← Chapters

စွမ်းအားရှိသမျှဖြင့် တိုက်ခိုက်ခြင်း...ကံကြမ္မာမင်းဆက်တိုက်ပွဲ...........

Vol. 12 Ch. 178

စွမ်းအားရှိသမျှဖြင့် တိုက်ခိုက်ခြင်း...ကံကြမ္မာမင်းဆက်တိုက်ပွဲ...........

Vol. 12 Ch. 178

ရွှမ်ထျန်းခေတ် 18 နှစ်တွင်.... တကျန်း သည် တောင်ပိုင်းသမုဒ္ဒရာရှိ ကျွန်းများကို စတင်သိမ်းပိုက်ခဲ့သည်။ ယင်းကိုအောင်မြင်ရန် သိုင်းပညာရှင်အများအပြားက ၎င်းတို့၏ခွန်အားကိုပြသ၍ ရွပ်ရွပ်

ယခုအချိန်တွင်၊ တကျန်းတွင် နေရာကူးပြောင်းရေးအစီအရင် ဆယ့်ခြောက်ခုရှိသည်။ ၎င်းတို့အများစုသည် မြောက်ပိုင်းနှင့် အနောက်နယ်စပ်များတွင် တည်ရှိကြပြီး ၎င်းတို့ဖြတ်ကျော်နိုင်သည့် အရှည်ဆုံးအကွာအဝေးမှာ မိုင် ၂၀၀,၀၀၀ ကျော်ဖြစ်သည်။

နေရာကူးပြောင်းရေးအစီအရင် ရှားပါးခြင်းကြောင့် ၎င်းတို့ကို အရပ်ဘက် သို့မဟုတ် စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် ယခုအချိန်တွင် အသုံးမပြုနိုင်သေးပေ။

လုံချီတောင်ပေါ်ကခြံဝင်းထဲတွင်....

ဧကရာဇ်ရွှမ်ထျန်းသည် ကျန်းချန်ရှန်းကို အစီအစဉ်များအကြောင်း ပြောပြနေသည်။

သူသည် နဂါးသွေးတိုက်ကြီးရှိ မင်းဆက်များကို ခွဲထုတ်ရန် နည်းလမ်းမစဉ်းစားမီ သမုဒ္ဒရာတောင်ပိုင်းကို ဦးစွာစိုးမိုးပြီး ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုကို ထူထောင်ရန် ပြင်ဆင်ခဲ့သည်။ ဤနည်းဖြင့်၊ နဂါးသွေးကြောတိုက်ကြီးကို သိသိသာသာ ထိန်းချုပ်နိုင်ပြီး အခြားသော မင်းဆက်များ၏ နိုင်ငံသားများကို တကျန်း အတွက် အလုပ်ခိုင်းစေနိုင်သည်။

ဧကရာဇ်ရွှမ်ထျန်း ၏အမြင်အရ၊ သူတို့သည် တိုက်ကြီးအား ပေါင်းစည်းလိုလျှင် ၎င်းတို့ပတ်ဝန်းကျင်တွင် အပြင်လူများ ရှိနေသောအခါတွင် ပေါင်းစည်းရန် လိုအပ်သည်။ နဂါးသွေးကြောတိုက်ကြီးရှိ လူတိုင်းက တကျန်းမှဖြစ်လျှင် တန်းတူညီမျှမှု မရှိလျှင် မင်းဆက် အလွယ်တကူ ပြိုလဲသွားမည်ဖြစ်သည်။ ထိုအချိန်တွင် ပြည်သူများသည် ၎င်းတို့အား မျှော်လင့်ချက်များ ဆောင်ကြဉ်းပေးရန်အတွက် ဧကရာဇ်အသစ် လိုအပ်မည်ဖြစ်သည်။

သို့သော် ကမ္ဘာပေါ်ရှိလူတိုင်း တန်းတူညီတူရှိလျှင် ကုန်ထုတ်လုပ်မှုကို မည်သူက တာဝန်ယူမည်နည်း။

ထို့ကြောင့်၊ ဧကရာဇ်ရွှမ်ထျန်း ၏ လက်ရှိရည်မှန်းချက်မှာ တိုက်ကြီးရှိ မင်းဆက်အားလုံးကို တိုက်ရိုက်သိမ်းပိုက်ရန်မဟုတ်ဘဲ သမုဒ္ဒရာနှင့် ၎င်းတို့ကြားက ဆက်သွယ်မှုကို ဖြတ်တောက်ပြီး တကျန်း၏ လက်အောက်ခံ မင်းဆက်များဖြစ်စေရန်ဖြစ်သည်။ တကျန်းသည် ၎င်းတို့၏ လုပ်အားနှင့် အရင်းအမြစ်များကို ဝယ်ယူရန် ငွေကြေးကို အသုံးပြုပြီး ၎င်းတို့က တကျန်း၏ ကြီးထွားမှုအတွက် ၎င်းတို့၏ စွမ်းအင်ကို မြှုပ်နှံထားနိုင်မည်ဖြစ်သည်။ တကျန်းက အခြားသော တိုက်ကြီးများကို သိမ်းပိုက်ရန် လုံလောက်စွာ အစွမ်းထက်လာသောအခါမှသာ နဂါးသွေးကြောတ်ိုက်ကြီးကို ပေါင်းစည်းမည်ဖြစ်သည်။ ထိုအချိန်တွင်၊ အခြားတိုက်ကြီးများသည် ဤမင်းဆက်များကို အစားထိုးပြီး တကျန်း အတွက် လုပ်အားကို ဆက်လက်ပံ့ပိုးပေးမည်ဖြစ်သည်။

တကျန်းကလည်း သူ့လူတွေကို ကုန်ထုတ်လုပ်ဖို့ အားကိုးနေရလိမ့်မည်။ သို့သော် ဧကရာဇ်ရွှမ်ထျန်း၏ အယူအဆအရ မင်းဆက်တစ်ဆက်သည် သူ့တို့ကိုယ်သူတို့ မှီခိုအားထားရန် ခက်ခဲသည်။

ကျန်းချန်ရှန်းက ဧကရာဇ်ရွှမ်ထျန်း ၏ဗျူဟာကိုကန့်ကွက်ခြင်းမရှိပေ။ ဧကရာဇ်ရွှမ်ထျန်းက တိုင်းပြည်ကို မည်ကဲ့သို့ အုပ်ချုပ်ရမည်ကို သူ့ထက် ပိုသိသင့်သည်။

ဧကရာဇ်ရွှမ်ထျန်းက စကားဆုံးသောအခါတွင် ခေါင်းစဉ်ပြောင်း၍....

"တာအိုဘိုးဘေး... ကျွန်တော့်မှာ မင်းသားတစ်ယောက်ရှိနေပြီ.... သိုင်းပညာလေ့ကျင့်ဖို့အတွက် သူ့ကို လုံချီ ဘုရားကျောင်းဆီ ဝင်ခွင့်ပြုလို့ရမလား"

ကျန်းချန်ရှန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ရတယ်...ဒါပေမယ့် ငါ သူ့ကို သင်ပေးမှာ မဟုတ်ဘူး....

ဧကရာဇ်ရွှမ်ထျန်းက ပြုံးလိုက်ပြီး.....

“အဆင်ပြေပါတယ်... ကြိုက်တာတွေ့ရင် ကြိုက်သလို သင်ပေးလို့ရပါတယ်။ မကြိုက်ရင်လည်း ထားလိုက်ပါ..."

ဧကရာဇ်ရွှမ်ထျန်း မထွက်ခွာမီ အချိန်အတော်ကြာအောင် နေခဲ့သည်။

ရဲရွှမ်က စိတ်ဝင်တစားဖြင့်.... " သူဘာကိုဆိုလိုလဲဆိုတော့ အနာဂတ်ဧကရာဇ်ရဲ့ မင်းဆရာဖြစ်ခွင့်ရဖို့ပဲ....မင်းဘာလို့ငြင်းခဲ့တာလဲ"

ကျန်းချန်ရှန်းက အေးဆေးတည်ငြိမ်စွာဖြင့်...."မလိုအပ်ပါဘူး.... လူချင်းတွေ့မှ ဆက်ပြောကြရအောင်....."

တလျှောက်လုံး၊ သူသည် တကျန်း၏ အုပ်ချူပ်ရေးကိစ္စများကို စွက်ဖက်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ဧကရာဇ်၏ ဆရာဖြစ်ခြင်းသည် အဓိပ္ပါယ်မရှိပေ။ တကျန်း ရှင်သန်နေသရွေ့ သူသည် အင်ပါယာအာဏာနှင့် အလွန်နီးကပ်နေရန် မလိုအပ်ပေ။ နောက်ဆုံးတွင်၊ တော်ဝင်အာဏာဖြင့် သူ့ကို နှိမ်နှင်းနိုင်မည်မဟုတ်ပေ။

နောင်တွင် အသုံးမကျသော ဧကရာဇ်တစ်ပါး ပေါ်လာပါက ကျန်းချန်ရှန်းအနေဖြင့် အခြားသော ဧကရာဇ်တစ်ပါးကို ခန့်ထားနိုင်မည်ဖြစ်သည်။

သူသည် မုလင်းလော့နှင့်အတူ နောက်ထပ်သားလေးတစ်ယောက်တောင် ရနိုင်ပြီး သူ့ကို တကျန်း၏ ဧကရာဇ်ဖြစ်လာစေနိုင်သည်။

သူ၏ လက်ရှိကျင့်ကြံမှုမည်မျှ အားကောင်းလာပြီလဲ..... သူ့မှာ နောက်ထပ်သားတစ်ယောက်ရှိရင် သူ့သားရဲ့ အရည်အချင်းက ကျန်းဇီယုရဲ့ အရည်အချင်းထက် အဆပေါင်းများစွာ ကျော်လွန်နေလိမ့်မည်သာ......

ကျန်းဇီယု၏သားစဉ်မြေးဆက်များအခုလို နိမ့်ပါးလာခြင်းက ကျန်းချန်ရှန်း ကျန်းဇီယုကိုမွေးစဉ်က အခုလောက်အထိ အစွမ်းထက်ခြင်းမရှိသောကြောင့်ဖြစ်သည်။

ဒါက ရွေးချယ်စရာမရှိတော့သည့်အချိန်အတွက် နောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပေမည်။

ကျန်းချန်ရှန်းက ကျန်းဇီယု၏သွေးရင်းဖြစ်သော မျိုးဆက်များ တကျန်းကို ထာဝရပံ့ပိုးပေးနိုင်မည်ဟု မျှော်လင့်နေဆဲဖြစ်သည်။ ဒါကလည်း တကျန်းရဲ့ ပြည်သူတွေအတွက် သူ့တာဝန်ဖြစ်သည်။ လူတွေက သူ့ကို ကိုးကွယ်ကြပြီး လူတွေကို ထောက်ပံ့ဖို့ သီလရှိတဲ့ အုပ်စိုးရှင်ကို ရှာတွေ့အောင် ကူညီပေးရမည်။

"ဧကရာဇ်လေးက နောက်ထပ် အနှစ်ငါးဆယ်ကျော် အသက်ရှင်နိုင်ရမယ်....."

ပိုင်ချီကတော့ ကံကြမ္မာဧကရာဇ်တစ်ပါး အသက်တစ်ရာကျော် အသက်ရှင်ဖို့ ခက်ခဲတယ်လို့ မှန်းဆခဲ့သည်။သို့သော် ဧကရာဇ်ရွှမ်ထျန်းသည် အသက် ဆယ့်ရှစ်နှစ်သာရှိသေးပြီး နောင်အနှစ် ငါးဆယ်တွင် ခုနစ်ဆယ့်ရှစ်နှစ်သာ ရှိသေးသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘိုးဘေးဘီဘင်တွေထက် သာလွန်တဲ့ အောင်မြင်မှုတွေဆွတ်ခူးနိုင်နေပြီ.... ရွှမ်ထျန်း အသက်ကြီး၍ ကွယ်လွန်သောအခါ တကျန်း မည်မျှ အစွမ်းထက်မည်ကို စိတ်ကူးရခက်သည်။

ကျန်းချန်ရှန်းက မျက်လုံးတွေကို မှိတ်ထားပြီး ....“ဘဝနဲ့သေခြင်းတရားက ကံကြမ္မာအလိုအရပဲ... ဘယ်သူ ခန့်မှန်းနိုင်မှာလဲ......"

ရဲရွှမ်က ကျန်းချန်ရှန်း၏ တကျန်း အပေါ် မျှော်လင့်ချက်များကို စတင်တွေးတောလာခဲ့သည်။

တာအိိုဘိုးဘေးက တကျန်းကို ဘာကြောင့် ထောက်ခံတာလဲ.......

၎င်းကိုကြည့်ခြင်းအားဖြင့် တာအိုဘိုးဘေးများသည် အာဏာကို စိတ်ဝင်စားပုံမပေါ်ပေ။

သြဂုတ်လတွင်.....သိုင်းပညာရှင်တစ်ဦးသည် သိုင်းတောင်ထွတ်ကိုစိန်ခေါ်ပြီး သူရဲကောင်းသချိူင်း သို့ဝင်လိုသည်။ အဆုံးမှာတော့ ချင်းအာကိုတောင် မအနိုင်ယူနိုင်ဘဲ တောင်ပေါ်ကနေ ပြေးဆင်းသွားခဲ့သည်။

ယခုအချိန်တွင်၊ လုံချီတောင်သို့ လာရောက်သော သိုင်းပညာရှင် နည်းပါးသထက် နည်းပါးလာသည်။

ကျန်းချန်ရှန်းကို စိန်ခေါ်ဖ်ို့ သေခါနီးသူတွေသာ လာဝံ့ကြလိမ့်မည်။ သို့သော်၊ အစစ်အမှန်နတ်ဘုရားနယ်ပယ်များက ရှင်သန်ခြင်းဆုလာဘ် မရနိုင်သောကြောင့် ကျန်းချန်ရှန်းက ရှေ့ထွက်ရန် ပျင်းလွန်းလှသည်။

ချင်းအာက အစစ်အမှန်နတ်ဘုရားနယ်ပယ် ဖြစ်နေပြီဖြစ်ပြီး သူ့ဘာသာသူတာဝန်ယူနိုင်သူဖြစ်သည်။ ထို့ကြောင့် ကျန်းချန်ရှန်းက သူမကို နောက်ထပ်အကြီးဆုံးတပည့်ရှာတွေ့ရန် ပိုမိုလွယ်ကူစေရန် ကျောင်းထိုင်ရာထူးကို သူမထံအပ်ရန် ဆုံးဖြတ်ခဲ့သည်။

စက်တင်ဘာလတွင် ......

လုံချီ ဘုရားကျောင်းသည် ကျောင်းထိုင် အသစ်ကိုကြိုဆိုခဲ့သည်။ ချင်းအာက လုံချီဘုရားကျောင်းကို စတင်တည်ထောင်ချိန်မှစ၍ တတိယမြောက် ကျောင်းထိုင်ဖြစ်လာသည်။

တာအိုဘိုးဘေးသည် လုံချီတောင်တွင် သီးသန့်နေထိုင်ခဲ့ပြီး ဘုရားကျောင်း၏ အရေးကိစ္စများကို ဂရုမစိုက်တော့သောကြောင့် လုံချီဘုရားကျောင်း၏ တပည့်များက တုံ့ပြန်မှု သိပ်မရှိခဲ့ကြပေ။ နောက်ဆုံးတွင်၊ ၎င်းသည် ပြောင်းလဲသွားသော ခေါင်းစဉ်တစ်ခုသာဖြစ်သည်။ မည်သို့ပင်ဆိုစေ တာအိုဘိုးဘေး လုံချီ ဘုရားကျောင်းတွင်ရှိနေဆဲဖြစ်သည်။

ဤသတင်းက တကျန်း၏ သိုင်းလောကတွင် လျင်မြန်စွာပျံ့နှံ့သွားသည်။ ဂိုဏ်းပေါင်းစုံက ဂုဏ်ပြုစာတွေ ပို့ပေးကြပြီး ချင်းအာကို အနှစ်တစ်ရာအတွင်း သိုင်းလောကတွင် မဟာသိုင်းပညာရှင်ဖြစ်လာမည်ဟု သိုင်းပညာရှင်အားလုံးက ခန့်မှန်းခဲ့ကြသည်။

သစ်ပင်အောက်တွင်.....

ကျန်းချန်ရှန်းရဲ့အကြည့်က မြူခိုးတွေကိုဖြတ်ပြီး ဂိုဏ်းအမျိုးမျိုးရဲ့ ကိုယ်စားလှယ်တွေန ဝန်းရံထားတဲ့ ချင်းအာကို ကြည့်လိုက်ပြီး စိတ်ခံစားမှုအချို့ ခံစားခဲ့ရသည်။

“စီနီယာအစ်မ..... အဲဒီတုန်းက ဆရာတော်က မိန်းကလေးဖြစ်နေတဲ့အတွက် အစ်မကို ကျောင်းထိုင်ရာထူးပေးဖို့ အဆင်မပြေဘူးလို့ ထင်ခဲ့တယ်.... ဒီဘဝမှာ အစ်မရဲ့အိပ်မက်ကို ကျွန်တော်ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ....."

ကျန်းချန်ရှန်း စဉ်းစားရင်း ပြုံးလိုက်သည်။

သူသည် လေးစားရသော မဟာသိုင်းပညာကို မှတ်တမ်းတင်ထားပြီးဖြစ်သည်။ထိုသိုင်းကျမ်းကို လျှို့ဝှက်စာအုပ်အဖြစ် ထားရှိပေမည်။

လုံချီ ဘုရားကျောင်းသည် ယန်ကျိုးနှင့် ဉာဏ်ရည်ထက်မြက်သူ ကိုးယောက်တို့နှင့်အတူ၊ အနှစ်နှစ်ဆယ်အတွင်းတွင် အစစ်အမှန်နဂါးဘုရားကျောင်းနှင့် ဖူယွဲ့ မိသားစုကို လုံးဝကျော်လွန်ပြီး တကျန်း တွင် နံပါတ်တစ်ဂိုဏ်းဖြစ်လာမည်ဖြစ်သည်။

ဓားနတ်ဘုရားက သူ့မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ရင်း....

"နောက်ဆယ်စုနှစ်အနည်းငယ်မှာ ချောင်ဂိုဏ်းတွေဟာ အတိတ်ကပုံပြင်တပုဒ်ဖြစ်လာတော့မယ်....."

ယခုအချိန်တွင် ချောင်ဂိုဏ်းများ အလွန်နိမ့်ကျနေပြီဖြစ်သည်။ အများစုမှာ ဖူယွဲ့ မိသားစုကဲ့သို့ မင်းဆက်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ ယခုအချိန်တွင် 'ချောင်ဂိုဏ်း' ဟူသော အသုံးအနှုန်းကို သိသူသိပ်မရှိတော့ပေ။

ပိုင်ချီက ....."ဒါက ကောင်းတာမဟုတ်ဘူးလား.....ငါတို့ရဲ့ ငြိမ်းချမ်းရေးကို အနှောက်အယှက်မဖြစ်ဖို့ ဆရာတော်က ကယ်တင်ခဲ့တာ.....”

ထိုစဉ် ဟွမ်းထျန်း ရောက်လာပြီး ..."ချောင်ဂိုဏ်းဆိုတာ ဘာလဲ?"

ဟေးထျန်းကလည်း စူးစမ်းလိုစိတ်ဖြင့် ပိုင်ချီကို စိုက်ကြည့်နေသည်။

ပိုင်ချီသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကအကြောင်းတွေကို ပုံပြင်တစ်ပုဒ်လို ပြောပြခဲ့သည်။ ရဲရွှမ်က ကျန်းချန်ရှန်း ၏အတိတ်ကိုစိတ်ဝင်စားပြီး ဂရုတစိုက်နားထောင်ခဲ့သည်။

မဟာယာနနဂါးမျှော်စင်၊ ကြယ်စင်စုဝေးခြင်းမျှော်စင်၊ တုနှိုင်းမဲ့သိုင်းတောင်ကြား၊မဟာကန္တရမင်းဆက်၊ဟုန်ရွှမ်း မင်းဆက်...

အမျိုးမျိုးသော အင်အားစုများနှင့် တာအိုဘိုးဘေး၏ တိုက်ပွဲများက နတ်ဆိုးကြောင်နှစ်ကောင်ကို ဆွဲဆောင်နိုင်ခဲ့သည်။

ကျန်းချန်ရှန်းက ဘာမှပြန်မပြောသော်လည်း သူ့စိတ်ထဲတွင် လန်းဆန်းသွားသည် ။ ပိုင်ချီ ဆီက သူ့ဇာတ်လမ်းကို ကြားရတာလည်း အတွေ့အကြုံတစ်ခုလိုပင်......

ရဲရွှမ်က ကျန်းချန်ရှန် ကို ရုတ်တရက်ကြည့်လိုက်ပြီး..... " တာအိုဘိုးဘေး ၊ မင်းကို ခွန်အားအပြည့်သုံးဖို့ အတင်းအကြပ်ဖိအားပေးနိုင်တဲ့သူရှိလား....."

သူပြောလိုက်သည့်အခိုက်တွင် အားလုံးက ကျန်းချန်ရှန်းကို ကြည့်နေကြသည်။

ကျန်းချန်ရှန်းက သူ့မျက်လုံးတွေကို မဖွင့်ဘဲ ပေါ့ပေါ့ပါးပါးနဲ့...... "အဲ့လိူလူမျိုးတွေ့ရဖို့ စောင့်မျှော်နေတာ....."

ပိုင်ချီက ကျန်းချန်ရှန်း ကို ကြည့်ပြီး စိတ်ထဲကနေ အော်လိုက်သည်။

အတော်ဟိတ်ကြီးဟန်ကြီးနိုင်တဲ့သူ.....

ရဲရွှမ်နှင့် ဓားနတ်ဘုရားတို့ သူ့ကို အံ့သြစွာ စိုက်ကြည့်နေကြသည်။ သူတို့နှစ်ယောက်စလုံး သူ့ကို အရင်က စိန်ခေါ်ခဲ့ဖူးပြီး အဲဒီတုန်းက ခံစားခဲ့ရတဲ့ စိတ်ပျက်အားငယ်မှုနဲ့ ကြောက်ရွံ့မှုတွေကို အခုထိတိုင် အမှတ်ရနေဆဲပင်....

ကျန်းချန်ရှန်း ရုတ်တရက် စိတ်ဓာတ်ကျသွားသည်။

ဖြစ်ချင်တော့...သူဘယ်လောက်တောင် သန်မာလဲဆိုတာ သူတကယ်သိချင်နေခဲ့တာ.......

သို့သော် ထိုသို့သော အခြေအနေမျိုး ဖြစ်လာမည်ကိုလည်း ကြောက်မိသည်။ ရန်သူက သူ့ကို အင်အားအပြည့်သုံးဖို့ အတင်းအကြပ်ဖိအားပေးနိူင်ရင် ဘယ်လောက်ကြောက်စရာကောင်းမလဲ....

နှစ်ကုန်ပိုင်းတွင်......

တော်ဝင်ညီလာခံ၌......

ဧကရာဇ်ရွှမ်ထျန်းက နဂါးပလ္လင်ပေါ်တွင် ပျင်းရိစွာ ထိုင်နေပြီး အရာရှိများ၏ အငြင်းအခုံကို နားထောင်ရင်း အိပ်ငိုက်နေလေသည်။

လူသားအရင်းအမြစ်အတွက် အဓိကအားဖြင့် သိုင်းစံအိမ်ကိုအကြောင်း သူတို့ ငြင်းခုံခဲ့ကြသည်။ပြည်နယ် ၁၄၉ ခုတွင် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အမှုထမ်းအများအပြား လိုအပ်နေပြီဖြစ်သည်။

ထိုအချိန်တွင် လေပြင်းများ ညီလာခံခန်းမထဲသို့ တိုးဝင်လာသည်။

ဧကရာဇ်ရွှမ်ထျန်း မတ်တတ်ထရပ်လိုက်တော့ တာဝန်ရှိသူများကလည်း လှည့်ကြည့်လိုက်သည်။

ထိုစဉ် ဝတ်ရုံဖြူဝတ် အဘိုးအိုတစ်ဦး ခန်းမဆောင်အတွင်းသို့ ညင်သာစွာ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။

ချန်းလီက မျက်မှောင်ကြုတ်ပြီး ....

"ခင်ဗျား ဘယ်သူလဲ.... တကျန်းရဲ့ နန်းတော်ထဲကို ဘယ်လို သတ္တိနဲ့ကျူးကျော်ရဲတာလဲ......."

ဧကရာဇ်ရွှမ်ထျန်းက အဘိုးအို၏ အင်အားကို မမြင်နိုင်သော်လည်း တာအိိုဘိုးဘေးက မလှုပ်ရှားသေးသဖြင့် ခြိမ်းခြောက်နိုင်သူမဖြစ်နိုင်ဟု တွေးဆလိုက်သည်။

ဝတ်ရုံဖြူဝတ် အဘိုးအိုက ညာလက်ကို မြှောက်ကာ စာလိပ်တလိပ်ကို ကိုင်လိုက်သည်။ လျစ်လျူရှုသောအမူအရာဖြင့်၊ သူသည် ပတ်ဝန်းကျင်ရှိအရာရှိများကို လျစ်လျူရှုကာ ဧကရာဇ် ရွှမ်ထျန်းကိုသာ စိုက်ကြည့်နေသည်။

“ကျူပ်က သိုင်းဧကရာဇ်ကျွန်း ကပါ......သိုင်းဧကရာဇ်ကိုယ်စား ကိစ္စကြီးတခုကို အသိပေးဖို့ နဂါးသွေးကြောတိုက်ကြီးဆီလာခဲ့တာ...."

သိုင်းဧကရာဇ်ကျွန်း ?

ဧကရာဇ်ရွှမ်ထျန်းသည် အံ့သြဖွယ်ကံကြမ္မာကုန်သည်အဖွဲ့မှ ကျန့်ယင်းထံမှ ကြားသိထားသည်။

အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက သိုင်းဧကရာဇ်ကျွန်း အကြောင်း မကြားခဲ့ရသော်လည်း ကမူးရှူးထိုး မလုပ်ရဲကြပေ။

ဝတ်ရုံဖြူဝတ် အဘိုးအိုက စာလိပ်ကိုဖွင့်လိုက်ရာ ခန်းမထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။

“ဒါက ကံကြမ္မာစာလိပ်ပါ.... အရှင်မင်းကြီး၊ ကောင်းစွာသိမ်းဆည်းခါးပါ.... ဒါက သိုင်းဧကရာဇ်ကျွန်းရဲ့ ကံကောင်းခြင်းတွေ တကျန်းကို ထင်ဟပ်စေပါလိမ့်မယ်...ဒီစာလိပ်အကူအညီနဲ့ တကျန်ရဲ့ကံတရား အားကောင်းရင် သိုင်းဧကရာဇ်ကျွန်းရဲ့ အထောက်အပံ့ကို ရနိုင်ပါတယ်.......”

ဝတ်ရုံဖြူဝတ် အဘိုးအို ထိုစကားကိုပြောပြီးနောက်တွင် သူသည် အစစ်အမှန်ချီကိုအသုံးပြုကာ ဧကရာဇ်ရွှမ်ထျန်းထံ စာလိပ်ပေးပို့ခဲ့သည်။

ထို့နောက် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို ကြည့်ရှုကာ.....

“လူတိုင်း ရာဇပလ္လင်အတွက် တိုက်ပွဲစတင်နေပြီ..... အဆုံးမရှိတဲ့ သမုဒ္ဒရာအတွင်းက လူတိုင်း ပါဝင်ရမယ်..... အားကြီးသောသူသာ ရှင်သန်ပြီး အားနည်းသူတွေ သေဆုံးလိမ့်မယ်..... အောင်နိုင်သူက ကံကြမ္မာမင်းဆက်ကိုကျော်လွန်ပြီး လူသားမျိုးနွယ်ကို စည်းလုံးညီညွတ်စေမယ့် မင်းဆက်တစ်ခုသို့ ရာထူးတိုးနိုင်မယ်...."

“စစ်တိုက်မလား...သိမ်းပိုက်ခံရမလားဆိုတာ မင်းရဲ့ဆန္ဒပေါ်မူတည်တယ်... စည်းစိမ်ဥစ္စာနဲ့အဆင့်အတန်းကို တဘဝသာစိုးစံနိုင်ပေမယ့် သားစဉ်မြေးဆက်တွေပါ ကောင်းစားနိုင်ဖို့ သေချာစဉ်းစားဆုံးဖြတ်ပါ....."

စကားဆုံးသည်နှင့် ဝတ်ဖြူဝတ် အဘိုးအို လှည့်ထွက်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ခန်းမထဲမှ ပျောက်ကွယ်သွားကာ အရာရှိများ၏ ၀တ်လုံများကို လွင့်ပျံသွားစေသည်။

ထီးနန်းအတွက် တိုက်ပွဲဝင်မလား?ကံကြမ္မာမင်းဆက်ကို ကျော်လွန်နိုင်တယ်တဲ့......

တာဝန်ရှိသူများ အချင်းချင်းကြည့်နေကြသည်။

ဧကရာဇ်ရွှမ်ထျန်းသည် စာလိပ်ကိုဖွင့်၍ သမုဒ္ဒရာပေါ်တွင် အစက်ချထားသော ကျွန်းများထူထပ်သော မြေပုံကို တွေ့လိုက်ရသည်။ သူ ဂရုတစိုက်ကြည့်ကာ ဤအရာအားလုံးသည် တိုက်ကြီးတစ်ခုဖြစ်ကြောင်း သတိပြုမိသည်။

တိုက်ကြီးတိုင်းကို စကားလုံးများဖြင့် အမှတ်အသားပြုထားပြီး သမုဒ္ဒရာနယ်ပယ်အသီးသီးတွင်လည်း အမည်များရှိသည်။ နဂါးသွေးကြောဆိုတဲ့ စကားလုံးနှစ်လုံးကို သူ အမြန်ရှာတွေ့ခဲ့သည်။

နဂါးသွေးကြောတိုက်ကြီးသည် မြေပုံ၏ မြောက်ဘက်တွင် တည်ရှိသည်။ ၎င်းသည် အသေးဆုံးတိုက်ကြီးမဟုတ်သော်လည်း အကြီးဆုံးမဟုတ်ပေ။

မြေပုံကိုကြည့်လိုက်တော့ ဧကရာဇ်ရွှမ်ထျန်း အံ့သြသွားပြီးဖော်မပြနိုင်သော ခံစားချက်တစ်ခု သူ့နှလုံးသားထဲတွင် တိုးဝင်လာသည်။

မြင့်မြတ်သောမင်းဆက်.....လူသားမျိုးနွယ်ကို ပေါင်းစည်းဖို့......

ဧကရာဇ် ရွှမ်ထျန်း၏ ရည်မှန်းချက်များ တစ်ဖန် တောက်လောင်လာခဲ့သည်။ သူသည် ဧကရာဇ်စာလိပ်ကို ဖြည်းညှင်းစွာ လိပ်သိမ်းပြီး ခန်းမထဲက အရာရှိတွေကို တစ်ချက်ကြည့်လိုက်ကာ.....

“မင်းတို့အားလုံး ငါ့စကားကို ရှင်းရှင်းလင်းလင်း ကြားကြလား.... တကျန်းက တားလို့မရဘူး.... တကျန်းကို အနှစ်တစ်ရာ ခိုင်ခံ့ရုံမျှမက၊ နှစ်ပေါင်း သောင်းနှင့်ချီ အာဏာတည်တဲ့ မင်းဆက်တစ်ခုဖြစ်လာဖို့ အလိုရှိတယ်... မကြုံစဖူး သာယာဝပြောတဲ့ မင်းဆက်တစ်ခု ဖန်တီးဖို့ ငါ့အတွက် ကြိုးစားအားထုတ်ချင်ကြသလား...."

သူ့အသံက ယုံကြည်မှုအပြည့်နဲ့ ရည်မှန်းချက်ကြီးပြီး အရာရှိတွေကို သွေးဆူစေခဲ့သည်။

"ဆန္ဒရှိပါတယ်!"

အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက တညီတညွတ်တည်း တုံ့ပြန်ကြသည်။

ချန်းလီက စာလိပ်ကို စိုက်ကြည့်ရင်း တိတ်တဆိတ် ထိတ်လန့်သွားသည်။

ဤအရာသည် ကံကြမ္မာ ပေါင်းစပ်သွားခြင်းဖြစ်သည်ကို သူခံစားနိုင်သည်။ထိုစာလိပ် ပေါ်လာသည်နှင့်တပြိုင်နက်၊ ဧကရာဇ်ရွှမ်ထျန်း၏ကံကြမ္မာ အမှန်တကယ် အားကောင်းလာခဲ့သည်။

ဒါဟာ ကောင်းချီးတစ်ခုတင်မကဘဲ ကျိန်စာလည်းဖြစ်နေသည်။

​မြေဝိညာဉ်သစ်ပင်အောက်တွင်.....

ကျန်းချန်ရှန်းက.... "ရဲရွှမ်... ဧည့်သည်ကို ကြိုဆိုလိုက်...."

ထိုစကားကိုကြားသောအခါ ရဲရွှမ် အံ့အားသင့်သွားပြီး ချက်ချင်းထရပ်လိုက်သည်။

ပိုင်ချီက သိချင်စွာဖြင့်....." ဘယ်သူလဲ"

ကျန်းချန်ရှန်းက "ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်"

ပိုင်ချီ တုန်လှုပ်သွားပြီး ဓားနတ်ဘုရားက မျက်လုံးဖွင့်ကြည့်လိုက်သည်။

သိပ်မကြာခင်မှာပဲ ရဲရွှမ်က ဝတ်လုံဖြူဝတ်အဘိုးကြီးနဲ့အတူ ရောက်လာသည်။

ရဲရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် မြို့တော်သို့ ရောက်လာသည်ကို သူ သတိမထားမိခဲ့ပေ။ ထို့အပြင်၊ ဤလူသည် သိုင်းဧကရာဇ်ကျွန်းမှဖြစ်သည်ဟုဆိုသည်။

All Chapters