ကျန်းဟူတခွင်.....နတ်ဆိုးသိုင်းခန္ဓာ.....
Vol. 12 Ch. 180
နွေးထွေးသော နေရောင်ခြည် သူ့မျက်နှာပေါ်သို့ ဖြာကျနေ၍ မျက်လုံးပွင့်လာသည်။ တောက်ပနေသော နေရောင်ခြည်က သူ့မျက်လုံးများကို မှိတ်သွားစေသည်။
အချိန်အတော်ကြာအောင် ပေါ်မလာခဲ့ငေါ တောက်ပသော အပြုံးတခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ ကောင်းကင်ကြီးက လှတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော စီနီယာပြောသည့်စကားနှင့် သူ့အား နှစ်ကြိမ် ကယ်တင်ခဲ့သော ရွှေရောင်အလင်းတန်းကို တွေးကြည့်တော့ လင်းဟောက်ထျန်း စိတ်ခံစားမှုများ လွှမ်းမိုးသွားသည်။
ချန်းလန်ဂိုဏ်းက မြေနိုးလေးတွေ မင်းတို့ရဲ့သေခြင်းကို စောင့်နေလိုက်ကြတော့......
လင်းဟောက်ထျန်း သူ၏ဒေါသကို ဖြေဖျောက်ရန် ချန်းလန်ဂိုဏ်းကို စတင်ကျိန်ဆဲခဲ့သည်။
အချိန်အတော်ကြာအောင် ကျိန်ဆဲပြီးနောက် သူ့ကိုယ်သူ ကုစားခဲ့သည်။ သူ့ခြေထောက်တွေ ကျိုးသွားပေမယ့် သူ၏သွေးသည် အထူးကောင်းမွန်ပြီး အချိန်အလုံအလောက်ရှိသရွေ့ သူ့ကိုယ်သူ ကုသနိုင်သည်။
မည်သည့်ဖိအားမှမရှိဘဲ လင်းဟောက်ထျန်း အရာအားလုံးအဆင်ပြေသည်ဟု ခံစားမိသည်။
သူသည် ယခုဆို ချန်းလန်ဂိုဏ်းကို မကြောက်တော့ပေ။ အမှန်မှာ၊ သူသည် သူတို့၏ ရောက်ရှိလာခြင်းကို စောင့်မျှော်နေတော့သည်။
သုံးနှစ်တာ အရှက်တရားနဲ့ နာကျင်မှုကို ပြန်ပေးဆပ်ရမယ်......
တစ်ခြားဘက်တွင်မူ...
ကျန်းချန်ရှန်းသည် လင်းဟောက်ထျန်း ၏ အတွေ့အကြုံကို ခြံဝင်းအတွင်းရှိ လူများကို ပြောပြခဲ့သည်။
ယန်ကျိုး ထိုစကားကိုကြားသောအခါ အလွန်ကြောက်လန့်သွားပြီး.....
"လင်းဟောက်ထျန်းက သနားစရာကောင်းတယ်နော်.... တာအိိုဘိုးဘေး ၊ ဒါက ဖန်တီးထားတဲ့ ဇာတ်လမ်းလား... တကယ့်လက်တွေ့ဘဝလား...."
ကျန်းချန်ရှန်းက " အရေးမကြီးဘူး..."
ရဲရွှမ်က....."ဒါက ဘယ်လိုအဖြစ်ဆိုးမျိုးလဲ.... တခြားသူတွေသာဆို သေလိမ့်မယ်.... ငါ့ဘဝမှာ ညီအစ်ကိုတွေ လူယုံသတ်လို့သေခဲ့တာမနည်းဘူး.... ငါ တစ်ယောက်တည်း ဘာလို့ အိမ်ထောင်မပြုတာလဲ မင်းသိလား.....အိမ်ထောင်ကျပြီး ကလေးမွေးထားပေမယ့် အားလုံး ဆုံးပါးသွားလို့ပဲ...သိုင်းလောကမှာ လက်သီးကသာ အမှန်တရားပဲ....."
ဓားနတ်ဘုရားသခင်က .....“သိုင်းလောကမှာ သေခြင်းရှင်ခြင်းတို့က အမြဲကြုံတွေ့နေရမှာပဲ.... သိုင်းပညာ လေ့ကျင့်နေသရွေ့ သူတို့ရဲ့ မိသားစုတွေကို အမြဲတမ်း ထိခိုက်စေမှာ.....တာအိုဘိုးဘေးကိုပဲ ကြည့်လိုက်..... သူက အလွန်အစွမ်းထက်ပေမယ့် တောင်ပေါ်မှာပဲ တစ်ယောက်တည်းနေထိုင်ခဲ့တာ..... ကိုယ့်ထက်သာတဲ့သူတစ်ယောက်က အမြဲရှိတယ်.... သိုင်းသမားတွေ အထွတ်အထိပ်ကို လိုက်လျှောက်ရင် သူတို့ရဲ့ ကံကြမ္မာက ကြေကွဲစရာတွေ ဖြစ်တတ်တယ်.....”
ယန်ကျိုးက ကျန်းချန်ရှန်းကိုကြည့်တော့ တည်ငြိမ်သောအမူအရာကိုမြင်လိုက်သည်။
ပိုင်ချီကလည်း သူ့ကို လေးစားမှုအပြည့်ဖြင့်ကြည့်လိုက်သည်။
လူသားများနှင့် နတ်ဆိုးများအတွက် ဘဝအတွေ့အကြုံက အတူတူပင်... လုံချီ ဘုရားကျောင်းကို မရောက်ခင်မှာ သူ့ဘဝကို ဖြုန်းတီးခဲ့မိသည်။ ငယ်စဉ်ကတည်းက သူမကို တုံးဟိုင်မင်းဆက်မှ သိုင်းပညာရှင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အသက်တစ်ရာအထိ ခက်ခဲစွာ နေထိုင်ခဲ့သည်။ ကျန်းချန်ရှန်းနဲ့ တွေ့မှသာသူမ ငြိမ်းချမ်းမှုကို ရရှိနိုင်ခဲ့သည်။
ဓားဘုရားက.....
" သိုင်းပညာနယ်ပယ်နိမ့်ပါးသူတွေအတွက် သိုင်းလောကက ငရဲလိုပဲ.....လူနယ်ပယ် မြင့်မားလာတဲ့အခါလည်း ငရဲလိုပါပဲ.... "
ယန်ကျိုးက ခေါင်းကုတ်လိုက်ပြီး "အဲ့ဒါဆို ကျွန်တော် အတော် ကံကောင်းတာပေါ့?"
ကျန်းချန်ရှန်း က ရယ်မောပြီး "မင်းဘဝရဲ့ ပထမတစ်ဝက်က ကံကောင်းပေမယ့် ဒုတိယပိုင်းတော့ ကံကောင်းမှာမဟုတ်ဘူး.... မကြာခင်မှာ သမိုင်းမှာ တွေ့ရခဲတဲ့ ဘေးဆိုးကြီးနဲ့ ကြုံတွေ့ရလိမ့်မယ်.... ကောင်းကောင်းလေ့ကျင့်ပါ၊ နောင်အခါမှ နောင်တမရစေနဲ့....."
ယန်ကျိုးက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ လင်းဟောက်ထျန်း ၏ဇာတ်လမ်းက သူ့ကို နက်ရှိုင်းစွာ လှုံ့ဆော်ပေးခဲ့သည်။
ကျန်းချန်ရှန်း မျက်လုံးများကိုမှိတ်ထားပြီး တရားဆက်ထိုင်နေသည်။ သူသည် အလုပ်များစွာ လုပ်ဆောင်နေပြီး သူ၏ အာရုံစိုက်မှု တစ်စိတ်တစ်ပိုင်းက လင်းဟောက်ထျန်းအပေါ်တွင် ရှိနေသည်။ ချန်လန်ဂိုဏ်း၏ တပည့်တစ်ဦး ပေါ်လာပါက ၎င်းကို ပထမဆုံး သတိပြုမိသူ ဖြစ်လိမ့်မည်။
ရက်အတော်ကြာပြီးနောက်...
လင်းဟောက်ထျန်း တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်ရသောအခါ မျက်လုံးကိုဖွင့်ကာ ဦးတည်ရာတခုကို ကြည့်လိုက်တော့ သူ့ဆီ ပြေးလာနေသော လူတစုကို မြင်လိုက်ရသည်။
သူတို့ကိုမြင်လိုက်သည်နှင့် လင်းဟောက်ထျန်း၏နှလုံးသားထဲတွင် ဒေါသပေါက်ကွဲလာသည်။
"မြေနိုးတွေ နောက်ဆုံးတော့ ရောက်လာပြီပေါ့......!"
"စီနီယာ သူတ်ို့ကို သတ်ပေးပါ!"
လင်းဟောက်ထျန်း စိတ်ထဲကနေ ဆုတောင်းလိုက်သည်။ ဒူးတွေ ပြန်ကောင်းလာပေမယ့် မတ်တပ်မရပ်နိုင်သေးပေ။
သိုင်းပညာရှင် ၂၆ ဦးသည် အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာပြဖိး ခေါင်းဆောင်ကတော့ ခရမ်းရောင်၀တ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသမီး တစ်ဦး ဖြစ်သည်။ သူမသည် သာမာန်အသွင်အပြင်ရှိသော်လည်း သူမ၏မျက်လုံးများက ကင်းမြီးကောက်နှင့်တူသော ရက်စက်မှုကို ထင်ရှားစေသည်။
အခြားသိုင်းပညာရှင်များက လင်းဟောက်ထျန်း ထွက်ပြေးခြင်းကို တားဆီးရန် လူစုခွဲခဲ့သည်။
ခရမ်းရောင်၀တ်စုံဝတ် အမျိုးသမီးက အေးစက်စွာဖြင့်....
"ကောင်လေး....ဘယ်အချိန်ထိပြေးနေမှာလဲ....."
လင်းဟောက်ထျန်းက ပြုံးပြီး..... " ငါမပြေးတော့ဘူး!"
"ဟမ့်... နောက်ဆုံးတော့ လက်လျှော့လိုက်ပြီလား။ ဒါလည်းကောင်းပါတယ်.... လှည့်ပတ်ပြေးရတဲ့ ဒုက္ခကနေ သက်သာသွားတာပေါ့.... ပြီးရင် ငရဲကိုသွားလိုက်တော့!”
ခရမ်းရောင်ဝတ်ထားသော အမျိုးသမီးသည် သတ်ဖြတ်လိုသောဆန္ဒဖြင့် အေးစက်စွာပြောခဲ့သည်။ သူမသည် ညာဖက်လက်ဖဝါးကို မြှောက်လိုက်ပြီး ခရမ်းရောင်စစ်မှန်သောချီဓာတ်များ ၎င်းပတ်ပတ်လည်တွင် မြူမှုန်ကဲ့သို့ရစ်သိုင်းနေသည်။
လင်းဟောက်ထျန်း၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော အပြုံးတစ်ခုရှိသော်လည်း ရင်ထဲ၌ ထိတ်လန့်နေလေသည်။
"စီနီယာ!ဘယ်မှာလဲ?"
"စီနီယာ!လှုပ်ရှားပါတော့!”
ခရမ်းရောင်ဝတ် အမျိုးသမီး သူမ၏လက်ကို ဝှေ့ယမ်းခါနီးတွင် ရွှေရောင်အလင်းတန်းများ ကောင်းကင်မှ ဆင်းသက်လာပြီး သိုင်းပညာရှင် ၂၆ ဦးကို အလွန်လျင်မြန်သော အရှိန်ဖြင့် တိကျစွာ ပစ်ခတ်ခဲ့သည်။
ပြင်းထန်သော အလင်းတန်းများက လင်းဟောက်ထျန်း၏ ရှည်လျားသော ဆံပင်ရှည်များကို လွင့်ပျံစေပြီး မျက်လုံးမှိတ်သွားစေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် လင်းဟောက်ထျန်း၏ နှလုံးခုန်သံ မြန်ဆန်လာသည်။
ပြင်းထန်သောအလင်းရောင် ပျောက်ကွယ်သွားသောအခါ လင်းဟောက်ထျန်း မျက်လုံးများကိုဖွင့်ကာ အပေါ်ကိုကြည့်လိုက်သည်။ သိုင်းပညာရှင် ၂၆ ဦးလုံး ပျောက်ကွယ်သွားခဲ့ပြီ....
တာ့ရီ ကမ္ဘာဖျက်မြှား......
ကျန်းချန်ရှန်းသည် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သည့် မြှားများကို ပစ်လွှတ်ရုံသာမက ပေါက်ကွဲမှုကြီးကြီးမားမား မဖြစ်စေမည့် အလွန်တိကျသော မြှားများကိုလည်း ပစ်လွှတ်နိုင်သည်။
လင်းဟောက်ထျန်း စိတ်အားထက်သန်စွာ အော်ဟစ်လိုက်သည်။
တစ်ခြားဘက်အနေတွင်မူ....
ကျန်းချန်ရှန်းက ထိုက်ယန်ရှန့်ကုန်းကို မဟာဝိဉာဉ်လက်စွပ်ထဲသို့ ပြန်ထည့်ပြီး သစ်ပင်အောက်သို့ ဆင်းလာခဲ့သည်။
ရဲရွှမ်နဲ့ ဓားနတ်ဘုရားက ဘယ်သူကို ပစ်သတ်လိုက်တာလဲဆိုတာ သိချင်ပေမယ့် မမေးရဲကြပေ။
ပိုင်ချီကတော့ ကြောင်နှစ်ကောင်ကိုသာ အာရုံစိုက်သင်ကြားနေသည်။
နေ့တစ်ဝက်လောက် စောင့်ပြီးနောက် ခရမ်းရောင်ဝတ်ထားသော အမျိုးသမီးသည် ပျော့ညံ့ခြင်းမရှိသော်လည်း ရှင်သန်ခြင်းဆုလာဘ်ကို မရရှိခဲ့ပေ။ အခြားသူများကို ကူညီခြင်းအတွက် ရှင်သန်ခြင်းဆုလာဘ် မရှိပုံရသည်။
လင်းဟောက်ထျန်း အတွက် သူ့ခံစားချက်က နက်နဲလှသည်မဟုတ်ပေ။ လင်းဟောက်ထျန်း သေသွားရင်တောင် သူ့အတွက် အထူးတလည်ထိခိုက်မှုမရှိသည့်အတွက် သူတို့နှစ်ယောက်ကြားတွင် ကံကြမ္မာချိတ်ဆက်မှုမရှိပေ။
လင်းဟောက်ထျန်း တကျန်း ကိုရောက်သောအခါ သူ့အကြွေးများကို အနှေးနှင့်အမြန် ပြန်ဆပ်ရမည်ဖြစ်သည်။
ထိုအဖြစ်အပျက်ပြီးနောက် လင်းဟောက်ထျန်းတစ်ယောက် လတိုင်းလိုလို တိုက်ခိုက်ခံရသည်။
စကြဝဠာနယ်ပယ်တောင် ရောက်လာသေးသည်။
ကျန်းချန်ရှန်း အံ့သြသွားသည်။ ဤမျှကြီးမားသော မုန်းတီးမှု ရှိခဲ့ပါသလား။
ချန်လန်ဂိုဏ်းက အနှစ်တစ်ထောင် အံ့ဖွယ်ပန်းပွင့်ကို မရရှိခဲ့ဘူးလား....လင်းဟောက်ထျန်းနောက်ကို ဘာကြောင့် လိုက်နေရတာလဲ.......
ပဟေဠိဖြစ်သော်ငြားလည်း အမွှေးတိုင်စနစ်ကို မေးရန် မသုံးချင်ပေ။
လင်းဟောက်ထျန်း ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့ပြီး တကျန်းသို့ ခရီးဆက်နေခဲ့သည်။
.........................
နန်းတော်ထဲမှာ အဘိုးကြီးတစ်ယောက် ရေကန်ထဲမှာ လဲလျောင်းနေပြီး ရေငွေ့များရစ်သိုင်းကာ စိမ်းပြာရောင်ရေများ ပွက်ပွက်ဆူလာသည်။
“သူက အစစ်အမှန်နတ်ဘုရားနယ်ပယ်မဟုတ်ဘူးလား... စကြဝဠာနယ်ပယ် ကျွမ်းကျင်သူတောင်မှ သူ့ကို မဖမ်းနိုင်ဘူးလား"
အဘိုးအိုက မျက်လုံးမှိတ်ပြီး ခေါင်းကိုမော့ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ သို့သော် သူ့လေသံက အလွန်အေးစက်နေသည်။
အနက်ရောင်ဝတ် သိုင်းပညာရှင်က သူ့ အနောက်မှာ ဒူးထောက်ပြီး.... “ဒီကလေးက သူ့နောက်မှာ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ရဲ့ အကူအညီ ရှိတယ်.... အကြီးအကဲတွေကို မဖိတ်ရင် သူ့ကိုဖမ်းလို့ မရဘူး..... သူ့အတွက် တပည့်ရာပေါင်းများစွာ ဆုံးရှုံးနေပြီ.... ဒီအတိုင်းဆက်သွားရင် ချန်းလန်ဂိုဏ်းအတွက် အကျိုးရှိမှာမဟုတ်ဘူး...."
အဘိုးအိုက...... “ပြောစမ်းပါဉီး.... သူ့ကို ဘာလို့သတ်ရမှာလဲ”
အနက်ရောင်ဝတ် သိုင်းပညာရှင်က.....
“ဒီကလေးက ထူးခြားတယ်..... ဒီလက်အောက်ငယ်သားက ပန်းပွင့်အတွက် တိုက်ပွဲဝင်နေချိန်မှာ သူ့ဆီက နတ်ဆိုးတွေရဲ့ အရိပ်အယောင်ကို ခံစားလိုက်ရတယ်..... ဒီလက်အောက်ငယ်သားက သူ့မှာ ဒဏ္ဍာရီလာ နတ်ဆိုးသိုင်းခန္ဓာရှိနိုင်တယ်လို့ မှန်းဆထားတယ်.... နတ်ဆိုးသိုင်းခန္ဓာကို ဆေးဝါးအဖြစ် ပြန်လည်သန့်စင်နိုင်ရင် လူ့သက်တမ်းကိုတိုးစေနိုင်တယ်လို့ ရှေးဟောင်းစာအုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ်...."
ဒါကိုကြားတော့ အဘိုးအိုက ဖြည်းညှင်းစွာ ထထိုင်လိုက်သည်။အသက်အရွယ်ကြီးရင့်နေသော်လည်း သူ့ကိုယ်လုံးကိုယ်ထည်က သန်မာလှသည်။
"နတ်ဆိုးသိုင်းခန္ဓာ... မင်းသေချာလား"
“ဟုတ်တယ်.....နတ်ဆိုးသိုင်းခန္ဓာကြောင့်မဟုတ်ရင် ဘာလို့ လိုက်ဖမ်းနေမှာလဲ.... ဒါကလည်း ဂိုဏ်းကို မတင်ပြရဲတဲ့ အကြောင်းရင်းပါ.... သူ့ကိုဖမ်းပြီး မျှဝေကြတာပေါ့......"
"ကောင်းပြီ....ဒီလိုဆို ငါကိုယ်တိုင် ခရီးထွက်မယ်....."
“လူကြီးမင်း.....အခုပဲ ခရီးထွက်ရအောင်.... ကျွန်တော်တို့အဖွဲ့ထဲက တပည့်တော်တော်များများ ဆုံးရှုံးခဲ့ရပြီမို့ တခြားအဖွဲ့တွေက စတင်စုံစမ်းနေပြီ...."
"ကောင်းပြီ.....”
အဘိုးအို ရေကန်ထဲမှ ထွက်လာပြီး ချက်ချင်းပင် မြေပြင်ပေါ်ရှိ ၀တ်စုံကို ကောက်ယူပြီး ဝတ်လိုက်သည်။
...........................
အဆုံးမရှိသော သမုဒ္ဒရာထဲတွင် ကြီးမားသော ငှက်ကြီးတစ်ကောင်သည် ၎င်း၏ အတောင်ပံများကို ခတ်ကာ အဝေးသို့ ပျံသန်းသွားခဲ့သည်။ လင်းဟောက်ထျန်းက ၎င်း၏ကျောပြင်ပေါ်တွင် တရားထိုင်နေသည်။
သူ မျက်လုံးဖွင့်ပြီး ငှက်ကြီးရဲ့ ကျောကို ပုတ်လိုက်ကာ.... သူက ပြုံးပြီး " ရှောင်ယင်း ပင်ပန်းရင် အနားယူဖို့ နေရာရှာလိုက်..... ငါ မင်းအတွက် ငါးကြော်ပေးမယ်"
ငှက်ကြီးက အကြိမ်အနည်းငယ် မြည်တွန်ပြီး မပင်ပန်းဟု ဆိုကာ အရှိန်မြှင့်လိုက်သည်။
လင်းဟောက်ထျန်း၏ အပြုံး ပိုမိုနက်နဲလာသည်။ သူသည် ချန်းလန်ဂိုဏ်း၏ တပည့်များထံမှ ဤငှက်ကြီးကို လုယူခဲ့သည်။ လွန်ခဲ့သည့်တစ်လက သူ့နောက်လိုက်လာသော တပည့်များသည် လမ်းတစ်လျှောက်တွင် ဖမ်းမိခဲ့သည့် ဤငှက်ကြီးကို ကျွန်ပြုခဲ့သည်။
ချန်းလန်ဂိုဏ်း၏ တပည့်များကို စီနီယာကသတ်ပြီးနောက် ကြီးမားသောငှက်ကြီးကို လွှတ်ပေးခဲ့သည်။ ထွက်သွားဖို့ ငြင်းဆန်မယ်လို့ မမျှော်လင့်ထားဘဲ သူ့နောက်ကို လိုက်ဖို့ သဘောတူခဲ့သည်။ ထို့ကြောင့် လူနှင့် ငှက်တို့ အတူတကွ ထွက်ခွာသွားခဲ့သည်။
ငှက်ကြီးကို အဖော်ပြု၍ သူသည် လမ်းတစ်လျှောက်တွင် အထီးကျန်မနေတော့ပေ။ သူသည် ရှေးဟောင်းနတ်ဘုရားတိုက်ကြီးမှ ပထမဆုံးထွက်ခွာသောအခါ သူခံစားရသော စိတ်လှုပ်ရှားမှုကို တစ်ဖန်ပြန်လည်တွေ့ရှိခဲ့သည်။
ဝုန်းးးးးး
ရုတ်တရက် မိုးခြိမ်းသံ ထွက်ပေါ်လာသည်။ မော့ကြည့်လိုက်တော့ သူ့ခေါင်းထက်မှာ မိုးကြိုးတိမ်တွေ စုဝေးနေတာကို တွေ့လိုက်ရသည်။မိုးကြိုးတိမ်များသည် ကောင်းကင်ကို မဖုံးလွှမ်းထားသော်လည်း ပြင်းထန်သော ဖိအားကိုပေးစွမ်းနေသည်။
ဂီးးးးးးးး
ကြီးမားသော ငှက်ကြီး ရုတ်တရက် စိုးရွံ့စွာ အော်ဟစ်လိုက်သည်။
ဝုန်းးးးး
ရုတ်တရက် လျှပ်စီးလက်၍ ငှက်ကြီး လန့်ဖျပ်သွားကာ အလျင်အမြန် ရှောင်ထွက်သွားသည်။ ၎င်း၏ တုံ့ပြန်မှုက အလွန်လျင်မြန်ပြီး လျှပ်စီးကြောင်းကို သွက်လက်စွာ ရှောင်တိမ်းခဲ့သည်။
"အယ်? ဒီမိုးကြိုးလင်းယုန်က မရိုးရှင်းဘူး.....”
သူစကားပြောပြီးသည်နှင့် မိုးကြိုးတိမ်များမှ ဆင်းလာကာ လင်းဟောက်ထျမ်း
ရှေ့သို့ ဆင်းသက်လာသည်။ ကောင်းကင်မိုးကြိုးလင်းယုန် အလွန်တုန်လှုပ်သွားပြီး လှည့်ပြေးချင်ပေမယ့် သူတို့ကို ဘက်ပေါင်းစုံမှ ဝန်းရံထားသည်ကို တွေ့ရှိခဲ့သည်။
လင်းဟောက်ထျန်း၏အကြည့်သည် အဘိုးကြီး၏ဘေးနားရှိ အနက်ရောင်ဝတ် သိုင်းပညာရှင်ထံ ကျရောက်သွားပြီး သူ၏မျက်လုံးများ ချက်ချင်းနီရဲသွားခဲ့သည်။
"နောက်ဆုံးတော့ ပေါ်လာပြီပေါ့....!"
သူက စိတ်ထဲကနေ... “စီနီယာ... ကယ်ပါဦး...ချန်းလန်ဂိုဏ်း ရောက်လာပြန်ပြီ!"
အနက်ရောင်ဝတ် သိုင်းပညာရှင်က သူ့အကြည့်တွေကို လျစ်လျူရှုပြီး အဘိုးအိုကို ကြည့်လိုက်ကာ....
“အကိုကြီး....ဒီလင်းယုန်ကိုလည်း ငါ့တပည့်တွေက ဖမ်းခဲ့တာ...သူတို့ သေတော့ ဒီကလေးက ကျွန်တော်တို့ဆီကနေ အကျိုးအမြတ်တွေရခဲ့တယ်......”
အဘိုးအိုက လင်းဟောက်ထျန်းကို အကဲခတ်ပြီး.... “တကယ်ပဲ သူ့မှာ နတ်ဆိုးအော်ရာရှိတယ်....မင်းပြောခဲ့တာတွေမှန်သားပဲ...."
အနက်ရောင်ဝတ် သိုင်းပညာရှင်က ...."ဒီလက်အောက်ငယ်သား မလိမ်ညာရဲပါဘူး........"
အဘိုးအို ရုတ်တရက် လက်ဝှေ့ယမ်းကာ အနက်ရောင်ဝတ် သိုင်းပညာရှင်၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။ ကောင်းကင်ယံ၌ သွေးများ ဖျန်းခနဲ လွင့်စင်ကာ လင်းဟောင်ထျန်းနှင့် ကောင်းကင်မိုးကြိုးလင်းယုန်တို့ ကြောက်လန့်နေလေသည်။
သူတို့ပတ်ဝန်းကျင်ရှိ အခြားသော သိုင်းပညာသည်များ မည်သို့ဖြစ်မည်ကို သိထားပြီးသလို တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
အဘိုးအိုက သူ့လက်ပေါ်ရှိ သွေးများကို ခါယမ်းကာ..... "မင်းကြောင့် ဒီကောင်လေးကို ရှာတွေ့နိုင်ခဲ့တာလေကွာ....."
အနက်ရောင်ဝတ် သိုင်းပညာရှင်၏ ဦးခေါင်းမပါသော ခန္ဓာကိုယ် သမုဒ္ဒရာထဲသို့ ပြုတ်ကျသွားသည်။
အဘိုးအိုက လင်းဟောက်ထျန်းကိုကြည့်ကာ "မင်း နောက်ကွယ်က ကာကွယ်ပေးနေတဲ့သူငို ထွက်လာဖို့ ပြောလိုက်.... မဟုတ်ရင် ဒီနေ့ မင်းသေရလိမ့်မယ်....ငါ့လို ကောင်းကင်သုံးခုနယ်ပယ်ကို မင်းရဲ့ကာကွယ်သူယှဉ်နိုင်မလား ကြည့်ကြသေးတာပေါ့......"
ကောင်းကင်သုံးခုနယ်ပယ်......
လင်းဟောင်ထျန်း၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ် တုန်လှုပ်သွားသည်။
သူသည် သူတော်စင်စံအိမ်တွင် လေ့ကျင့်သင်ကြားထားသောကြောင့် ကောင်းကင်နယ်ပယ်အကြောင်းကို သဘာဝကျကျ သိခဲ့သည်။ သို့သော် ကောင်းကင်သုံးခုနယ်ပယ်သည် သူတော်စင်စံအိမ်အတွက် ဒဏ္ဍာရီတခုဖြစ်သည်။
လင်းဟောက်ထျန်း ရုတ်တရက် ထိတ်လန့်သွားသည်။
ကျန်းချန်ရှန်း အစွမ်းထက်ကြောင်း သူသိသော်လည်း ဘယ်နယ်ပယ်မှန်း မသိသေးပေ။ ထို့အပြင်၊ ကျန်းချန်ရှန်း သတ်ပစ်ခဲ့သော ရန်သူများအားလုံးသည် ကောင်းကင်နယ်ပယ်အောက်တွင်သာ ရှိနေကြသည်။
အဘိုးအိုက သူ့အမူအရာကို မြင်သောအခါ.....
“မင်းရဲ့ နောက်ကွယ်ကကာကွယ်သူတောင် ဒီအဘိုးကြီးကို ကြောက်လန့်နေပြီလား....."
လင်းဟောက်ထျန်း အံကြိတ်ကာ လက်သီးများကို တင်းတင်းဆုပ်ကာ မည်ကဲ့သို့ ဖြေရမည်မသိတော့ပေ။