ကမ္ဘာ့သိုင်းသင်တန်းကျောင်း….သမုဒ္ဒရာကြီးပြောင်းလဲလာခြင်း…..
Vol. 12 Ch. 176
ကျန်းချန်ရှန်း မျှော်လင့်ချက်ဖြင့် မျက်လုံးဖွင့်လိုက်သည်။
လင်းဟောင်ထျန်းက သူ့ကို ကိုးကွယ်သူဖြစ်သောကြောင့် သူ့အကြောင်း တိကျစွာ သိရှိနိုင်ပြီး အိပ်မက်ထဲတွင် သူ့ထံ သွားရောက်လည်ပတ်နိုင်ခဲ့သည်။ ဒါ့အပြင် လင်းဟောင်ထျန်းကို ရိုးရိုးရှင်းရှင်း ဇာတ်ကောင်တစ်ယောက်လို့ မထင်ခဲ့ပေဖယ အကယ်၍ သူသည် သမုဒ္ဒရာကိုဖြတ်၍ တကျန်းသို့ရောက်ရှိနိုင်ခဲ့ပါက၊ သူ့တွင် ကံကောင်းခြင်းများစွာရှိပြီး အမှန်တကယ်ပင် ဇာတ်ဆောင်တစ်ဦးဖြစ်ကြောင်း သက်သေပြနိုင်မည်ဖြစ်သည်။
ဒါကို ရင်းနှီးမြုပ်နှံမှုတစ်ခုလို့ မှတ်ယူနိုင်သည်။
တကျန်းသည် သမုဒ္ဒရာကို ပေါင်းစည်းပြီး အနာဂတ်တွင် မြင့်မြတ်သော မင်းဆက်ဖြစ်လာလိုပါက ပါရမီရှင်များစွာ လိုအပ်မည်ဖြစ်သည်။
ရှေးဟောင်းနတ်ဘုရားတိုက်ကြီးမှ တကျန်းသို့ လာခြင်းသည် နတ်ဆိုးကပ်ဘေးမှ လွတ်မြောက်ရန် ရည်မှန်းထားသော်လည်း ထိုနေရာသို့ လာမည့်ခရီးသည် အနောက်ဘက်သို့ ခရီးသွားခြင်းကဲ့သို့ပင် ကြမ်းတမ်းနေသေးသည်။
ကျန်းချန်ရှန်း အမွှေးတိုင်အရေအတွက်ကို စစ်ဆေးခဲ့သည်။
[လက်ရှိ အမွှေးတိုင်အရေအတွက် ၇,၈၉၂,၀၂၁]
ခြောက်နှစ်အကြာတွင် အမွှေးတိုင် ၇ သန်း တိုးလာခဲ့သည်။
သူ၏ကိုးကွယ်သူများ နဂါးသွေးကြောတိုက်ကြီးတွင် အတော်များပြားကြောင်း တွေ့ရှိခဲ့သည်။ သူ၏ ဒဏ္ဍာရီလာအောင်မြင်မှုများမှလွဲ၍ တာအိုဘိုးဘေးဂိုဏ်းသည်လည်း ရှင်သန်ကြီးထွားနေပြီဖြစ်သည်။
တာအိုဘိုးဘေးဂိုဏ်းကို တချီမင်းဆက်၏ မင်းသားချီယွမ်က တည်ထောင်ခဲ့ခြင်းဖြစ်သည်။ မူလက တကျန်းတွင် သြဇာဖြန့်ရန်သာ တောင်းဆိုခဲ့သော်လည်း ထိုလူက အတိုင်းတိုင်းအပြည်ပြည်အထိ ခရီးရောက်နေပြီဖြစ်သည်။
တာအိုဘိုးဘေးဂိုဏ်းတွင် ကျန်းချန်ရှန်း ၏ယုံကြည်သူများဖြင့် ပြည့်နှက်နေသည်။ တပည့်တစ်ထောင်ကျော်ရှိခဲ့ပြီး ယင်းသည် အထင်ကြီးလောက်စရာအတိုင်းအတာတစ်ခုဖြစ်သည်။
ချီယွမ်သည် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးယူဆောင်လာရန် နည်းလမ်းရှာခဲ့သည်။ ဒါဟာ ကမ္ဘာပေါ်က မင်းဆက်အားလုံး တကျန်းကိုအရှုံးပေးလိုက်ဖို့ပင်..... တိုက်ကြီးပေါင်းစည်းခြင်းသည် ငြိမ်းချမ်းရေး၏ အခြေခံအုတ်မြစ်ဖြစ်သည်။
နဂါးသွေးကြောတိုက်ကြီးအပြင် ထျန်းဟိုင်တွင်လည်း ယုံကြည်သူ ပိုများလာသည်ကို သတိပြုမိသည်။
ကိုးကွယ်သူ စုစုပေါင်း သန်းရှစ်ဆယ်ကျော်သွားပြီဟု အကြမ်းဖျင်း တွက်ချက်ခဲ့သည်။ ရုတ်တရက် အမွှေးတိုင်တွက်ချက်နည်းကို နားမလည်နိုင်တော့ပေ။ သူ့အရင်ဘဝကဖန်တီးခဲ့သော ဂိမ်း၏ဆက်တင်များအတိုင်း ရှင်သန်မှုစနစ်ကို ဖွဲ့စည်းထားသော်လည်း ၎င်းကို လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားအချို့ဖြင့် ဖန်တီးထားပုံရသည်။ သူ့မှာ ဘာလုပ်ဆောင်ချက်တွေ ပါနေတယ်ဆိုတာပဲအကြမ်းဖျဉ်းသိနိုင်သည်။
အမွှေးတိုင်အနည်းငယ်ကို လူတစ်ဦး သို့မဟုတ် လူအနည်းငယ်က အတူတကွ ဖန်တီးခဲ့ခြင်း ဖြစ်နိုင်သည်။ အဓိကအားဖြင့် အမွှေးတိုင်အရေအတွက် စုဆောင်းခြင်းသည် ယုံကြည်ခြင်း၏ တန်ခိုးစွမ်းအားကို စုဆောင်းခြင်း ဖြစ်သည်။
လူပေါင်း သန်းရှစ်ဆယ်ကျော်က သူ့အတွက် အမွှေးတိုင်ထွန်းညှိပူဇော်ခဲ့ကြပြီး၊ သူ့ကို ကြည်ညိုလေးစားတဲ့ သန်းပေါင်းများစွာသော လူတွေလည်း ရှိနိုင်ပေသည်။
မည်သို့ပင်ဆိုစေ အမွှေးတိုင်များ လျင်မြန်စွာ တိုးလာခြင်းသည် ကောင်းသောအရာဖြစ်သည်။ ၎င်းသည် ကျန်းချန်ရှန်းကို ပို၍ တိုးတက်စေနိုင်သည်။
“အချိန်အတိုင်းအတာတစ်ခုအထိ ငြိမ်းချမ်းသင့်ပေမယ့် ကြာရှည်မခံဘူး....."
ကျန်းချန်ရှန်း တိတ်တိတ်လေး တွေးနေမိသည်။
အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့ ကြေကွဲဖွယ်ရာရှုံးနိမ့်ခဲ့ရသော်လည်း ၎င်းတို့ကြားတွင် ရေစက်မကုန်သေးပေ။ တစ်နည်းဆိုရသော် အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့သည် ၎င်းတို့အတွက် ဘေးဆိုးများချန်ရစ်ခဲ့သည်။
ဒါပေမယ့် စိတ်မပူဘဲ သန်မာတဲ့လူတွေကို ထပ်လာဖို့ မျှော်လင့်နေခဲ့သည်။
တုံးဟိုင်မင်းဆက်၏ကံကြမ္မာပြိုကွဲမှုကြောင့်၊ သဘာဝဘေးအန္တရာယ်များနှင့်ကပ်ဘေးများဆက်လက်ဖြစ်ပွားခဲ့ပြီး၊ တကျန်း တပ်များ နယ်မြေ သိမ်းပိုက်ခြင်းဖြစ်စဉ်ကို ထိခိုက်စေပါသည်။
တုံးဟိုင်မင်းဆက်၏ နယ်မြေကနေ ခွဲထွက်လာသည့် လက်အောက်ခံ အရာရှိများစွာပင် ရှိခဲ့သည်။ သို့သော်လည်း တကျန်း၏ လွှမ်းမိုးမှု ရင်ဆိုင်နေရသော အချိန်တွင် ၎င်းသည် စက္ကူကျားများသာ ဖြစ်သည်။
ရှန်းတန်ခေတ်၏ 16 နှစ်တွင်..
ကျန်းဂျန်သည် တုံးဟိုင် မင်းဆက်၏မြို့တော်ကို သိမ်းပိုက်ပြီး တုံးဟိုင်မင်းဆက်က တကျန်း၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း ကမ္ဘာသိအောင်ကြေငြာခဲ့သည်။
ကျန်ရှိသော မြို့စားများ တယောက်ပြီးတယောက် လက်နက်ချကြပြီး တကျန်းအတွက် နယ်မြေ ချဲ့ထွင်နိုင်ခဲ့ပြီဖြစ်သည်။
သြဂုတ်လတွင်
ဧကရာဇ်သည် နယ်မြေကို ယခုအခါ ပြည်နယ် ၁၄၉ ခုအဖြစ် ပိုင်းခြားထားကြောင်း ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ တကျန်းသည် ဤတိုက်ကြီးပေါ်တွင် အကြီးမားဆုံးမင်းဆက်ဖြစ်လာပြီး ဧကရာဇ်ရွှမ်ထျန်း၏တန်ခိုးအာဏာသည်လည်း အထွတ်အထိပ်သို့ရောက်ရှိခဲ့သည်။
ကျင်းတိုင်ကျုံးသည် ဧကရာဇ်ကျင်းဝမ် ကျန်ရစ်ခဲ့သော နယ်မြေကို နှစ်ဆတိုးအောင် ဦးဆောင်ခဲ့သည်။ ကျင်းယန်ကျုံး က ကျင်းတိုင်ကျုံးဆီမှ ကျန်ရစ်ခဲ့သော တကျန်းကို ထပ်မံချဲ့ထွင်ရန် ဦးဆောင်ခဲ့သည်။ ဧကရာဇ်ရွှမ်ထျန်းကတော့ ကျင်းယန်ကျုံးကို ကျော်လွန်ကာ ကျင်းတိုင်ကျုံးအုပ်ချုပ်စဉ်ကာလထက် အဆများစွာ ကျယ်ဝန်းသော နယ်မြေကို ချဲ့ထွင်ခဲ့သည်။
အင်ပါယာကို စုစည်းဖို့အတွက် ဧကရာဇ် ရွှမ်ထျန်းဟာ စစ်ပွဲများကို ရပ်တန့်ခဲ့သည်။ ပြည်တွင်းရေးကို ကိုင်တွယ်ရာတွင် အရင်ကထက် ပိုရဲရင့်ပြီး ပြတ်သားလာသည်။ ၀တ်ဖြူတော်
အစောင့်အများအပြားက တည်နေရာကူးပြောင်းရေးအစီအရင်တည်ဆောက်ဖိူ့ ပြင်ဆင်ရန်အတွက် တုံးဟိုင်မင်းဆက်သို့ လက်သမားဆရာများကို ခေါ်ဆောင်ခဲ့သည်။ စုန့်လီသည် ကမ်းရိုးတန်းပြည်နယ်တစ်ခုစီတွင် အနည်းဆုံး ဆိပ်ကမ်းနှစ်ခုရှိရန် ဆိပ်ကမ်းများကို စတင်တည်ဆောက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် သမုဒ္ဒရာကို စူးစမ်းလေ့လာရန် ရေယာဉ်တပ်သားများကို စည်းရုံးခဲ့သည်။
တော်ဝင်စာကြည့်ဆောင်၌.....
ဧကရာဇ်ရွှမ်ထျန်းသည် ချန်းလီအပါအဝင် အဓိကပြည်နယ်သုံးခုမှ ဝန်ကြီးချုပ်များကို ဆင့်ခေါ်ခဲ့သည်။
“ပြည်နယ်အထက်မှာ နောက်ထပ်အဆင့်တစ်ခု ထူထောင်ဖို့ ပြင်ဆင်နေတယ်.... ဘယ်လိုသဘောရလဲ....?"
အချို့က ကန့်ကွက်ကြပြီး အချို့ကလည်း သူ့စကားကို ထောက်ခံကြသည်။
ဤတိုက်ကြီးက ကြီးမားပြီး ၎င်း၏အဆင့်များကို ချဲ့ထွင်ရန် အချိန်တန်ပြီဖြစ်သည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းသည် နောက်ထပ်တရားဝင်ရာထူးတခုခန့်အပ်ရန် လိုအပ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
ထို့အပြင် ဤရာထူးသစ်များကို မည်ကဲ့သို့ စီမံခန့်ခွဲရမည်ကို ဂရုတစိုက် စဉ်းစားရပေမည်။
ချန်းလီက....
"အရှင်မင်းကြီး၊ ဒီကိစ္စဟာ တကယ်ကို မရှိမဖြစ်လိုအပ်ပါတယ်....ဒါပေမယ့် ဒီအချိန်မှာ ခဏ ဘေးဖယ်ထားသင့်တယ်...အရှင်မင်းကြီးက သက်တော်ငယ်ရွယ် သေးတယ်...ပြီးတော့နယ်မြေတွေ ဆက်ပြီး တိုးချဲ့ရဉီးမယ်..."
ဧကရာဇ်ရွှမ်ထျန်းသည် ထိုလျှောက်တင်ချက်ကို အဓိပ္ပါယ်ရှိသည်ဟု ခံစားမိပြီး ထိုအရာကို ဘေးဖယ်ထားလိုက်သည်။
အရာရှိတစ်ဦးက.... “အရှင်မင်းမြတ်....
နယ်မြေ ချဲ့ထွင်လာတာနဲ့အမျှ မင်းဆက်မဟုတ်တဲ့ ဘုရင်တွေနဲ့ ထိတွေ့ဆက်ဆံရတော့မယ်.... အနောက်ဘက်ဒေသက ရှေးယခင်ကတည်းက လူရိုင်းတွေ
နေထိုင်ရာနယ်မြေဖြစ်တယ်.....အဲ့မှာ အလွန်မြင့်မားတဲ့ တောင်တန်းတွေရှိပြီး သီးသန့်နေထိုင်နေကြတဲ့ ရှေးဟောင်းမျိုးနွယ်စုများစွာ ရှိတယ်လို့ ဆိုကြတယ်....ဒါ့ အပြင် သူတို့ရဲ့ သိုင်းပညာအဆင့်အတန်းက မနိမ့်ကျဘူး... အလယ်ပိုင်းဒေသကတော့ နတ်ဆိုးတွေခိုလှုံရာနေရာဖြစ်နေပြီ.... ယခုအချိန်မှာ နတ်ဆိုးတွေ စည်းရုံးနေတဲ့ အရိပ်လက္ခဏာတွေ ပြသနေပြီ.....ပိုင်ဇီရဲ့သားတော်က နတ်ဆိုးဘုရင်ဖြစ်လာပြီး သူစုဆောင်းထားတဲ့ နတ်ဆိုးတွေဟာ လျှော့တွက်လို့မရနိုင်တဲ့ အဆင့်ကို ရောက်နေပါပြီ.... တကျန်း ရဲ့ နောက်ထပ်ပစ်မှတ်က တခြားမင်းဆက်တွေမဟုတ်ဘူးဘဲ ဒီနတ်ဆိုးဘုရင်ဖြစ်သင့်တယ်... ”
ဧကရာဇ်ရွှမ်ထျန်းက ပြုံးလိုက်ပြီး....
"ဒီနတ်ဆိုးဘုရင်က စကြဝဠာနယ်ပယ်မှာပဲရှိတယ်.... ဘာမှစိုးရိမ်စရာမလိုဘူး...."
တာဝန်ရှိသူများက နှုတ်ဆိတ်နေခဲ့သည်။ အထွန့်တက်ချင်သော်လည်း ချေပရန် အင်အားမရှိပေ။
ဧကရာဇ် ရွှမ်ထျန်းက....
“နောက်မှ အဲဒီနတ်ဆိုးဘုရင်နဲ့ ညှိနှိုင်းဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်မယ်.... တကျန်းကို လက်အောက်ခံလိုစိတ်ရှိလျှင် တိုင်ခိုက်ဖို့မလိုဘူး... မလိုလားရင် သေလိမ့်မယ်..... လောလောဆယ်တော့ ထျန်းဟိုင်ကို အရမ်းစိတ်ဝင်စားနေတယ်....."
ထျန်းဟိုင်?
တာဝန်ရှိသူများက အချင်းချင်းကြည့်လိုက်ကြသည်။
ဧကရာဇ်ရွှမ်ထျန်းက ..."ထျန်းဟိုင်ကို သွားရာလမ်းတစ်လျှောက်မှာရှိတဲ့ ကျွန်းတွေကို သိမ်းပိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ....အနာဂါတ်မှာ ထျန်းဟိုင်ကို သိမ်းပိုက်နိုင်ဖို့ ပြင်ဆင်ထားကြ...."
နဂါးသွေးကြောတိုက်ကြီးအတွက်ကတော့ ဆုံးဖြတ်ပြီးသားဖြစ်သည်။ ကျန်ရှိနေသေးသည့် တချီ နှင့် ထျန်းကန်မင်းဆက်တို့သည် တကျန်း၏ ပြိုင်ဘက်များ မဟုတ်သည်မှာ သေချာသည်။ တိုက်ကြီးတစ်ခုလုံးကို ပေါင်းစည်းဖို့ အချိန်တစ်ခုသာလိုတော့သည်။
သူ၏ ရည်မှန်းချက်သည် ယခင်ဧကရာဇ် တိုင်ကျုံးထက်ပင် ပိုမိုကြီးကျယ်မြင့်မားနေသည်။
သူ့ခြေဖဝါးအောက်က မြေပြင်ကို စုစည်းချင်ရုံသာမက သမုဒ္ဒရာကိုလည်း စည်းလုံးစေချင်သည်။သူသည် တကျန်း ကို နောက်ထပ် မြင့်မြတ်သော မင်းဆက်ဖြစ်အောင် လုပ်ပြီး ကမ္ဘာပေါ်ရှိ လူသားအားလုံးကို ပေါင်းစည်းစေချင်သည်။
နတ်ဆိုးသားရဲ ကပ်ဘေးနှင့်ပတ်သက်ပြီး သူသည် မည်သည့်ဖိအားကိုမျှ မခံစားရပေ။ယင်းအစား၊ သူသည် အဆုံးမရှိသော လှုံ့ဆော်မှုကိုသာ ခံစားခဲ့ရသည်။
အကယ်၍ မြင့်မြတ်သောမင်းဆက် ပြိုလဲသွားပါက တကျန်းအတွက် အခွင့်အရေးရှိလာလိမ့်မည်။
ဒီအကြံက တစ်ကိုယ်ကောင်းဆန်ပေမဲ့ သူ့နှလုံးသားထဲမှာ ပေါက်ဖွားကြီးထွားနေပြီဖြစ်သည်။
“သိုင်းပညာသင်တန်းကျောင်းတစ်ခု ထူထောင်ဖို့ ပြင်ဆင်သင့်တယ်....ဒဖိသိုင်းပညာသင်တန်းကျောင်းက သိုင်းလောကရဲ့ သန့်ရှင်းတဲ့နယ်မြေနဲ့ တူညီပေမယ့် တော်ဝင်တရားရုံးနဲ့ပဲသက်ဆိုင်ရမယ်..... နိုင်ငံသားတိုင်း အသက်အရွယ်မရွေး လျှို့ဝှက်သိုင်းကျမ်းတွေလေ့လာဖို့ သိုင်းသင်တန်းကျောင်းတွေကို ဝင်ရောက်နိုင်တယ်... သိုင်းသင်တန်းကျောင်းတွေကလည်း ထူးချွန်တဲ့ ကျောင်းသားများကိုကိုယ်တိုင် ခေါ်ယူနိုင်တယ်..... ရလဒ်တွေကို နှစ်စဉ်နှစ်တိုင်း မွေးထုတ်ပေးနိုင်တဲ့သိုင်းပညာထူးချွန်သူ အရေအတွက်ပေါ်မူတည်ပြီး ဆုံးဖြတ်မယ်......'
ဧကရာဇ်ရွှမ်ထျန်းက စိတ်အားထက်သန်စွာ မိန့်ကြားခဲ့သည်။
ကျန်းချန်ရှန်းထံမှ ဤအကြံဥာဏ်ကို ရရှိခဲ့ခြင်းဖြစ်ပြီး သူတော်စင်စံအိမ် ၏ဖွဲ့စည်းပုံက အလွန်ကောင်းမွန်သည်ဟု သူခံစားရပြီး ၎င်းကို ချက်ချင်း ပုံတူကူးခဲ့သည်။
တာဝန်ရှိသူများ တုန်လှုပ်သွားကြသည်။ တကျန်း ပြောင်းလဲတော့မည်ကို သူတို့ သဘောပေါက်သွားကြပြီ......
လူတိုင်းမှာ သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဆန္ဒတွေ ရှိကြစမြဲပင်....
သိုင်းပညာဆိုင်ရာ လျှို့ဝှက်စာအုပ်များသည် အလွန်အရေးကြီးသော အရင်းမြစ်တစ်ခုဖြစ်ပြီး လျှို့ဝှက်စာအုပ်များကို သာမန်လူများထံ ထုတ်ဖော်ပြသပေးရိုးထုံးစံမရှိခဲ့ပေ။
နောက်ဆုံးတွင်၊ ၎င်းသည် သိုင်းလောကရှိ ဂိုဏ်းပေါင်းစုံနှင့်သြဇာရှိသူများ၏ အကျိုးစီးပွားကို ထိခိုက်စေမည်ဖြစ်သည်။ တိုင်းပြည် ကမောက်ကမဖြစ်ဖို့ လွယ်ပေမယ့် လက်ရှိဧကရာဇ်က ဆုံးဖြတ်လိုက်ရင် တကယ်ဖြစ်လာနိုင်ပေသည်။
တခြားဘာမှပြောနေစရာမလိုပေ... တာအိုဘိုးဘေးနှင့်ဓားနတ်ဘုရားတို့ မလှုပ်ရှားရင်တောင် တကျန်းတစ်ခုလုံးမှာ ဘယ်သူမှ ဧကရာဇ်ရွှမ်ထျန်း ရဲ့ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။
ဧကရာဇ်ရွှမ်ထျန်းသည် တကျန်းတွင် တတိယမြောက် အင်အားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည်မှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။
ဖူယွဲ့မိသားစုက ပုန်ကန်ခဲ့ရင်တောင် ဧကရာဇ် ရွှမ်ထျန်း တစ်ယောက်တည်းက သူတို့ကို နှိမ်နင်းနိုင်သည်။
ချန်းလီက ဧကရာဇ်ရွှမ်ထျန်းကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
"တကျန်းမှာ ဒီလိုဧကရာဇ်ရှိနေတာ ကောင်းချီးပေးခံရသလိုပဲ......"
ကံကြမ္မာက တကျန်းကို အမြဲတမ်း မျက်နှာသာပေးနေတယ်........
ပထမဧကရာဇ်နှစ်ပါးမှလွဲ၍ တိုင်ကျုံး၊ယန်ကျုံးနှင့် ရွှမ်ထျန်းတို့သည် အပျော်အပါးမမက်မောဘဲ တန်ခိုးအာဏာကြီးမားသောဧကရာဇ်များဖြစ်သည်။
တာအိုဘိုးဘေးများ၏ ပံ့ပိုးမှုရှိနေသည့်နိူင် အရည်အချင်းမရှိသော အုပ်စိုးရှင်တစ်ဦး ပေါ်လာပါက၊ တကျန်း၏တိုးတက်မှု နှစ်ဒါဇင်နှင့်ချီ၍ ရပ်တန့်သွားလိမ့်မည် သို့မဟုတ် နောက်ကျကျန်နေပေလိမ့်မည်။
ရှန့်တန်ခေတ် ၁၇ နှစ်တွင်၊ တကျန်းရှိ ပြည်နယ်တိုင်းတွင် သိုင်းပညာသင်တန်းကျောင်းများ စတင်တည်ဆောက်ခဲ့သည်။ သိုင်းပညာသင်တန်းကျောင်း တည်ထောင်ခြင်းသည် တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ သိုင်းလောကသားများက ကျိန်ဆဲသော်လည်း သာမန်လူများ ပျော်ရွှင်ခဲ့ကြသည်။ ကန့်ကွက်ကြသူများပင် ရှိသော်လည်း ဧကရာဇ်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။
သိုင်းပညာသင်တန်းကျောင်း ဆောက်လုပ်မှုကို တားဆီးပိတ်ပင်သူ မည်သူမဆို စစ်ဆေးတွေ့ရှိပါက ခေါင်းဖြတ်သတ်ပစ်ရန် ဧကရာဇ်က အမိန့်ပေးခဲ့သည်။ဤသို့ဖြင့် သိုင်းလောကတခုလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
လီကျွင်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုကို ကျန်းချန်ရှန်းဆီ အစီရင်ခံနေသည်။
“အရှင်မင်းကြီး လုပ်ခဲ့တာ မှန်တယ်လို့ ထင်တယ်...ဘယ်လိုပဲဖြစ်ဖြစ် သိုင်းပညာ ခေတ်ရေစီးကြောင်းကို ထပ်မံမြှင့်တင်လိုက်ပေမယ့်လည်း အစွမ်းထက်ဆုံးသိုင်းကျမ်းတွေက မိသားစုကြီးတွေနဲ့ ဂိုဏ်းခွဲတွေ လက်ထဲမှာ ရှိနေတုန်းပဲ.... ဒီလှုပ်ရှားမှုက တကျန်းရဲ့ သိုင်းလောက
အခြေခံကို ပိုခိုင်မာစေတယ်.....”
လီကျွင်းက ချီးကျူးစကားဆိုခဲ့သည်။
ပိုင်ချီ မျက်လုံးပြူးသွားပြီး....
ဒါ တာအိုဘိုးဘေးပြောခဲ့တဲ့ သူတော်စင်စံအိမ်ရဲ့တည်ဆောက်ပုံမဟုတ်လား? ဧကရာဇ်လေးက တကယ်ကို အရည်အချင်းရှိသားပဲ.......
သူမ ညည်းညူနေသော်လည်း၊ ဧကရာဇ် ရွှမ်ထျန်း၏ ရဲရင့်မှုကို နှစ်သက်နေမိတော့သည်။
ဒီလိုကြီးမားသော လုပ်ငန်းစဉ်မျိုးကို
မြန်မြန်ဆန်ဆန် အပြီးသတ်ပြီး အကောင်အထည် ဖော်ဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပေ။
ကျန်းချန်ရှန်း နားထောင်နေစဉ် ဟွမ်းထျန်းနှင့်ဟေးထျန်းတို့ကို စိုက်ကြည့်လိုက်သည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ၎င်းတို့နှစ်ကောင် လူသားဘာသာစကားကို ရုတ်တရက် စတင်ပြောဆိုကြပြီး နတ်ဆိုးများဟု ယူဆနိုင်ကြသည်။
နတ်ဆိုးများသည် ကျင့်ကြံရာတွင် သိုင်းလောက၏ စည်းမျဉ်းများကို လိုက်နာဆဲဖြစ်သည်။ နတ်ဆိုးများ၏ သွေးကြောများက လူသားများနှင့် ကွဲပြားသောကြောင့် ၎င်းတို့၏ ကျင့်ကြံနည်းစနစ်တွင် သွေဖည်မှုများ ရှိခဲ့သည်။ ထို့ကြောင့်၊ ကျန်းချန်ရှန်းက အချို့သော ပညာရပ်များကို သူတို့နှစ်ကောင်အတွက် ပြုပြင်ပေးခဲ့သည်။
လီကျွင်းက တောင်ပိုင်းသမုဒ္ဒရာ အကြောင်း ပြောပြခဲ့သေးသည်။ မကြာသေးမီက သိုင်းပညာရှင်များ ထျန်းဟိုင် တွင် လေ့ကျင့်ရန် သင်္ဘောဖြင့် ထွက်ခွာသွားခဲ့ပြီး ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။
ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး....
"ဒါလည်း ကောင်းပါတယ်.... တကျန်းအတွက် အသိပညာ ပြန့်ပွားအောင် ကူညီနိုင်ပြီး အနာဂတ်မှာ ထျန်းဟိုင်ကို သိမ်းပိုက်ဖို့လမ်းခင်းပေးမယ့် အခွင့်အရေးကောင်းတစ်ခုဖြစ်လာနိုင်တယ်......"
"ထျန်းဟိုင်ကို သိမ်းပိုက်မယ်??? တိုက်ကြီးတစ်ခုလုံးကိုတောင် တစ်စုတစ်စည်းတည်း မပေါင်းစည်းရသေးဘူး.... အရှင်မင်းကြီးက အတော်ရည်မှန်းချက်ကြီးတာပဲ....."
ကျန်းချန်ရှန်းက... “ဘယ်သူသိနိုင်မလဲ..... သူ့မှာ ရည်မှန်းချက်မရှိရင်တောင် နောက်ဧကရာဇ်မှာ ရည်မှန်းချက်ရှိနေမှာပေါ့.... တကျန်းက ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး....."
လီကျွင်း ဆိုလိုရင်းအဓိပ္ပါယ်ကို နားလည်လိုက်သည်။
တကျန်းရဲ့ ကံကြမ္မာက တာအိုဘိုးဘေးပဲ....
...........,...............
သမုဒ္ဒရာထဲတွင် ကျွန်းစုများ စုဝေးမေကြပြီး လူနှစ်ယောက် ကျွန်းတစ်ကျွန်းပေါ်ဆင်းသက်လာသည်။
နတ်ဆိုးသခင်နှင့် ကျန်းလော့........
ဆရာတပည့်နှစ်ယောက် ကျွန်းပေါ်က စျေးတစ်ခုဆီ လျှောက်သွားခဲ့ကြသည်။
နတ်ဆိုးသခင်က....
“နောက်ဆုံးတော့ နေ့အလင်းရောင်ကို ပြန်မြင်ရသလို ခံစားရတယ်..... ”
ကျန်းလော့က.....“ရေပေါ်ကျွန်း လိုက်ရှာတာ ရပ်သွားပြီ....ထျန်းဟိုင်မှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်ခဲ့ပုံရတယ်.....”
ဆရာတပည့်တို့ ယခင်က ရောက်ဖူးသော တည်းခိုခန်းသို့ ရောက်သွားကြပြီး သူတို့ထိုင်ကြတဲ့အခါ စားပွဲထိုး ချက်ချင်းရောက်လာပြီး....
“ဖောက်သည်တို့ မတွေ့ရတာ ကြာပြီနော်....”
နတ်ဆိုးသခင်က ပြုံးပြီး....
“မင်းက မှတ်ဉာဏ်ကောင်းသားပဲ.... နှစ်ပေါင်းများစွာကြာခဲ့တာတောင် ငါတို့ကို မှတ်မိသေးတယ်...."
စားပွဲထိုးက..... "အားလုံးက ကိုယ့်ဖောက်သည်တွေဆိုတော့ ဘယ်မေ့လို့ရမလဲ...ဒါနဲ့ ဘာများ သုံးဆောင်ကြမလဲ...."
ကျန်းလော့က အစားအသောက်နှင့် ဝိုင်အချို့ကို မှာယူခဲ့သည်။
စားပွဲထိုးက ဝိုင်နှစ်ပုလင်းနဲ့ ရောက်လာတဲ့အခါ..... “စားပွဲထိုး၊ မကြာသေးမီက ထျန်းဟိုင်မှာ ကြီးကြီးမားမား တစ်ခုခုဖြစ်ခဲ့သလား”
စားပွဲထိုး ထိုစကားကိုကြားသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး....
"ထျန်းဟိုင်တင် ဘယ်ကမလဲ...သမုဒ္ဒရာတစ်ခုလုံး ပြောင်းလဲနေပြီ!!!"