← Chapters

နတ်ဆိုးသွေးမျိုးဆက်....ကောင်းကင်နှင့်မြေပြင်က ခွင့်မပြုဘူး.........

Vol. 12 Ch. 175

နတ်ဆိုးသွေးမျိုးဆက်....ကောင်းကင်နှင့်မြေပြင်က ခွင့်မပြုဘူး.........

Vol. 12 Ch. 175

ကျန်းချန်ရှန်း အခန်းထဲမှ မထွက်မီ သုံးရက်လောက်နေခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူရရှိထားသော ရွှေရောင်ကျောက်စိမ်းအရွက်အားလုံးကို သန့်စင်ခဲ့သည်။

ပိုင်ချီ၊ ရဲရွှမ်နဲ့ ယန်ကျိုးတို့ တံခါး တွန်းဖွင့်လိုက်သံကြားတော့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

ကျန်းချန်ရှန်း၏ ဦးခေါင်းနောက်တွင် လွင့်မျောနေသော တုနှိုင်းမဲ့ယန်အလင်းတန်းက ၎င်းတို့ကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။ ပိုင်ချီ ချက်ချင်း မတ်တပ်ထရပ်ပြီး တစ်ချက်ကြည့်လိုက်သည်။

ကျန်းချန်ရှန်းက သူတို့၏အကြည့်များကို လျစ်လျူရှုပြီး မြေဝိညာဉ်သစ်ပင်ဆီသို့ လျှောက်သွားခဲ့ကာ သူ့ဝတ်လုံကို ရုတ်မ လိုက်ပြီး ဖြည်းညှင်းစွာ ထိုင်ချလိုက်လေသည်။

“ဆရာတော့် ခေါင်းအနောက်က ဘာကြီးလဲ …”

ပိုင်ချီက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

ဤကဲ့သို့ ထူးဆန်းသောအရာဝတ္ထုကို ရဲရွှမ်သည်လည်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ကျန်းချန်ရှန်းက.... “အရင်တိုက်ပွဲကနေ တစ်ခုခုကို နားလည်ခဲ့တယ်....ဒါက ကောင်းကင်နယ်ပယ်တွေရဲ့ ကိုယ်ပိုင်ကမ္ဘာနဲ့ ဆင်တူတဲ့ ငါရဲ့ ကိုယ်ပိုင်ကမ္ဘာပဲ....”

ရဲရွှမ် ရုတ်တရက် သဘောပေါက်သွားပြီး လေးနက်သောအတွေးဖြင့် တုနှိုင်းမဲ့ယန်အလင်းတန်းကို စိုက်ကြည့်နေသည်။

ယန်ကျိုးက အနားကို လျှောက်လာပြီး...

" ဆရာတော်... တကျန်း အနိုင်ရတော့မယ်.... လွန်ခဲ့တဲ့ နှစ်ရက်အတွင်း မိုင်တစ်ထောင်လင်းယုန်တွေ အဆက်မပြတ်သတင်းလာပို့ကြတယ်.... ရှေ့တန်းမှာ ပြီးပြည့်စုံတဲ့ အောင်ပွဲတွေ ရရှိခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတယ်... တုံးဟိုင်မင်းဆက်ကို သိမ်းပိုက်လိုက်တာနဲ့ တကျန်း အခုထက် ပိုမြင့်မားလာတော့မှာ....."

သူသည် တကျန်း၏နိုင်ငံသားတစ်ဦးအနေဖြင့် လက်ရှိအခြေအနေကြောင့် အံ့အားသင့်ခဲ့ရသည်။

ကျန်းချန်ရှန်းက ပြုံးပြီး ဘာမှပြန်မပြောဘဲ တရားထိုင်နေသည်။

ရဲရွှမ်က သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမှာ စိုးရိမ်တာကြောင့် ယန်ကျိုးကို လေ့ကျင့်ဖို့ ဆွဲခေါ်သွားလေသည်။

ဆောင်းဦးရာသီတွင်.....

တုံးဟိုင်မင်းဆက်၏ ရှေ့တန်းတပ်များ အပြတ်အသတ်အရေးနိမ့်ခဲ့သည်။ တကျန်းက တပ်များစွာကို တပ်ဖြန့်ပြီးသည်နှင့် တစ်ပြိုင်နက် မြို့များကို တိုက်ခိုက်ကာ အရှိန်အဟုန်ဖြင့် နယ်မြေလုယူခဲ့သည်။

စစ်ပွဲသတင်းတွေ တပြည်လုံးပျံ့နှံ့နေသည်။

တုံးဟိုင်မင်းဆက် ပြိုလဲသွားပြီ.......

လျှို့ဝှက်ဆန်းကြယ်သော နိုင်ငံရပ်ခြားအင်အားစု၏ ပံ့ပိုးမှုဖြင့်ပင် ၎င်းတို့သည် တကျန်း စိုးမိုးမှုကို မခံနိုင်ကြပေ။

ကံကြမ္မာမင်းဆက်များကြား တိုက်ပွဲ ပြီးဆုံးတော့မည်ကို လူတိုင်း သဘောပေါက်ကြသည်။ယခုတစ်ခေါက် တိုက်ပွဲက ယခင်တိုက်ပွဲများထက် အချိန်ပိုတိုတောင်းသည်။

ဤအောင်မြင်မှုကြောင့် အသက်နှစ်ဆယ့်လေးနှစ်အရွယ် ဧကရာဇ်ရွှမ်ထျန်း၏ဂုဏ်သတင်း တိုက်ကြီးတစ်တိုက်လုံးတွင် ကျော်ကြားခဲ့သည်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ထီးနန်းတက်ခဲ့ပြီး တုနှိုင်းမရတဲ့ စစ်အင်အားကို အမွေဆက်ခံခဲ့သည်။ ယခုမူ၊ သူသည် ဤမျှလောက် ကြီးကျယ်သော အောင်မြင်မှုများကို ဆောင်ကျဉ်းနိုင်ခဲ့ပြီ.....

အနီးနားရှိ မင်းဆက်များအတွက်ကတော့ ဒုတိယ ကျင်းတိုင်ကျုံး မွေးဖွားလာသည်ကို မြင်လိုက်ရသလိုပင်.......

နှစ်ကုန်ပိုင်းတွင်.....

တုံးဟိုင်မင်းဆက်၏ဧကရာဇ် အဆိပ်သောက်၍ အဆုံးစီရင်ခဲ့ပြီး တော်ဝင်မိသားစုအားလုံး တုံးဟိုင် မင်းဆက်မှ သင်္ဘောဖြင့်ထွက်ခွာခဲ့ကြသည်။ ရလဒ်အနေဖြင့် တုံးဟိုင်မင်းဆက်၏ကံကောင်းမှုများပြိုကျပြီး နေရာတိုင်းတွင် ဘေးဥပဒ်များဖြစ်ပေါ်ကာ တကျန်းဘက်က စစ်ချီခြင်းကို ရပ်တန့်ရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

ရွှမ်ထျန်းခေတ် 15 နှစ်တွင်......

ဧကရာဇ် မြို့တော်သို့ ပြန်လာခဲ့ပြီး လူလုံးထွက်မပြတော့သလောက်ပင်......

နွေဦးပွဲတော် ဧည့်ခံပွဲတွင်.....

ပြည်နယ်အသီးသီးမှ ဘုရင်ခံများ၏ အမွေဆက်ခံသူအားလုံး လာရောက်ဂါရဝပြုကြပြီး မြို့တော်တခုလုံး လှုပ်ရှားမှုများဖြင့် စည်ကားလျက်ရှိသည်။

နွေဦးရာသီသစ်တွင် ဧကရာဇ်က နန်းတော်မှ စောစောထွက်ပြီး အရာရှိများကို ထိန်းထားရန် ချန်းလီကို တောင်းဆိုခဲ့သည်။

ထို့နောက် သူသည် ကျန်းချန်ရှန်းဆီသို့သွားရောက်လည်ပတ်ရန် ဝိုင်ကောင်းကောင်းနှင့် အရသာရှိသောအစားအသောက်များ ယူဆောင်လာခဲ့သည်။

ချင်းအာနှင့် ယန်ကျိုးတို့ နှစ်ယောက်စလုံး ထိုနေရာတွင် ရှိနေကြပြီး ဓားနတ်ဘုရားလည်း ပြန်ရောက်နေသည်။ ယန်ကျိုးက ဧကရာဇ်ကို ပထမဆုံးတွေ့သောအခါ အတော်လေးကို ကြောက်ရွံ့သွားခဲ့သည်။ ကံကောင်းထောက်မစွာ၊ ဧကရာဇ်က သူ့အပေါ်အကောင်းမြင်ပေးခဲ့သည်။

ဤသို့ဖြင့် ခြံဝင်းတစ်ခုလုံး ထူးထူးခြားခြား သက်ဝင်လှုပ်ရှားလာသည်။

စစ်မြေပြင်မှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေ ဧကရာဇ်ရွှမ်ထျန်း ပြန်ပြောပြတာကို နားထောင်ရင်း ကျန်းချန်ရှန်း အပါအဝင် လူတိုင်း စိတ်ဝင်တစားနားထောင်ခဲ့ကြသည်။

မသိလိုက်ခင်မှာပဲ ဒီကလေးလည်း ကြီးပြင်းလာခဲ့ပြီ..... အချိန်တွေ ကုန်တာမြန်လိုက်တာ......

ကျန်းချန်ရှန်းက ဧကရာဇ်ရွှမ်ထျန်းကိုကြည့်ကာ တွေးလိုက်မိသည်။

ဧကရာဇ်ရွှမ်ထျန်းက ငယ်ရွယ်သဖြင့် နဂါးသွေး​ကြောတိုက်ကြီးကို ပေါင်းစည်းရန် သူ၏ ကြီးကျယ်သော ဆန္ဒကို ပြီးမြောက်အောင် လုပ်နိုင်ပေမည်။

" တာအိုဘိုးဘေးရဲ့ မြှားချက်ကြောင့် တုံးဟိုင်မင်းဆက် တစ်ရှိန်ထိုး ပြိုလဲသွားတာ..... အကန့်အသတ်မဲ့ ပင်လယ်မဟာမိတ်လို့ခေါ်တဲ့ ချွတ်တားလေးတွေ အတုံးအရုံးသေကုန်ကြပြီ...ဟားးးးဟားးးး"

ဧကရာဇ်ရွှမ်ထျန်းက ကျန်းချန်ရှန်းကိုကြည့်ပြီး ရယ်မောလိုက်သည်။

ရဲရွှမ်က အရက်သောက်နေရင်းကနေ... “အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က အလွန်အားကောင်းနေဆဲပဲ.... ကောင်းကင်လေးခုနယ်ပယ် တစ်ယောက်နဲ့ ကောင်းကင်သုံးခုနယ်ပယ် သုံးယောက်တဲ့....ဘယ်လောက်အစွမ်းထက်မလဲ တွေးကြည့်လိုက်စမ်း....."

ဧကရာဇ်ရွှမ်ထျန်း အံ့အားသင့်သွားသည်။ ရှီပြည်နယ်ကို တိုက်ခိုက်ခြင်းနှင့် ဒဏ္ဍာရီလာ ဧရာမ ငါးပျံကြီးအကြောင်းကို သူ သိထားသည်။ သို့သော်လည်း တိုက်ပွဲ မြန်မြန်ဆန်ဆန်ပြီးသွားတဲ့အတွက် သူတို့အကြောင်း သိပ်ပြီး မစဉ်းစားခဲ့မိပေဖယ အကန့်အသတ်မဲ့ ပင်လယ်မဟာမိတ်၏ခွန်အား ဤမျှထိတ်လန့်ဖွယ်ကောင်းမည်ဟု မမျှော်လင့်ခဲ့ပေ။

ဓားနတ်ဘုရား ထိတ်လန့်သွားပြီး ကျန်းချန်ရှန်းကို ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်လိုက်သည်။

တာအိုဘိုးဘေး... ကောင်းကင်လေးခုနယ်ပယ်မှာ ရှိနေတယ်လို့ မင်းပြောခဲ့တယ်မလား......

ကျန်းချန်ရှန်းက ဝိုင်တစ်ခွက်သောက်ပြီး.....

" သေသွားတဲ့ ရန်သူတွေအကြောင်း ဘာလို့ပြောနေတာလဲ..."

သူ၏ စိတ်အေးလက်အေး သဘောထားကို လူတိုင်း သဘောကျနေကြသည်။

ချင်းအာက ... “တာအိုဘိုးဘေး....အနောက်က ဘာကြီးလဲ”

ဒီမေးခွန်းကို မေးချင်နေတာကြာပြီ၊ ဒါပေမယ့် အခုမှသာ မေးခွင့်ရတော့သည်။

ကျန်းချန်ရှန်းက ယခင်အကြောင်းပြချက်ကိုသာ ပြောပြခဲ့သော်လည် ၎င်းတို့ကို ပို၍ပင် အံ့သြသွားစေသည်။

တာအိုဘိုးဘေးရဲ့ သိုင်းပညာနယ်ပယ် ဘယ်လောက်မြင့်သလဲ.......

တညတာကုန်ဆုံးပြီးနောက်.....

ကျန်းချန်ရှန်းက မုလင်းလော့၏ အိပ်မက်ထဲသို့ ဝင်ရောက်ခဲ့သည်။

မုလင်းလော့သည် သမုဒ္ဒရာ၏အစွန်းက သန္တာကျောက်တန်းပေါ်တွင် ထိုင်ကာ သမုဒ္ဒရာကို မျက်နှာမူကာ နေပူဆာလှုံနေသည်။ သူမ၏အဖြူရောင်အဝတ်အစားများက သမုဒ္ဒရာလေနုအေးနှင့်အတူ တဖျပ်ဖျပ်လွှင့်မျောနေသည်။

ကျန်းချန်ရှန် သူ့အနားကို လျှောက်လာတော့ သူမ၏ နဂိုက အေးစက်ပြီး လှပသော မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လွင်လာသည်။

"အစ်ကိုချန်ရှန်း....ရောက်လာပြီလား...."

မုလင်းလော့ က ကျန်းချန်ရှန်း ထိုင်ရန် နေရာချန်ထားပေးရင်း လှမ်းပြောလိုက်သည်။

“မကြာသေးမီက သူတော်စင်စံအိမ်မှာ ကြီးကြီးမားမား အဖြစ်အပျက် ဖြစ်ခဲ့တယ်..... လင်းဟောင်ထျန်းရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ နိုးထလာပြီး သူ့ဝမ်းကွဲကို လုယူသွားတဲ့ ပါရမီရှင်ကို လက်စားချေခဲ့တယ်.... အခုသူ့ကို သူတော်စင်စံအိမ်က လိုက်ဖမ်းနေတာမို့ ထွက်ပြေးတိမ်းရှောင်နေရတယ်....”

ကျန်းချန်ရှန်းက ကျန်းလော့အကြောင်း ရုတ်တရက် တွေးနေမိသည်။ သူတို့နှစ်​​ယောက်​လုံး အတူတူပဲ...

သူက အံ့အားသင့်စွာဖြင့်....

“လင်ဟောက်ထျန်းရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ နိုးထလာတယ်ဆို...ဒါကိုတောင် သူတော်စင်စံအိမ်က မျက်နှာသာမပေးဘူးလား....

ဤအချိန်တွင် သူတော်စင်စံအိမ်က ၎င်းတို့၏ ဂုဏ်ကျက်သရေကို အဘယ်ကြောင့် မထိန်းသိမ်းနိုင်သနည်း....

မုလင်းလော့က ခေါင်းခါလိုက်ပြီး.... "သူတို့နှစ်ယောက်ကြားက သဘောထား ကွဲလွဲမှုက အကြောင်းပြချက်တစ်ခုသက်သက်ပဲ.... နောက်တချက်ကတော့ လင်းဟောင်ထျန်းက နတ်ဆိုးသွေးမျိုးဆက်ဖြစ်နေလို့ပဲ.... ဒီကိစ္စကို လျှို့ဝှက်ထားကြတယ်....ညီမတောင် ဆရာ့ဆီက ကြားခဲ့တာ.... လူသားတစ်ယောက်က နတ်ဆိုးသွေးမျိုးဆက်ဘယ်လိုဖြစ်နိုင်မှာလဲ.... တကယ့်ကို ထူးဆန်းတယ်......”

ကျန်းချန်ရှန်း ရုတ်​တရက်​နားလည်​လာသည်​။ သူတော်စင်စံအိမ်က လူသားများနှင့် နတ်ဆိုးများကြားတွင် ဖြစ်ပွားလာမည့် တိုက်ပွဲအကြောင်းကို သိထားပေမည်။ နတ်ဆိုးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူ လင်းဟောင်ထျန်းသည် အမှန်တကယ်ပင် ထူးခြားချက်တစ်ခုဖြစ်သည်။နတ်ဆိုးများအပေါ် သြဇာလွှမ်းမိုးနိူင်သူများနှင့် စစ်တိုက်မည့်အစား အစကတည်းကရှင်းပစ်လိုက်တာပိုကောင်းပေလိမ့်မည်။

"လင်းမိသားစုက မိသားစုကြီးတခုလို့ မပြောခဲ့တယ်​မဟုတ်ဘူးလား....."

“တကယ်တော့ လင်းမိသားစု ပျက်စီးသွားပြီ...ညီမလည်း မကြာသေးခင်ကမှ သိခဲ့တာ...."

မုလင်းလော့ က လင်းဟောင်ထျန်းကို စာနာစိတ်ဖြင့် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“အခုမှစဉ်းစားကြည့်မိတယ်.... အစ်ကိုချန်ရှန်း ညီမကို ကယ်တင်ခဲ့တုန်းက အဲဒီနတ်ဆိုးဘုရင်နှစ်ပါးက လင်းဟောင်ထျန်းရဲ့နောက်ကို လိုက်နေကြတာ...အစွမ်းထက်တဲ့ နတ်ဆိုးတွေကလည်း သူ့ကိုဝါးမျိုဖို့ လိုက်ရှာနေတယ်ဆို သူ့ဘဝတစ်လျှောက်လုံး အထီးကျန်နေတော့မယ် ထင်ပါတယ်..."

သူ လင်းဟောင်ထျန်းကို အထင်ကြီးခြင်း မရှိသော်လည်း ငယ်စဉ်ကတည်းက တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခဲ့ကြသည်။ သူ့အခက်အခဲကို မြင်လိုက်ရတော့ သူမ မထိန်းနိုင်ဘဲ သက်ပြင်းချမိသည်။

ကျန်းချန်ရှန်းက “ဒါ သူ့ဘဝပဲ....ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ... ရွှေခန္ဓာနယ်ပယ်ကို အဆင့်တက်နိုင်တော့မယ်မလား.."

မုလင်းလော့ က ခေါင်းညိတ်ပြီး.....

"အနည်းဆုံး လေးလအတွင်း တက်လှမ်းနိုင်အောင်ကြိုးစားပါ့မယ်...."

ကျန်းချန်ရှန်း ကျေနပ်စွာ ပြုံးလိုက်သည်။

ဒီကောင်မလေးပြောပြတဲ့သတင်းတွေကြောင့် သူတော်တော်လေး အဆင်ပြေသွားပြီ...

ညကောင်းကင်အောက်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး လျှပ်စီးများတဝင်းဝင်းလင်းလက်နေသည်။

သစ်ပင်ထူထပ်သော တောအုပ်ထဲတွင် လင်းဟောင်ထျန်း သစ်ပင် ပင်စည်ကို မှီ၍အနားယူနေသည်။သူသည် သွေးထွက်နေသော ဝမ်းဗိုက်ပေါ်က ဒဏ်ရာကို ညာလက်ဖြင့် ဖိထားပြီး ဒဏ်ရာကို ကုသရန် သူ၏ အစစ်အမှန်ချီကို အသုံးပြုခဲ့သည်။

မိုးသည်းထန်စွာရွာချလာသဖြင့် ပို၍ပင်စိတ်မကောင်းဖြစ်နေမိသည်။

သူသည် ခေါင်းကို ဖြည်းညှင်းစွာ မော့၍ သစ်ရွက်များကြားမှ ပေါ်လာသော လမင်းကို ကြည့်လိုက်သည်။ကောင်းကင်ယံကို မိုးကြိုးတိမ်များဖြင့် ဖုံးအုပ်ထားသဖြင့် လမင်းကို တစွန်းတစမျှသာမြင်တွေ့နိုင်သည်။

လင်းဟောင်ထျန်း ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို မေ့သွားကာ အဆုံးမရှိ စိတ်ရှုပ်ထွေးသွားခဲ့သည်။

အမုန်းတရားတွေပြည့်နှက်နေသည့် မျက်နှာတွေအပြင်သေဆုံးသွားတဲ့ မိသားစုဝင်တွေရဲ့ ပုံရိပ်တွေကိုပါ မြင်ယောင်လာမိသည်။

“ကမ္ဘာကြီးက ကျယ်ပြောလွန်းတယ်..... ဘယ်ကိုသွားရမလဲ…”

လင်းဟောင်ထျန်း၏ နီမြန်းသော မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များပြည့်နှက်နေပြီး သူ့မျက်နှာပေါ်သို့ ရေများ စီးကျလာသည်။ မျက်ရည်လား မိုးစက်လား မည်သူမျှမသိနိုင်ပေ။

မကြုံစဖူး အထီးကျန်မှုကို ခံစားနေရသည်။

သူ့မိသားစုကို နတ်ဆိုးများ ဖျက်ဆီးခဲ့ကြသဖြင့် ကလဲ့စားချေရန် ကြိုးစားရှင်သန်ခဲ့သည်။ထို့ကြောင့်၊ သူသည် ဒေါသနှင့် အမုန်းတရားများကို ဖြေဖျောက်ရန်အတွက် သူတော်စင်စံအိမ် ပြိုင်ပွဲတွင် နတ်ဆိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ နောက်ပိုင်းတွင်၊ သူ့တွင် နတ်ဆိုးသွေးမျိုးဆက်ရှိနေသည်ကို တွေ့ရှိခဲ့ပြီး ပြိုလဲလုနီးပါးဖြစ်ခဲ့သည်။

အခုအချိန်မှာ နတ်ဆိုးတွေက သူ့ဝါးမျိုချင်နေပြီး လူသားတွေက သူ့နောက်ကို လိုက်ဖမ်းနေကြသည်။ သူသည် ကမ္ဘာပေါ်တွင် သနားစရာအကောင်းဆုံး စွန့်ပစ်ခံလူသားတစ်ယောက်ဖြစ်နေပြီ.....

သူရုတ်တရက် စိတ်မကောင်းဖြစ်မိပေမယ့် ဘယ်သူမှ သူ့ကိုနားမလည်နိုင်သလို ဘယ်သူမှလည်း သူ့စကားကို နားမထောင်နိုင်လို့ ဒီနာကျည်းချက်ကို မဖြေဖျောက်နိုင်ခဲ့ပေ။

အကြောင်းတစ်ခုခုကြောင့် သူသည် ပြိုင်ပွဲတွင် နှစ်ကြိမ်တိုင် ကယ်တင်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်ပညာရှင်ကို ရုတ်တရက် တွေးမိသည်။

သူ့မိသားစု ပျက်စီးပြီးကတည်းက ဒီပညာရှင်က သူ့ကို ကောင်းမွန်စွာ ဆက်ဆံခဲ့တဲ့ တစ်ဦးတည်းသော သူပင်.....

သို့သော် ထိုပညာရှင် မည်သူမည်ဝါဖြစ်သည်ကို မသိသေးပေ။

ဖြစ်နိုင်ချေများစွာကို စဉ်းစားခဲ့ဖူးသည်။ ကျွမ်းကျင်သူသည် သူ၏အသွေးအသားကြောင့် သူ့ကို ကယ်တင်ခဲ့ခြင်း ဖြစ်နိုင်သည်၊ သို့မဟုတ် ကျွမ်းကျင်သူက လူသားမဟုတ်ပေ။

တဖြည်းဖြည်းနှင့် ငိုက်မျဉ်းလာခြင်းကြောင့် လင်းဟောင်ထျန်း အိပ်ပျော်သွားလေတော့သည်။

မည်မျှကြာသွားသည်ကို မည်သူမျှ မသိခဲ့ကြပေ။

လင်းဟောင်ထျန်းသည် တစ်စုံတစ်ယောက်က သူ့မျက်နှာကို ပုတ်လိုက်သည်ကို ခံစားလိုက်ရသည်။ ရုတ်​တရက်​နိုးလာပြီး သူ့​ရှေ့ကလူတစ်​​ယောက်​ကို​တွေ့လိုက်​သည်​။ အလွန်ကြောက်လန့်သွားပြီး.....

"ဘယ်သူလဲ.."

လင်းဟောင်ထျန်းက အသံနက်ကြီးဖြင့် မေးလိုက်ရင်း မတ်တပ်ထရပ်ကာ တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေသည်။

သူ့ရှေ့မှာ တာအိုဘုန်းကြီးတစ်ပါးရပ်နေပေမယ့် သူ့ခေါင်းထက်မှာ နေတစင်းရှိနေသလို ပြင်းထန်တဲ့အလင်းရောင်တွေ တောက်ပနေတာကြောင့် သူ့ရဲ့ရုပ်သွင်အစစ်အမှန်ကို မမြင်နိုင်ခဲ့ပေ။

"ခင်ဗျားက လူလား နတ်ဆိုးလား"

ဒီလိုလူကို ပထမဆုံးအကြိမ်မြင်ဖူးပြီး သူ့ရဲ့ရုပ်ရည်အစစ်ကိုတောင် မမြင်နိုင်သေးပေ။

"မင်း ငါ့ကို အမြဲတွေ့ချင်နေတာ မဟုတ်ဘူးလား"

တစ်ဖက်လူက ပြုံးပြီး မေးနေသည်။ သူ့အသံက နုပျိုပေမယ့် သူ့စကားက လင်းဟောင်ထျန်းကို မိုးကြိုးပစ်ခံရသလို တုန်လှုပ်စေသည်။

သူသည် စိတ်လှုပ်ရှားမှုကို မျိုသိပ်ကာ....

“ခင်ဗျားက ကျွန်တော့်ကို ကယ်တင်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့သူလား”

“ဟုတ်တယ်....”

"ဘာလို့ကယ်ခဲ့တာလဲ ကျွန်တော့ နောက်ခံရာဇဝင်ကိုသိလို့လား"

“မင်းရဲ့ မျက်လုံးတွေကို သဘောကျလို့ ကယ်လိုက်တာ.... မင်းရဲ့နောက်ခံကို ငါမသိဘူး....."

"လိမ်နေတာလား... တစ်ယောက်ယောက်က မျက်လုံးတွေကို သဘောကျလို့ နှစ်ခါတောင် ဘယ်လို ကယ်တင်နိုင်မှာလဲ....”

"ဒါဆို ကံကြမ္မာကိုယုံလား"

လင်းဟောင်ထျန်း တုန်လှုပ်သွားပြီး ဘယ်လိုဖြေရမှန်းမသိတော့ပေ။

ကျန်းချန်ရှန်းက "မင်း ဘာဖြစ်သွားတာလဲ ငါသိပြီးပြီ....."

လင်းဟောင်ထျန်း ခေါင်းငုံ့ကာ လက်သီး ဆုပ်ထားသည်။

“ သူတော်စင်စံအိမ်က မင်းကို မလိုချင်ဘူး၊ နတ်ဆိုးတွေကလည်း မင်းကိုလိုက်ရှာနေတယ်.... မင်းမှာ သွားစရာနေရာမရှိဘူးလို့ ထင်ရပေမယ့် မင်းအတွက် နေရာတစ်နေရာစာ ငါ ဖန်တီးပေးနိုင်တယ်....."

ကျန်းချန်ရှန်း၏စကားကြောင့် လင်းဟောင်ထျန်း မော့ကြည့်လိုက်ကာ “ဘယ်မှာလဲ” ဟု အလျင်စလို မေးသည်။

ကျန်းချန်ရှန်းက "မြောက်ဘက်ကိုခရီးနှင်ပြီး သမုဒ္ဒရာကိုဖြတ်သန်းလိုက်..... ထျန်းဟိုင်ကို ကျော်ဖြတ်ပြီးရင် တကျန်းကိုရောက်လိမ့်မယ်.....တကျန်းမှာ ငါ မင်းကို စောင့်နေမယ်.... မင်း မကောင်းမှုကျူးလွန်ပြီး အပြစ်မဲ့သူတွေကို မသတ်သရွေ့ ငါမင်းကိုလက်ခံပြီး မင်းကိုတစ်သက်လုံးကာကွယ်ပေးမယ်....."

လင်းဟောင်ထျန်း စိတ်ရှုပ်သွားသည်။

ထျန်းဟိုင်…တကျန်း....

ဒီနေရာတွေကို သူ တစ်ခါမှ မကြားဖူးပေ။

ထို့နောက် ကျန်းချန်ရှန်း ညာလက်ကို မြှောက်ကာ လက်ညိုးညွှန်လိုက်သည်။ ချက်ချင်းပင်၊ လင်းဟောင်ထျန်း၏ အသိစိတ်ထဲ အချက်လက်တချို့ ဝင်ရောက်လာသည်။

လင်းဟောင်ထျန်း တုန်လှုပ်သွားသည်။

တခဏအကြာတွင် ရုတ်တရက် လန့်နိုးလာသည်။ နေရောင်ခြည်ကျရောက်နေပြီဖြစ်ပြီး သစ်ရွက်များပေါ်တွင် မိုးစက်များစိုနေသေးသည်။

လှည့်ကြည့်သော်လည်း ထိုလူကို မတွေ့ရတော့ပေ။

“အိပ်မက်မက်နေတာလား…”

လင်းဟောင်ထျန်း ထိုသို့ ရေရွတ်နေပေမယ့် သူ့စိတ်ထဲမှာ သိုင်းပညာရပ်တခုမှတ်မိနေသည်ကို ရုတ်တရက် တွေ့ရှိခဲ့သည်။

"နတ်ကိုးပါးတိုက်ပွဲဝင်ပညာရပ်!"

ကယ်တင်ရှင်က သူ့ကို နှစ်ကြိမ် ကယ်တင်ခဲ့ပြီး သိုင်းပညာ သင်ပေးခဲ့သည်။ ထိုသူ၏ကျေးဇူးတရားကို ဒီတသက်ဆပ်လို့ကုန်မည်မထင်......

"ရှေးဟောင်းနတ်ဘုရားတိုက်ကြီးက ငါ့ကို မလိုလားတဲ့အတွက်...တကျန်းကို သွားမယ်..."

လင်းဟောင်ထျန်း အံကြိတ်ကာ မြောက်ဘက်ကို လှည့်ကြည့်လိုက်လေတော့သည်။

All Chapters