← Chapters

အရာအားလုံးကို လူသားတွေလုပ်တာ..... ချန်းလန်ဂိုဏ်း အားကောင်းသလား.......

Vol. 12 Ch. 179

အရာအားလုံးကို လူသားတွေလုပ်တာ..... ချန်းလန်ဂိုဏ်း အားကောင်းသလား.......

Vol. 12 Ch. 179

“ဒီနေ့တော့ တာအိုဘိုးဘေးကို တွေ့ခွင့်ရပြီ.... မင်းဟာ တကယ့်ကို ထူးခြားတယ်.....မင်း ပင်လယ်ပြင်မှာ နာမည်ကြီးနေတာ အံ့သြစရာတော့ မဟုတ်ဘူး......”

ဝတ်ဖြူဝတ် အဘိုးအိုက ကျန်းချန်ရှန်း ထံသို့လာပြီး ချီးကျူးစကားဆိုသည်။

ဓားနတ်ဘုရား၊ ပိုင်ချီ၊ ဟွမ်းထျန်းနှင့်ဟေးထျန်းတို့ အားလုံးက သူ့ကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။ ကျန်းချန်ရှန်းက ထိုင်ရာကမထဘဲ... “နာမည်သိခွင့်မလား”

“တလောကလုံးကတော့ ကျူပ်ကို အဘိုးကြီး ထျန်ကျိ လို့ခေါ်တယ်....ကျူပ်ကသိုင်းဧကရာဇ်ကျွန်းကပါ.... ဒီခရီးစဉ်မှာ မင်းရဲ့အောင်မြင်မှုတွေကို ကြားခဲ့ရတယ်... မင်းက အရမ်းအစွမ်းထက်ပေမယ့် ဘာလို့ သိုင်းဧကရာဇ်ကျွန်းအပြင် တလောကလုံးနဲ့ ဝေးဝေးနေဖို့ဆန္ဒရှိနေတာလဲ.."

ရဲရွှမ် သည် ထိတ်လန့်သွားပြီး အကြီးအကဲထျန်ကျိကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ကျန်းချန်ရှန်းက ...."လောကီလောကနဲ့ ဝေးကွာနေရတာ ဘာကိုဆိုလိုတာလဲ"

“မင်းက သိုင်းပညာမှာပဲစိတ်နှစ်မြှုပ်ထားပြီး မင်းဆက်စစ်ပွဲမှာ ပါဝင်မှာမဟုတ်ဘူး.....သိုင်းဧကရာဇ်ကျွန်းရဲ့ တာဝန်က လူသားမျိုးနွယ်ကို ကာကွယ်ဖို့ပါပဲ.... လူသားမျိုးနွယ် ဒုက္ခရောက်နေပြီဆို ကူညီဖို့ ကျုပ်တို့ ခွန်အားကို အသုံးပြုရမယ်....."

"ငြင်းလို့ရမလား?"

"ရပါတယ်..."

အကြီးအကဲထျန်ကျိက ဒေါသမထွက်ဘဲ ငြိမ်သက်နေခဲ့သည်။

ကျန်းချန်ရှန်း ရုတ်တရက် ဘာပြောရမှန်းမသိတော့ပေ။ သူသည် ကျွန်းတစ်ကျွန်းလုံး၏ အမွှေးတိုင်များ၏တန်ဖိုးနှင့် ယှဉ်နိုင်သော်လည်း၊ လောလောဆယ်တွင် သိုင်းဧကရာဇ်ကျွန်းကို မနှိုးဆော်လိုပေ။ ထို့ကြောင့် သူသည် မည်သည့်ရန်ငြိုးကိုမှ ဖြစ်မလာစေရန် သိုင်းဧကရာဇ်ကျွန်း အကြောင်း အလွန်အကျွံ မမေးလိုပေ။

ရဲရွှမ်က ရုတ်တရက် ....“လူသားမျိုးနွယ်ဟာ အခုအချိန်မှာ ဒုက္ခရောက်နေပြီ.... သိုင်းဧကရာဇ်ကျွန်းက အရေးယူမှာလာစ..."

အဘိုးကြီးထျန်ကျိက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး...... "သိုင်းဧကရာဇ်ကျွန်းက အရေးယူမှာမဟုတ်ဘူးလို့ မင်းဘယ်လိုသိတာလဲ....ကျွန်းပေါ်ကပညာရှင်အများစုက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မြင့်မြတ်တဲ့မင်းဆက်ကို ထောက်ပံ့ဖို့ သွားကြပြီ........”

ကျန်းချန်ရှန်း ထိုစကားကိုကြားသောအခါ ရုတ်တရက် တခုခုကို နားလည်သွားသည်။

သိုင်းဧကရာဇ်ကျွန်းသည် အမွှေးတိုင်ပေါင်း သန်း ၅၀ မျှသာ တန်ဖိုးရှိသည်မှာ အံ့သြစရာမဟုတ်ပေ။ ကျွမ်းကျင်သူများစွာက နှစ်ပေါင်းများစွာကတည်းက ထွက်ခွာသွားကြပြီး ၎င်းတို့သွားခဲ့သောနေရာများသည် စနစ်၏ ထောက်လှမ်းမှုအကွာအဝေးအတွင်း၌ မရှိခဲ့သဖြင့် မှတ်တမ်းတင်ထားခြင်း မရှိပေ။

ထို့အပြင် သိုင်းဧကရာဇ်သည် သောင်းနှင့်ချီသော အမွှေးတိုင်များသာ တန်ဖိုးရှိသည်။

မြင့်မြတ်သောမင်းဆက်နှင့် နတ်ဆိုးများကြားစစ်ပွဲတွင် ယခင်သိုင်းဧကရာဇ်မင်းသေဆုံးသွားခြင်းဖြစ်နိုင်ပါသလား....

အကြီးအကဲ ထျန်ကျိက လေးနက်သောအဓိပ္ပာယ်ဖြင့် .....“တာအိုဘိုးဘေး၊ မင်း ရည်မှန်းချက်ကြီးတယ်ဆိုရင် တကျန်းကငိ စည်းလုံးပြီး မင်းကိုယ်တိုင် ထီးနန်းရယူလိုက်ပါ.... တကျန်း မြန်မြန်ကြီးထွားမှဖြစ်မယ်.. မဟုတ်ရင် တကျန်းက သူ့ရဲ့ အရည်အချင်းတွေ ဆုံးရှုံးသွားလိမ့်မယ်.....”

ပြောပြီးတာနဲ့ လှည့်ထွက်သွားလေသည်။

ကျန်းချန်ရှန်းသည် ထျန်ကျိ မြို့တော်မှ လျင်မြန်စွာထွက်ခွာသွားသည်ကို အာရုံခံပြီး မျက်လုံးမှိတ်ကာ တရားထိုင်နေတော့သည်။

အကြီးအကဲ ထျန်ကျိ၏စကားများက လူတိုင်းကို အတွေးများစေခဲ့သည်။

တာအိုဘိုးဘေးက သူ့ကိုယ်သူ ဧကရာဇ်အဖြစ် ကြေငြာဖို့လား....

သို့သော် သူတို့သည် ဖြစ်နိုင်ချေကို ရုတ်တရက် တွေးလိုက်ကြသည်။ တာအိုဘိုးဘေးကို ဧကရာဇ်ဖြစ်စေချင်တာ ဧကရာဇ်၏ ကံကြမ္မာကန့်သတ်ချက်ကို ကြောက်သောကြောင့်ပေလား......

သူတို့ ဒါကို တွေးရုံသာတွေးပြီး မမေးရဲကြပေ။

ကျန်းချန်ရှန်းက သူတို့ ဘာတွေတွေးနေမှန်း မသိပေမယ့် ဂရုမစိုက်ပေ။

အမှန်မှာ၊ သူသည် ဧကရာဇ်ဖြစ်ရန် ရည်ရွယ်ချက်မရှိပေ။ဒါဟာ ကျင့်ကြံမှုကို နှောင့်နှေးစေနိုင်သည်။

အကယ်၍ သူသည် အမတနတ်ဘုရားဖြစ်လာပြီး သူ၏သားစဉ်မြေးဆက်များ လုံလောက်စွာ မစွမ်းဆောင်ပါက၊ သူသည် ဧကရာဇ်မတစ်ပါးဖြစ်လာနိုင်ပြီး ပျော်ရွှင်စရာများနှင့် ဘဝအတွေ့ကြုံများစွာကို တွေ့ကြုံခံစားနိုင်မည်ဖြစ်သည်။

နောက်ပိုင်းကာလတွင်၊ ကျန်းချန်ရှန်း သည် အကြီးအကဲထျန်ကျိကို တချီမင်းဆက်နှင့် ထျန်းကန်မင်းဆက်တွင်တွေ့ခဲ့ပြီး ကံကြမ္မာစာလိပ်များကို ဧကရာဇ်နှစ်ပါးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ကံကြမ္မာစာလိပ်တွင် သိုင်းပညာဆိုင်ရာကံတရား မြောက်မြားစွာပါ၀င်ပြီး မင်းဆက်၏ကံတရားကို မထိခိုက်စေပေ။ ဧကရာဇ်ရွှမ်ထျန်းသည် ၎င်းကို တော်ဝင်စာကြည့်တိုက်တွင် ထည့်သွင်းလိုက်သောအခါ၊ သူ၏ အစစ်အမှန်နဂါး ကံကြမ္မာ တနေ့တခြား တိုးများလာသည်။ ခိုင်ခံ့မှုမရှိသော်လည်း၊အံ့သြဖွယ်အကျိုးသက်ရောက်မှုရှိသည်။

အကြီးအကဲထျန်ကျိ၏စကားများက ဧကရာဇ်ရွှမ်ထျန်းကို စိတ်မပူစေခဲ့ပေ။ သူသည် ကျန်းဂျန်နှင့်ပင်းအန်းတို့ကို ထျန်းဟိုင်သို့စေလွှတ်ပြီ နောက်ထပ်ကျွန်းများကို အမြန်သိမ်းပိုက်နိုင်စေရန် ကူညီခဲ့သည်။

ရှန်းတန်ခေတ် ၁၉ နှစ်တွင်....

ကျန်းလော့နှင့် နတ်ဆိုးသခင်တို့ မြို့တော်ထဲသို့ ဝင်ရောက်ကာ ၎င်းတို့ပတ်ဝန်းကျင်ရှိ အထပ်မြင့် အဆောက်အအုံများကိုတွေ့တော့ တစ်သက်လုံး ကုန်ဆုံးသွားသလို ခံစားရသည်။

သူတို့နောက်ဆုံးရောက်ခဲ့တာ ဘယ်နှစ်နှစ်ရှိပြီလဲ....တကျန်း၏မြို့တော်သည် အသွင်အပြင်အသစ်ဖြင့် အံ့သြဖွယ်ကောင်းစွာပြောင်းလဲသွားခဲ့ပြီ.....

လောကကြီးက ပုံမှန်လည်ပတ်နေပေမယ့် လူတွေကတော့ ပြောင်းလဲသွားခဲ့ပြီ....

ကျန်းလော့ စိတ်မကောင်းဖြစ်နေမိသည်။

ကျန်းရှုကွယ်လွန်သွားပြီဆိုတာ သူသိထားပြီးသားဖြစ်ပြီး နောင်တရနေမိသည်။ ထိုညတွင် နန်းတော်၌တွေ့စဉ်က ကျန်းရှုကို အသိအမှတ်ပြုခဲ့သင့်သည်။ အမွှာများဖြစ်သည့်တိုင်တစ်ခါမှ စကားစမြည် မပြောဖူးကြပေ။

သူ့ဘဝက အဓိပ္ပါယ်မဲ့သွားတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။ သိုင်းပညာ ကြိုးကြိုးစားစားလေ့ကျင့်ခဲ့သည့်တိုင် အချို့သောအရာများကို တွန်းလှန်နိုင်စွမ်းမရှိပေ။

နတ်ဆိုးသခင်က သူ၏အတွေးများကိုမြင်ပြီး အခြားဘာမှ မပြောဘဲ သူ့ပခုံးကို ပုတ်၍ အားပေးခဲ့သည်။

ထိုနေ့တွင် ဆရာတပည့်နှစ်ယောက် ကျန်းချန်ရှန်းဆီသို့ သွားရောက်လည်ပတ်ခဲ့သည်။

သူတို့သည် လုံချီဘုရားကျောင်းတွင်နေရန် ဆုံးဖြတ်ခဲ့သော်လည်း ကျန်းချန်ရှန်း က ၎င်းတို့အား ဧကရာဇ်၏အရာရှိများဖြစ်လာစေရန် အကြံပြုခဲ့သည်။

"မင်းတို့ရဲ့ ခွန်အားကို ဒီမှာ မမြှုပ်နှံသင့်ဘူး....."

တကယ်တော့ သူတို့မှာ တူညီတဲ့ အကြံအစည်ရှိတာကြောင့် ကျန်းချန်ရှန်း ကိုလာ ရှာကြခြင်းဖြစ်သည်။

ကျန်းချန်ရှန်း၏ထင်မြင်ချက်ကိုရယူပြီးနောက် ညမမှောင်ခင် နန်းတော်ဆီသို့ ဦးတည်သွားကြသည်။ ဝတ်ဖြူတော်အစောင့်တွေက နန်းတော်တံခါးရှေ့မှာ သူတို့ကို အသင့် စောင့်နေကြ၏။

ကျန်းချန်ရှန်းက သူတို့ နန်းတော်ထဲကို ဝင်သွားတာကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း၊ ကောင်းကင်သံသရာစက်ဝန်းကျင့်စဉ်သည် ပြီးပြည့်စုံသည်ဟု ထင်ရသော်လည်း ပိုမိုမြင့်မားသောနယ်ပယ်များတွင် ၎င်း၏ချို့ယွင်းချက်များကို တွေ့ကြုံရမည်။

နတ်ဆိုးသခင်က စကြဝဠာနယ်ပယ်တွင် ပိတ်မိနေပြီး ကောင်းကင်နယ်ပယ်ဘုံသို့ မတက်လှမ်းနိုင်ခဲ့ပေ။ သူသည် ခွန်အားကို ဆက်လက်စုပ်ယူနေလျှင်ပင် အလိုအလျောက် ပျောက်ကွယ်သွားပြီး သူ၏ ခွန်အားကို တိုးမြင့်လာနိုင်မည် မဟုတ်ပေ။

ကျန်းလော့က ကျင့်စဉ်ပြောင်း၍ကျင့်ကြံ ခဲ့သည်။ သူတို့သည် သမုဒ္ဒရာထဲတွင် ကံကောင်းခြင်းများစွာကို ကြုံတွေ့ခဲ့ရသော်လည်း ကျင့်စဉ်အသစ်ကို ပြန်လည်ကျင့်ကြံရန် အချိန်များစွာကို ဖြုန်းတီးနေခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် သူသည် ရွှေကိုယ်ခန္ဓာနယ်ပယ်တွင် ရပ်တမ့်နေပြီး စကြာဝဠာနယ်ပယ်သို့ ဖြတ်ကျော်ရန် အခွင့်အလမ်းကို မမြင်နိုင်ပေ။

တော်ဝင်စာကြည့်ဆောင်၌......

ဧကရာဇ်ရွှမ်ထျန်းက ကျန်းလော့ကိုမြင်သောအခါ အတွေးထဲနစ်မြောနေသည်။

သူ့ဖခင် ကျင်းယန်ကျုံးကို မြင်လိုက်ရသလိုပင်....

စိတ်မကောင်းလည်းဖြစ်မိသည်။

ကျန်းလော့ကလည်း ငယ်ရွယ်သော ဧကရာဇ်ရွှမ်ထျန်း ယကို ကြည့်ရင်း မှင်သက်နေခဲ့သည်။

သူ့တူလေးက စကြဝဠာနယ်ပယ်တွင် ရှိနှင့်ပြီးဖြစ်သည်။

တကျန်းက တကယ်ကို ပြောင်းလဲသွားပြီပဲ......ဧကရာဇ်​​တောင်​ စကြာဝဠာနယ်​မှာရှိ​နေပြီ.....

ဦးလေးနဲ့ တူတို့ ဆုံတွေ့ ရတာ ဝမ်းသာ စရာပင်....

ဧကရာဇ်ရွှမ်ထျန်းက ကျန်းလော့နှင့်နတ်ဆိုးသခင်တို့၏ စိုးရိမ်ပူပန်မှုများကို လုံးလုံးလျားလျားဖြေလျော့စေပြီး စိတ်အားထက်သန်နေပါသည်။

သူတို့၏ခွန်အားကို တန်ဖိုးထားရုံအပြင် ဧကရာဇ်ရွှမ်ထျန်းက တာအိုဘိုးဘေးသူ့အပေါ်မျက်နှာသာပေးသည်ကိုလည်း နားလည်ခဲ့သည်။

ရွှမ်ထျန်းခေတ်၏နှစ် 20 တွင်.....

တကျန်းသည် နိုင်ငံရပ်ခြားရှိ ကျွန်းပေါင်းတစ်ရာနီးပါးကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် ဤကျွန်းများသည် အလွန်သေးငယ်သည်။ ၎င်းတို့အားလုံးကို ပေါင်းလိုက်လျှင် ၎င်းတို့၏ စုစုပေါင်းဧရိယာသည် ပြည်နယ်တစ်ခုနှင့် တူညီမည်ဖြစ်သည်။

အံဖွယ်ကံကြမ္မာကုန်သည်အသင်းသည် ယခုအခါ တကျန်းနှင့် ချိတ်ဆက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ သမုဒ္ဒရာမြေပုံကို ချဲ့ထွင်ရာတွင် ၎င်းတို့က များစွာအားထုတ်ကြိုးပမ်းခဲ့သည်။ ဧကရာဇ်ရွှမ်ထျန်းသည် ၎င်းတို့အား မတရားမဆက်ဆံဘဲ ကျွန်းအသီးသီးရှိ သယံဇာတ ရောင်းဝယ်မှုအားလုံးကို ၎င်းတို့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

သမုဒ္ဒရာလမ်းကြောင်း၏ စစ်ဦးစီးချုပ် စုန့်လီသည်လည်း စွမ်းအားပို၍ တိုးလာခဲ့သည်။ တကျန်းက သမုဒ္ဒရာ၌ ပိုမိုတိုက်ခိုက်လာသည်နှင့်အမျှ သူ၏ဂုဏ်သတင်း မြင့်တက်လာခဲ့သည်။

တကျန်းအနီးတဝိုက်တွင် ကျက်စားနေသော ရေပေါ်ကျွန်း ငြိမ်မနေနိုင်တော့ဘဲ ကျွန်းသခင်က ကျန်းချန်ဂန်ကို ထပ်မံစေလွှတ်လိုက်သည်။

ကျန်းလော့နှင့်နတ်ဆိုးသခင်တို့က သူတို့ကို လိုက်ဖမ်းသော ကြောက်မက်ဖွယ် စွမ်းအားသည် တကျန်းကို အလွန်လေးစားကြောင်း သိလိုက်ရသောအခါတွင် လွန်စွာ ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။

တကျန်းကြောင့် ရေပေါ်ကျွန်းက သူတို့နောက်ကို ဆက်မလိုက်နိုင်တော့ဘူးဆိုတာ သိလာရသည်။

တနေ့သ၌.......

ကျန်းချန်ရှန်း ဘာမှလုပ်စရာမရှိတာကြောင့် သူ့ယုံကြည်သူတွေရဲ့ အတွေးအမြင်တွေကို စတင်နားထောင်ခဲ့ပြီး လင်းဟောက်ထျန်းကို ပထမဆုံးရွေးချယ်ခဲ့သည်။

ဒီကလေးဟာ ဉာဏ်ရည်ထက်မြက်ပြီး ကံကြမ္မာကောင်းတွေ ပိုင်ဆိုင်ထားသဖြင့်အထူးတလည် သတိပြုမိနေသည်။

" ဒီလူယုတ်မာတွေက ရပ်မသွားဘူး!"

" ရှောင်တိုင်း မင်းအတွက် ဘယ်တော့မှ လက်စားချေပေးနိုင်မှာလဲ....အားလုံးက ပျော့ညံ့လွန်းတဲ့ ငါ့အမှားတွေပါ.....”

"တကျန်း ဘယ်လောက်ဝေးလဲ..... ငါတကယ်ပဲ တကျန်းကိုရောက်နိုင်ပါ့မလား"

လင်းဟောက်ထျန်း ဒေါသထွက်ကာ စိတ်ရှုပ်သွားသည်။

ကျန်းချန်ရှန်း တစ်ခုခုလွဲနေပြီဟု ခံစားမိသည်။ ဒီကလေး ဒုက္ခရောက်နေပုံပဲ...ဒါ့အပြင် အနိုင်ကျင့်ခံခဲ့ရပုံရတယ်.....

နေဝင်ပြီး လထွက်လာချိန်တွင်......

ညဘက်တွင် ကျန်းချန်ရှန်းက လင်းဟောက်ထျန်းဆီသို့ အိပ်မက်တစ်ခု ပေးပို့ခဲ့ပါသည်။

ကျွန်းတစ်ကျွန်းပေါ်မှာတွင်...... တောက်ပသော လမင်းသည် မိုးကုပ်စက်ဝိုင်း၏ အဆုံးထက်တွင် ချိတ်ဆွဲကာ လှိုင်းလုံးများပေါ်တွင် တောက်ပနေသည်။

လင်းဟောက်ထျန်း ကျောက်တုံးကြီးပေါ်တွင် မှီနေသည်။ ဒီကလေးခြေထောက်တွေ ကျိုးသွားပုံရတယ်..... သူ့ဒူးမှာ သွေးတွေ ရွှဲနေပြီး သူ့ခြေသလုံးတွေက ပုံမှန်မဟုတ်ဘဲ ကွေးကောင်နေသည်။

ကျန်းချန်ရှန်းက သူ့ဆီ လှမ်းလာပြီး....

“မင်း အရှုံးပေးတော့မလို့လား...”

သူပြောသည့်အခိုက်တွင် လင်းဟောက်ထျန်း အိပ်မက်တစ်ခုမှ နိုးထလာသကဲ့သို့ ရုတ်တရက် ခေါင်းကို ခါယမ်းလိုက်သည်။

ကျန်းချန်ရှန်းကိုတွေ့လိုက်ရသည့်အခိုက်တွင် အံ့ဩသွားသည်။ မတ်တပ်ရပ်ချင်သော်လည်း ခြေထောက်များ အားနည်းလာသည်။

ထိုအချိန်တွင် လင်းဟောက်ထျန်း၏ နှလုံးသားထဲမှ မကျေနပ်ချက်များ ရုတ်တရက် ပေါက်ကွဲသွားပြီး အနိုင်ကျင့်ခံရသည့် ကလေးကဲ့သို့ပင် သူ့မျက်လုံးများ လျင်မြန်စွာ နီရဲလာသည်။

ကျန်းချန်ရှန်းက သူ့သဘောထားကို မခံမရပ်နိုင်ဖြစ်ပြီး..... "ပြောစမ်း...ဘာဖြစ်ခဲ့တာလဲ"

လင်းဟောက်ထျန်းက သူ့မျက်ရည်တွေကို သုတ်လိုက်ပြီး မကျေနပ်မှုတွေကို မျိုချလိုက်ကာ အသက်ပြင်းပြင်းရှူပြီး ဖြစ်ပျက်ခဲ့တာတွေကို ပြောပြခဲ့သည်။

လွန်ခဲ့သည့် သုံးနှစ်က လင်းဟောက်ထျန်းသည် ဤသမုဒ္ဒရာဒေသသို့ ရောက်ရှိလာပြီး မောင်နှမ နှစ်ယောက်နှင့် အမှတ်တမဲ့ တွေ့ဆုံခဲ့သည်။ သူနဲ့ အဲဒီ့ မောင်နှမတွေ မြင်မြင်ချင်း ရင်းနှီးသွားကြသည်။

တကျန်းက ဝေးကွာလွန်းသောကြောင့် လင်းဟောက်ထျန်းအနေဖြင့် တစ်နှစ်တာ အနားယူရန် ဆုံးဖြတ်ခဲ့သည်။ မောင်နှမနှစ်ယောက်က အနှစ်တစ်သောင်း သက်တမ်းရှိသော ထူးဆန်းသည့် ပန်းတစ်ပွင့်ကို ရှာဖွေရန် ဖိတ်ခေါ်ခဲ့ပြီး ၎င်းတို့ သုံးဦး ပန်းပွင့်ကို တွေ့ရှိရန် တစ်နှစ်ခွဲကျော် အချိန်ယူခဲ့ရသည်။ နောက်ဆုံးတွင် ချန်လန်ဂိုဏ်း၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။ သူတို့လွတ်မြောက်ဖို့အတွက် အစ်ကိုဖြစ်သူက သူ့ညီမကို လင်းဟောက်ထျန်း ထံအပ်ခဲ့ပြီး သေတဲ့အထိ တိုက်ပွဲဝင်ဖို့ နောက်တွင်ကျန်ရစ်ခဲ့သည်။

လင်းဟောက်ထျန်းသည် ရှောင်တိုင်းဟုခေါ်သော အမျိုးသမီးနှင့်အတူ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ချန်းလန်ဂိုဏ်းသည် အင်အားကြီးမားပြီး ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးရှိသဖြင့် လင်းဟောက်ထျန်းအတွက် အနှစ်တစ်ရာအတွင်း လက်စားချေရန် ခက်ခဲလိမ့်မည်ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် သူသည် ရှောင်တိုင်းကို တကျန်းသို့ ခေါ်ဆောင်ကာ အနာဂတ်တွင် လက်စားချေလိုခြင်း ဖြစ်သည်။ ရှောင်တိုင်းကလည်း သဘောတူခဲ့သည်။

သို့သော် ချန်လန်ဂိုဏ်းက ၎င်းတို့လွှတ်မပေးခဲ့ပေ။ ရှောင်တိုင်း ကြေကွဲဖွယ်သေဆုံးသွားခဲ့ပြီး သူမ၏အလောင်းကလည်း သမုဒ္ဒရာထဲသို့ နစ်မြုပ်သွားခဲ့သည်။ လင်းဟောက်ထျန်းကတော့ ပြင်းထန်သော ဒဏ်ရာများဖြင့် ချန်လန်ဂိုဏ်း၏ တပည့်များကို အစွမ်းကုန် သတ်ပစ်ခဲ့သည်။ သို့သော်လည်း ချန်းလန် ဂိုဏ်းက သူ့ကို နောက်နှစ်နှစ်အထိ ဆက်လက် လိုက်ဖမ်းနေခဲ့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က လင်းဟောက်ထျန်း၏ခြေထောက်များကျိုးသွားခဲ့ပြီး ဤကျွန်းသို့သွားရာလမ်းတစ်လျှောက်လုံးလွတ်မြောက်ရန် သူ၏စစ်မှန်သောချီကိုသာ အားကိုးခဲ့သည်။

"ဘာလို့... ပစ္စည်းတွေကို လုယူပြီး ကျွန်တော်တို့ကိုပါ သတ်ခိုင်းရတာလဲ....

ကျွန်တော်တစ်ယောက်တည်းကိုသတ်ရုံနဲ့မလုံလောက်ဘူးလား..... "

"မုန်းတယ်... မုန်းတယ်... ပျော့ညံ့လွန်းတာကို မုန်းတယ်...''

လင်းဟောက်ထျန်း အံသွားကြိတ်ရင်း တုန်လှုပ်သွားသည်။

ကျန်းချန်ရှန်း သူ၏ အတွင်းစိတ်ထဲက အတွေးများကို မြင်နိုင်ပြီး အမှန်အတိုင်း ပြောနေမှန်း သိလိုက်သည်။

"ချန်လန်ဂိုဏ်းက ဘယ်လောက် တန်ခိုးကြီးသလဲ"

[အမွှေးတိုင် ၄,၁၀၀,၀၀၀ လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]

"ချန်လန်ဂိုဏ်းက ဖိတ်ခေါ်နိုင်တဲ့ အပြင်းထန်ဆုံး စွမ်းအား ဘယ်လောက်ရှိလဲ။"

[အမွှေးတိုင် ၉,၀၀၀,၀၀၀ လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]

ချန်းလန် ဂိုဏ်းသည် အကန့်အသတ်မဲ့ ပင်လယ်မဟာမိတ်ထက် အားနည်းသည်။ သူတို့ မိတ်ဖွဲ့ခဲ့သော အပြင်းထန်ဆုံး အင်အားမှာ အလွန်ကောင်းမွန်သော်လည်း ကျန်းချန်ရှန်းအတွက် မလုံလောက်ပေ။

ထို့အပြင် လင်းဟောက်ထျန်းကလည်း တကျန်းနှင့် အလွန်ဝေးသည်။

လင်းဟောက်ထျန်းသာ ဒီသမုဒ္ဒရာထဲက လွတ်မြောက်နေသရွေ့တော့ ရန်သူတွေ သူ့ကို ကမ္ဘာအဆုံးအထိ လိုက်နိုင်မှာ မဟုတ်ပေ။

သူ့ကို ကမ္ဘာဆုံးတိုင်အောင် လိုက်နိုင်ပါ့လား

ကျန်းချန်ရှန်းက လင်းဟောက်ထျန်းကို ငုံ့ကြည့်ကာ "ဘဝဆိုတာ ဘေးဆိုးတွေနဲ့ ပြည့်နေတယ်..... မင်းမရှိရင်တောင် အဲဒီမောင်နှမနှစ်ယောက် ရတနာတွေရှာဖို့ တခြားသူတွေကို ဖိတ်ခေါ်ခဲ့မယ်ဆိုရင် ဒီဒုက္ခကို ကြုံတွေ့ရလိမ့်မယ်.....ကိုယ့်ကိုကိုယ် အပြစ်မတင်သင့်ဘူး......"

လင်းဟောက်ထျန်းက သူ့ကို မော့ကြည့်လိုက်သည်။ တူနှ်ိုင်းမဲ့ယန်အလင်းတန်းက တောက်ပလွန်းသဖြင့် လင်းဟောက်ထျန်း သူ့မျက်နှာကို မမြင်နိုင်ပေ။

လင်းဟောက်ထျန်းက လက်သီး ဆုပ်ထားပြီး...... “စီနီယာ၊ ကျွန်တော့်ရဲ့ လက်ရှိအခြေအနေအရ၊ ကျွန်တော် တကျန်းကို မလာနိုင်တော့ဘူး.... နောက်ဘဝ... နောက်ဘဝရှိခဲ့မယ်ဆို ကျေးဇူးဆပ်ပါ့မယ်.... ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်......."

ကျန်းချန်ရှန်းက.... "မင်းတကယ် စွန့်လွှတ်လိုက်ပြီလား....."

"ဒါပေမယ့် အရှုံးမပေးရင် ဘာလုပ်နိုင်သေးလို့လဲ......ချန်းလန်ဂိုဏ်းက အားကောင်းလွန်းတယ်.....သူတို့ကို လုံးဝမအနိုင်ယူနိုင်ဘူး…”

"ချန်လန်ဂိုဏ်းက အရမ်းတန်ခိုးကြီးသလား..... စမ်းကြည့်လိုက်လေ...."

ဒါကိုကြားတော့ လင်းဟောက်ထျန်း တုန်လှုပ်သွားပြီး မျက်လုံးတွေ နီရဲလာပြန်သည်။ယခုအကြိမ်သည် မှားယွင်းသည်ဟု ခံစားရခြင်းကြောင့်မဟုတ်ဘဲ စိတ်လှုပ်ရှားနေသောကြောင့်ဖြစ်သည်။

လင်းဟောက်ထျန်း ရုတ်တရက် ဘာပြောရမှန်းမသိတော့ပေ။

ကျန်းချန်ရှန်းက လက်ဆွဲပြီး ဆွဲထူကာ ခေါင်းကို ပုတ်လိုက်ပြီး.....

“ယောက်ျားတစ်ယောက်အနေနဲ့ ဘယ်တော့မှ လက်မလျှော့သင့်ဘူး..... ဆင်းရဲဒုက္ခက မင်းကို ပိုသန်မာစေလိမ့်မယ်.."

All Chapters