီး၊ ငါးခုမှာ မတူညီသော စစ်မြေပြင်မှ လာခြင်းဖြစ်သည်။
တပြိုင်နက်တည့း ရွှေရောင်ကျောက်စိမ်းသစ်ရွက် စုစုပေါင်း ၂၇ ရွက်အထိ ရရှိခဲ့သည်။
မတူညီသော စစ်မြေပြင်များတွင် ရန်သူများ၏ ခွန်အားမှာ မတူညီသောကြောင့် ဆုကြေးများ ကွဲပြားပါသည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် တန်ဖိုးအမြင့်ဆုံးဆုသည် တုနှိုင်းမဲ့ယန်အလင်းတန်း ဖြစ်သင့်သည်။
သူသည် တုနှိုင်းမဲ့ယန်အလင်းတန်းကို ချက်ချင်း အမွေဆက်ခံခဲ့သည်။
ဤမှော်ဆန်သောရတနာသည် ရှေးဟောင်း နေနှင့်လတို့ အလင်းလွန်ကဲမှုမှ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၎င်း၏သန့်စင်ပြီးလျှင် သူ့ဦးခေါင်းနောက်တွင် လွင့်မျောမည့် နေရောင်အဖြစ်သို့ ပြောင်းလဲသွားကာ စူးရှတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်ပေးနိုင်သည်။ ၎င်းသည် အန္တရာယ်များအပါအဝင် အမျိုးမျိုးသော စွမ်းအားများဖြင့်ဖန်တီးထားသော ပုံရိပ်ယောင်များကို ခွဲထုတ်နိုင်ပြီး စိတ်ဝိဉာဉ်ကို သန့်စင်စေကာ ထိုးစစ်ဆင်နိုင်စွမ်းလည်းရှိသည်။
ရန်သူများကို ဖျက်ဆီးရန် နေမင်း၏အလင်းကို လွှတ်နိုင်သောကြောင့် အထူးသဖြင့် နတ်ဆိုးများနှင့် ဝိညာဉ်များကို သေစေနိုင်သည်။
တကယ့်ကို မှော်ဆန်တဲ့ ရတနာပင်......
ကျန်းချန်ရှန်းက တုနှိုင်းမဲ့ယန်အလင်းတန်းကို ချက်ချင်း ထုတ်ယူလိုက်သည်။ တခဏချင်းမှာပဲ စူးရှတဲ့ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး တစ်အိမ်လုံးကို ဖုံးလွှမ်းသွားသည်။
ပိုင်ချီ၊ ရဲရွှမ်နှင့် ယန်ကျိုးတို့ အလင်းရောင်ကြောင့် ချက်ချင်းပင် ဆွဲဆောင်ခံခဲ့ရသော်လည်း မကြည့်ဝံ့ကြပေ။
ကျန်းချန်ရှန်းသည် လက်နှစ်ဘက်လုံးနှင့် အသေးစားနေမင်းနှင့်တူသော အလင်းဘောလုံးတစ်လုံးကို ဆုပ်ကိုင်ထားသည်။ သူသည် တုနှိုင်းမဲ့ယန်အလင်းတန်း၏ ကန့်သတ်ချက်များကို စတင်ပြင်ဆင်ခဲ့သည်။
စုစုပေါင်း ကန့်သတ်ချက် ရှစ်ဆယ့်တစ်ခုရှိခဲ့ပြီး ၎င်းတို့သည် အခြားသော မှော်ရတနာများ၏ ကန့်သတ်ချက်များနှင့် ကွဲပြားသည်။ ကန့်သတ်ချက်တိုင်းက အလွန်ထူးခြားပြီး လူ့ခန္ဓာကိုယ်၏သွေးကြောများနှင့် ဆင်တူသည်။
ကျန်းချန်ရှန်း ၎င်းကို သန့်စင်ရန် နေ့တစ်ဝက်ခန့် အချိန်ယူခဲ့ရသည်။
သန့်စင်ပြီးနောက် ၎င်းက သူ့ဦးခေါင်းဆီသို့ ပျံသန်းသွားပြီး ပတ်ဝန်းကျင်က အလင်းများနှင့် ပေါင်းစပ်ကာ ကျန်းချန်ရှန်း၏မျက်နှာကိုသာ ဖုံးအုပ်ထားသည်။
မတ်တတ်ထရပ်ပြီး ခြေလှမ်းအနည်းငယ်လှမ်းလိုက်သောအခါ တုနှိုင်းမဲ့ယန်အလင်းတန်း သူနှင့်အတူရှိနေကြောင်း
ပ သဘောပေါက်လိုက်သည်။
အတွေးတစ်ခုဖြင့်၊ ၎င်း၏တောက်ပသောအလင်းရောင်များ လျော့ပါးသွားပြီး သူ့အထက်တွင် လွင့်ပျံနေသော အလင်းဘောလုံးတစ်ခု ဖြစ်ပေါ်လာသည်။ အလင်းရောင်ကို မြင်နေရပေမယ့် သိပ်ပြီး မတောက်ပတော့ပေ။
ဤမှော်ရတနာက မဆိုးလှပေ.....အလွန်ဂန္ထဝင်ဆန်သည့်အတွက် ကျန်းချန်ရှန်း အင်မတန် နှစ်သက်နေသည်။
သူ ချက်ချင်း အိမ်ထဲက မထွက်သေးဘဲ တိမ်ကောင်းကင်နတ်ဘုရားသစ်ပင်ကို ဆက်လက် လက်ခံခဲ့သည်။
တိမ်ကောင်းကင်နတ်ဘုရားသစ်ပင်သည် မြေဝိညာဉ်သစ်ပင်ထက်ပင် ရှေးကျသော သစ်ပင်တစ်ပင်ဖြစ်သည်။ ၎င်းသည် ဝိညာဉ်စွမ်းအင်ကို လှုံ့ဆော်ပေးပြီး နေနှင့်လ၏ အနှစ်သာရကို စုပ်ယူနိုင်သည်။ အရွယ်ရောက်လာသောအခါတွင် သစ်ပင်ထိပ်တွင် တိမ်များနှင့် မြူမှုန်များ စုပုံလာပြီး မြေပြင်နှင့် ဆင်တူသော လေအလွှာတစ်ခု ဖြစ်ပေါ်လာကာ ယင်းပေါ်တွင် အဆောက်အအုံများ တည်ဆောက်နိုင်သည်။
ကျန်းချန်ရှန်းက ထိုသစ်ပင်ကို တာအိုကမ္ဘာမှာ ထားဖို့ ရည်ရွယ်ထားသည်။ ချက်ချင်းပင် တိမ်ကောင်းကင်နတ်ဘုရား သစ်ပင်ကို ထုတ်ယူလိုက်တော့ သူ့လက်ထဲတွင် အပင်ငယ်လေးတစ်ပင် ပေါ်လာသည်။
သူသည် မဟာတာအိုမျက်လုံးကို ဖွင့်ကာ တာအိုကမ္ဘာထဲသို့ စုပ်ယူလိုက်သည်။ ထို့နောက် သစ်ပင်ကို ရွှေ့ရန် သူ၏ နတ်ဘုရားအာရုံကို အသုံးပြု၍ တာအိုကမ္ဘာထဲက တိုက်ကြီး၏ အလယ်ပိုင်းတွင် ထားရှိခဲ့သည်။ အပင်ငယ်လေး မြေပြင်ပေါ်သို့ ဆင်းသက်ပြီး လျှင်မြန်စွာ အမြစ်စွဲပြီး မြေကြီးထဲသို့ နစ်မြုပ်သွားခဲ့သည်။
ခဏလောက် စောင့်ကြည့်ပြီးနောက်၊ ကျန်းချန်ရှန်း သူ့အာရုံကို တိုက်ကြီးရဲ့အစွန်းဘက်ဆီ ပြောင်းလိုက်သည်။
ပိုင်လုံ ပင်လယ်ကမ်းစပ်သို့ ရောက်လာပြီး ကြီးမားသော လော့ယွီကို ကြည့်လိုက်သည်။
လော့ယွီသည် ၎င်း၏ ကံကြမ္မာကို လက်ခံခဲ့သည်။ ဒီအချိန်မှာ ဘယ်သူ့နောက်ကို လိုက်မလဲ..... ဒါပေမယ့် ကံကောင်းထောက်မစွာပဲ၊ သူ့မှာ အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှုရှိနေသေးတာကြောင့် အင်မတန်ပျော်နေရှာသည်။
ပိုင်လုံနဲ့ စကားစမြည်ပြောဖြစ်သည့်အခါ လော့ယွီ၏အသံ လူငယ်လေးတစ်ယောက်လို ဖြစ်နေသည်။
လော့ယွီက အသက်မကြီးသေးဘူးလား...?
ကျန်းချန်ရှန်းက လော့ယွီနှင့် ဆက်သွယ်ရန်အတွက် သူ၏ဝိညာဉ်ဆန္ဒကို အသုံးပြုခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း လော့ယွီက ငယ်သေးသော်လည်း သူ့မိဘတွေက သူ့ထက် အဆပေါင်း တစ်သောင်းလောက် အသက်ကြီးသည်။ အနှစ်တစ်ထောင်ကျော် အသက်ရှင်နိုင်သရွေ့ လွတ်လွတ်လပ်လပ် နေထိုင်ရမည်ဟုလည်း ၎င်းက ဆိုသည်။ သို့သော် လော့ယွီ အရွယ်ရောက်လာရန် အနှစ်တစ်ထောင်နှင့်မလုံလောက်နိုင်ပေ။ ဒါပေမယ့် လွတ်လပ်ခွင့်ရပြီး မကြာခင်မှာပဲ အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က ဝန်းရံထားခဲ့ပြီး သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်လာခဲ့သည်။
ဒါဆို လော့ယွီရဲ့မိဘတွေက ပေပေါင်း သန်းထောင်ချီ၊ မိုင်ပေါင်းသောင်းချီ ရှည်လျားတယ်ပေါ့.....
အတောင်ပံဖြန့်လိုက်ရုံနဲ့ မင်းဆက်တစ်ခုကို တိုက်ရိုက်လွှမ်းမိုးနိုင်သလား......
ဒါကိုကြားတော့ ကျန်းချန်ရှန်း သမုဒ္ဒရာအကြောင်း ပိုသတိထားလာမိသည်။ ဤစိတ်ကူးယဉ်သိုင်းလောကတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးမည်မျှလောက် ဝှက်ထားသနည်း။