← Chapters

ကျယ်ဝမ့်ဟိုင်၊ သိုင်းဧကရာဇ်၏ ကြိုတင်နမိတ်......

Vol. 12 Ch. 177

ကျယ်ဝမ့်ဟိုင်၊ သိုင်းဧကရာဇ်၏ ကြိုတင်နမိတ်......

Vol. 12 Ch. 177

"ပြောင်းလဲသွားပြီ...? အဲဒီအကြောင်းပြောပြစမ်းပါဉီး..."

နတ်ဆိုးသခင်က မေးတော့ ကျန်းလော့ လည်း စားပွဲထိုးကို စိုက်ကြည့်နေသည်။

စားပွဲထိုးက သူတို့အတွက် အရက်ငှဲ့ပေးရင်း....

“ပထမအချက်.... ထျန်းဟိုင်ရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်က တာအိုဘိုးဘေးကို စိန်ခေါ်ဖို့ တကျန်းကိုသွားခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တယ်... အခုအချိန်အထိ သေသလား ရှင်သလား မသိရသေးဘူး....နောက်ပြီး အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့လည်း ရှုံးနိမ့်ခဲ့တယ်.....အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က သမုဒ္ဒရာထဲမှာ နှစ်ထောင်ပေါင်းများစွာ လှည့်လည်သွားလာနေတဲ့ အုပ်စိုးရှင်တပ်ဖွဲ့တစ်ခုပါ.... သူတို့က တကျန်းကိုတိုက်ထုတ်ဖို့ နဂါးသွေးကြောတိုက်ကြီးက တုံးဟိုင် မင်းဆက်ကိုပံ့ပိုးပေးခဲ့တယ်.... သူတို့၏ခေါင်းဆောင်က ဒဏ္ဍာရီဆန်ဆန်ရှေးဟောင်းထူးဆန်းတဲ့သားရဲ လော့ယွီကိုတောင် နှိမ်နင်းနိုင်ခဲ့သူ..... ဒါပေမယ့် တကျန်းကိုတိုက်ခိုက်ဖို့သွားခဲ့ပေမယ့် တယောက်မှ ပြန်မလာနိုင်ကြဘူး...."

“ အကန့်အသတ်မဲ့ ပင်လယ်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်သာမကဘဲ... တုံးဟိုင် မင်းဆက်ကို ရောက်သွားတဲ့ ပညာရှင်အားလုံးလည်း သေသွားပြီ...အခုဆိုရင် တာအိုဘိုးဘေးရဲ့နာမည်က သမုဒ္ဒရာတခုလုံးကို ထိတ်လန့်စေတယ်..... နဂါးသွေးကြောတိုက်ကြီးမှာ ဒီလို ကျွမ်းကျင်သူရှိနေမယ်လို့ ဘယ်သူထင်ထားမှာလဲ...."

ကျန်းလော့ ထိုစကားကိုကြားသောအခါ တုန်လှုပ်သွားသည်။ ကျန်းချန်ရှန်း၏ ခွန်အားကို သိထားသော်လည်း သမုဒ္ဒရာကို ထိတ်လန့်စေမည်ဟု မမျှော်လင့်ထားပေ။

နတ်ဆိုးသခင်က တိတ်ဆိတ်နေပြီး စိတ်ရှုပ်ထွေးနေသည်။

တာအိုဘိုးဘေးကို နောက်ဆုံးတွေ့ခဲ့တာ ဘယ်လောက်ကြာပြီလဲ.....

မလှမ်းမကမ်းတွင် စားပွဲကို သုတ်နေသော ရှောင်ပုခူ သည်လည်း ခါးသီးသလို ခံစားလိုက်ရသည်။ ဒီသတင်းကို သူပထမဆုံးကြားတာမဟုတ်ပေမယ့် ကြားလိုက်တိုင်း ထိတ်လန့်နေဆဲပင်......

သူ့အဖေ ကွယ်လွန်သည့်တိုင်အောင် မဟာယာနနဂါးမျှော်စင် မည်သို့သောရန်သူမျိုးနှင့် ရင်ဆိုင်နေရသည်ကိုက မသိခဲ့ပေ။

စားပွဲထိုးက တာအိုဘိုးဘေးများ၏ အစွမ်းသတ္တိကို ဂုဏ်ယူဝင့်ကြွားစွာ ကြွားလုံးထုတ်နေစဉ် ကျန်းလော့နှင့် နတ်ဆိုးသခင်တို့က သူ့ကို မနှောက်ယှက်ဘဲ ဂရုတစိုက် နားထောင်ခဲ့သည်။

အကန့်အသတ်မဲ့ ပင်လယ်မဟာမိတ်အဖွဲ့တောင် အကြပ်အတည်းကို ခံစားခဲ့ရသည်။ အမြစ်မပြတ်သေးသော်လည်း သူတို့၏ ဂုဏ်သတင်းများ ကျဆင်းသွားပြီဖြစ်သည်။ ယခင်က သူတို့ဆီမှ ဖိနှိပ်ခံထားရသော တပ်ဖွဲ့များ ပုန်ကန်လာကြကာ အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့သားများ လမ်းဘေး ကြွက်များ ဖြစ်လာမည့် အရိပ်အယောင်များပင် ပြသနေပြီ........

ဤသည်မှာ သူ့အတွေးသာမက ထျန်းဟိုင်ရှိ သိုင်းပညာရှင်များစွာ၏ အတွေးလည်းဖြစ်သည်။ တာအိုဘိုးဘေး၏ တည်ရှိမှုက သူတို့ကို အလွန်တုန်လှုပ်စေခဲ့သည်။

အရေးကြီးဆုံးကတော့ တာအိုဘိုးဘေးက အင်မတန်လျှို့ဝှက်ဆန်းကြယ်နေခြင်းပင်... မည်မျှ တန်ခိုးကြီးသည်ကို မည်သူမျှ မသိခဲ့ကြပေ မည်မျှပင် အင်အားကြီးမားသည်ဖြစ်စေ၊ မည်မျှပင်ရှိစေကာမူ သူ့ကို ပြဿနာရှာဝံ့သူများသေဆုံးရပေလိမ့်မည်။

ဒီလိုကြောက်စရာကောင်းတဲ့ သိုင်းပညာရှင်တစ်ယောက် သမုဒ္ဒရာထဲမှာ ပေါ်မလာခဲ့တာ ကြာခဲ့ပြီ.......

စားပွဲထိုးက တခစ်ခစ်ရယ်ပြီး ထွက်သွားတော့ နတ်ဆိုးသခင်က ကျန်းလော့ကိုကြည့်ကာ "နဂါးသွေးကြောတိုက်ကြီး တိုးတက်လာပြီ....."

ထိုသို့သော ကျွမ်းကျင်သူရှိနေသ၍

တကျန်းက တိုက်ကြီးကို သေချာပေါက် စည်းလုံးစေမည်ဖြစ်သည်။

ကျန်းလော့က ခေါင်းညိတ်ပြီး.....

“ဆရာကြီး... ပြန်ကြရအောင်.... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အဆင့်တက်ဖို့ တစ်ဆို့နေပြီပဲ......"

နတ်ဆိုးသခင်သည် နောက်ဆုံးတွင် ခေါင်းညိတ်ခြင်းမပြုမီ ခဏမျှ တုံ့ဆိုင်းသွားသည်။

ဆရာတပည့်နှစ်ဉီးတွင် ကိုယ်ပိုင် အတွေးအမြင်များ ရှိသောကြောင့် အခြားဘာမျှ မပြောခဲ့ကြပေ။

ခြံဝင်းထဲမှာ ယန်ကျိုး နဲ့ နတ်ဆိုး ကြောင်နှစ်ကောင် အချင်းချင်း လိုက်ဖမ်းနေကြသည်။ တခါတရံ မြူခိုးတွေထဲ ဝင်သွားပြီး တခါတရံ ပြေးထွက်လာသည်။ အထူးသဖြင့် နတ်ဆိုးကြောင်နှစ်ကောင်ရဲ့ လှုပ်ရှားမှုတွေက လျှပ်စီးလက်သလို မြန်ဆန်လှသည်။

ရဲရွှမ် သူတို့ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။ ယန်ကျိုး၏ စွမ်းဆောင်မှုကို မကျေနပ်ကြောင်း ထင်ရှားသည်။

ကျန်းချန်ရှန်းကတော့ အဆင်ပြေတယ်လို့ သာ တွေးနေသည်။

ယန်ကျိုးက အရည်အချင်းရှိပေမယ့် ဟွမ်းထျန်းနှင့်ဟေးထျန်းက နတ်ဆိုးပုလဲ၏ လှည့်ဖြားမှုကို လျစ်လျူရှုနိုင်သညိ့အတွက် ထိုနတ်ဆိုးကြောင်နှစ်ကောင် ပိုင်ဆိုင်သည့် သွေးအမျိုးအစားကို မှန်းဆရန် ခက်ခဲသည်။

ဓားနတ်ဘုရားက တရားထိုင်ရင်း ဓားဆန္ဒကို ဆင်ခြင်သုံးသပ်နေသည်။ ကြောင်နှစ်ကောင သူ့ခေါင်းပေါ် တကောင်ပြီး တကောင် တက်နင်းနေပေမယ့် ဘာမှ မသိခဲ့​ပေ။ သို့သော်လည်း ယန်ကျိုးကတော့ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဝေးဝေးကရှောင်ခဲ့သည်။

၎င်းသည် ယန်ကျိုး၏နေ့စဉ်လေ့ကျင့်မှုဖြစ်လာပြီး ကြောင်နှစ်ကောင်အတွက်လည်း အကျိုးရှိပေသည်။

ခဏကြာတော့ ယန်ကျိုး မောကြီးပန်းကြီးဖြင့်. “ဒီကောင်နှစ်ကောင်က ပုံမှန်မဟုတ်ဘူး...!” ဟု ကျိန်ဆဲလိုက်သည်။

ဟွမ်းထျန်းနှင့်ဟေးထျန်းတို့ကတော့ အားမာန်အပြည့်ဖြင့် တံစက်မြိတ်ပေါ်ကနေ ဆင်းလာခဲ့ကြသည်။

ကျန်းချန်ရှန်းက....

"သူတို့က မင်းထက် ပိုမြန်တယ်.....ဒါက သူတို့ရဲ့ မွေးရာပါ အားသာချက်ပဲ၊ ဒါပေမယ့် သူတို့ရဲ့ နတ်ဆိုးစွမ်းအားက မင်းရဲ့ အစစ်အမှန်ချီထက် အားနည်းတယ်....."

ယန်ကျိုး တစ်ခေါက်သေပြီးကတည်းက သူ၏ သန့်ရှင်းမြင့်မြတ်သောခန္ဓာကိုယ်တည်ဆောက်ပုံ နိုးကြားလာပြီး စစ်မှန်သောချီ ကြီးထွားမှုနှုန်းလည်း သူ၏ လက်ရှိနယ်ပယ်ထက် အဆမတန် လျင်မြန်သည်။ အသက် 22 နှစ်တွင် နတ်ဘုရားနယ်ပယ်သို့ရောက်နေသော်လည်း ရှုထျန်းကျ်ိ၏စံချိန်ကို မချိုးနိုင်သေးပေ။

ကျန်းချန်ရှန်းသည် ယန်ကျိုး၊ကျူကျွယ်၊ယုချင်းယွမ်တို့၏ အင်အားကိုလည်း တွက်ချက်ခဲ့သည်။ သူတို့ သုံးယောက်ကြားက ကွာဟချက်က ကြီးကြီးမားမား မဟုတ်ပေမယ့် နှစ်အနည်းငယ်အတွင်း ယန်ကျိုးက ၎င်းတို့ကို ကျော်တက်သွားပေလိမ့်မည်။

ကျန်းချန်ရှန်း ၏စကားကိုကြားသောအခါတွင် ယန်ကျိုးမျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး စိတ်ဓာတ်ကျမှုကို ပြေပျောက်စေခဲ့သည်။

ရဲရွှမ်က.... “မင်းရဲ့ဂျုနီယာတွေကို သွားကြည့်”

“ဟုတ်ကဲ့!”

ယန်ကျိုးက အခြေနေမဟန်တော့တာကြောင့် ချက်ချင်း ရှောင်ထွက်သွားလေသည်။

နှစ်တွေကြာလာတာနဲ့အမျှ ကျန်းချန်ရှန်း ဟာ ​​သူ့ကိုယ်ပွားကို အသုံးပြုပြီး နောက်ထပ် လူငယ် ကိုးဦးကို ခေါ်လာခဲ့ပါငည်။၎င်းတို့အားလုံးသည် တိုက်ကြီးရှိ ထိပ်တန်းအဆင့် 100 တွင်ရှိနေသည်။ အခြားသူများမှ ဆရာဖြစ်နေပြီ သို့မဟုတ် အသက်ကြီးနေပြီဖြစ်ပြီး သိုင်းပညာ လေ့ကျင့်ရန် အချိန်မရှိပေ။

ဒါသာ လေ့ကျင့်မှုပုံစံတမျိုးဖြစ်ပြီး ဤလူကိုးဦးကို ကိုယ်တိုင်ဦးဆောင်ရန် ယန်ကျိုးကို တောင်းဆိုခဲ့သည်။ ရံဖန်ရံခါတွင်၊ ရဲရွှမ်ကလည်း သူတို့ကို ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ပေးသည်။

ယန်ကျိုးမှာ ဆရာကြီး နှစ်ယောက်ရှိပြီး သူ့ကို သိုင်းပညာကို အဓိက သင်ပေးတဲ့သူကတော့ ရဲရွှမ် ဖြစ်သည်။ချင်းအာက သူ့ကို လူမှုဆက်ဆံရေးအကြောင်း ပိုသင်ပေးသည်။ တကယ်တော့ ရဲရွှမ်ဟာ မာနကြီးပြီး အထီးကျန်ဆန်သူတစ်ယောက်ဖြစ်တာကြောင့် လူမှုဆက်ဆံရေးပိုင်းတွင် အတော်ညံ့ဖျင်းသည်။

ဓားနတ်ဘုရားက သူ့မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ပြီး.....

“ဒီကလေးကိုးယောက်က တကယ် မလွယ်ဘူး.... တာအိုဘိုးဘေး.... သူတို့ကို ပြုစုဖို့ ယန်ကျိုးကို တောင်းဆိုတယ်ဆိုတော့ အနာဂတ်အတွက် အစီအစဉ်တွေရှိလို့လား"

ပိုင်ချီနှင့် ရဲရွှမ်တို့လည်း ကျန်းချန်ရှန်းကို ကြည့်နေကြသည်။

ကျန်းချန်ရှန်းက..... "ဟုတ်တယ်.... နတ်ဆိုးတွေရဲ့ ကပ်ဘေးကို ရင်ဆိုင်ရတဲ့အခါ တကျန်းကို တာဝန်ယူဖို့ တစ်ယောက်ယောက်လိုတယ်.... နတ်ဆိုးခေါင်းဆောင်ကို သတ်ဖို့လည်းလိုအပ်တယ်.......”

သူ့မှာ ယန်ကျိုးအတွက် မျှော်လင့်ချက် ကြီးကြီးမားမားရှိပြီး သူ့ကိုယ်ပိုင် ခွန်အားလောက် မရိုးရှင်းပေ။

ရဲရွှမ်က စိတ်ဝင်တစားဖြင့်.....

"ဒီပါရမီရှင်တွေကို ဘယ်လိုရှာတွေ့တာလဲ....သူတို့ရောက်လာတုန်းက သူတို့မှာ အစစ်အမှန်ချီတွေ လုံးဝမရှိဘူး”

ကျန်းချန်ရှန်းက ပြုံးပြီး မျက်လုံးမှိတ်လိုက်သည်။

သူပြောချင်စိတ်မရှိတာကိုမြင်တော့ ရဲရွှမ် ဆက်မမေးရဲတော့ပေ။

တာအိုဘိုးဘေးက လူသေများကိုပင် အသက်ရှင်စေနိုင်သည်။ ထို့ကြောင့် ဒီလူငယ်တွေအားလုံး ပေါ့သေးသေးမဟုတ်နိုင်ပေ။

ရဲရွှမ် ခြံထောင့်ဆီသို့ လျှောက်သွားပြီး တရားထိုင်လိုက်သည်။ သူသည် ဆရာတဆူဖြစ်လာသော်လည်း အသန်မာဆုံးဖြစ်ရန် ဆန္ဒရှိသေးသည်။

"ရွှမ်ထျန်းခေတ် ၁၇ နှစ်တွင်၊ အမှတ်အသားပြုထားသည့် ချင်ကူ အောင်မြင်စွာ လူပြန်ဝင်စားပြီး ကျယ်ဝမ့်ဟိုင်တွင် မွေးဖွားခဲ့သည်။"

ကျန်းချန်ရှန်း ရှေ့မှာ အကြောင်းကြားချက်တစ်ခု ပေါ်လာသည်။

သူ့ဂျုနီယာညီငယ်လေး လူဝင်စားပြန်ဖြစ်ပြီပဲ.......

ကျန်းချန်ရှန်းက သူ့ဆီ အမွှေးတိုင် 10,000 ပေးပို့ပြီး တိတ်တဆိတ် ကောင်းချီးပေးခဲ့သည်။ လူဝင်စားခြင်းမပြုမီတွင် ပါရမီကောင်းပိုင်ဆိုင်နိုင်စေဖို့ အမွှေးတိုင် 100 ပေးပို့ထားပြီးဖြစ်သည်။

လုံချီဘုရားကျောင်းတစ်ခုလုံးတွင်၊ ချင်ကူသည် မန်ချွဲ့ဆောင်ထက်ပင် သူနှင့် အကောင်းဆုံးဆက်ဆံရေးရှိသည်။ နောက်ဆုံးတော့ သူတို့ ငယ်ငယ်လေးကတည်းက တစ်အိမ်တည်းနေခဲ့ကြသည်။

"ဒီဘဝမှာ မင်းရဲ့လက်ကို မဆုံးရှုံးစေနဲ့......"

ကျန်းချန်ရှန်း ထိုသို့ တွေးပြီး ဖျတ်ခနဲ ပြုံးလိုက်သည်။

သူ မတ်တပ်ထရပ်ပြီး ချင်ကူ၏ လူဝင်စားခြင်းအမှတ်အသားကို အာရုံခံရန် မြေဝိညာဉ်သစ်ပင်ပေါ်သို့ ခုန်တက်ခဲ့သည်။

ဦးတည်ရာကို မှန်းဆပြီးနောက် ကောင်းကင်နှင့်မြေပြင် အကန့်အသတ်မဲ့အမြင်အာရုံကို အသုံးပြု၍ ကြည့်ရှုခဲ့သည်။

ရဲရွှမ်ကတော့ ရွှေရောင်တောက်နေသော သူ့မျက်လုံးများကို မြင်ရတော့ မအံ့သြတော့ပေ။ သူသည် ဤသိုင်းပညာကိုသာ လျှို့ဝှက်စွာ သိချင်နေခဲ့သည်။

တာအိုဘိုးဘေးသည် အဝေးမှ ရန်သူကိုပင် မြှားဖြင့်ပစ်နိုင်ရခြင်း အကြောင်းရင်းမှာ သူသည် အားကောင်းသည့် သိုင်းပညာ နည်းစနစ်ကို ကျွမ်းကျင်ထားခြင်းကြောင့် ဖြစ်နိုင်ပါသလား......

ကျန်းချန်ရှန်း အနောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ကျယ်ဝမ့်ဟိုင်သည် နဂါးသွေးကြောတိုက်ကြီး၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ရှေးဟောင်းဘုရားတိုက်ကြီးနှင့် ဝေးကွာခြင်းမရှိသော်လည်း၊ ထျန်းဟိုင်ထက်တော့ပိုဝေးသည်။

သူ၏အမြင်အာရုံသည် မရေမတွက်နိုင်သောကျွန်းများနှင့် တိုက်ကြီးသုံးတိုက်ကို ဖြတ်ကျော်ပျံသန်းသွားပြီး နောက်ဆုံးတွင် ကျယ်ဝမ့်ဟိုင်ကို မြင်လိုက်ရသည်။ ကျယ်ဝမ့်ဟိုင်ကို မြင်သောအခါ တုန်လှုပ်ခြောက်ခြားမှုကို ထိန်းမရခဲ့ပေ။

ကျယ်ဝမ့်ဟိုင်ကို အဆုံးမရှိ မိုးကြိုးတိမ်တိုက်များဖြင့် ဖုံးလွှမ်းထားသည်။ ပင်လယ်ရေသည် မှောင်မိုက်နေပြီး အလွန်အမင်း ဖိအားပြင်းထန်သည်။

သူ့အမြင်ကို ဆက်လက်ချဲ့ထွင်ကြည့်တော့ ပင်လယ်ပြင်တွင် ကျွန်းများစွာမရှိပေ။

ကျယ်ဝယ့်ဟိုင်တွင်ရှိသော ကျွန်းများက နဂါးသွေးကြောတိုက်ကြီးတစ်ဝိုက်ရှိ သမုဒ္ဒရာထက် အဆပေါင်းများစွာ နည်းပါးသည်။ ကြီးမားသောပင်လယ်သားရဲများစွာနှင့် ကြောက်မက်ဖွယ်ကောင်းသော ငှက်ကြီးများ ပျံဝဲနေသည်ကို မြင်ရသည်။

ကျယ်ဝမ့်ဟိုင်ဟု ခေါ်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ ဒါဟာ လူသားတွေ နေထိုင်နိုင်တဲ့ နေရာနဲ့ မတူပေ....

[TN/ ကျယ်ဝမ့်ဟိုင်.....Sea of Despair]

လမ်းတစ်လျှောက်တွင် တိုက်ကြီးတစ်ခုကိုတွေ့ပြီး ချင်ကူ ထိုတိုက်ကြီးတွင် ရှိနေသည်။ ဤတိုက်ကြီးသည် လက်ရှိ နဂါးသွေးကြောတိုက်ကြီးထက် အဆပေါင်းများစွာ သေးငယ်သည်။ မြို့ကြီးများနှင့် သင်္ဘောကြီးများကို တိုက်ကြီး၏အစွန်းတွင် တည်ဆောက်ထားသော်လည်း ကုန်းတွင်းပိုင်းတွင် မြို့ အနည်းငယ်သာရှိသေးသည်။

ချင်ကူကို ချိုင့်ဝှမ်းတစ်ခုတွင် မွေးဖွားခဲ့သည်။ ဤနေရာတွင် သိုင်းပညာရှင်များစွာရှိ၍ ၎င်းသည် ဂိုဏ်းတစ်ခုလို ဖြစ်နေပုံရသည်။ သူ့ကြည့်ရသည်မှာ ဤဘဝတွင် မိဘမဲ့မဟုတ်တော့ပေ။

ကျန်းချန်ရှန်း သူ့အကြည့်ကို မရုပ်သိမ်းမီ ခဏတာ ငြိမ်သက်စွာ ကြည့်နေခဲ့သည်။

ကျယ်ဝမ့်ဟိုင်သည် အန္တရာယ်ရှိပုံပေါက်သော်လည်း ထိုနေရာတွင် လူသားများရှိနေသောကြောင့် ထိုတိုက်ကြီးရှိလူသားများက အသက်ရှင်ရန်နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။

သို့သော် နတ်ဆိုးသားရဲကပ်ဘေးကျရောက်သောအခါ၊ ထိုနေရာ၌ မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပေါ်လာပေမည်။ ထိုအချိန်တွင် ချင်ကူကို ခေါ်ဆောင်လာနိုင်သည်။

တကယ်တော့ ဒီလိုလုပ်ခြင်းမှာလည်း အကျိုးကျေးဇူးတွေရှိသည်။၎င်းတို့၏ လူဝင်စားခြင်းမှတစ်ဆင့်၊ သူသည် တကျန်းနှင့်ပူးပေါင်းရန် ခွန်အားရှိသူများ စုစည်းနိုင်ပြီး နတ်ဆိုးများကို တိုက်ထုတ်နိုင်ရန်အတွက် ၎င်းတို့၏ ခွန်အားကို တိုးမြှင့်နိုင်သည်။

သီးခြားကျွန်းပေါ်က တောအုပ်ထဲတွင်......

ဓားသခင်သည် အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး သူ့ပတ်ပတ်လည်တွင် သစ်သားဓားရှည်များ လွင့်မျောနေသည်။ ၎င်းတို့သည် သစ်တောတစ်ခုလုံး ပျံ့နှံ့သွားကာ အံ့မခန်းမြင်ကွင်းတစ်ခုဖြစ်သည်။

ထိုစဉ် ကောင်းကင်မှလူတစ်ယောက်

ဆင်းသက်လာပြီး ဓားသခင်ရှေ့သို့ ရောက်လာသည်။

ဓားသခင်က မျက်လုံးတောင် မဖွင့်ဘဲ.....

“ရှားရှားပါးပါး ဧည့်သည်ပဲ....ကွမ့်ဟိုင်ဝမ်ခုန်း...."

သူ့ရှေ့မှာ မုတ်ဆိတ်မွှေးရှည်နဲ့ ဘုန်းကြီးတစ်ပါးရပ်နေပြီး သူ့အပေါ်ပိုင်းတစ်ဝက်လောက်က အဝတ်မပါပေ။

“ဓားသခင် ....ငါတို့ နောက်ဆုံးတွေ့တာ အနှစ်တစ်ရာရှိပြီ.... မင်းရဲ့ဓားတာအို သိပ်တိုးတက်ပုံမပေါ်ဘူး..... မင်းဘာလို့ ဖုန့်ထျန်နဲ့ မပူးပေါင်းတာလဲ.... ဧကရာဇ်က မင်းကိုအတော်သဘောကျနေတာ....."

ဓားသခင်က မျက်လုံးဖွင့်ပြီး “ဧကရာဇ် ကြင်နာတဲ့ ရည်ရွယ်ချက်အတွက်ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မင်းငါ့ကို လှောင်ပြောင်ဖို့ လာတာလား...”

ကွမ့်ဟိုင်ဝမ်ခုန်းက.... “မဟုတ်ဘူး... မြင့်မြတ်တဲ့မင်းဆက် ပြိုလဲတော့မှာမို့ မင်းဆက်ရာပေါင်းများစွာအတွက် ကံကြမ္မာစစ်ပွဲတခု စတင်တော့မယ်..... သိုင်းဧကရာဇ်ကျွန်းက ကြေငြာထားတဲ့အတိုင်း လာမည့်နှစ် ၅၀၀ အတွင်း မြင့်မြတ်တဲ့ မင်းဆက်ဖြစ်လာနိုင်အောင် ယှဉ်ပြိုင်ရတော့မယ်.... ထုံးစံအတိုင်း၊ ငါတို့ ဖုန့်ထျန်လည်းတိုက်ပွဲဝင်ရမှာ ဖြစ်ပြီး ဘုရင်မင်းမြတ်က ဓားတရားရုံးကို ငါတို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ချင်နေတယ်.....”

ဓားသခင်က မျက်မှောင်ကြုတ်ပြီး..... “မြင့်မြတ်တဲ့မင်းဆက် ဒုက္ခရောက်နေတယ်.... ဒါပေမယ့် အထောက်အပံ့တွေ ပေးမယ့်အစား မင်းတို့က တိုက်ခိုက်ချင်တာလား.....”

ကွမ့်ဟိုင်ဝမ်ခုန်းက ခေါင်းခါပြီး.... “ဘာလို့ အထောက်အပံ့မရှိရမှာလဲ.... ဧကရာဇ်ရဲ့ သားတော်သုံးပါး နတ်ဆိုး​တွေဗိုက်ထဲရောက်ကုန်ပြီ...ဒါကြောင့်မို့ သူတို့ကိုထောက်ပံ့ဖို့ အရာအားလုံးပုံအောလိုက်လို့မဖြစ်ဘူး..... ဒါက သိုင်းဧကရာဇ်ကျွန်းရဲ့ ရည်ရွယ်ချက်ဆိုလည်းဟုတ်တယ် .....

သိုင်းဧကရာဇ်က အနှစ်ငါးရာအတွင်း လူသားဧကရာဇ် မွေးဖွားလာမယ်လို့ နမိတ်ဖတ်ထားတယ်.... လူသားဧကရာဇ်က သမုဒ္ဒရာထဲငကိူ ဆင်းသက်လာမှာဖြစ်ပြီး ဒါက လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို ဆုတ်ယုတ်မှုကို သာယာဝပြောရေးအဖြစ် ပြောင်းလဲဖို့ အခွင့်အလမ်းဖြစ်လိမ့်မယ်........”

ဓားသခင် နှုတ်ဆိတ်နေသဖြင့်ကွမ့်ဟိုင်ဝမ်ခုန်းက “ဘုရင်မင်းမြတ်က မင်းရဲ့ဓား တာအိုကို သိတယ်.... အကယ်၍ မင်းသာ ဖုန့်ထျန်နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိရင် ဘုရင်မင်းမြတ်က မင်းအတွက် ဓားပညာပိုင်းဆိုင်ရာကျွမ်းကျင်ပိုင်နိုင်ဖို့ ဖြည့်ဆည်းပေးပြီး ကမ္ဘာပေါ်မှာ နံပါတ်တစ်ဓားသမားဖြစ်လာစေဖို့ ကူညီပေးမယ်..... ဓားသခင်....ဒါက လက်လွတ်မခံသင့်တဲ့ အခွင့်အရေးပါ....ဘုရင်မင်းမြတ်က မင်းကို တန်ဖိုးထားပေမယ့် သူက ဧကရာဇ်တပါးဆိုတာမမေ့နဲ့..... မင်းသူ့ကို ငြင်းပယ်ရင် ဘုရင်မင်းမြတ်က တခြားဓားတာအို ဂိုဏ်းတွေကို စုဆောင်းလိမ့်မယ်.... သမုဒ္ဒရာထဲမှာ ဓားတာအိုလေ့ကျင့်နေတာ ဓားတရားရုံး တခုပဲရှိတာမဟုတ်ဘူး....."

ကွမ့်ဟိုင်ဝမ်ခုန်းက တခြားဘာမှ မပြောဘဲ ဓားသခင်ရဲ့ အဖြေကို စောင့်နေသည်။

ဓားသခင်က မျက်လုံးကိုမှိတ်ပြီး.....

“ကောင်းပြီ.. ဓားတရားရုံးက ဖုန့်ထျန်နဲ့ပူးပေါင်းပြီး မြင့်မြတ်တဒ့မင်းဆက်လမ်းကြောင်းဆီ လျှောက်လှမ်းဖို့ ကူညီပေးမယ်....."

ကွမ့်ဟိုင်ဝမ်ခုန်းက ပြုံးလိုက်ပြီး....

"နှစ်ရာနဲ့ချီကြာပြီးရင် မင်းရဲ့ရွေးချယ်မှုအတွက် ဝမ်းသာရလိမ့်မယ်.."

All Chapters